Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။
✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩
8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်
Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်
Wednesday, February 13, 2013
တကမ္ဘာလုံးကို တုန်လှုပ်စေသော မြောက်ကိုရီးယား နျူကလီးယား စိမ်ခေါ်မှု
Aung Than Nyunt Aungnilai and KhingKhing Su shared Burma-Newselite's photo.
တကမ္ဘာလုံးကို တုန်လှုပ်စေသော 
မြောက်ကိုရီးယား နျူကလီးယား စိမ်ခေါ်မှု
************
ထားထားမြင့် (Burma Newselite)
ဒီအပတ်အင်္ဂါနေ့ မှာ ကုလသမဂ္ဂက အရေးယူပိတ်ဆို့ မှုတွေကို 
ဆန့် ကျင်ပြီး မြောက်ကိုရီယားနိုင်ငံက တတိယမြောက်နူကလီယားစမ်းသပ်မှုကို လုပ်လိုက်တဲ့ အတွက် တကမ္ဘာလုံးက အံသြ ထိတ်လန့် တုန်လှုပ်ခဲ့ ရပါတယ်။
အဂါင်္နေ့မနက်မှာ ကိုရီးယားကျွန်းဆွယ် မြောက်ကိုရီးယားနိုင်ငံဘက်က ရစ်ခ်ျတာစကေး ၅ ဒဿမလောက်ရှိတဲ့ မြေငလျင်တုန်ခါမှူကြီးပေါ်ပေါက်ခဲ့ပါတယ်။
သံသယဖြစ်စရာကောင်းတာကအဲဒိငလျင်က အရင်မြောက်ကိုးရီးယားမြေအောက် နျူကလီးယား စမ်းသပ်မှု နှစ်ကြိမ် လုပ်ခဲ့ တဲ့ နေရာနားက လာတာပါ။
 ဖြစ်ဖြစ်ချင်းပဲ ကိုရီးယားနဲ့ အမေရိကန် ၊ဂျပန်နိုင်ငံတို့ က သိပ္ပံပညာရှင်တို့ က ဒါဟာ သာမန်ငလျင်မဟုတ်ဘဲ
 မြေအောက် နျူကလီးယားစမ်းသပ်မှု တခုသာဖြစ်တယ်လို့ တထစ်ချပြောခဲ့ပါတယ်။
အဲဒိနောက်မှာတော့ မြောက်ကိုရီးယားကိုယ်တိုင်က တတိယ နျူကလီးယား စမ်းသပ်မှုကို
သူတို့ အောင်မြင်စွာ လုပ်ခဲ့ ကြောင်း ကမ္ဘာကို ကြေညာလိုက်ပါတယ်။
မြောက်ကိုရီယားရဲ့ ထီမထင်တဲ့ လုပ်ရပ်ကို 
ရန်ဘက်နိုင်ငံတွေဖြစ်တဲ့ တောင်ကိုရီးယား၊ 
ဂျပန်နဲ့ အမေရိကန်နိုင်ငံတို့ သာမက
သူ့ ကိုအမြဲ ထောက်ခံနေတဲ့ တရုတ်နိုင်ငံကိုတောင် 
ဒေါသထွက်ခဲ့ ပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်တဲ့ ကြေညာချက်ထဲမှာ
 သူတို့ အနေနဲ့ မြောက်ကိုရီယားရဲ့ နျူကလီးယားစမ်းသပ်မှုကို 
လုံးဝဆန့် ကျင်ပြီး နျူကလီးယား လက်နက်ကို 
ရုပ်သိမ်းဖို့ နဲ့  အခြေအနေတွေကို ပိုဆိုးစေမယ့် အခုလို လုပ်ရပ်တွေမလုပ်ဖို့ မြောက်ကိုရီးယားကို ပြင်းပြင်းထန်ထန် တိုက်တွန်းတယ်လို့ ဖော်ပြထားပါတယ်။
