ကြယ် နီ and ငရဲ သား were tagged in မျိုးချစ် သူရဲကောင်း's photo. — with Seint April Zaw and 50 others.
``ကိုကိုပြောမယ်... နားထောင်ကွယ်``( အပိုင်း.. ၃)
==============================
ညီမလေးရေ... ကိုကိုလည်း အလုပ် မအားလို့ ညီမလေးနဲ့ စကားမပြောဖြစ်ဘူး။ ၀မ်းတစ်ထွာကို ကိုကိုကော ညီမလေးတို့ကော ကြိုးစားရုန်းကန် လှုပ်ရှားနေရသူတွေလေ..။ လွမ်းရေးထက် ၀မ်းရေးခက်ဆိုသလို ညီမလေးကို လွမ်းတဲ့စိတ်ကို ဘေးဖယ်ပြီး တစ်နေ့ထမင်းတစ်နပ် နပ်မှန်အောင် ကိုကိုတို့ ရှာဖွေရုန်းကန်နေရတုန်းပါ။ ကိုကိုတို့ ချမ်းသာရင် သိပ်ကောင်းမှာပဲနော်... ။ ကိုကိုတို့မိသားစုလေးမှာ ညီမလေးရယ်၊ ဖေဖေရယ်၊ မေမေရယ် တို့ညီကိုမောင်နှမတွေလေ သိုက်သိုက်ဝန်းဝန်းနဲ့ တစ်နေ့မှာ ကိုကိုက တိုက်ကြီးပေါ်ကနေ... ညီမလေးက ပရာဒိုကားကြီးစီးပြီး ပြန်လာတဲ့ မြင်ကွင်းလေး ကိုကို စိတ်ကူးယဉ်မိတယ် ညီမလေးရေ.... ။
ဒါပေမဲ့ ကိုကိုတို့ မောင်နှမတွေဟာ ဆင်းရဲသား တောင်သူလယ်သမား၊ လူကုံထံအသိုင်းဝိုင်းတွေ ငွေကြေးရတတ်ကြီးတွေ ထမင်းဝဖို့ ဆန်ဆိုတာကိုဖြစ်လာဖို့ နွားနဲ့ ဖက်ရုန်းပြီး လယ်တောထဲမှာ စပါးစိုက်၊ လယ်ထွန်၊ နွားနဲ့ ဖက်ရုန်းနေကြရတဲ့ တောင်သူလယ်သမား ဦးကြီးတွေရဲ့ သားသမီးတွေလေ... ။ ချမ်းသာချင်တာပေါ့ညီမလေးရယ်.... ။ ဒါပေမဲ့ ဖေဖေဦးကြီး လယ်သမားကြီးက ကိုကိုတို့မောင်နှမကို အမြဲတမ်း ညအိပ်ယာ ၀င်ချိန်မှာ ပုံပြင်တစ်ပုဒ်လို ပြောပြခဲ့တဲ့ တစ်ထောင့်တစ်ညပုံပြင်လေး..... ညီမလေး မှတ်မိသေးလား။ ဖေဖေ့စကားတွေလေ...။ သားနဲ့သမီး... ဖေဖေတို့ဟာ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေဖြစ်လို့ ။ ဘုရားအဆုံးမကို လိုက်နာရမယ်။ ကိုယ်ထမင်းဝဖို့ ... ကိုယ်ချမ်းသာဖို့ ဘယ်တော့မှ သူတစ်ပါးကို မထိခိုက်စေရဘူးတဲ့။ ဆင်းရဲချင် သေလောက်အောင် ဆင်းရဲပါစေ မိမိပြုခဲ့တဲ့ ကုသိုလ်ကံ အကြောင်းတရားကြောင့် ဆင်းရဲတာ။ ကံ ကံ၏အကျိုးကို နားလည်ထားရမတဲ့။ အတိတ်ကံကြောင့် ဘုရားတောင် ဒေ၀ဒတ်ပစ်ချတဲ့ ကျောက်စမှန်ခဲ့တာပဲ။ ကံဆိုတာ ... ရှောင်လွဲလို့မရဘူး။ ပစ္စုပန်ကံမှာတော့ ကောင်းတာလေးတွေလုပ်ဖို့၊ ကြိုးစားနိုင်ဖို့ ဖေဖေပြောဖူးတယ်လေ... ညီမလေးရ။ ကိုကိုတို့ ဒီစကားတွေတွေကို ကြားရတိုင်း ညီမလေးကအိပ်ပျော်... ကိုကိုကခူး ....ခူးနဲ့ ဟောက်သံတောင်ထွက်နေပြီလေ...။
ရက်၊ လ၊ နှစ်တွေတော့ ပြောင်းခဲ့ပါပြီး။ ကိုကိုလေ... အချိန်တန်လို့ အရွယ်ရောက်လာမှ ဖေဖေပြောတဲ့စကားလေးတွေ ဘာလို့ ယုံကြည်မိမှန်းမသိ လိုက်နာကျင့်သုံးမိနေတုန်းပါ။ ကိုကိုလေ... ခုအချိန်ထိ မတော်လောဘနဲ့ ကိုယ့်အရည်ချင်းမပါဘဲ ရတဲ့ငွေဘယ်တော့မှမယူခဲ့ဘူး ညီမလေး။ ကိုယ်မြိုးမြိုးမြတ်မြတ်ရဖို့ ဟိုလူနဲ့တီးတိုး၊ ဒီလူနဲ့တီးတိုးနဲ့ မလုပ်ခဲ့ဘူး။ ဆင်းရဲတာ ရှေးဘ၀ကကံကြောင့်ပါ။ ဖေဖေပြောဖူးတယ်လေ.....။ ဆင်းရဲတာဘ၀ကံကြောင့်လို့...။ ကိုကိုတို့ရှေးရှေး ဘ၀များက အကုသိုလ်တွေများခဲ့ကြလို့လေ။ ဒီလိုရှေးဘ၀ကအကုသိုလ်များခဲ့လို့  ကိုကိုတို့အခုဘ၀မှာ ဆင်းရဲရခဲ့ပြီ...။ ဒီဘ၀မှာတောင် ကိုကိုတို့ သိတာလေးတတ်တာလေးနဲ့ ခေါင်းပုံဖြတ် အမြတ်ထုတ်ပြန်ရင် ကျိန်းသေတယ် ကိုကိုတို့ထပ် ပြုတဲ့ အကုသိုလ်တွေကြောင့် ၀ဋ်ကြွေးတွေကြောင့် ဘ၀တိုင်းခံနေရဦးမယ် ညီမလေးရေ...။
ကိုကိုတို့ ကြုံရတယ်...။ ဟေ့ကောင် မင်းလတ်မှတ် ထိုးပေးလိုက် ဘာမှမဖြစ်စေရဘူး။ အချိန်တန်ရင် မင်းအိပ်ကပ်ထဲ ငါးသိန်းအရောက်ပဲ။ မင်းမကျေနပ်လို့ ဆယ်သိန်းတောင်းလည်း ဘာမှမဖြစ်ဘူး။ ဒီကောင်ပေးသွားမှာ... လက်မှတ်လေးသာထိုးပေးလိုက်တဲ့။ စဉ်းစားတယ် ညီမလေးရေ... ကိုကိုတို့တောသူတောင်သား သားသမီးတွေ။ ရတာမှလခက ရှစ်သောင်း ... ငါးသိန်းဆိုတော့ သွားရေတွေကျသပေါ့ညီမလေးရာ။ ရုံးအ၀င်ထွက်တောင် လက်မှတ်ထိုးနေရတာ ငါ့လက်မှတ် ငါးသိန်း၊ ဆယ်သိန်းတောင် တန်သပေါ့လေ။ ကိုယ်ကိုယ်လဲ ဘ၀င်တွေလေဟပ်။ ငါကွဆိုပြီး....