Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, February 11, 2013

အချစ်စစ်မှာ ပြန်ပေးဆပ်စရာ မလိုဘူး… ခင်ဗျားတို့ ယုံကြလားဗျာ?


 HZ Zane
အချစ်စစ်မှာ ပြန်လည်ရယူဖို့ကို တောင်းဆိုစရာမလိုဘူ… ပထမဆုံး ဒီစကားကိုကြားဖူးတာက မိန်းကလေးသူငယ်ချင်း တစ်ယောက်ဆီကပါ…
မှတ်မိတာက အဲဒီအချိန်ဟာ နွေးနွေးထွေးထွေးရှိနေတဲ့ ဆောင်းအကုန် နွေဦးကာလ နေ့လယ်ခင်းလေးမှာပါ…
စာသင်ခန်းထဲမှာ မြတ်လေးပန်းအနံ့ သင်းပျံ့နေချိန် မိန်းကလေးရဲ့ပျော်ရွှင်ကြည်နူးနေတဲ့မျက်နှာဟာ သူအလှကို ပိုစေခဲ့တယ်…
...
ဒီလိုနဲ့အားလုံးက သူပြောခဲ့တဲ့စကားကို စွဲစွဲမြဲမြဲမှတ်မိနေတော့တယ်…

အဲဒီအချိန်တုန်းက သူ အတန်းထဲက ကောင်လေးတစ်ယောက်နဲ့ ချစ်ကြိုက်နေခဲ့တယ်…
ကောင်လေးက နယ်ကနေကျောင်းလာတက်တာဆိုတော့ ကောင်မလေးက အပတ်တိုင်း ကောင်းလေးရဲ့အ၀တ်ထုတ်ကိုသွားယူပေးပြီး လျှော်ပေးလေ့ရှိတာကို မှတ်မှတ်ရရဘဲ… ပြီးတော့ စားကောင်းသောက်ဖွယ်တွေကိုလဲ ကောင်လေးအတွက်အမြဲယူသွားပေးတယ်…

အတန်းထဲက ကောင်လေးတွေက ဒီကောင်လေးကို ဒီလောက်ထိကောင်းတဲ့ ရည်းစားရှိတာ ကိုအရမ်းအားကျကြတယ်… သူတို့နှစ်ယောက်ဟာလဲ အတန်းထဲကလူတွေရဲ့မျက်လုံးမှာ စံပြချစ်သူလိုဖြစ်နေပြီ…

သူတို့နှစ်ယောက် ချိုမြိန်နေတာကို ကြည့်ပြီး မိန်းကလေးတွေကလဲ ကိုယ့်မှာ ချစ်သူရှိရင် သူ့အပေါ်ဒီလို ကောင်းမယ်… သူ့ကို ပျော်ရွှင်အောင်ထားမယ်… အဲဒါမှ အပျော်ဆုံးဖြစ်မှာဆိုပြီ စိတ်ကူးယဉ်ကြတယ်…

အဲဒါကို ကောင်မလေးထက် ၈နှစ်ကြီးတဲ့ အစ်မက သဘောမကျဘူး… “သူ နင့်အပေါ်မှာကော်? နင်သူ့ကိုကောင်းသလိုမျိုးကောင်းလို့လား” “သူနင့်ကို ထမင်းကျွေးဖူးလား? နင့်ကို အင်္ကျီဝယ်ပေးဖူးလား?”

ဒါပေမဲ့… အချစ်နဲ့မွန်ထူနေတဲ့အချိန်မှာ ဘယ်သူက ဘယ်သူ့အပေါ်ပိုကောင်းတာတွေ ဘာတွေက ဘာလုပ်လို့ရမှာလဲ… အားလုံးက ပိုက်ဆံမရှိသေးတဲ့ကျောင်းသားတွေဘဲရှိသေးတာ… အချစ်ကို ငွေနဲ့တိုင်းတာလို့မရပါဘူး…

နင်သူ့အပေါ်ကောင်းရင် သူကလဲ နင့်အပေါ်ကို ပိုကောင်းလာမှာဘဲ… အခုသူ ချက်ချင်းပြန်မပေးဆပ်နိုင်ရင်တောင် သူစိတ်ထဲမှာ မှတ်ထားမှာပါ… နောက်ပြီးတော့ တကယ့်မေတ္တာစစ်နဲ့ချစ်တယ်ဆိုရင် ပြန်လည်ရယူဖို့ကို မတောင့်တပါဘူးရှင်…

