Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, February 12, 2013

မြန်မာနိုင်ငံအကြောင်း ပြောကြရအောင်

Myanmar1 and ကို စိန်သန်း shared The Irrawaddy (Burmese Version)'s photo.
အင်တာဗျူး
မြန်မာနိုင်ငံအကြောင်း ပြောကြရအောင်
ဧရာဝတီ

ဧရာဝတီ သတင်းဌာန အယ်ဒီတာ ဦးအောင်ဇော်သည် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး မစ္စတာဒဲရစ်မစ်ချယ်အား ဇန်နဝါရီလစောစောပိုင်းက သွားရောက် တွေ့ဆုံ မေးမြန်းခဲ့သည်။ ဦးအောင်ဇော်က သံအမတ်ကြီးအား မြန်မာနိုင်ငံ၏ လက်ရှိ အခြေအနေများနှင့် ပတ်သက်၍ အမေရိကန် ပြည်ထောင်စု၏ သဘောထားရပ်တည်ချက်၊ မြန်မာ့တပ်မတော်နှင့် အမေရိကန်တပ်မတော် ဆက်ဆံရေး၊ ကချင်ပြည်နယ်အတွင်း ပဋိပက္ခ၊ ယင်း ဒေသတွင် တရုတ်နိုင်ငံ ပါဝင်ပတ်သက် နေသည့် အခန်းကဏ္ဍ၊ မြန်မာနှင့် မြောက်ကိုရီးယားဆက်ဆံရေး စသည့် အကြောင်းအရာများကို အကျယ်တ၀င့်မေးမြန်း ဆွေးနွေးခဲ့သည်။ ၎င်း ဆွေးနွေးချက်များထဲမှ တချို့ကို ကောက်နုတ်ဖော်ပြအပ်ပါသည်။

မေး။ ။ သံအမတ်ကြီးခင်ဗျာ။ မြန်မာ့တပ်မတော်နဲ့ အမေရိကန်တပ်မတော် ဆက်ဆံရေးဟာ မျှော်လင့်ထား တာထက် စောပြီး အလျင်အမြန်တိုးတက်လာတယ်လို့ ဝေဖန်သူတွေကပြောကြပါတယ်။ အဲဒီဝေဖန်ချက်အပေါ် သံအမတ်ကြီး  ဘယ် လိုမြင်ပါသလဲ။

ဖြေ။ ။ မြန်မာ့တပ်မတော်ဟာ အနာဂတ် မြန်မာနိုင်ငံတော် အတွက် အလွန်အရေးကြီးတဲ့ အစိတ်အပိုင်း တရပ် ဆိုတာကို လူတိုင်း သိတယ်ခင်ဗျ။ နောက်ပြီးတော့ နိုင်ငံလုံခြုံရေး အတွက် အရေးပါတဲ့ အဖွဲ့အစည်းတခု။ နောက်တခု က မြန်မာ့တပ်မတော်ကို အရည်အချင်း ပြည့်ဝတဲ့၊ အဆင့်အတန်းရှိတဲ့ အဖက်ဖက်ကပြည့်စုံတဲ့ တပ်မတော်တရပ် ဖြစ်အောင် ပြုစုပျိုး ထောင်ဖို့ ကျနော်တို့ အကူအညီ ပေးရမယ်၊ အဲဒီလို အကူအညီပေးနိုင်အောင် ပွင့်လင်းမြင်သာတဲ့ ဆက်ဆံရေးတွေ ရှိဖို့လို ပါတယ်။ အဲဒီလိုရှိမှသာ ကျနော်တို့ နှစ်နိုင်ငံရဲ့တပ်မတော် အချင်းချင်း ဆက်ဆံရေးဟာ လက်နက်ကြီး လက်နက်ငယ်တွေ ထောက်ပံ့တဲ့ ဆက်ဆံရေး၊ တခြားနိုင်ငံတွေကို ကျူးကျော်ရန်စဖို့ တပ်မတော် အချင်းချင်း လေ့ကျင့် ပေးနေတဲ့ ဆက်ဆံရေးလို့ တခြားနိုင်ငံ တွေက မမြင်ကြဘူး ပေါ့ဗျာ။ အဲဒီလိုဖြစ်အောင် ကျနော် တို့ တဖြေးဖြေးချင်း ဆောင်ရွက်ကြရပါမယ်။

မေး။ ။ မြန်မာ့တပ်မတော် အပါအ၀င် အဖွဲ့အစည်း အသီးသီးက ပုဂ္ဂိုလ်တွေပါတဲ့ လူ့အခွင့်အရေး ဆွေးနွေးပွဲ တရပ် ကို သံအမတ်ကြီး ဦးစီးပြီး မကြာခင်ကလုပ်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီအကြောင်း ပြောပြ ပေးပါလား။