။ ဒါပေမဲ့ ... ကိုကိုလေ... လက်မှတ်ထိုးရမဲ့ လျှောက်လွှာမှတ်တမ်း သေချာပြန်ဖတ်မိမှ ရမှာက ငါးသိန်း၊ ငရဲကအပြုံလိုက် ပါလာတဲ့ အသင်္ချေနဲ့တောင် ခံရမဲ့ ငရဲစာရွက်ကြီး ညီမလေးရေ...။ ကိုကို့ ကိုဖေဖေပြောဖူးတယ်လေ....။ ကိုယ့်ကြောင့် သူတစ်ပါး ဆုံးရှုံးနစ်နာပြီး ချမ်းသာမှု ရအောင်မလုပ်နဲ့လို့။ ကိုကို... အဲ့ဒီတုန်းက ခေါင်းတွေ ချာချာလည်ကော...။ ငါကို ဖေဖေပြောခဲ့တယ်... ကိုယ်ကသူများအကျိုး သေချာတိကျအောင် မပြုနိုင်ချင်နေ... ကိုယ်ဟာ မယုတ်မာမိပါစေနဲ့တဲ့။ ကိုကိုလေ... ဒီငါးသိန်းကြီး... ကိုကိုတို့ညီမလေးတို့ တဲပုတ်လေးပြင်ပေးချင်လို့ လိုချင်မိခဲ့တာပါ။ အဲ့ဒီအချိန်က လက်ထဲပိုက်ဆံမရှိတဲ့အချိန်။ အဲ့ဒီအချိန်မှာ ကိုကိုနားထဲ ၀င်လာတာက မိဘ၊ ဘုရား အဆုံးမကို လိုက်နာနိုင်မှသာ သူတော်ကောင်း၏တဲ့။ ရှင်းပါတယ်။ ကိုကိုတွေးလိုက်တာက ငတ်ချင်ငတ်ပါစေ...။ ဘုရားစကားနားမထောင်တောင် ငါဆိုတဲ့ လူသားတစ်ယောက် ဖန်ဆင်းပေးခဲ့တဲ့ ဖေဖေ့စကားကြောင့် ကိုကိုအလုပ်ကနေ ထွက်လိုက်ရတယ် ညီမလေးရေ...။
ဒါနဲ့ ကိုကိုညီမလေးကိုတွေ့ချင်တာရယ်၊ ဖေဖေနဲ့ မေမေလည်း ကန်တော့ချင်တာနဲ့ ရွာကို ကားခလေးချည်းပြီး ကိုကိုပြန်လာခဲ့တယ်။ ကိုကို... ရာထူးပြုတ်ခဲ့ပြီညီမလေး...။ ကိုကို့... ရာထူးနေရာမှာ... ဟေ့ကောင် မင်းလတ်မှတ် ထိုးပေးလိုက် ဘာမှမဖြစ်စေရဘူး ဆိုတဲ့လူကြီး ပြောင်းခန့်လိုက်တယ်။ ကိုကိုဝမ်းမနည်းပါဘူး။ သူ့အရပ်နဲ့ သူ့ဇာတ်ပါ။
ဒီလိုနဲ့ ရွာထဲအ၀င် ဖေဖေ့ လယ်တောမှာ ဖေဖေရှိမှာပဲလို့ ကိုကိုထင်လို့ အပြေးရောက်ခဲ့တယ်
ညီမလေးရေ... ဆိုင်းဘုတ်တစ်ခုက ဖေဖေလယ်ထဲမှာ အခန့်သားကြီး...။ ဘာတဲ့ တစ်ဖက်က တပ်ပိုင်မြေတဲ့။ နောက်လယ်တစ်ကွက်က စီမံကိန်းမြေတဲ့။ ဖေဖေတို့ဘာလို့များ လယ်တွေရောင်းလိုက်ပါလိမ့်လို့ ကိုကိုတွေးမိတယ်။ ဖေဖေတို့က ကိုကိုတို့ထက် ဦးနှောက်ရှိတော့ တန်ရာတန်ဖိုးရလို့ ရောင်းတာ။ ဖေဖေတို့ချမ်းသာနေပြီပေါ့။ ကိုကိုလည်း ပိုက်ဆံကမပါ အလုပ်ကလည်းပြုတ်လာဆိုတော့ ရွာကထန်းရေ... စိတ်ညစ်လို့ အ၀သောက်ပစ်မယ်ဆိုပြီး ဖေဖေ့အိမ်ကို အသွားမှာ အိမ်မရှိတော့ဘူး။
