Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, February 7, 2013

အသားအရေကိုလှပစေသော သစ်သီးများ

 
Knowledge Library .
 သင်္ဘောသီး (Papaya)

သဘောင်္သီးတွင်ပါဝင်သော အင်ဇိုင်းများနှင့် ဗီတာမင်အေတို့က အရေပြားအတွက် အကောင်းဆုံး သဘာဝ ဆေးတစ်လက်ဖြစ်ပါတယ်.. အရေပြား လန်းဆန်းတောက်ပစေဖို့အတွက် ချေမွထားသော သင်္ဘောသီးနဲ့ ရှားစောင်းလက်ပတ် ၃ဇွန်းခန့်ကို အရေပြားပေါ်သို့ ၅မိနစ်ခန့် လိမ်းကျံပေးပြီး ရေနှင့်စင်အောင်ဆေးကြောရပါမယ်.. ၄င်းနည်းကို တစ်ပတ်တစ်ကြိမ် ပြုလုပ်ပေးပါက သန့်စင်တောက်ပသော အရေ...ပြားကို ရရှိနိုင်ပါတယ်.. အရေပြားထိခိုက်လွယ်သူများ ပထမဦးဆုံးအကြိမ် စလိမ်လိမ်းချင်းမှာ သတိထားပြီး လိမ်းသင့်ပါတယ်.. အခန့်မသင့်ပါက ၄င်းအရေပြားပိုင်ရှင်များတွင် အဖုအပိန့်စသော လက္ခဏာများ ဖြစ်ပေါ်တတ်ပါတယ်..

ပန်းသီး (Apples)

ပန်းသီးဟာ အသားအရေးကို လန်းဆန်းစေနိုင်တဲ့အစွမ်း ရှိတာကြောင့် Toner နဲ့ Conditioner အဖြစ် အသုံးဝင်ပါတယ်.. အရေပြားကို ကုစားပေးနိုင်စွမ်းရှိတာကြောင့် အလှကုန်ပစ္စည်းများထဲတွင် လွန်ခဲ့သော နှစ်ပေါင်းများစွာကပင် ထည့်သွင်းဖော်စပ်ခဲ့ကြပါတယ်.. မိမိချိုးမည့်ရေထဲသို့ ပန်းသီးရည် တစ်ခွက်ခန့် ပေါင်းစပ်ကာ ရေချိုးပါက အသားအရေကို သန့်ရှင်းစင်ကြယ်စေပြီး အရေပြားကို နူးညံ့ ပျော့ပြောင်းစေနိုင်ကြောင်း သိရပါတယ်.. ထို့ပြင် ပန်းသီးအရည်ဟာ ဦးရေပြားတွင်ဖြစ်တတ်သော ဗောက်များကို ကာကွယ်ပေးနိုင်စွမ်းရှိပါတယ်.. ခေါင်းလျှော်ပြီးနောက် ပန်းသီးရည်ကို ဦးရေပြားတွင် သုတ်လိမ်းပြီး ရေစင်အောင်ဆေးပါက ဗောက်များကို ကင်းစင်စေနိုင်စွမ်း ရှိပါတယ်.. မျက်နှာပြင်ပေါ်တွင်ဖြစ်တတ်သော ၀က်ခြံများကိုလည်း ပန်းသီးရည်က ကာကွယ်ပေးနိုင်တယ်လို့ သိရပါတယ်။

ရှောက်သီး (Lemons)

အလှအပအတွက် မပါမဖြစ် အသီးအနှံတစ်မျိုး ဖြစ်ပါတယ်.. ရှောက်သီးဟာ အရေပြားနဲ့ ဆံပင်ကို လန်းဆန်းစေတယ်.. သန့်စင်စေနိုင်ပါတယ်.. ခြောက်သွေ့ကြမ်းတမ်းနေတဲ့ အရေပြားနဲ့ တံတောင်ဆစ်နဲ့ ခြေဖနောင့်က အသားမာတွေကိုလည်း ရှောက်သီး ဖြင့် ပွတ်တိုက်ပေးပါက အရေပြားများ နူးညံ့သန့်စင်စေလာနိုင်ပါတယ်.. ရေချိုးသောအခေါ ချိုးရေထဲသို့ ရှောက်ရည် အနည်းငယ်ရောစပ်၍ ချိုးပေးပါက တစ်နေ့တာလုံး လန်းဆန်း တက်ကြွစေနိုင်တယ်လို့ ဆိုပါတယ်.. ဦးရေပြားကိုလည်း သန့်စင်စေနိုင်စွမ်းရှိတာကြောင့် ခေါင်းလျှော်တိုင်း ရှောက်ရည်၊သံပုရာရည် လိမ်းကျံကာ နှိပ်နယ်ပြီးမှ ရေစင်အောင်ဆေးချလိုက်ပါက ဦးရေပြားသန့်စင်ကာ ဗောက်များ ကင်းစင်နိုင်စေပါတယ်.. အမာရွတ်များ ထင်ကျန်နေခဲ့ပါက ရှောက်သီး(သို့) သံပုရာသီးဖြင့် ပွတ်တိုက်ပေးပါက ထင်နေသော အမာရွတ်များ၊ အမဲစက်များကို လျှင်မြန်စွာ ပျောက်ကင်းသွားစေနိုင်ကြောင်းလည်း သိရပါတယ်..