ဖြေ။ ။ လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲကို မြန်မာအစိုးရနဲ့ ကျနော်တို့တတွေ လွန်ခဲ့တဲ့ အောက်တိုဘာ လတုန်းက လုပ်ခဲ့တယ်ဗျ။ အဲဒီလို လုပ်နိုင်ခဲ့တဲ့အတွက် ကျနော်တို့ ၀မ်းမြောက် ဂုဏ်ယူပါတယ်။ ဆွေးနွေးပွဲကို အစိုးရ အဖွဲ့ဝင်တွေ၊ တပ်မတော်သားတွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေ တက်တယ်ခင်ဗျ။ ဒေါ်အောင်ဆန်းစုကြည်လည်း တက်တယ်လေ။ နောက်တချက်က အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ကျနော်တို့တတွေ သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့ တာလည်း ရှိတယ်။ ဆွေးနွေးပွဲရဲ့ အစိတ်အပိုင်းတခု၊ ကဏ္ဍတခု အဖြစ်ထည့်သွင်းပြီး ဟောပြောပွဲတခု ကျင်းပပေး တယ်ဗျ။ အဲဒါကတော့ ကြယ်သုံးပွင့် အဆင့်ရှိ အမေရိကန် ဗိုလ်ချုပ်ကြီးတယောက်ကို ဖိတ်ခေါ်ပြီး ဟောပြောခိုင်း တယ်။ ဟောပြောတဲ့ ဗိုလ်ချုပ်ကြီးဟာ အီရတ်နဲ့ အာဖဂန်စစ်မြေပြင် အတွေ့အကြုံရှိတဲ့ ပုဂ္ဂိုလ်ကြီး။ အရည်အချင်း ပြည့်ဝတဲ့ တပ်မတော်၊ အဖက်ဖက်က ပြည့်စုံတဲ့ တပ်မတော်၊ ခေတ်မီတပ်မတော် တရပ်ကို ဘယ်လိုဖွဲ့စည်းတယ် ဘာတွေ ပါဝင်ရမယ် စတာတွေကို သူဟောပြောတယ်။ တော် တည့် မှန်ကန်တဲ့ အမျိုးသား တပ်မတော်တရပ် ဖြစ်လာ ဖို့၊ အဲဒီလိုဖြစ်လာတဲ့ တပ်မတော်ကို အရပ်ဖက်က ထိန်းချုပ်ဖို့၊ အမျိုးသားလုံခြုံရေး ကိစ္စရပ်အတွက် တပ်မတော်ကို အရပ်ဖက်က ထိန်းချုပ်တာဟာ ဘယ်လောက်အရေးကြီးတယ်၊ လူ့အဖွဲ့အစည်း တည်ငြိမ် အေးချမ်းဖို့လိုတယ် စတာ တွေကို အကျယ်တ၀င့် ဟောပြောသွားတယ်ဗျ။

ဗိုလ်ချုပ်ကြီး ဟောပြောခဲ့ တာတွေဟာ ကျနော်တို့ နှစ်နိုင်ငံရဲ့ တပ်မတော် အချင်းချင်း ဘာကြောင့်ထိတွေ့ဆက် ဆံဖို့ လိုတယ်ဆိုတဲ့ အကြောင်းချင်းရာ တွေပါ။ တပ်မတော်သားတွေနဲ့ သက်ဆိုင်တဲ့ သတင်း အချက်အလက်တွေ၊ မှတ်သား ဖွယ်ရာတွေ၊ အဆုံးအမတွေ ကို သူတို့ စစ်သားအချင်းချင်း ပြောကြဆိုကြတာ အကောင်းဆုံးပဲ လေ။ တခြား သူတွေ လုပ်နိုင်မှာ မဟုတ်ဘူး။ မြန်မာ့တပ်မတော်ကို လောင်းရိပ်က လွတ်အောင်၊ မြန်မာ့တပ်မတော်နဲ့ ပွင့်ပွင့် လင်းလင်း ရိုးရိုးသားသား ဆက်ဆံနိုင်ဖို့၊ အဆင့်အတန်း ရှိတဲ့တပ်မတော်တရပ်၊ ပြီးပြည့်စုံတဲ့ တပ်မတော် တရပ်ဟာ ဘယ်လို ပုံစံနဲ့ ရပ်တည် တယ်၊ အဲဒီတပ်မတော်ဟာ ပြည်သူတို့ရဲ့ အကျိုးစီးပွားကို ဘယ်လို ဖော်ဆောင်တယ်၊ အများ အားကျဖွယ် ကောင်းအောင် ဘယ်လိုပုံစံနဲ့ နေထိုင်ပြုမူတယ် ဆိုတာတွေကို မြန်မာ့တပ်မတော် အတွက် ကျနော်တို့ လုပ်ပေးချင်တာပါ။