ကျွန်တော်အဖေ ဦးဖိုးအေး ဘယ်ပြောင်းသွားတာလည်း မေးတော့ ပြောင်းသွားတာမဟုတ်ဘူး။ ကျူးကျော်ဆိုပြီ... အိမ်တွေ လာဖျက်သွားကြလို့တဲ့။ ဒါဆို... ကျွန်တော်အဖေနဲ့ အမေ ဘယ်မှာရောက်နေလဲ ...ဆိုတော့ မီးရထား သံလမ်းဘေးမှာ အဖီထိုးနေတယ်တဲ့။ မီးရထားသံလမ်းဘေး အဖေတို့ ပိုက်ဆံ ဘယ်လောက်ပေးပြီးမျာ ၀ယ်သလဲပေါ့။ ဒါနဲ့ ..ကိုကိုရောက်သွားတော့ အဖေ့ခမျာ... တောင်သူဦးကြီးပုံမပေါက်ဘဲ... ဂီလာနကြီးလို... စကားတောင်မပြောနိုင်ရှာဘူး။ အမေဆို... မျက်ရည်တွေကရွှဲ...။ သားရယ်... အမေတို့လယ်တွေ ယာတွေ အသိမ်းခံလိုက်ရပြီတဲ့။ အမေတို့နေခဲ့တဲ့ အိမ်လေးတောင် ကျူးကျော်ဆိုပြီး ဘော်ဒူဆာတွေနဲ့ ထိုးကော်သွားလေရဲ့တဲ့။ တစ်ချိန်က ရွာမှာရှိခဲ့စဉ် မကျေနပ်ရင် ငှက်ကြီးတောင် ဓါးဆွဲထွက်သွားတဲ့ကျွန်တော်။ ညီမလေးကို ရည်းစားစကားလိုက်ပြောရင် ကြမ်းခဲ့တဲ့ကျွန်တော်... ။
အမေ... ညီမလေးကော... ပုန်းနေသလား။ ငိုချင်ပေမဲ့ ညီမလေးရေ... ကိုကိုပြန်လာပြီလေ...။
ကိုကို့ကိုတူပုန်းတမ်းဆော့နေတာလားဆိုပြီး.... ခေါ်မိပေမဲ့ ...... အမေကငိုပြီးပြောပါတယ်။ မင်းညီမလေး... အဖေတို့အမေတို့ လယ်တွေ၊ ယာတွေ ပြန်ရအောင် တန်ရာတန်ဖိုးပေးပြီး ပြန်ယူနိုင်အောင် နိုင်ငံခြားထွက်သွားပြီး... အလုပ်တွေ သွားလုပ်တယ်တဲ့။ တရားဝင်သွားတာလားအမေ... ဗီဇာကောရလားဆိုတော့ ... အောက်လမ်းကသွားတာတဲ့။ တစ်လငါးသိန်းနဲ့ လင်မယားနှစ်ယောက်လာပြီးခေါ်သွားတာတဲ့။ ဟိုမှာ ... အိမ်ဖော်လုပ်ရမတဲ့။ ညီမလေးရယ်.... ကိုကိုလေ... ရင်ထဲမှာ ခံပြင်းစိတ် ဒေါသစိတ်တွေနဲ့... မေမေလို့... ခေါ်နေကျက
အမေရယ်.... သားတို့ ဘ၀၊ ဒီလောက်တောင်ပဲ ဖြစ်သွားပြီလားဗျာ.....။ ကိုကိုတို့ မြန်မာလူမျိုးတွေက ကျွန်သွေးပါသတဲ့လား။ (ဆက်ရန်.......)
