Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, February 6, 2013

မမြင်ဝံ့ ပရိသတ်၊ မကြားဝံ့ သောတရှင် (သို့မဟုတ်) အာဏာရှင်စနစ်နှင့် ခေတ်လွန်မှု

 
 Written by ကိုအော

မမြင်ဝံ့ ဆေးသမား၊ မကြားဝံ့ရှေ့နေ ဆိုရိုးစကား ရှိခဲ့ပါသည်။ ဤသဘောသည် လုပ်ငန်းသဘောအရ တွေ့ကြုံရမှု သဘာဝကို ညွှန်းပါသည်။ ယနေ့ခေတ်တွင်မူ ခေတ်လွန်လူငယ် အနုပညာရှင်ဆိုသူတို့၏ ဆင်ယင်ထုံးဖွဲ့မှု ဖျော်ဖြေ တင်ဆက်မှုတို့က မမြင်ဝံ့ ပရိသတ် မကြားဝံ့ သောတရှင် ဖြစ်နေရပါပြီ။

အခုတစ်လော facebook တွင် အဆိုတော် အဆိုကျော်တို့၏ အမြင်မတင့်တယ်ပုံ တစ်ခု တွေ့လိုက်ရပါသည်။ ပြီးခဲ့သည့် သင်္ကြန်အခါက အနုပညာရှင် ဆိုသူများအပါအ၀င် မြန်မာလေးမလေးများ၏ အမြင် မကောင်းသည်များကို တွေ့လိုက်ရပြန် ပါသေးသည်။ လမ်းမပေါ် ကြည့်ကြည့်လိုက်လျှင်လည်း အမြင် မတော်ရာသာများပါသည်။ ခေတ် အနေအထား အရ မီဒီယာတို့၏ ထိုးဖောက်မှုကြောင့် တိုင်းခြား ယဉ်ကျေးမှု၊ ဆင်ယင်ထုံးဖွဲ့မှု၊ ပြုမူပြောဆိုမှုများက ရိုးရာယဉ်ကျေးမှု ကို ဖယ်ရှားနေရာယူ လာကြပါသည်။

တားဆီးကာကွယ်ရန် ခုခံတွန်းလှန်ရန် အားမရှိ အားမရ အားမပြည့် သည့်အတွက် တစ်စတစ်စ ခဏခဏ ၀င်ရောက် ပူးကပ်နေ ပါသည်။ ခေတ်သဘော ယဉ်ကျေးမှုသဘော ကမ္ဘာမှုသဘော တို့အရ အမှားကြီး မဟုတ်သေးပါ။ သိုပသော် မြန်မာမှုနယ်ပယ်တွင် ဖျော်ဖြေ တင်ဆက်မှုနှင့် ပတ်သက်၍ ထိန်းကွပ်သည့် စည်းတစ်ခုရှိပါသည်။ မောင်နှင့်နှမ သားနှင့်အမိ မြင်ဝံ့ခြင်း၊ ကြားဝံ့ခြင်း ပင်ဖြစ်ပါသည်။ အနုပညာ ဖျော်ဖြေ တင်ဆက်မှု ရေးသားဖော်ပြမှုသည် မောင်နှင့်နှမ သားနှင့်အမိ အတူကြည့်၍ ကြား၍ မြင်ဝံ့ ကြားဝံ့လျှင် သင့်သည်ဟု မြန်မာတို့ မှတ်ယူပါသည်။ မမြင်ဝံ့ မကြားဝံ့လျှင် မသင့်၊ မကောင်းဟု မှတ်ယူပါသည်။ ခေတ်လွန် လူငယ်တို့ သတိမူ ကြစေလိုပါသည်။

ခေတ်သဘာဝအရ ပေါ်ပေါက်လာသော အနုပညာ၊ ဖျော်ဖြေတင်ဆက်မှု၊ ဆင်ယင်ထုံးဖွဲ့မှု၊ ပြုမူ ပြောဆိုမှု တို့ကို အပြစ် အမှား အဆိုးဟု မစွပ်စွဲလိုပါ။ သို့သော် မြန်မာမှုနှင့် လျော်မလျော် သင့်မသင့် ကို သတိမူစေလိုခြင်း ဖြစ်ပါသည်။ထို့အပြင် လူငယ်တို့ ပိုမိုဂရုစိုက်စရာ အချက်တစ်ချက်ကို ညွှန်းလိုပါသည်။ နိုင်ငံရေးအနေအထားနှင့် ယဉ်ကျေးမှုအနေအထား ဆက်နွယ်မှု တစ်ခု ဖြစ်ပါသည်။ အာဏာရှင် စနစ်နှင့် ခေတ်ဆန် ခေတ်လွန်မှု ဟု ဆိုချင် ပါသည်။ ၈၈၈၈ အရေးအခင်းကြီးတွင် လူငယ်များ၏ စိတ်အခြေအနေသည် ပြုပြင်ပြောင်းလဲမှု အာဏာရှင်ချုပ်ငြိမ်းမှု တော်လှန်ရေးအတွေးအမြင် အလွန် အရှိန်ပြင်း အဟုန်ပြင်း ခဲ့ပါသည်။ ထိုအခြေအနေမှ ယုတ်လျော့သွားစေရန် ထိုစဉ်က အာဏာသိမ်းခဲ့သော စစ်အစိုးရက စင်တင်တေးဂီတ၊ တီဗွီ၊ ကာရာအိုကေ၊ night club မျိုးစုံ ဖွင့်ပေး ထွက်ပေါက် ပေးလိုက်သဖြင့် လူငယ်တော်တော်များများ ထိုထွက်ပေါက်ကို တိုးထွက်ကြပါသည်။