မေး။ ။ နေပြည်တော်မှာ အရေးကြီးတဲ့ ခေါင်းဆောင်တွေနဲ့ သံအမတ်ကြီးတွေ့တယ်လို့ သိရပါတယ်။ သံအမတ် ကြီးတို့ ဘာတွေပြောဆို ဆွေးနွေးခဲ့ကြတယ်ဆိုတာ သိခွင့်ရ မလား။

ဖြေ။ ။ ကချင်ပြည်နယ်မှာ ဖြစ်နေတဲ့ အကြမ်းဖက်မှုတွေ၊ အဲဒီ အကြမ်းဖက်မှုတွေ ပိုမိုဆိုးရွားလာတာတွေ၊ အဲဒီမှာနေထိုင်ကြတဲ့ အပြစ်မဲ့တဲ့ အရပ်သားနဲ့ စစ်ပြေးဒုက္ခသည်တွေ ကို နိုင်ငံတကာအဖွဲ့အစည်းတွေက လူသားချင်း စာနာထောက်ထားတဲ့ အကူအညီတွေ ပေးချင်ပေမယ့် အဲဒီအကူအညီတွေ သူတို့ဆီရောက်အောင် ဆောင်ရွက် မပေး နိုင်တဲ့ ကိစ္စရပ်တွေကို ဆွေးနွေးကြပါတယ်။ နောက်တခုက အတိတ်ကရှိခဲ့တဲ့ မြန်မာ မြောက်ကိုရီးယား ဆက်ဆံရေး ကိစ္စကိုလဲ ဆွေးနွေးပါတယ်။ မြန်မာခေါင်းဆောင်တွေက ကျနော်တို့ အမေရိကန် အစိုးရဟာ မြန်မာ-မြောက်ကိုရီးယား ဆက်ဆံရေး ကိစ္စကို တောက်လျှောက်ပြောခဲ့တာလို့ ကျနော့်ကို ပြန်ပြောပါတယ်။ အမေရိကန်အစိုးရ ရဲ့ မြောက်ကိုရီး ယား-မြန်မာ ဆက်ဆံရေး အပေါ် ထားရှိတဲ့ သဘောထားကို ပြောပြတယ်ဗျ။ သူတို့ ယုံကြည်မှု ရှိ / မရှိတော့ မသိဘူး ပေါ့လေ။ အမေရိကန်-တရုတ် ဆက်ဆံရေးမှာ မြန်မာနိုင်ငံဟာ ထည့်သွင်းစဉ်းစားခံရတဲ့အတွက် မြန်မာနိုင်ငံအဖို့ အကျိုးမရှိပါဘူး။ ကျနော် မြန်မာနိုင်ငံမှာ တာဝန်ကျတဲ့အတွက် မြန်မာနဲ့ပတ်သက်တဲ့အတွေ့အကြုံ ရှိပါတယ်။ ဒါ့အပြင် ဒေသတခုလုံးရဲ့ အတွေ့အကြုံ၊ ပင်တဂွန်စစ်ဌာနချုပ်မှာ အလုပ်လုပ်ခဲ့တဲ့ အတွေ့အကြုံ၊ ပညာရှင်တယောက်အဖြစ် တာဝန်ထမ်းခဲ့တော့ ပညာရှင်တယောက်ရဲ့ အတွေ့အကြုံလဲရှိပါတယ်။ တရုတ်နိုင်ငံနဲ့ ပတ်သက်တဲ့ အလုပ်တွေအများကြီး ကျနော်လုပ်ခဲ့ဘူးတယ်ဗျ။ တရုတ်တွေကတော့ အာရှတိုက်မှာ အမေရိကန်က တခုခုလုပ်တာနဲ့ အမေရိကန်တွေ ၀င်ရောက် စွက်ဖက်တယ်လို့ မြင်တော့တာပဲ။ အရာအားလုံးကို သူတို့ကိုယ်သူတို့ အခြေခံပြီးတော့ဘဲ စဉ်းစားကြတာလေ။ ကျနော်တို့ကတော့ နှစ်နိုင်ငံ အကျိုးရှိမယ့် ကိစ္စရပ်တွေကို အတူတကွ ပူးပေါင်းလုပ်ကိုင်မယ်။ တနိုင်ငံနဲ့ တနိုင်ငံ နားလည်မှု လွဲနေတာတွေကို လျော့နည်းအောင်လုပ်ရမယ်။ နည်းလမ်းရှာရမယ်။ အနောက်နိုင်ငံ တွေမှာ ပြောလေ့ ရှိတဲ့ စကားတခွန်းရှိတယ်၊ အဲဒါကတော့ လူမျိုးနှစ်မျိုး ဒါမှမဟုတ် အဖွဲ့ ၂ ဖွဲ့ ရှိတဲ့ ၀န်းကျင်မှာ မကောင်းတာ တခုခုဖြစ် လာရင် အဲဒီ လူမျိုး ၂ မျိုး ဒါမှမဟုတ်၊ အဲဒီ အဖွဲ့ ၂ ဖွဲ့စလုံး တာဝန်ရှိတယ်တဲ့။ ဘာဖြစ်လို့လဲ ဆိုတော့ လူမျိုး ၂ မျိုး၊ သို့မဟုတ် အဖွဲ့ ၂ ဖွဲ့ ရှိနေလို့ပါ တဲ့။ (ဘက် နှစ်ဖက် ဖြစ်နေလို့ ပြဿနာ ရှိလာတာ၊ တစုတစည်းတည်း/ တဖက်တည်းဆိုရင် ပြဿနာ ဆိုတာ မရှိ လို့ ဆိုလိုပါတယ်။ ဘာသာပြန်သူ)

