KhingKhing Su and 2 other people shared Zaw Mintun Zawmintun's photo.
ဒီဗွီဘီ ၁၅ ဖေဖော်ဝါရီ ၂၀၁၃
လူတွေမသိသေးတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခြံတွင်းအဖြစ်အပျက်တွေကို ရေးသားထား...တဲ့ သမီးအောင်ဆန်းနှင့် ခြံထဲမှကျွန်ုပ်၏မှတ်စာများ စာအုပ်ကို ထုတ်ဝေလိုက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အနားမှာ အနှစ် ၂၀ ကျော် ကူညီပေးခဲ့သူ ဖိုးလေးလို့ လူသိများတဲ့ စာရေးဆရာမိုဃ်းလင်းရေးသားထားတာ ဖြစ်ပြီး သူမရဲ့ စိတ်နေသဘောထားကို ဖော်ပြထားတဲ့ စာအုပ်ဖြစ်တယ်လို့ ဆောင်းပါးရေးသားသူက ပြောပါတယ်။
“တပ်မတော်သားတွေနဲ့ တပ်မတော်ကို အန်တီစုက အမြင်မကြည်ဘူးပေါ့။ အားလုံးက ဒီလိုထင်နေကြတယ်။ အထင်လွဲနေကြတယ်။ အဲလိုမဟုတ်ဘူးဆိုတာကို ဒီစာအုပ်ထဲမှာ ဆောင်းပါးလေး ၁ ပုဒ် ပါတယ်။ အဲဆောင်းပါးကို ဖတ်ကြည့်မယ်ဆိုရင် တပ်မတော်သားတွေအပေါ် ဒေါ်အောင်ဆန်းစုကြည်က ဘယ်လိုသဘောထားတယ်ဆိုတာ ပေါ်သွားပါလိမ့်မယ်။ ”
စာရေးသူ မိုဃ်းလင်းရဲ့ ဆောင်းပါးပေါင်း ၅၀ ထဲက ၂၄ ပုဒ်ကို စုစည်းထုတ်ဝေတာဖြစ်ပြီး ဒီဆောင်းပါးတွေကို ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးသိန်းစိန်တို့ စတင်တွေ့တဲ့ ၂၀၁၁ အချိန်ကစပြီး ရေးသားခဲ့တာ ဖြစ်ပါတယ်။
MCM စာအုပ်တိုက်ကနေ ထုတ်ဝေမှာ ဖြစ်ပြီး စာအုပ်မိတ်ဆက်ပွဲကို ဗိုလ်အောင်ကျော်လမ်းက Home ခန်းမှာ ဖေဖော်ဝါရီလ ၁၄ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။
ဒီစာအုပ်ကို တအုပ် ကျပ် ၂၀၀၀ နှုန်းနဲ့ ရောင်းချသွားမှာဖြစ်ပြီး ရောင်းရငွေတွေကို မီးသင့်သံဃာတော်တွေနဲ့ နိုင်ငံရေးအကျဉ်းသားများ ထောက်ပံ့ရေးအတွက် လှူဒါန်းသွားမယ်လို့ ဆောင်းပါးရှင်က ပြောပါတယ်။DVB TV News
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။