“ပြန်လည်ပေးဆပ်ဖို့လိုဘူး… ဟုတ်လာ… အဲဒါအချစ်စစ်ပေါ့… အဲဒါ တုံးအ နေတယ်လို့ခေါ်တာ” အားလုံးက တော့ အစ်မရဲ့စကားကို ရယ်ကြတယ်… သူအရမ်းတွက်တတ်လွန်းတယ်လိုယူဆကြတယ်…

ကျောင်းပြီးတော့ ကောင်မလေးက အလုပ်စလုပ်ပြီ… ကောင်လေးကတော့ ဘွဲ့လွန်ဆက်တက်တယ်…
နှစ်ယောက်စလုံးကတော့ တွဲမြဲတွဲလျက်ပါဘဲ… ကောင်မလေးကလဲ ကောင်လေးကို အ၀တ်လျှော် ထမင်းချက်ပေးနေတုန်းဘဲ… နောက်ပိုင်းကျတော့ ကောင်လေးက နိုင်ငံခြားထွက်ရမယ်… စာမေးပွဲတွေ တစ်ခုပြီး တစ်ခုဖြေရတော့မယ်ဆိုတော့ နှစ်ယောက်သား အတူရှိနေချိန်ဟာ ပိုပိုပြီးနည်းလာတယ်…

နိုင်ငံခြားထွက်ဖို့ဆို ကောင်လေးက ပိုက်ဆံလိုလာပြန်ရော… ကောင်လေးအိမ်ကလဲ အဆင်မပြေဘူး… သူကိုယ်တိုင်ရဲ့ဝင်ငွေကလဲ မပြောပလောက်တဲ့ပမာဏလေးပါ… ဒါနဲ့ စာမေးပွဲဖြေဖို့စရိတ်… နိုင်ငံခြားထွက်ဖို့ ကုန်ကျငွေတွေအားလုံးဟာ ကောင်မလေးရဲ့ ၀န်ထုတ်ဝန်ပိုးဖြစ်လာတယ်…

နောက်ဆုံး EC (ပညာရေးကင်းရှင်းကြောင်းလျော်ကြေး) အတွက် လိုတဲ့ပိုက်ဆံကို ကောင်မလေးကလဲ မထုတ်ပေးနိုင်တော့ နောက်ဆုံး အစ်မဆီကနေ ချေးပြီးပေးလိုက်ရတယ်… အစ်မကတော့ မကျေနပ်တဲ့မျက်နှာနဲ့ “ယောကျာ်းကြီးတန်မဲ့ မိန်းမဆီကနေ အဲဒီလောက်ထိယူနေရတယ်လိုနော်… အံ့သြဖို့ကောင်းတယ်… ဘယ်လိုဘဲပြောပြော… မိန်းကလေးတစ်ယောက်အနေနဲ့ မနစ်နာသင့်ဘူး”

“အို မမကလဲ… ကိုယ့်လူတွေတောင်ဖြစ်နေပြီဘဲ… ဒီလောက်ထိ ခွဲခြားနေဖို့မလိုတော့ပါဘူး…”
“နင်က သူနဲ့တောင်လက်မထပ်ရသေးဘူး… သူနင့်ကို ဘယ်တော့ယူမှာလဲ?”
“သူပြောပါတယ်… အခုအခြေအနေက အဆင်မပြေသေးလို့… သူအခြေခိုင်မှဘဲ ပြန်လာမင်္ဂလာဆောင်မှာပါ…”
“နင်ကတော့လေ သူ့ကို တော်တော်လေးယုံနေပြီ…”
“ဒီလောက်တောင်ကြာနေပြီ မမရယ်… လိမ်နေတာဖြစ်နိုင်သေးလို့လား”
အစ်မကတော့ သူ့နဲ့ ပြိုင်မငြင်းနိုင်တော့ဘူး…. သက်ပြင်းချပြီးတော့ဘဲ ပိုက်ဆံထုတ်ပေးလိုက်တယ်…


ဒီဇာတ်လမ်းလေးရဲ့ ဇာတ်သိမ်းကတော့ ကောင်လေးက နိုင်ငံခြားမှာ ကောင်းစားသွားပြီး ပြန်မလာတော့ဘူး… တစ်နှစ်အကြာမှာ ကောင်မလေးနဲ့လမ်းခွဲဖို့ပြောလာတယ်…

ကောင်မလေး ငိုတာ မျက်လုံးကန်းမတက်ဘဲ… သူဘာဖြစ်လို့ ငါ့ကိုလိမ်ရတာလဲ… အားလုံးက သူ့ကို ကူပြီး ဒီလိုကျေးဇူးကန်းတတ်တဲ့ကောင်ကို ၀ိုင်းဆဲပေးကြတယ်…