မေး။ ။ မြန်မာနဲ့ မြောက်ကိုရီးယား ဆက်ဆံရေးကိစ္စအကြောင်း မေးပါရစေ။ မြန်မာနိုင်ငံကို မြောက်ကိုရီးယားက နယူးကလီးယား နည်းပညာ၊ ဒုံးပျံနည်းပညာတွေ တင်ပို့နေတယ် ဆိုတဲ့ စွပ်စွဲချက်။ အဲဒီ အပေါ် အမေရိကန်ပြည် ထောင်စုက ဘယ်လို ရှုမြင်ပါသလဲ။

ဖြေ။ ။ အဲဒီကိစ္စကို ကျနော်တို့ အတည် မပြုသေးပါဘူး။ လေ့လာတုန်းပဲ ရှိသေးတယ် လို့ပြောရင် ရပါတယ်။ နောက် ပြီးတော့ ဒီကိစ္စဟာ မြန်မာနိုင်ငံ တခုတည်းနဲ့ ဆိုင်တဲ့ ကိစ္စ မဟုတ်ပါဘူး။ တကမ္ဘာလုံးနဲ့ ဆိုင်တဲ့ကိစ္စပါ။ လူအမြောက်အများ ကို သေကျေပျက်စီးစေတဲ့ လက်နက်ကြီးတွေကို အမြောက်အများထုတ်လုပ်တယ်။ တင်ပို့ရောင်း ချတယ် ဆိုတဲ့ ကိစ္စဟာ အမေရိကန်နိုင်ငံရဲ့ အမျိုးသား လုံခြုံရေးကို ခြိမ်းခြောက်နေတဲ့ သိပ် အရေးကြီးတဲ့ ကိစ္စရပ် ကြီးပါ။ လူသားတွေ ရင်ဆိုင်နေရ တဲ့ ကိစ္စရပ်လို့လည်း ပြောနိုင်ပါတယ်။ ကမ္ဘာ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဆုံးဖြတ်ထားတဲ့ ဆုံးဖြတ်ချက်ကို ချိုးဖောက်ပြီး မြောက်ကိုရီးယားဟာ အကြမ်းဖက်မှုတွေကို ဆက်လုပ်နေတယ်။ ဒုံးပျံ စမ်းသပ်မှုကို မကြာခင်က လုပ်ခဲ့သေးတယ်။ အရင်တုန်းကလည်း နယူးကလီးယား လက်နက် စမ်းသပ်မှုတွေ လုပ်တယ်။ မြောက်ကိုရီးယား တပ်မတော်နဲ့ အခြားနိုင်ငံများက တပ်မတော်တွေ ထိတွေ့ဆက်ဆံတယ်ဆိုတဲ့ ကိစ္စ ရပ်ဟာ အမေရိကန် အစိုးရ အပါအ၀င် နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ အထူးဂရုပြု အာရုံစိုက်ရတဲ့ ကိစ္စပါ။ ဒီတော့ မြန်မာနဲ့ မြောက်ကိုရီးယားဆက်ဆံရေး သမိုင်းကြောင်းအခြေအနေ၊ နှစ်နိုင်ငံ ဆက်ဆံရေးမှာ မြန်မာနိုင်ငံဟာ ဘယ်လိုအနေအထားမှာ ရပ်တည်နေတယ်ဆိုတာကို ကျနော်တို့ မေးခွန်းထုတ်ရမှာဘဲ။ ဘာဖြစ်လို့လဲဆိုတော့ အမျိုးသား လုံခြုံရေး အတွက် အဓိကကျ နေလို့ပါပဲ။

မေး။ ။မြန်မာနဲ့ အမေရိကန်ပြည်ထောင်စုရဲ့ လက်ရှိ ဆက်ဆံရေး အခြေအနေကို သံအမတ်ကြီး ဘယ်လို ယူဆပါသလဲ။ 