တိုးထွက်ကြသော ထွက်ပေါက်သည် ဆက်ရာလမ်း တိုးတက်ရာလမ်းမရှိသော လမ်းအပိတ် ချောက်ထဲ ကျရာလမ်းမှန်း မသိကြပါ။ ထပ်ဆင့် လက်ဆောင်အနေနှင့် ရပ်ကွက်တိုင်း လမ်းတိုင်းလိုလို အရက်ဆိုင် ဘီယာဆိုင် ကာရာအိုကေဆိုင် အနှိပ်ခန်းတွေ ဖွင့်ခွင့်ပေးလိုက်တော့ လူငယ်များ ရေဆုံမျှောသွားပါရော။ အရှိန်ပြင်းခဲ့သော တော်လှန်ရေး စိတ်ထားများ လွတ်လပ်လွန်သော အညွန့်ချိုးသော ခေတ်လွန်မှုအောက် ကျရှုံးခဲ့ရပြီးပါပြီ။ ယခုလည်း တီဗွီလိုင်းတွေမှာ စင်တင်တေးဂီတတွေမှာ ရှိုးပွဲ ရှိုးပွဲ ဘာပွဲ ညာပွဲ ဆိုသည်တို့မှာ လွတ်လပ်စွာ ဖော်ပြခွင့် လှုပ်ခါခွင့်များ တိုးတိုးတစ်မျိုး ထင်ထင်တစ်မျိုး ခွင့်ပြုနေလေတော့ လူငယ်များ ထို့နောက်ပါသွား ကြပြန်ပါပြီ။

ကမ္ဘာရွာကြီးကို တစ်ခေါက်လောက် ရှုလိုက်ပါ။ အာဏာရှင်စနစ်အောက်က ရုန်းထွက်နေဆဲ ရုန်းထွက်ခဲ့ပြီး ရုန်းထွက်ရန် ကြိုးစားနေသော နိုင်ငံများတွင် ထင်လင်းမြင်သာမှုမှာ ခေတ်လွန်နေခြင်း ယဉ်ကျေးမှု ဖောက်ပြန် နေခြင်းသာ ဖြစ်ပါသည်။ ဆိုဗီယက်ခွဲထွက် နိုင်ငံများ၊ အာရှမှ ဂျပန် တရုတ် အိန္ဒိယ စသည့် စီးပွားရေး ဦးစားပေး နိုင်ငံများ၊ ဥရောပမှ ကွန်မြူနစ် ဆိုရှယ်လစ် လူထွက် နိုင်ငံများ၊ တောင်အမေရိကမှ ကွန်မြူနစ် လူထွက် နိုင်ငံများ၊ အာရပ်နွေဦး မပီမပြင် ဖြစ်နေသောနိုင်ငံများတွင် ခေတ်လွန်ခြင်း ယဉ်ကျေးမှု ဖောက်ပြန်နေခြင်းများ မြောက်မြားစွာ တွေ့နေရပါသည်။ ပိုမိုမြင်သာသည်မှာ အာဏာရှင်အုပ်စိုးသော အာဏာကို လက်ဝါးကြီး အုပ်ချင်သော နိုင်ငံများတွင် တိုးတက်သော ထက်မြက်သော ညီညွတ်သော နိုးကြားသော လူငယ်စွမ်းအားများကို အနုပညာ ၀တ်စားဆင်ယင်မှု စသည့် အပိုင်းများတွင် ခေတ်လွန် လော်မာခွင့် ပေးခြင်းဖြင့် ထိန်းကွပ်ထားတတ်ကြပါသည်။ အာဏာ တည်မြဲရေး အတွက် နိုင်ငံရေးဘက်လှည့်မလာစေရန် လမ်းလွှဲပေးခြင်းလည်း ဖြစ်ပါသည်။

