Zaw Mintun Zawmintun
“ရယ်ခြင်းသည် ဆေးတစ်ပါး” ဟု သုံးနှုန်းလေ့ ရှိကြသည်။ တူရကီ ဆရာဝန် များသည် တေးဂီတကို ဆေးတစ်ပါးအဖြစ် အသုံးပြုလျက်ရှိကြောင်း သိရသည်။
ထိုကြောင့် “တေးဂီတသည် ဆေးတစ်ပါး” ဟု ခေါ်ရပေတော့မည်။ ယနေ့ အချိန်တွင် တူရကီနိုင်ငံ၌သာမက နိုင်ငံများစွာတွင် ရောဂါဝေဒနာများ ကုသရာ၌ တေးဂီတကုထုံး Music Therapy ကို အသုံးပြုလာကြပြီ ဖြစ်သည်။
တူရကီဆေးရုံမှ ဆရာဝန်များက "Islamic Music Therapy” မှာ ရာစုပေါင်း များစွာက ရှိခဲ့သော နည်းပညာတစ်ခုဖြစ်ပြီး ရောဂါဝေဒနာများကို ကုသ ရာတွင် အသုံးပြုနိုင်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ The Memorial Hospital in Istanbul မှ Dr Bingur Sonmez နှင့် Dr Erol Can တို့က တေးဂီတကုထုံးသည် စိတ်ပိုင်းဆိုင်ရာနှင့် ဇီဝကမ္မဗေဒဆိုင်ရာ ဖြစ်စဉ်များကို ပြောင်းလဲပေးနိုင်စွမ်းရှိပြီး ရောဂါဝေဒနာများ ကုသရာတွင် တွဲဖက်ကုထုံးအဖြစ် အသုံးပြုနိုင်မည်ဟု ဆိုသည်။ ရောဂါဝေဒနာ အမျိုးအစားလိုက် တေးဂီတ အမျိုးအစားကို ပြောင်းလဲ အသုံးပြုနိုင်သည်ဟု သိရသည်။
စိတ်ကို လှုပ်ရှားအောင် စွမ်းဆောင်နိုင်သော တေးဂီတများ ရှိသကဲ့သို့ စိတ်တည်ငြိမ် အေးချမ်းမှု ရစေနိုင်သော တေးဂီတများလည်း ရှိသည်။ တေးဂီတ၏ စွမ်းအားကို ရောဂါဝေဒနာ ကုသရာ၌ တွင်တွင်ကျယ်ကျယ် သုံးစွဲလာကြဖွယ်ရာ ရှိသည်။
Aye Chan Mon Re-post Date : 2013 Feb 12
News from: Royal Hero Media
အေးချမ်းမွန်
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။