ဖြေ။ ။ နှစ်နိုင်ငံဆက်ဆံရေး အခြေနေ သိတ်ကောင်းတယ်လို့ ကျနော်ထင်တယ်ဗျ။ မြန်မာနိုင်ငံ တ၀ှမ်းလုံးမှာရှိတဲ့ လူ့မှုအဖွဲ့အစည်း အားလုံးနဲ့ အလုပ်လုပ်နိုင်ဖို့ ကျနော်တို့ ကြိုးစားနေပါတယ်။

မြန်မာနိုင်ငံကို လာရောက်လည်ပတ်ခဲ့တဲ့ ကျနော်တို့ရဲ့ သမ္မတကြီး မစ္စတာအိုဘားမားနဲ့ သူ့ အရင် လာလည်ခဲ့တဲ့ ၀န်ကြီး ကလင်တန်တို့ ၂ ဦး စလုံးက အမေရိကန် အနေနဲ့ မြန်မာနိုင်ငံအပေါ်မှာထားရှိတဲ့ ပေါ်လစီရဲ့ အဓိက အချက် တွေကို ထုတ်ဖော်ပြောသွားကြတာ တွေ့ရမှာပါ။ မြန်မာနိုင်ငံကို ပွင့်လင်းရိုးသားတဲ့ ဒီမိုကရက်တစ်လူ့ဘောင်ဖြစ် အောင်၊ ပြုပြင်ပြောင်းလဲရေး လုပ်နေတဲ့ မြန်မာ့ လူ့အဖွဲ့အစည်းနဲ့ မိတ်ဖက်ဖြစ်အောင်၊ တိုးတက်အောင်ကြိုးစားနေတဲ့ မြန်မာ လူမျိုးတွေနဲ့ လုပ်ဖော်ကိုင်ဖက် ဖြစ်အောင် ကျနော်တို့ ကြိုးစား ဆောင်ရွက်နေ ပါတယ်။ ဒါမှလဲ ခင်ဗျားတို့ မြန်မာနိုင်ငံဟာ ပိုပြီး တည်ငြိမ်လာမယ်၊ ပိုပြီးလုံခြုံလာမှာပါပဲ။ 

မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေ ပျော့ပျောင်းညင်သာပြီး ငြိမ်းချမ်းတဲ့နည်းနဲ့ ကူးပြောင်းဖို့ ကျနော်တို့ တိုက်တွန်းပါ တယ်။ ဒီနည်းကို နှစ်ပေါင်း အတော်ကြာကြာ ကတည်းက ကျနော်တို့ တွေ့ရှိခဲ့တာပါ။ တွေ့ကြုံခဲ့တဲ့ စိန်ခေါ်မှုတွေကို လည်း ကျနော်တို့ လက်တွေ့ကျကျ ဖြေရှင်းခဲ့ကြတာပါ။ မြန်မာနိုင်ငံမှာ ဆက်ပြီး ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေကို ငြိမ်းချမ်းသွားစေဖို့ ဆွေးနွေးပွဲတွေ ထပ်လုပ်စေချင်ပါတယ်။ မတူကွဲပြားမှုတွေကို တွေ့ဆုံ ဆွေးနွေးခြင်းနဲ့ပဲ ဖြေရှင်းစေချင်ပါတယ်။ ကျနော်တို့ရဲ့ အမြင်ကို ပြောရရင် မတူကွဲပြားမှုတွေကို မြန်မာတွေ ဘယ်လိုဖြေရှင်းနေတာလဲ ဆိုတာနဲ့ ပတ်သက်ပြီး ပြောစရာတွေ အများ ကြီးရှိပါတယ်။ နောင်လာမယ့် မြန်မာတို့ရဲ့ အနာဂတ်ကို မြန်မာတွေ ဘယ်လို ရှုမြင်သုံးသပ်သလဲ ဆိုတာနဲ့ ဆက်စပ်နေမယ်လို့ ထင်ပါတယ်။

အတိုင်းအတာ တခုအထိ အောင်မြင်ဖို့ လုပ်စရာတွေ အများကြီး ရှိပါသေးတယ်။ အောင်မြင်အောင် လုပ်ဖို့လည်း တိုက်တွန်းပါတယ်။ မြန်မာတွေချမှတ်လုပ်ကိုင်နေတဲ့ ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းအတွက် အပြုသဘော ဆောင်တဲ့ အခန်းကဏ္ဍမှာ ကျနော်တို့ ပါဝင်ဆောင်ရွက်ပေးချင်ပါတယ်။

မေး။ ။ နောင်မှာ မြန်မာ - အမေရိကန် ဆက်ဆံရေး ဘယ်လို ဖြစ်လာနိုင်မယ်ဆိုတာကို သံအမတ်ကြီး သုံးသပ် ခန့်မှန်းမိသလို ပြောပြပေးပါ။