သခွားသီး ( Cucumber)

သခွားသီးသည်လည်း ဗီတာမင်နှင့် သတ္တုဓာတ်များ ကြွယ်ဝခြင်းကြောင့် အရေပြားကို သန့်စင်စေခြင်း သွေးလှည်ပတ်မှုအားကောင်းစေခြင်း၊ အသားအရေကို စိုစွတ်ချောမွေ့စေခြင်း၊ အရေပြားတွန့်ခြင်း၊ အရေးအကြောင်းများ ဖြစ်ပေါ်ခြင်းကို သက်သာစေခြင်း စသည်တို့အတွက် အထူးကောင်းမွန်စေပါတယ်… အဆီပြန်တတ်သူများအတွက်လည်း ချွေးပေါက်များကိုကျဉ်းစေရန် အသုံးပြုနိုင်ပါတယ်။ ညအိပ်ရာဝင်ချိန်တွင် သခွားသီးကို ပါးပါးလွှာ၍ မျက်နှာပေါ်တွင် ၁၅မိနစ်ခန့် ဖုံးအုပ်ထားပြီး ရေစင်အောင်ဆေးလိုက်ပါ.. ထိုသို့ ပုံမှန်ပြုလုပ်ပါက နူးညံ့တောက်ပနေသော မျက်နှာပြင်လေးကို စိတ်ကျေနပ်ဖွယ်တွေ့ရှိရမှာ ဖြစ်ပါတယ်.. သခွားသီးကို နွားနို့နှင့် ရောမွှေ၍ မျက်နှာပေါင်းတင်ဆေးအဖြစ်လည်း အသုံးပြုနိုင်ပြီး မျက်နှာပြင်ကို နူးညံ့သန့်စင်စေပြီး ချွေးပေါက်များကိုလည်း ကျဉ်းစေနိုင်ပါတယ်..

မက်မွန်သီး (Peaches )

မက်မွန်သီးသည်လည်း အရေပြားအတွက် အလွန်ကောင်းမွန်သော အစွမ်းထက် သဘာဝပစ္စည်းဖြစ်ပါတယ်.. ခြောက်သွေ့သော အသားအရေပိုင်ရှင်များအတွက် မက်မွန်သီးနဲ့ ဒိန်ချဉ်တို့ကို ရောစပ်၍ မျက်နှာပေါ်တွင် ပေါင်းတင်ပေးနိုင်ပါတယ်.. မိနစ်၂၀ခန့်ထားပြီး ရေခပ်နွေးနွေးဖြင့် ဆေးကြောသန့်စင်ပြီးတဲ့အခါ ထူးထူးခြားခြား နူးညံ့စိုပြေလှပသော မျက်နှာအလှကို ပိုင်ဆိုင်နိုင်ကြောင်း သိရပါတယ်…. မက်မွန်သီးမှာ ဗီတာမင် အေနှင့် စီ ပါရှိခြင်းကြောင့် အရေပြားကို တောက်ပစေခြင်း၊ နူးညံ့ပျော့ပြောင်းစေခြင်း၊ အမဲစက်များကို လျော့ပါးစေခြင်း၊ ရေဓာတ်ကို ဖြည့်တင်းပေးခြင်း စသော အစွမ်းသတ္တိများကြောင့် အလှအပပစ္စည်းများတွင် တွယ်ကျယ်စွာ အသုံးပြုကြပါတယ်..နာနတ်သီး (Pineapple)

သင်္ဘောသီးကဲ့သို့ပင် နာနတ်သီးသည်လည်း အရေပြားကို နုညံ့ပျော့ပြောင်းစေကာ ခြောက်သွေ့ထိုင်းမှိုင်းသော အသားအရေများကိုပင် စိုပြေကာ နုပျိုသစ်လွင်လာစေနိုင်သော အစွမ်းသတ္တိများရှိကြောင်း သိရပါတယ်.. နာနတ်သီးအလွှာများကို ကြမ်းတမ်းသော အရေပြားနေရာများဖြစ်သည့် ဒူးခေါင်း၊ တံတောင်ဆစ်၊ ခြေဖနောင့် ၊ ခြေမျက်စိတို့တွင် ပွတ်တိုက်ပေးပါက အသားမာများကို နုညံ့ပျော့ပြောင်းလာစေနိုင်ပါသည်။ ရေချိုးသောအခါတွင်လည်း ခန္ဓာကိုယ်အား နာနတ်သီးလွှာဖြင့် ပွတ်တိုက်ပေးပါက နုညံ့သန့်စင်သော အရေပြားကို ရရှိစေနိုင်ပါတယ်…