ဘယ်လိုမျိုးအချစ်က သတ်မှတ်ချက်၊ ကန့်သတ်ချက်မရှိတာလဲ… အချစ်စစ်က ပြန်လည်ပေးဆပ်ဖို့ကို မတောင်းဆိုဘူး… ဒါတွေဟာ လူကိုလိမ်တဲ့ အသုံးမကျတဲ့ စကားတွေပါ… ဘယ်ကောင်ကများထွင်လိုက်တဲ့ စကားလဲမသိဘူး… သဘောကောင်းတဲ့လူတွေကို ယုံမှားစေတယ်… လမ်းလွဲရောက်စေတယ်…

အစ်မကတော့ သူ့ကို ပြန်ပြီး နှစ်သိမ့်ပေးရှာတယ်… တစ်ခါသေဖူး ပျဉ်ဖိုးနားလည် ဆိုသလိုမျိုးပေါ့… သူ့နင့်ကို လိမ်တာလဲ ဟုတ်ချင်မှ ဟုတ်မှာပါ… ဒါပေမဲ့ လူ့စိတ်ဆိုတာက ယုံလို့မရတဲ့ အရာပါဘဲ…


သူနင့်ဆီကနေ ကောင်းကျိုးတွေ အများကြီးရသွားတယ်… ကိုယ်တိုင်ကျတော့ ဘာမှ မပေးဆပ်လိုက်ရဘူး… နင့်ရဲ့ ပေးဆပ်မှုတွေဟာ သူ့စိတ်ထဲမှာ တန်ဖိုးမရှိသလိုဖြစ်သွားတယ်

အချစ်ဆိုတာ ကန့်သတ်ချက်ရှိပါတယ်… ကန့်သတ်မှုမရှိတဲ့ အချစ်ဟာ ဘယ်လောက်ထိတည်မြဲနိုင်မှာလဲ

မင်း အားအင်ကုန်ခမ်းအောင် ပင်ပင်ပန်းပန်း ချစ်ပြီး တစ်ဖက်သားက တစ်ကိုယ်ကောင်းဆန်စွာနဲ့လှည့်မကြည့်တာ အချစ်စစ်လို့မခေါ်ဘူး… ဒါမှမဟုတ် ပေါ့ပေါ့ပါးပါးလေးနဲ့ ကျေးဇူးပါဘဲ ဆိုပြီ လှည့်ထွက်သွားတာကိုလဲ မဆိုလိုဘူး…

လူတစ်ယောက်နဲ့တစ်ယောက်ဟာ မျှမျှတတဘဲ… ဂရုစိုက်မှုရယ်… ချစ်ခြင်းရယ်ဟာ မျှတဖို့လိုပါလိမ့်မယ်… တစ်ယောက်တည်းကဘဲ အကုန်ပေးဆပ်နေတယ်… နောက်တစ်ဖက်သားက အေးအေးဆေးဆေး ယူနေတယ်… ပြန်းပေးဆပ်ဖို့ကို လုံးဝ ပြန်မတောင်းဆိုဘူးဆိုရင် ဒါဟာ အချစ်စစ်မဟုတ်ဘူး…

အချစ်စစ်ဆိုတာ အတုန့်အလှည့်ရှိတာမျိုးပါ… ပေးတာရှိသလို ပြန်ယူတာလဲရှိပါလိမ့်မယ်… ကိုယ့်ကိုယ်ကို တန်ဖိုးမထားရင် ဘယ်သူကမှ မင်းကိုလေးစားမှာမဟုတ်တော့ဘူး…

သူ မင်းပေးဆပ်သမျှကို အကျင့်ပါသွားတဲ့အချိန်မှာ အရာရာတိုင်းဟာ လုပ်သင့်လုပ်ထိုက်တာဖြစ်သွားလိမ့်မယ်… လွယ်လွယ်နဲ့ရတဲ့ အရာ ဟာ တန်ဖိုးမထားတတ်တော့ဘူး… အချစ်စစ်ဆိုတာ နှစ်ဖက်လုံး မျှမျှတတပေးဆပ်မှုကို ဆိုလိုပါလား…

အချစ်စစ်ဟာ အမြှောက်လက္ခဏာနဲ့တူတယ်… တစ်ဖက်လူဟာ သုည ဖြစ်နေရင် ဒီဘက်က ဘယ်လောက်ထိပေးဆပ်ပေးဆပ် အဖြေဟာ “သုည” ပါဘဲ…


Zane
မျှဝေပေးတာလဲမေတ္တာတစ်ခုပါ ♥

Wanna find out more? Follow me @ https://www.facebook.com/aungyunaing

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။