ဖြေ။ ။ မြန်မာ - အမေရိကန် စစ်ဘက် ဆက်ဆံရေးကို ၁၉၈၀ပြည့် လွန်နှစ်များမှာ ရှိခဲ့တဲ့ အခြေအနေရောက် အောင်  ပြန်လည် ထူထောင်ကြဖို့ လိုအပ်တယ်လို့ ကျနော်မျှော်လင့်ပါတယ်။ အဲဒီတုန်းက မြန်မာ့စစ် ခေါင်းဆောင်တွေ ကျနော်တို့ရဲ့ စစ်တက္ကသိုလ်တွေ၊ စစ်ကျောင်းတွေကို လာပြီးလေ့လာပါတယ်၊ လာပြီးသင်ယူပါတယ်။ ကျနော်တို့က လည်း သူတို့ဆီက ပြန်ပြီး သင်ယူတာတွေ ရှိပါတယ်။ အခုအချိန်မှာတော့ ဟိုတုန်းက အခြေအနေပြန်ရောက်အောင် လုပ်စရာတွေ အများကြီး ရှိနေသေးတယ်။ လိုအပ်ချက်တွေ ရှိနေပါသေးတယ်။

မေး။ ။ ဘယ်လို လိုအပ်ချက်တွေ ဖြစ်မလဲ၊ ဘာတွေလဲ ခင်ဗျ။

ဖြေ။ ။ ၂၀၁၅ ခုနှစ်မှာပြုလုပ်မယ့် ရွေးကောက်ပွဲ အဆင်ပြေပြေ ချောချောမောမောဖြစ်ဖို့၊ အဆင်ပြေပြေ ချောချော မွေ့မွေ့ အာဏာလွှဲပြောင်း ပေးနိုင်ရေး၊ အရပ်သား အုပ်ချုပ်တဲ့ အစိုးရတရပ် ဖြစ်ပေါ်လာရေး စတဲ့ မှန်ကန်တဲ့ ကတိ က၀တ်တွေ (ဖြစ်ဖို့) လိုအပ်တယ်လို့ ကျနော်ထင်တယ်။ နောက်တစ်ခုက ကချင်ပြည်နယ်ဖြစ်နေတဲ့ ပဋိပက္ခ။ အဲဒီကိစ္စ အတွက် နှစ်ဖက်စလုံးက စစ်ရေးအရ ဖြေရှင်းဖို့ မလိုဘူးလို့ ကျနော်ထင်တယ်။ “တုတ် တုတ်ချင်း ဓါး ဓါးချင်း” လုပ်နေရင် ဘယ်သူမှ အကျိုး မရှိပါဘူး။ အကျိုးယုတ်ဖို့ပဲ ရှိမှာပါ။ ဒါကြောင့် ဆွေးနွေးပွဲတွေ ချက်ချင်းပြန်လုပ်ဖို့ လိုပါတယ်။ ကချင်ပြည်နယ် အတွင်းမှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက် လုပ်ရပ်တွေ၊ မမှန်မကန်တဲ့ လုပ်ရပ်တွေ အတွက် မြန်မာ့တပ်မတော်က တာဝန်ယူရ ပါမယ်။ ရှင်းပြနိုင်ရ ပါမယ်။ တရားဥပဒေကြောင်းနဲ့ ပက်သက်တဲ့ ဖြေရှင်းချက်တွေ၊ တာဝန်ယူမှု တွေလည်း ရှိရပါမယ်။ ပြည်သူတွေ ကြုံတွေ့နေရတဲ့ ဆင်းရဲဒုက္ခတွေကိုလည်း ဆွေးနွေးခွင့်၊ ရင်ဖွင့်ခွင့် ပေးရပါမယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အဲဒီအချက်တွေဟာ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး အတွက် ခြေလှမ်း တလှမ်း ဖြစ်နေလို့ပဲ။

မေး။ ။ မြန်မာနိုင်ငံကို အမေရိကန်ပြည်ထောင်စုက ထိတွေ့ဆက်ဆံနေတာဟာ တရုတ်နိုင်ငံကြောင့် များလား ခင်ဗျာ။

