Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, February 15, 2013

ကျနော်သဘောကျတဲ့ ခေတ်ရှေ့ပြေးအဆိုတော် မင်းမင်းလတ်

မင်းမင်းလတ်သည် မြန်မာ စတီရီယိုခေတ်ဦး အဆိုကျော်တစ်ယောက် ဖြစ်သည်။ စတီရီယိုတေးဟု ခေါ်နေကြသော ဂီတသစ်သည် (၁၉၆၉/၇၀) ခုနှစ်က စတင်ခဲ့၍ (၂၀၀၉) ခုနှစ်တွင် နှစ်ပေါင်း (၄၀)နှစ်အတွင်း ရောက်လာခဲ့ပြီ ဖြစ်သည်။ သမရိုးကျသံစဉ်များနှင့် ရိုးအီထပ်နေသော တေးသွားတွေအကြားမှာ ခေတ်မီဆန်းသစ် တီထွင်ချင်သော လူငယ်များ၊ ကမ္ဘာကို မျှော်ကြည့်ချင်သော လူငယ်များသည် နိုင်ငံတကာ တေးသွားသံစဉ်များနှင့် သီဆိုခဲ့ကြသည်။ ဂီတသစ်ကို စတင်လမ်းဖောက်သူမှာ ဆေးကျောင်းသား မောင်ထွန်းနောင် (တက္ကသိုလ်ထွန်းနောင်)ဖြစ်သည်။ သူ့နောက်တွင် ထပ်ချက်မကွာလိုက်ပြီး လမ်းဟောင်းကြီးကို ခုတ်ထွင်ရှင်းလင်း၍ လမ်းသစ်ဖောက်ခဲ့သူမှာ မင်းမင်းလတ် (ခေါ်) မာရှယ်လ် Marshal ဟူသော လူငယ်တစ်ယောက်ပင် ဖြစ်သည်။

မင်းမင်းလတ် (ခေါ်) မာရှယ်လ် Marshal ကို ရုပ်ရှင်လုပ်ငန်းညွှန်ကြားရေးမှုး ဦးခင်မောင်လတ် နှင့် ဒေါ်ခင်အေးလတ်တို့က ၁၉၄၈ခုနှစ်၊ စက်တင်ဘာလ၊ (၁)ရက်နေ့ တွင် ရန်ကုန်မြို့မှာ မွေးဖွားခဲ့ပြီး မွေးချင်း ၄ယောက်ထဲမှာ အကြီးဆုံးသား ဖြစ်သည်။ အဘိုးဖြစ်သူမှာ မြန်မာပြည်တွင် ပထမဆုံး ရုပ်ရှင်စလုပ်သူ ရုပ်ရှင်ဖခင်ကြီး လန်ဒန်အတ် ဦးအုန်းမောင် ဖြစ်သည်။

သီချင်းသီဆိုမှုကို ငယ်ငယ်လေးထဲက ဝါသနာပါပြီး၊ မိဘပေးသော မုန့်ဖိုးလေးများစုပြီး သီချင်းစာအုပ်ထုတ်သည်။ ရတဲ့အမြတ်ကိုစုပြီး သီချင်းရေးဆရာများကို သီချင်းအပ်ပြီး (၁၉၇၁)ခုနှစ်တွင် ဦးဘသိန်း တေးသံသွင်းမှ တစ်ရက်ထဲနှင့် အသံသွင်းခဲ့သည်။ သီချင်းဆယ်ပုဒ် အသံသွင်းခဲ့ပြီး တစ်ပုဒ်ကတော့ မထုတ်ဖြစ်တော့ပါ။ ထိုအချိန်တုန်းက ကုန်ကျစရိတ်က ကျပ်(၂၀၀၀) လောက်ပဲရှိသည်။