မြန်မာမိန်းကလေးများအတွက် စေတနာဖြင့် ရေးသားသည်။
မြန်မာမိန်းကလေးတိုင်း
မိမိ
ဂုဏ်သိက္ခာ၊ လူမျိုးအဆင့်အား
မြှင်တင်နိုင်ကြပါစေ
စေတနာဖြင့်
မျိုးချစ်သူရဲကောင်း
4.1.2013
==============================
ညီမလေးရေ... ကိုကိုလည်း အလုပ် မအားလို့ ညီမလေးနဲ့ စကားမပြောဖြစ်ဘူး။ ၀မ်းတစ်ထွာကို ကိုကိုကော ညီမလေးတို့ကော ကြိုးစားရုန်းကန် လှုပ်ရှားနေရသူတွေလေ..။ လွမ်းရေးထက် ၀မ်းရေးခက်ဆိုသလို ညီမလေးကို လွမ်းတဲ့စိတ်ကို ဘေးဖယ်ပြီး တစ်နေ့ထမင်းတစ်နပ် နပ်မှန်အောင် ကိုကိုတို့ ရှာဖွေရုန်းကန်နေရတုန်းပါ။ ကိုကိုတို့ ချမ်းသာရင် သိပ်ကောင်းမှာပဲနော်... ။ ကိုကိုတို့မိသားစုလေးမှာ ညီမလေးရယ်၊ ဖေဖေရယ်၊ မေမေရယ် တို့ညီကိုမောင်နှမတွေလေ သိုက်သိုက်ဝန်းဝန်းနဲ့ တစ်နေ့မှာ ကိုကိုက တိုက်ကြီးပေါ်ကနေ... ညီမလေးက ပရာဒိုကားကြီးစီးပြီး ပြန်လာတဲ့ မြင်ကွင်းလေး ကိုကို စိတ်ကူးယဉ်မိတယ် ညီမလေးရေ.... ။
ဒါပေမဲ့ ကိုကိုတို့ မောင်နှမတွေဟာ ဆင်းရဲသား တောင်သူလယ်သမား၊ လူကုံထံအသိုင်းဝိုင်းတွေ ငွေကြေးရတတ်ကြီးတွေ ထမင်းဝဖို့ ဆန်ဆိုတာကိုဖြစ်လာဖို့ နွားနဲ့ ဖက်ရုန်းပြီး လယ်တောထဲမှာ စပါးစိုက်၊ လယ်ထွန်၊ နွားနဲ့ ဖက်ရုန်းနေကြရတဲ့ တောင်သူလယ်သမား ဦးကြီးတွေရဲ့ သားသမီးတွေလေ... ။ ချမ်းသာချင်တာပေါ့ညီမလေးရယ်....
ရက်၊ လ၊ နှစ်တွေတော့ ပြောင်းခဲ့ပါပြီး။ ကိုကိုလေ... အချိန်တန်လို့ အရွယ်ရောက်လာမှ ဖေဖေပြောတဲ့စကားလေးတွေ ဘာလို့ ယုံကြည်မိမှန်းမသိ လိုက်နာကျင့်သုံးမိနေတုန်းပါ။ ကိုကိုလေ... ခုအချိန်ထိ မတော်လောဘနဲ့ ကိုယ့်အရည်ချင်းမပါဘဲ ရတဲ့ငွေဘယ်တော့မှမယူခဲ့ဘူး ညီမလေး။ ကိုယ်မြိုးမြိုးမြတ်မြတ်ရဖို့ ဟိုလူနဲ့တီးတိုး၊ ဒီလူနဲ့တီးတိုးနဲ့ မလုပ်ခဲ့ဘူး။ ဆင်းရဲတာ ရှေးဘ၀ကကံကြောင့်ပါ။ ဖေဖေပြောဖူးတယ်လေ.....။ ဆင်းရဲတာဘ၀ကံကြောင့်လို့...။ ကိုကိုတို့ရှေးရှေး ဘ၀များက အကုသိုလ်တွေများခဲ့ကြလို့လေ။ ဒီလိုရှေးဘ၀ကအကုသိုလ်များခဲ့လို