ဖြေ။ ။ကျနော်တို့ မြန်မာနိုင်ငံနဲ့ ဆက်ဆံနေတာ မြန်မာနိုင်ငံ အတွက်ပါ။ မြန်မာနဲ့ ဆက်ဆံတယ် ဆိုမှတော့ မြန်မာနိုင်ငံ အတွက်ပဲ ဖြစ်ရမှာပေါ့။ နိုင်ငံရေး ဝေဖန်သူအချို့နဲ့ တရုတ်တွေက ကျနော်တို့ကို အမြင်စောင်းနေတဲ့ အချက်တခု ရှိပါတယ်။ အဲဒါ ဘာလဲဆိုတော့ အာရှတိုက်မှာ ကျနော်တို့ ဘာလုပ်လုပ် တရုတ်နိုင်ငံနဲ့ ပတ်သက်တယ်။ တရုတ်နိုင်ငံကို ၀ိုင်း ပတ် ပိတ်ဆို့ဖို့ လုပ်နေတာလို့ အထင်ရှိနေ တာပဲ။ ဒါပေမဲ့ သူတို့ ထင်သလို မဟုတ်ပါဘူး။ မြန်မာနိုင်ငံနဲ့ ထိတွေ့ဆက်ဆံဖို့ ကျနော်တို့ရဲ့ဆက်ဆံရေး မူဝါဒကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၊ ၂၅ နှစ် လောက် ကတည်းက ချမှတ်ခဲ့တာပါ။ အဲဒီ အချိန်မှာ အင်အား တောင့်တင်းတဲ့ တရုတ်ပြည်ကြီး ဖြစ်မလာ သေးပါဘူး။ မြန်မာနိုင်ငံနဲ့ ဆက်ဆံတဲ့ ကျနော်တို့ရဲ့ ပေါ်လစီတွေက တဖြည်းဖြည်း ပြောင်းလဲ တိုးတက်နေ ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ မြန်မာနိုင်ငံ ကိုယ်နှိုက်က ပြောင်းလဲတိုး တက်နေလို့ပါပဲ။

မေး။ ။ မြန်မာနိုင်ငံမှာ တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်းရှိဖို့ အင်အားကြီး ၂ နိုင်ငံစလုံးက စိတ်မ၀င်စား ဘူးလား ဗျာ။

ဖြေ။ ။ ဒီကိစ္စဟာ  တရုတ်နိုင်ငံနဲ့ အမေရိကန် ပြည်ထောင်စုတို့ရဲ့ ဘုံအကျိုးစီးပွားပါ။ ထို့အတူ ထိုင်းနိုင်ငံနဲ့ ဒေသ တခုလုံးရဲ့ အကျိုးစီးပွားလို့ ဆိုရင်လည်း မမှားပါဘူး။ မြန်မာနိုင်ငံ တည်ငြိမ် အေးချမ်းနေဖို့ လိုပါတယ်။ အဲဒီလို မဟုတ်ဘဲ မြန်မာနိုင်ငံဟာ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့ အလှမ်းဝေးနေမယ်၊ သီးခြားဖြစ်နေမယ်၊ ဆိုရင် အာရှ ဒေသမှာ ကျနော်တို့ အလုပ်လုပ်ဖို့ ခက်ခဲသွားပါမယ်။ တောင်အာရှနဲ့ အရှေ့တောင်အာရှ  ဖွံ့ဖြိုး တိုးတက်လာဖို့လည်း လမ်းစ ပျောက်သွားမယ်။ မြန်မာနိုင်ငံ ကျယ်ကျယ်ပြန့်ပြန့် ဖွံ့ဖြိုးပါမှ နီးစပ်ရာ ဒေသတွင်း နိုင်ငံတွေရော ကမ္ဘာကြီးပါ ဖွံ့ဖြိုးမှာ ဖြစ်တဲ့ အတွက် မြန်မာနိုင်ငံ ဖွံ့ဖြိုးဖို့ လိုအပ်ပါတယ်။ ကမ္ဘာကြီး တည်ငြိမ်အေးချမ်းရေး အတွက် မြန်မာနိုင်ငံ ဖွံ့ဖြိုးရမယ် လေ။

အမေရိကမှာ ကျနော် မြန်မာနိုင်ငံအကြောင်း ပြောတုန်းက တရုတ်နိုင်ငံက ဘာမှ ၀င်မပြောဘူး။ မြန်မာနိုင်ငံ မှာ ဘာတွေ ဖြစ်နေတယ်။ မြန်မာ့ လူ့အဖွဲ့အစည်းကို ကျနော်တို့ ဘယ်လို ကူညီရမယ်၊ အရှေ့တောင်အာရှရဲ့ ရတနာ သိုက်ကြီး ဖြစ်တဲ့ မြန်မာနိုင်ငံဟာ ဘာဖြစ်လို့ အာရှတိုက် လူ့အဖွဲ့အစည်းရဲ့ အပြင်ဘက်ကို ရောက်နေရတာလဲ စတဲ့ အချက်တွေကို အမေရိကန် ပြည်သူတွေကို ကျနော် တင်ပြခဲ့ပါတယ်။

မး။ ။ မြန်မာနိုင်ငံအတွက် အထူးကိုယ်စားလှယ် အဖြစ်တာဝန်ယူခဲ့ တုန်းက မြန်မာနဲ့ တရုတ် အစိုးရ ခေါင်းဆောင်တွေကို အခုလို မြန်မာနဲ့ ဆက်စပ်မှုဟာ တရုတ်ကို ထိပါးစေမှာ မဟုတ်ဘူးလို့ ပြောခဲ့တယ်နော်။ သူတို့က သံအမတ်ကြီး ဆိုလိုတာကို ရှင်းရှင်းလင်း သိမြင်လိမ့်မယ်လို့ ယူဆပါသလား။
 