ဆိုခဲံသည့်အချက်ကို လူငယ်တို့ သတိမူမိစေလိုပါသည်။ ပေးထားသောထွက်ပေါက်သည့် လွတ်လမ်းမဟုတ်၊ ကျလမ်းဖြစ်သည်ကို လည်းကောင်း၊ ပြထားသော လမ်းလွှဲသည် ဖြတ်လမ်းမဟုတ် လမ်းပိတ်ဖြစ်သည်ကိုလည်းကောင်း သတိပြု ဆန်းစစ်ကြည့်စေလိုပါသည်။ လွတ်လပ်သော အနုပညာဖော်ထုတ်ခွင့် ရှိသည်ဆိုလျှင် ထိန်းသိမ်းရမည့် အမျိုးသားရေးစံနှုန်း၊ အမျိုးသားရေးတန်ဖိုးလည်း ရှိသည်ဟု ဆိုချင်ပါသည်။ လမ်းကျကျဆိုရသော် ထိန်းညှိ သုံးသပ် ဆောင်ရွက်ပါဟု အကြံပြုလိုပါသည်။

စင်မြင့်ထက်မှ မီဒီယာများထက်မှ ဖော်ပြ ချွတ်ပြ တိုပြ ဟိုက်ပြ လှုပ်ပြ ခါပြနေခြင်းက မိမိအပါအ၀င် လူငယ်ထု အတွက် ကျလမ်းကို ညွှန်းနေသည်ကို ခေတ်အနုပညာရှင်ဆိုသူတို့ ဆင်ခြင်မိဖို့ကောင်းပါသည်။ အားပေးကြည့်ရှုနေသည့် လူငယ်အပေါင်းကလည်း ထိုနောက်လိုက်လျှင် မိမိအတွက် တိုးတက်ရာလား ကျဆုံးရာလား ဆင်ခြင်မိဖို့ကောင်းပါသည်။

တစ်ခုလောက် ပြောလိုပါသေးသည်။ မိမိတို့နိုင်ငံထက် စော၍ အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ် အသွင် ကူးပြောင်းသော နိုင်ငံတို့တွင် အမျိုးသားရေး တန်ဖိုးများ မည်မျှပျောက်ဆုံး သွားလေသနည်း၊ ထိုနိုင်ငံမှ မျိုးဆက်သစ် တို့က နိုင်ငံကို မည်သို့ တည်ဆောက် ဖန်တီးကြလေသနည်း၊ အနုပညာလွတ်လပ်ခွင့်ဟု ဆိုကာမတ္တနှင့် အခြား လွတ်လပ်မှု ဖန်းတီးမှု အခွင့်အအရေးများ မည်မျှဆုံးရှုံး သွားလေသနည်း။ ကမ္ဘာကြည့် ကြည့်ကြဖို့လိုမည် ထင်ပါသည်။

ကမ္ဘာကြည့်ကြည့်လေ ခေတ်လွန်မှု အမျိုးသားရေးစံနှုန်း အမျိုးသားရေး တန်ဖိုးဆုံးရှုံးမှုများက အာဏာရှင် စနစ်ကို သက်ဆိုးရှည်စေ ပါသည်။ အသိဥာဏ်ကိုဖွင့်၍ ထက်မြက်အောင်ပြုလုပ်မည့်၊ အတွေးအမြင်ကို ဖြန့်၍ ဖွံ့ဖြိုးအောင် ပြုလုပ်မည့်၊ အတွေ့အကြုံကို စိစစ်၍ ကောင်းမြတ်အောင် ပြုလုပ်မည့် လူငယ်များ လမ်းလွဲ လမ်းမှား လမ်းပိတ် မလိုက်မိကြစေရန် ပညာရှင်များ၊ အနုပညာရှင်များ၊ မိဘအုပ်ထိန်းသူများ (ဖြစ်နိုင်လျှင် အစိုးရကပါ အမျိုးသားရေးအသွင်ဖြင့်) ၀ိုင်းဝန်းထိန်းကြောင်း ပဲ့ပြင်ပေးကြပါဟု တိုက်တွန်းလို ပါသည်။

အို လူငယ်တို့ မမြင်ဝံ့ ပရိသတ် မကြားဝံ့ သောတရှင် ဖြစ်စေမည့် အမူအကျင့်များကို စွဲလမ်းနှစ်ခြိုက် လက်ခံနေလျှင် လူငယ်တို့ အလွန်မုန်းကြသော အာဏာရှင်ပယောဂကြီး ပူးကပ် ခံရပါလိမ့်မည်။ သတိမူကြပါ။ ကိုယ်ခံအား ခုခံအား ကောင်းကြပါစေ။

ကိုအော

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။