ကိုကိုတို့ ကြုံရတယ်...။ ဟေ့ကောင် မင်းလတ်မှတ် ထိုးပေးလိုက် ဘာမှမဖြစ်စေရဘူး။ အချိန်တန်ရင် မင်းအိပ်ကပ်ထဲ ငါးသိန်းအရောက်ပဲ။ မင်းမကျေနပ်လို့ ဆယ်သိန်းတောင်းလည်း ဘာမှမဖြစ်ဘူး။ ဒီကောင်ပေးသွားမှာ... လက်မှတ်လေးသာထိုးပေးလိုက်တဲ့။ စဉ်းစားတယ် ညီမလေးရေ... ကိုကိုတို့တောသူတောင်သား သားသမီးတွေ။ ရတာမှလခက ရှစ်သောင်း ... ငါးသိန်းဆိုတော့ သွားရေတွေကျသပေါ့ညီမလေးရာ။ ရုံးအ၀င်ထွက်တောင် လက်မှတ်ထိုးနေရတာ ငါ့လက်မှတ် ငါးသိန်း၊ ဆယ်သိန်းတောင် တန်သပေါ့လေ။ ကိုယ်ကိုယ်လဲ ဘ၀င်တွေလေဟပ်။ ငါကွဆိုပြီး....။ ဒါပေမဲ့ ... ကိုကိုလေ... လက်မှတ်ထိုးရမဲ့ လျှောက်လွှာမှတ်တမ်း သေချာပြန်ဖတ်မိမှ ရမှာက ငါးသိန်း၊ ငရဲကအပြုံလိုက် ပါလာတဲ့ အသင်္ချေနဲ့တောင် ခံရမဲ့ ငရဲစာရွက်ကြီး ညီမလေးရေ...။ ကိုကို့ ကိုဖေဖေပြောဖူးတယ်လေ....။ ကိုယ့်ကြောင့် သူတစ်ပါး ဆုံးရှုံးနစ်နာပြီး ချမ်းသာမှု ရအောင်မလုပ်နဲ့လို့။ ကိုကို... အဲ့ဒီတုန်းက ခေါင်းတွေ ချာချာလည်ကော...။ ငါကို ဖေဖေပြောခဲ့တယ်... ကိုယ်ကသူများအကျိုး သေချာတိကျအောင် မပြုနိုင်ချင်နေ... ကိုယ်ဟာ မယုတ်မာမိပါစေနဲ့တဲ့။ ကိုကိုလေ... ဒီငါးသိန်းကြီး... ကိုကိုတို့ညီမလေးတို့ တဲပုတ်လေးပြင်ပေးချင်လို့ လိုချင်မိခဲ့တာပါ။ အဲ့ဒီအချိန်က လက်ထဲပိုက်ဆံမရှိတဲ့အချိန်။ အဲ့ဒီအချိန်မှာ ကိုကိုနားထဲ ၀င်လာတာက မိဘ၊ ဘုရား အဆုံးမကို လိုက်နာနိုင်မှသာ သူတော်ကောင်း၏တဲ့။ ရှင်းပါတယ်။ ကိုကိုတွေးလိုက်တာက ငတ်ချင်ငတ်ပါစေ...။ ဘုရားစကားနားမထောင်တောင် ငါဆိုတဲ့ လူသားတစ်ယောက် ဖန်ဆင်းပေးခဲ့တဲ့ ဖေဖေ့စကားကြောင့် ကိုကိုအလုပ်ကနေ ထွက်လိုက်ရတယ် ညီမလေးရေ...။
ဒါနဲ့ ကိုကိုညီမလေးကိုတွေ့ချင်တာရယ်၊ ဖေဖေနဲ့ မေမေလည်း ကန်တော့ချင်တာနဲ့ ရွာကို ကားခလေးချည်းပြီး ကိုကိုပြန်လာခဲ့တယ်။ ကိုကို... ရာထူးပြုတ်ခဲ့ပြီညီမလေး...။ ကိုကို့... ရာထူးနေရာမှာ... ဟေ့ကောင် မင်းလတ်မှတ် ထိုးပေးလိုက် ဘာမှမဖြစ်စေရဘူး ဆိုတဲ့လူကြီး ပြောင်းခန့်လိုက်တယ်။ ကိုကိုဝမ်းမနည်းပါဘူး။ သူ့အရပ်နဲ့ သူ့ဇာတ်ပါ။
ဒီလိုနဲ့ ရွာထဲအ၀င် ဖေဖေ့ လယ်တောမှာ ဖေဖေရှိမှာပဲလို့ ကိုကိုထင်လို့ အပြေးရောက်ခဲ့တယ်