ပထမဆုံးစီးရီးကို ၁၉၇၁ ခုနှစ် မေလ (၂၇) ရက်နေ့မှာ ထွက်ခဲ့ပါသည်။ ပထမဆုံးစီရီးမှာ သီချင်းမှာ (ဆံရှည်မလေး၊ အားလုံးကချစ်တဲ့သူ၊ အပေါ်ထပ်နဲ့အောက်ထပ်၊ အချစ်ရူးရဲ့စိတ်ကူးယဉ်၊ အာဂျီနိုမိုတို၊ စိတ်တေလေ၊ မူယာမာယာမိုး၊ ရည်းစားများတဲ့သူ၊ အိမ်လိုက်ခဲ့ပါရည်းစားချော) စသည့် သီချင်းတစ်ပုဒ်ချင်း ခေါင်းစဉ်တွေ ပေးထားသည်။ သီချင်းအားလုံး၏ Title ဆိုသည်မှာ မရှိသေးပါ။ ဝေါလ်ရှိများ၊ ပိုစတာများ၊ ပုံနှိပ်မှုများလည်း မရှိသေးပါ။ စီးရီးခွေ စုစုပေါင်း ၁၀ ခွေကျော် ထွက်ခဲ့ပါသည်။ သူ့၏ အအောင်မြင်ဆုံးနှင့် လူကြိုက်အများဆုံး သီချင်းမှာ အပေါ်ထပ်နဲ့ အောက်ထပ်ဇာတ်လမ်း၊ ယုဇနပင်နဲ့ ဖဲကြိုးဝါ ဖြစ်သည်။ သီချင်းရေးရတာကိုလည်း ဝါသနာပါပြီး၊ ဆေးဆိုးပန်းရိုက်မျက်နှာ၊ ပညတ်တော် (၁၀)ပါး၊ ဂေါ်လီမလေး အစရှိသည့် သီချင်းများကို အခြားသူများနှင့် တစ်ဝက်စီ ရေးစပ်ခဲ့ပါသည်။ သူ့၏သီချင်းများသည် အများအားဖြင့် ကော်ပီသီချင်းများ ဖြစ်ပါသည်။ သူသည် အားလပ်ချိန်များတွင် ဂစ်တာတီးပြီး သီချင်းဆိုလေ့ရှိပါသည်။

သီချင်းများသွင်းပြီး ရန်ကုန်မြို့၊ အနော်ရထာလမ်း၊ လသာလမ်း၊ လမ်းမတော်မှာရှိသော တေးသံသွင်းဆိုင်များတွင် သီချင်းတစ်ပုဒ်ကို (၅၀)ကျပ်၊ သီချင်း(၉)ပုဒ်ကို (၄၅၀)ကျပ်နှင့် တစ်ဆိုင်ဝင် တစ်ဆိုင်ထွက် လည်ရောင်းခဲ့ရသေးသည်။ တက္ကသိုလ်ထွန်းနောင်၊ မင်းမင်းလတ်၊ တက္ကသိုလ် အေးမောင် (ရယ်ဂျီ ဘဦး)၊ သန်းနိုင်၊ မြန်မာပြည်သိန်းတန်၊ လားရှိုး သိန်းအောင်တို့၏ သီချင်းများ ထွက်လာချိန်ကစပြီး အသစ်အသစ်တွေကို တောင့်တနေတဲ့၊ မျှော်လင့်နေတဲ့၊ ခေတ်မီချင်တဲ့ လူငယ်တွေကြားမှာ ရေပန်းစား၊ ထင်ရှားကျော်ကြားလာသည်။ ဆံပင်ရှည်ရှည်၊ ဂျင်းဘောင်းဘီနှင့် ဂစ်တာတီးတဲ့ လူငယ်တွေကို စာနယ်ဇင်းတွေက ဝေဖန်ရှုံ့ချ ကဲ့ရဲ့ခဲ့ကြသည်။ အနောက်တိုင်း သံစဉ်တွေနှင့် အရူးချေးပန်းတေး၊ လမ်းသရဲတေးများဟု ဖြစ်သည်။