သလဲသီး (Pomegranates)

အနီရောင်သလဲသီးမှာ အဆီပြန်တတ်သော အသားအရေအတွက် အထူးသင့်တော်ပါတယ်.. သလဲသီးမှာ အရေပြားအတွက် အကျိုးဖြစ်စေသော AHA ပါဝင်သောကြောင့် ချွေးပေါက်များကို ကျဉ်းစေနိုင်ပြီး ဗီတာမင်စီလည်း ပေါများစွာ ပါဝင်သောကြောင့် သဘာဝ တိုနာအဖြစ် အသုံးပြုနိုင်ပါတယ်.. ကြိတ်ချေထားသော သလဲသီးစေ့များဖြင့် မျက်နှာပြင်ပေါ် ဖြေးညှင်းစွာ ပွတ်တိုက်ပေးပါက အဆီပိုများကို ဖယ်ရှားပစ်ပြီး မျက်နှာပြင်အရေပြားကို လန်းဆန်းလာစေနိုင်ပါတယ်.. သလဲသီးရည်ဖြင့် မျက်နှာပြင်ပေါ် ၁၀မိနစ်ခန့် နှိပ်နယ်ပြီး ရေစင်အောင်ဆေးလိုက်ပါက တောက်ပကြည်လင်နေသော မျက်နှာပြင်ကို ပိုင်ဆိုင်စေနိုင်ပါတယ်..

ငှက်ပျောသီး (Bananas )

ငှက်ပျောသီးဟာ အရေပြားနာကျင်မှုကို သက်သာစေဖို့ အကောင်းဆုံး ဆေးတစ်လက်လို အသုံးဝင်ပါတယ်… ငှက်ပျောသီးမှာ ပရိုတိန်းနဲ့ သဘာဝ အဆီဓာတ်များ ပေါများစွာ ပါဝင်သောကြောင့် မည်သည့်အရေပြား အမျိုးအစားနဲ့မဆို သင့်လျော်ပါတယ်.. ငှက်ပျောသီးကို လက်နှင့်ချေမွ၍ မျက်နှာပေါ်တွင် မိနစ် ၂၀ခန့် မျက်နှာပေါင်းတင်ထားပြီး ရေခပ်နွေးနွေးဖြင့် သန့်စင်ဆေးကြောကာ Moisturize လိမ်းပေးပါက အရေပြားကို နုညံ့သန့်စင်စေသလို ချေမွထားသော ငှက်ပျောသီးကို ပျားရည်တစ်ဇွန်းဖြင့် ရောစပ်၍ ဆံပင်အတွက် Conditioner အဖြစ်အသုံးပြုပါက တောက်ပနူးညံ့သော ဆံပင်သားကို လှပစွာ ဖန်တီးနိုင်ပါတယ်..

ခရမ်းချဉ်သီး ( Tomato)

ခရမ်းချဉ်သီးသည်လည်း အရေပြားအတွက် အစွမ်းထက်သော အထောက်အကူပြု အသီးတစ်မျိုးဖြစ်ပါတယ်.. နေပူထဲ အချိန်ကြာကြာသွားလာ၍ နေလောင်ခြင်းဖြစ်ပါက ခရမ်းချဉ်သီးနှင့် သခွားသီးအရည်ကို ရောနှော၍ နေလောင်သော နေရာသို့ ၁၀မိနစ်ခန့် လိမ်းပြီး ရေဖြင့် ဆေးကြောလိုက်ပါက နေလောင်ခြင်းမှ သိသိသာသာ သက်သာသွားစေနိုင်ပါတယ်.. ပျားရည်နှင့် ခရမ်းချဉ်သီးအရည် အရောအနှောကို မျက်နှာပေါ်တွင် ၁၅မိနစ်ခန့် ပေါင်းတင်ထားပြီး ရေဖြင့်ဆေးကြောလိုက်ချိန်တွင် မှန်ထဲတွင် သန့်ရှင်းတောက်ပြောင်၍ ၀င်းလက်နေသော မျက်နှာပြင်ကို ဖန်တီးနိုင်ပါတယ်.. ခရမ်းချဉ်သီးကို အရေပြားသန့်စင်လှပဖို့ ပုံမှန်အသုံးပြုပါက ထူးခြားထင်ရှားစွာ ၀င်းလဲ့တောက်ပသော အရေပြားအလှကို တွေ့ရမှာ ဖြစ်ပါတယ်..

Ref: အသားအရေကိုလှပစေသော သစ်သီးများ – Myanmar Network

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။