ဖြေ။ ။ သူတို့ ကျနော် ပြောတာကို သေချာကြားမှာပါ။ ပြီးတော့ အမေရိကန်အစိုးရရဲ့ မပြောင်းလဲတဲ့ သဘောထား ရပ်တည်ချက်ကိုလည်း ဆက်ပြီး ကြားသိမှာပါ။ ကျနော်တို့ သဘောထားကို ပြောပြီးပြီ။ သူတို့ ယုံကြည်လက်ခံမယ်၊ လက်မခံဘူးဆိုတာ သူတို့ အပိုင်းပါ၊ ကျနော်တော့ မပြောတတ်ပါဘူး။ ကျနော်တို့ အသေအချာ နားလည်ထားတာက မြန်မာနိုင်ငံဟာ အမေရိကန် - တရုတ်အားပြိုင်မှုကြားမှာ အမြတ်ထုတ်နိုင်တာမျိုး မဖြစ်ဘူးဆိုတာပဲ။ ကျနော့်မှာ မြန်မာ နိုင်ငံသာမက အာရှဒေသတွင်း အတော်တော်များများနဲ့ ပတ်သက်ပြီး အတွေ့အကြုံ များစွာ ရှိပါတယ်။ ပင်တဂွန်မှာ တာဝန်ထမ်းဆောင် ခဲ့တုန်းက၊ ပြီးတော့ အာရှဆိုင်ရာ သင်ယူလေ့လာခဲ့တုန်းက တရုတ်နိုင်ငံနဲ့ ပတ်သက်ပြီး လုပ်ငန်း တွေ အတော်များများ လုပ်ကိုင်ခဲ့ဖူးပါတယ်။ ကျနော် သိထားတဲ့ အချက်က အာရှမှာ အမေရိကန် အနေနဲ့ ဘာပဲ လုပ်လုပ် တရုတ်က ၀င်ရောက်နှောက်ယှက်တယ်လို့ပဲ မြင်နေတာပဲ။ သူတို့က သူတို့ကို ရည်ရွယ် လုပ်ဆောင်နေတယ် လို့ ယူဆကြတယ်လေ။ ကျနော်တို့ မျှော်လင့်တာကတော့ နှစ်နိုင်ငံ ဘုံအကျိုးစီးပွားကို ဖွံ့ဖြိုးအောင် ပူးပေါင်း လုပ်ဆောင် နိုင်မယ်ဆိုရင် အထင်လွဲ၊ အမြင်လွဲတွေ လျော့နည်းလာမှာပါ။ အနောက်နိုင်ငံတွေမှာ ပြောသလို ပြောရရင် နှစ်ယောက်တွဲကပြမှ ဘဲလေးက လှပမယ် ဆိုသလိုပေါ့ဗျာ။ 

( ‘It’s About Burma’ ကို ဆီလျော်အောင် တင်မောင်ယုက ဘာသာပြန်ဆိုသည်)
အင်တာဗျူး
မြန်မာနိုင်ငံအကြောင်း ပြောကြရအောင်
ဧရာဝတီ

ဧရာဝတီ သတင်းဌာန အယ်ဒီတာ ဦးအောင်ဇော်သည် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး မစ္စတာဒဲရစ်မစ်ချယ်အား ဇန်နဝါ...ရီလစောစောပိုင်းက သွားရောက် တွေ့ဆုံ မေးမြန်းခဲ့သည်။ ဦးအောင်ဇော်က သံအမတ်ကြီးအား မြန်မာနိုင်ငံ၏ လက်ရှိ အခြေအနေများနှင့် ပတ်သက်၍ အမေရိကန် ပြည်ထောင်စု၏ သဘောထားရပ်တည်ချက်၊ မြန်မာ့တပ်မတော်နှင့် အမေရိကန်တပ်မတော် ဆက်ဆံရေး၊ ကချင်ပြည်နယ်အတွင်း ပဋိပက္ခ၊ ယင်း ဒေသတွင် တရုတ်နိုင်ငံ ပါဝင်ပတ်သက် နေသည့် အခန်းကဏ္ဍ၊ မြန်မာနှင့် မြောက်ကိုရီးယားဆက်ဆံရေး စသည့် အကြောင်းအရာများကို အကျယ်တ၀င့်မေးမြန်း ဆွေးနွေးခဲ့သည်။ ၎င်း ဆွေးနွေးချက်များထဲမှ တချို့ကို ကောက်နုတ်ဖော်ပြအပ်ပါသည်။

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။