ဘယ်လိုပင် ချုပ်ချယ်တားဆီးခဲ့ပေမယ့်၊ လက်ခံအားပေးတဲ့ သူတွေအကြားမှာ ရှင်သန်လာခဲ့တဲ့ ဂီတသစ်ရဲ့ ကာလဟာနှစ်ပေါင်း (၄၀)နှစ် တိုင်ခဲ့ပြီ ဖြစ်သည်။ မင်းမင်းလတ်သည် Heavy Metal, Rock သီချင်းများကို နှစ်ခြိုက်စွာ သီဆိုခဲ့သည်။ ဒီပါမယ်၊ ဂျင်မီဟင်းဒရစ်၊ Zepplen အစရှိသော အဆိုတော်များ၊ တီးဝိုင်းများကို နှစ်ခြိုက်ခဲ့ဖူးသည်။ တစ်ခါတလေတော့လဲ သူ့အကျင့်က သူသိပ်ကြိုက်ခဲ့ဖူးတဲ့ အဆိုတော်တွေကို ကြာရင် မကြိုက်တော့ပြန်ဘူး။ ငြီးငွေ့သွားပြန်တယ်။ သူဟာ အမြဲတမ်း တီထွင်ဆန်းသစ်နေချင်တယ်။ အမြဲတမ်းတက်ကြွပြီး သံစဉ်သစ်တွေကို အာရုံဝင်စားတတ်တယ်။ နောက်ပြီး စိတ်အာရုံညောင်းသွားရင် တခြား အသစ်တွေ လုပ်နေပြန်ရော၊ သူများတွေထက် အစောကြီးသီချင်းဆိုခဲ့တယ်။ စတီရီယိုတေးလို့ ဝေါဟာရအမှားကြီးနဲ့ ကင်မွန်းတပ်ခဲ့တဲ့ ဂီတသစ်(ရောခ့်)သီချင်းတွေ ခေတ်စားနေတဲ့အခါ ခေတ်မီသန့်ရှင်းပြီး မြန်မာဆန်တဲ့ ရိုးရာထမင်းဆိုင် ဖွင့်ပြန်ရော၊ နောက်တစ်ခါ ထိုင်းနိုင်ငံကို ထွက်သွားပြီး (၃)နှစ်လောက်အလုပ်သွား လုပ်နေပြန်တယ်။ ပြီးတော့ ပြန်လာပြီး သီချင်းသစ်တွေ ဆိုတယ်။ ဒါပေမယ့် မအောင်မြင်ဘူး။ ဘာလို့လဲဆိုတော့ "သိပ္ပံ၏ရုပ်ကြွင်း" လို့ အမည်ပေးထားတဲ့ ဂီတတွေဟာ မြန်မာပရိသတ်နားနဲ့ စိမ်းနေသေးတယ်လေ။ ဒီလိုနဲ့ပဲ လမ်းမတော်၊ လသာလမ်း၊ ကုန်ဈေးတန်း၊ ပန်းဆိုးတန်း၊ ခရစ်လမ်း၊ ဗိုလ်တစ်ထောင် ဘုရားလမ်းမကြီးတွေမှာ ခေါက်ကုလားထိုင်၊ ဝါးထရံကာတားတဲ့ စင်မြင့်ထက်တွေမှာ အပျော်တမ်းလိုက်ဆို နေခဲ့တယ်။

မင်းမင်းလတ်သည် အဆိုတော်တစ်ဦး ဖြစ်ရုံသာမက စာပေများလည်းရေးသားခဲ့သည်။ လမ်းပေါ်က ဝေါဟာရများ စာအုပ်ကို ထုတ်ခဲ့၏။ မင်းမင်းလတ်ရဲ့ မင်းမင်းလတ် စာအုပ်ထဲတွင် သူ့အကြောင်းကို သူကိုယ်တိုင်ပဲ ရေးခဲ့သည်။ သူ့အကြောင်းကို သူမရှိမှ သူများတွေရေးပါဟု ဆိုခဲ့သည်။