ညီမလေးရေ... ဆိုင်းဘုတ်တစ်ခုက ဖေဖေလယ်ထဲမှာ အခန့်သားကြီး...။ ဘာတဲ့ တစ်ဖက်က တပ်ပိုင်မြေတဲ့။ နောက်လယ်တစ်ကွက်က စီမံကိန်းမြေတဲ့။ ဖေဖေတို့ဘာလို့များ လယ်တွေရောင်းလိုက်ပါလိမ့်လို့ ကိုကိုတွေးမိတယ်။ ဖေဖေတို့က ကိုကိုတို့ထက် ဦးနှောက်ရှိတော့ တန်ရာတန်ဖိုးရလို့ ရောင်းတာ။ ဖေဖေတို့ချမ်းသာနေပြီပေါ့။ ကိုကိုလည်း ပိုက်ဆံကမပါ အလုပ်ကလည်းပြုတ်လာဆိုတော့ ရွာကထန်းရေ... စိတ်ညစ်လို့ အ၀သောက်ပစ်မယ်ဆိုပြီး ဖေဖေ့အိမ်ကို အသွားမှာ အိမ်မရှိတော့ဘူး။
ကျွန်တော်အဖေ ဦးဖိုးအေး ဘယ်ပြောင်းသွားတာလည်း မေးတော့ ပြောင်းသွားတာမဟုတ်ဘူး။ ကျူးကျော်ဆိုပြီ... အိမ်တွေ လာဖျက်သွားကြလို့တဲ့။ ဒါဆို... ကျွန်တော်အဖေနဲ့ အမေ ဘယ်မှာရောက်နေလဲ ...ဆိုတော့ မီးရထား သံလမ်းဘေးမှာ အဖီထိုးနေတယ်တဲ့။ မီးရထားသံလမ်းဘေး အဖေတို့ ပိုက်ဆံ ဘယ်လောက်ပေးပြီးမျာ ၀ယ်သလဲပေါ့။ ဒါနဲ့ ..ကိုကိုရောက်သွားတော့ အဖေ့ခမျာ... တောင်သူဦးကြီးပုံမပေါက်ဘဲ... ဂီလာနကြီးလို... စကားတောင်မပြောနိုင်ရှာဘူး။ အမေဆို... မျက်ရည်တွေကရွှဲ...။ သားရယ်... အမေတို့လယ်တွေ ယာတွေ အသိမ်းခံလိုက်ရပြီတဲ့။ အမေတို့နေခဲ့တဲ့ အိမ်လေးတောင် ကျူးကျော်ဆိုပြီး ဘော်ဒူဆာတွေနဲ့ ထိုးကော်သွားလေရဲ့တဲ့။ တစ်ချိန်က ရွာမှာရှိခဲ့စဉ် မကျေနပ်ရင် ငှက်ကြီးတောင် ဓါးဆွဲထွက်သွားတဲ့ကျွန်တော်။ ညီမလေးကို ရည်းစားစကားလိုက်ပြောရင် ကြမ်းခဲ့တဲ့ကျွန်တော်... ။
အမေ... ညီမလေးကော... ပုန်းနေသလား။ ငိုချင်ပေမဲ့ ညီမလေးရေ... ကိုကိုပြန်လာပြီလေ...။
ကိုကို့ကိုတူပုန်းတမ်းဆော့နေတာလ
အမေရယ်.... သားတို့ ဘ၀၊ ဒီလောက်တောင်ပဲ ဖြစ်သွားပြီလားဗျာ.....။ ကိုကိုတို့ မြန်မာလူမျိုးတွေက ကျွန်သွေးပါသတဲ့လား။ (ဆက်ရန်.......)
မြန်မာမိန်းကလေးများအတွက် စေတနာဖြင့် ရေးသားသည်။
မြန်မာမိန်းကလေးတိုင်း
မိမိ
ဂုဏ်သိက္ခာ၊ လူမျိုးအဆင့်အား
မြှင်တင်နိုင်ကြပါစေ
စေတနာဖြင့်
မျိုးချစ်သူရဲကောင်း
4.1.2013
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။