အမေရိကန်သမ္မတ ဘားရတ်အိုဘားမားက 
မြောက်ကိုရီးယားရဲ့ အပြုအမှုဟာ ကုလသမဂ္ဂရဲ့ မှုဝါဒတွေကို
ဆန့် ကျင်တဲ့ ခြိမ်းခြောက်စော်ကားမှူဖြစ်တဲ့ အတွက်
ကုသသမဂ္ဂက ဦးဆောင်တုံ့ပြန်ရမယ်လို့ ပြောကြားလိုက်ပါတယ်။ 
ကုသလမဂ္ဂအတွင်းရေးမှူးချုပ်ဘန်ကီမွန်းကလည်း အခုလို နိုင်ငံတကာရဲ့ အရေးယူမှုကို ဆန့် ကျင်ပြီး မြောက်ကိုရီယားက နျူကလီးယား စမ်းသပ်ခဲ့ တာဟာ စော်ကားတဲ့ အပြုအမှုတရပ်လို့ ပြောကြားပြီး ရှုတ်ချခဲ့ ပါတယ်။
ဒီအချိန်မှာပဲ မြောက်ကိုရီးယားနဲ့ အိမ်နီးနားချင်းနိုင်ငံတွေဖြစ်တဲ့ 
ဂျပန်နဲ့ တောင်ကိုရီးယားနိုင်ငံကတော့ သူတို့ ရဲ့ စစ်အင်အားတွေကို တိုးချဲ့ ပြီး အသင့် ပြင်လိုက်ပါပြီ။
တကယ်တော့ မြောက်ကိုရီးယားဟာ ရာသီဥတုကဆိုး စီးပွားရေးက မကောင်းတဲ့ အပြင် အရေးယူပိတ်ဆို့ မှုတွေ ခံထားရတဲ့ အတွက် ပြည်သူတွေ အငတ်ဘေးဆိုက်နေတဲ့ နိုင်ငံဖြစ်ပါတယ်။ 
သူ့ ကိုထောက်ခံတာဆိုလို့ တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံပဲ ရှိပါတယ်။
အခုလို နျူကလီးယား လက်နက်စမ်းသပ်တယ်ဆိုတာ အမေရိကန်ဒေါ်လာ သန်းနဲ့ ချီကုန်ကျပါတယ်။
ကိုယ့် ပြည်သူတွေ စားစရာမရှိတဲ့ အချိန်မှာ အခုလို မြောက်ကိုရီးယားက
ကုန်ကျစရိတ်ကြီးတဲ့  အနုမြူလက်နက်ကို စမ်းသပ်တာဟာ 
အမျိုးသားရေးစိတ်ကို ဂုဏ်တင်ဖို့ နဲ့ သူ့ အချုပ်အခြာအာဏာကို
ကာကွယ်ဖို့ ဖြစ်နိုင်တယ်လို့  မြောက်ကိုရီးယားနိုင်ငံဆိုင်ရာ
 ဗြိတိန်နိုင်ငံ သံအမတ်ဟောင်း John Everard  က
 CNN သတင်းဌာနကိုပြောပါတယ်။
"သူတို့ အနေနဲ့ လစ်ဗျားနဲ့ အီရတ်နိုင်ငံတွေ ဘာတွေဖြစ်ခဲ့သလဲ 
ဆိုတာ တွက်ချက်လိမ့်မယ်။ အဲဒါကြောင့် ကိုယ့်မှာ နျူကလီယား လက်နက် ရှိရင်  အမေရိကန် ဦးဆောင်တဲ့  စစ်ရေးကျူးကျော်မှု ကနေ ဘေးကင်းလိမ့်မယ်လို့ သူတို့ က ယူဆတယ်။
သူတို့ အမြင်ကတော့ ကိုယ့်ဖာသာသာ ကာကွယ်တာပေါ့ ' လို့
 John Everard က ဆိုပါတယ်။         
ဒါပေမဲ့ မမျှော်လင့်ဘဲ လက်တလောမှာတော့ သူတို့ ရဲ့ အဓိက မဟာမိတ်ဖြစ်တဲ့  တရုတ်နိုင်ငံက ထောက်ခံပံ့ပိုးတာကို
ကိုးကား CNN, Reuters, Aljazera, Fox  ရုပ်သံသတင်းများ
Photo Courtesy of AP
( ရှယ် နိုင်ပါတယ်။ ကူးချခြင်းသည်းခံပါ။)