၁၉၇၃ ခုနှစ်တွင် ဇနီး ယမင်းကြိုင်(နေနေလှိုင်းဇင်)နှင့် လက်ထပ်ကာ သားသမီး(၄)ဦးဖြစ်သည့် အဓိက၊ အနဂ္ဂ၊ အမရာ နှင့် အလင်္ကာတို့ကို မွေးဖွားခဲ့ပါသည်။ ဒုတိယသားဖြစ်သော အနဂ္ဂသည် ဖခင်ခြေရာအတိုင်း တေးစီးရီးတွေကို ၂၀၀၀-ခုနှစ်မှ စတင်ထုတ်ခဲ့ရာဟစ်ဟော့ ဂီတ Hip Hop တေးများ သီဆိုပြီး အောင်မြင်နေသူ ဖြစ်သည်။ မင်းမင်းလတ်သည် သီချင်းဆိုခြင်းကို ၁၉၈၆-ခုနှစ် မေဆွိနှင့် တစ်ခြမ်းစီ အခွေထုတ်ပြီး နောက်ပိုင်းမှာ သီချင်းဆက်မဆို ဖြစ်တော့ပါ။

မင်းမင်းလတ်သည် အသက် (၄၈)နှစ်အရွယ် ၁၉၉၇ခုနှစ်၊ ဩဂုတ်လ၊ ၂၁ရက်နေ့တွင် ရန်ကုန်မြို့၌ ကွယ်လွန်ခဲ့သည်။

သူသည် ဒီနေ့ခေတ် မြန်မာလူငယ်များ လက်ခံနေသော ခေတ်သစ်နိုင်ငံတကာ ဂီတသစ်ကို လမ်းဖောက်ခဲ့သူအဖြစ် ဂီတသမိုင်းတွင် ရှိနေဦးမည်။ သူ့၏ သီချင်းများကို ဇော်ဝင်းထွဋ်မှ ဆေးဆိုးပန်းရိုက်မျက်နှာ စီရီးခေါင်းစဉ်နှင့် မင်းမင်းလတ် အောင်မြင်ကျော်ကြားခဲ့သော သီချင်း ၁၃ ပုဒ်ကို ပြန်ဆိုခဲ့ပါသည်။ ထို့အပြင် အခြား အဆိုတော်များကလည်း သူ့သီချင်းများကို ပြန်ဆိုထားပါသေးသည်။
မင်းမင်းလတ်သည် မြန်မာ စတီရီယိုခေတ်ဦး အဆိုကျော်တစ်ယောက် ဖြစ်သည်။ စတီရီယိုတေးဟု ခေါ်နေကြသော ဂီတသစ်သည် (၁၉၆၉/၇၀) ခုနှစ်က စတင်ခဲ့၍ (၂၀၀၉) ခုနှစ်တွင် နှစ်ပေါင်း (၄၀)န...ှစ်အတွင်း ရောက်လာခဲ့ပြီ ဖြစ်သည်။ သမရိုးကျသံစဉ်များနှင့် ရိုးအီထပ်နေသော တေးသွားတွေအကြားမှာ ခေတ်မီဆန်းသစ် တီထွင်ချင်သော လူငယ်များ၊ ကမ္ဘာကို မျှော်ကြည့်ချင်သော လူငယ်များသည် နိုင်ငံတကာ တေးသွားသံစဉ်များနှင့် သီဆိုခဲ့ကြသည်။ ဂီတသစ်ကို စတင်လမ်းဖောက်သူမှာ ဆေးကျောင်းသား မောင်ထွန်းနောင် (တက္ကသိုလ်ထွန်းနောင်)ဖြစ်သည်။ သူ့နောက်တွင် ထပ်ချက်မကွာလိုက်ပြီး လမ်းဟောင်းကြီးကို ခုတ်ထွင်ရှင်းလင်း၍ လမ်းသစ်ဖောက်ခဲ့သူမှာ မင်းမင်းလတ် (ခေါ်) မာရှယ်လ် Marshal ဟူသော လူငယ်တစ်ယောက်ပင် ဖြစ်သည်။


မင်းမင်းလတ် (ခေါ်) မာရှယ်လ် Marshal ကို ရုပ်ရှင်လုပ်ငန်းညွှန်ကြားရေးမှုး ဦးခင်မောင်လတ် နှင့် ဒေါ်ခင်အေးလတ်တို့က ၁၉၄၈ခုနှစ်၊ စက်တင်ဘာလ၊ (၁)ရက်နေ့ တွင် ရန်ကုန်မြို့မှာ မွေးဖွားခဲ့ပြီး မွေးချင်း ၄ယောက်ထဲမှာ အကြီးဆုံးသား ဖြစ်သည်။ အဘိုးဖြစ်သူမှာ မြန်မာပြည်တွင် ပထမဆုံး ရုပ်ရှင်စလုပ်သူ ရုပ်ရှင်ဖခင်ကြီး လန်ဒန်အတ် ဦးအုန်းမောင် ဖြစ်သည်။

သီချင်းသီဆိုမှုကို ငယ်ငယ်လေးထဲက ဝါသနာပါပြီး၊ မိဘပေးသော မုန့်ဖိုးလေးများစုပြီး သီချင်းစာအုပ်ထုတ်သည်။ ရတဲ့အမြတ်ကိုစုပြီး သီချင်းရေးဆရာများကို သီချင်းအပ်ပြီး (၁၉၇၁)ခုနှစ်တွင် ဦးဘသိန်း တေးသံသွင်းမှ တစ်ရက်ထဲနှင့် အသံသွင်းခဲ့သည်။ သီချင်းဆယ်ပုဒ် အသံသွင်းခဲ့ပြီး တစ်ပုဒ်ကတော့ မထုတ်ဖြစ်တော့ပါ။ ထိုအချိန်တုန်းက ကုန်ကျစရိတ်က ကျပ်(၂၀၀၀) လောက်ပဲရှိသည်။

ပထမဆုံးစီးရီးကို ၁၉၇၁ ခုနှစ် မေလ (၂၇) ရက်နေ့မှာ ထွက်ခဲ့ပါသည်။ ပထမဆုံးစီရီးမှာ သီချင်းမှာ (ဆံရှည်မလေး၊ အားလုံးကချစ်တဲ့သူ၊ အပေါ်ထပ်နဲ့အောက်ထပ်၊ အချစ်ရူးရဲ့စိတ်ကူးယဉ်၊ အာဂျီနိုမိုတို၊ စိတ်တေလေ၊ မူယာမာယာမိုး၊ ရည်းစားများတဲ့သူ၊ အိမ်လိုက်ခဲ့ပါရည်းစားချော) စသည့် သီချင်းတစ်ပုဒ်ချင်း ခေါင်းစဉ်တွေ ပေးထားသည်။ သီချင်းအားလုံး၏ Title ဆိုသည်မှာ မရှိသေးပါ။ ဝေါလ်ရှိများ၊ ပိုစတာများ၊ ပုံနှိပ်မှုများလည်း မရှိသေးပါ။ စီးရီးခွေ စုစုပေါင်း ၁၀ ခွေကျော် ထွက်ခဲ့ပါသည်။ သူ့၏ အအောင်မြင်ဆုံးနှင့် လူကြိုက်အများဆုံး သီချင်းမှာ အပေါ်ထပ်နဲ့ အောက်ထပ်ဇာတ်လမ်း၊ ယုဇနပင်နဲ့ ဖဲကြိုးဝါ ဖြစ်သည်။ သီချင်းရေးရတာကိုလည်း ဝါသနာပါပြီး၊ ဆေးဆိုးပန်းရိုက်မျက်နှာ၊ ပညတ်တော် (၁၀)ပါး၊ ဂေါ်လီမလေး အစရှိသည့် သီချင်းများကို အခြားသူများနှင့် တစ်ဝက်စီ ရေးစပ်ခဲ့ပါသည်။ သူ့၏သီချင်းများသည် အများအားဖြင့် ကော်ပီသီချင်းများ ဖြစ်ပါသည်။ သူသည် အားလပ်ချိန်များတွင် ဂစ်တာတီးပြီး သီချင်းဆိုလေ့ရှိပါသည်။

သီချင်းများသွင်းပြီး ရန်ကုန်မြို့၊ အနော်ရထာလမ်း၊ လသာလမ်း၊ လမ်းမတော်မှာရှိသော တေးသံသွင်းဆိုင်များတွင် သီချင်းတစ်ပုဒ်ကို (၅၀)ကျပ်၊ သီချင်း(၉)ပုဒ်ကို (၄၅၀)ကျပ်နှင့် တစ်ဆိုင်ဝင် တစ်ဆိုင်ထွက် လည်ရောင်းခဲ့ရသေးသည်။ တက္ကသိုလ်ထွန်းနောင်၊ မင်းမင်းလတ်၊ တက္ကသိုလ် အေးမောင် (ရယ်ဂျီ ဘဦး)၊ သန်းနိုင်၊ မြန်မာပြည်သိန်းတန်၊ လားရှိုး သိန်းအောင်တို့၏ သီချင်းများ ထွက်လာချိန်ကစပြီး အသစ်အသစ်တွေကို တောင့်တနေတဲ့၊ မျှော်လင့်နေတဲ့၊ ခေတ်မီချင်တဲ့ လူငယ်တွေကြားမှာ ရေပန်းစား၊ ထင်ရှားကျော်ကြားလာသည်။ ဆံပင်ရှည်ရှည်၊ ဂျင်းဘောင်းဘီနှင့် ဂစ်တာတီးတဲ့ လူငယ်တွေကို စာနယ်ဇင်းတွေက ဝေဖန်ရှုံ့ချ ကဲ့ရဲ့ခဲ့ကြသည်။ အနောက်တိုင်း သံစဉ်တွေနှင့် အရူးချေးပန်းတေး၊ လမ်းသရဲတေးများဟု ဖြစ်သည်။

ဘယ်လိုပင် ချုပ်ချယ်တားဆီးခဲ့ပေမယ့်၊ လက်ခံအားပေးတဲ့ သူတွေအကြားမှာ ရှင်သန်လာခဲ့တဲ့ ဂီတသစ်ရဲ့ ကာလဟာနှစ်ပေါင်း (၄၀)နှစ် တိုင်ခဲ့ပြီ ဖြစ်သည်။ မင်းမင်းလတ်သည် Heavy Metal, Rock သီချင်းများကို နှစ်ခြိုက်စွာ သီဆိုခဲ့သည်။ ဒီပါမယ်၊ ဂျင်မီဟင်းဒရစ်၊ Zepplen အစရှိသော အဆိုတော်များ၊ တီးဝိုင်းများကို နှစ်ခြိုက်ခဲ့ဖူးသည်။ တစ်ခါတလေတော့လဲ သူ့အကျင့်က သူသိပ်ကြိုက်ခဲ့ဖူးတဲ့ အဆိုတော်တွေကို ကြာရင် မကြိုက်တော့ပြန်ဘူး။ ငြီးငွေ့သွားပြန်တယ်။ သူဟာ အမြဲတမ်း တီထွင်ဆန်းသစ်နေချင်တယ်။ အမြဲတမ်းတက်ကြွပြီး သံစဉ်သစ်တွေကို အာရုံဝင်စားတတ်တယ်။ နောက်ပြီး စိတ်အာရုံညောင်းသွားရင် တခြား အသစ်တွေ လုပ်နေပြန်ရော၊ သူများတွေထက် အစောကြီးသီချင်းဆိုခဲ့တယ်။ စတီရီယိုတေးလို့ ဝေါဟာရအမှားကြီးနဲ့ ကင်မွန်းတပ်ခဲ့တဲ့ ဂီတသစ်(ရောခ့်)သီချင်းတွေ ခေတ်စားနေတဲ့အခါ ခေတ်မီသန့်ရှင်းပြီး မြန်မာဆန်တဲ့ ရိုးရာထမင်းဆိုင် ဖွင့်ပြန်ရော၊ နောက်တစ်ခါ ထိုင်းနိုင်ငံကို ထွက်သွားပြီး (၃)နှစ်လောက်အလုပ်သွား လုပ်နေပြန်တယ်။ ပြီးတော့ ပြန်လာပြီး သီချင်းသစ်တွေ ဆိုတယ်။ ဒါပေမယ့် မအောင်မြင်ဘူး။ ဘာလို့လဲဆိုတော့ "သိပ္ပံ၏ရုပ်ကြွင်း" လို့ အမည်ပေးထားတဲ့ ဂီတတွေဟာ မြန်မာပရိသတ်နားနဲ့ စိမ်းနေသေးတယ်လေ။ ဒီလိုနဲ့ပဲ လမ်းမတော်၊ လသာလမ်း၊ ကုန်ဈေးတန်း၊ ပန်းဆိုးတန်း၊ ခရစ်လမ်း၊ ဗိုလ်တစ်ထောင် ဘုရားလမ်းမကြီးတွေမှာ ခေါက်ကုလားထိုင်၊ ဝါးထရံကာတားတဲ့ စင်မြင့်ထက်တွေမှာ အပျော်တမ်းလိုက်ဆို နေခဲ့တယ်။

မင်းမင်းလတ်သည် အဆိုတော်တစ်ဦး ဖြစ်ရုံသာမက စာပေများလည်းရေးသားခဲ့သည်။ လမ်းပေါ်က ဝေါဟာရများ စာအုပ်ကို ထုတ်ခဲ့၏။ မင်းမင်းလတ်ရဲ့ မင်းမင်းလတ် စာအုပ်ထဲတွင် သူ့အကြောင်းကို သူကိုယ်တိုင်ပဲ ရေးခဲ့သည်။ သူ့အကြောင်းကို သူမရှိမှ သူများတွေရေးပါဟု ဆိုခဲ့သည်။

၁၉၇၃ ခုနှစ်တွင် ဇနီး ယမင်းကြိုင်(နေနေလှိုင်းဇင်)နှင့် လက်ထပ်ကာ သားသမီး(၄)ဦးဖြစ်သည့် အဓိက၊ အနဂ္ဂ၊ အမရာ နှင့် အလင်္ကာတို့ကို မွေးဖွားခဲ့ပါသည်။ ဒုတိယသားဖြစ်သော အနဂ္ဂသည် ဖခင်ခြေရာအတိုင်း တေးစီးရီးတွေကို ၂၀၀၀-ခုနှစ်မှ စတင်ထုတ်ခဲ့ရာဟစ်ဟော့ ဂီတ Hip Hop တေးများ သီဆိုပြီး အောင်မြင်နေသူ ဖြစ်သည်။ မင်းမင်းလတ်သည် သီချင်းဆိုခြင်းကို ၁၉၈၆-ခုနှစ် မေဆွိနှင့် တစ်ခြမ်းစီ အခွေထုတ်ပြီး နောက်ပိုင်းမှာ သီချင်းဆက်မဆို ဖြစ်တော့ပါ။

မင်းမင်းလတ်သည် အသက် (၄၈)နှစ်အရွယ် ၁၉၉၇ခုနှစ်၊ ဩဂုတ်လ၊ ၂၁ရက်နေ့တွင် ရန်ကုန်မြို့၌ ကွယ်လွန်ခဲ့သည်။

သူသည် ဒီနေ့ခေတ် မြန်မာလူငယ်များ လက်ခံနေသော ခေတ်သစ်နိုင်ငံတကာ ဂီတသစ်ကို လမ်းဖောက်ခဲ့သူအဖြစ် ဂီတသမိုင်းတွင် ရှိနေဦးမည်။ သူ့၏ သီချင်းများကို ဇော်ဝင်းထွဋ်မှ ဆေးဆိုးပန်းရိုက်မျက်နှာ စီရီးခေါင်းစဉ်နှင့် မင်းမင်းလတ် အောင်မြင်ကျော်ကြားခဲ့သော သီချင်း ၁၃ ပုဒ်ကို ပြန်ဆိုခဲ့ပါသည်။ ထို့အပြင် အခြား အဆိုတော်များကလည်း သူ့သီချင်းများကို ပြန်ဆိုထားပါသေးသည်။

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။