Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, February 17, 2013

ခြောက်ကြိုးကဝေ ချစ်စမ်းမောင်နှင့် အင်တာဗျူး

Thursday, 02 July 2009 15:42 Irrawaddy Blog
Iron Cross (IC) ၏ လိဒ်ဂစ်တာသမား ချစ်စမ်းမောင်သည် ကွယ်လွန်သူ တေးရေး ဂစ်တာသမား စောဘွဲ့မှူး၏ တပည့် တဦးဖြစ်ပြီး IC ၏ လိဒ်ဂစ်တာသမား အဖြစ် နှစ်ပေါင်း ၂၀ ကျော် တီးခတ်ခဲ့သူ ဖြစ်သည်။ အသက် ၄ နှစ်ကျော် အရွယ် ကတည်းက ဂစ်တာ စတီးခဲ့ပြီး ယခု အသက် ၃၀ ကျော်ထိ လိဒ်ဂစ်တာကိုသာ တစိုက်မတ်မတ် တီးခတ်သူ ဖြစ်သည်။ တကိုယ်တော် လက်စွမ်းပြ ဆိုလိုစီးရီးအဖြစ် ခြောက်ကြိုးကဝေ အမည်ရှိ စီးရီးကို ထုတ်ဝေခဲ့ရာ ဂီတလောက တွင် ပြောစမှတ်တွင်သည့် စီးရီးတခွေဖြစ်ခဲ့သည်။ ချစ်စမ်းမောင်သည် အိုင်စီရှိုးတိုင်းတွင် ဂစ်တာဆိုလို တီးခတ်၍ ပရိသတ်အား ဖမ်းစားနိုင်သူဖြစ်သည်။ ရော့ခ်ဝါသနာအိုး ဂစ်တာရူးသွပ်သူ လူငယ်များက ဆရာချစ် ဟု ခေါ်တွင်သော ချစ်စမ်းမောင်ကို ဘန်ကောက်မြို့တွင် တွေ့ဆုံခိုက် ဧရာဝတီ မဂ္ဂဇင်းက တွေ့ဆုံမေးမြန်းခဲ့ ပါသည်။


မေး။ ။ ဒီနှစ်ထဲမှာ ထူးထူးခြားခြား ဂစ်တာနဲ့ ပတ်သက်လို့ ဘာတွေ လုပ်ဖို့ ရှိပါသလဲ။ ဖြေ။ ။ ခုလောလောဆယ်မှာ စာအုပ်ထုတ်ဖို့ အစီအစဉ်ရှိပါတယ်။ တပ်ပ် (Tab) ကော၊ ပက်ကား နုတ်စ် ကော၊ တရုတ်နုတ်စ် ကော ပါတဲ့ စာအုပ်ပေါ့။ နောက်တော့ ဗီဒီယို ဂစ်တာ lesson သဘောမျိုးလေးကော လုပ်ဖို့ အစီအစဉ်ဆွဲနေတယ်။ အဲဒါကို ဒီနှစ်ထဲမှာတော့ ပြီးအောင်လုပ်ဖို့ စဉ်းစားထားတယ်။ ပထမဆုံး အနေနဲ့က ကျနော်တို့တီးခဲ့ပြီး ကိုလေးဖြူတို့၊ ကိုအငဲတို့၊ မျိုးကြီးတို့ ဆိုခဲ့တဲ့ ကိုယ်ပိုင်သံစဉ်သီချင်းတွေ လုပ်မယ်။ ကျနော်တို့ ကိုယ်တိုင် Creation လုပ်ထားတဲ့ သီချင်းတွေကို ဂစ်တာ သင်္ခန်းစာအနေနဲ့ ပြန်တီးပြမှာပေါ့။ စာအုပ်မှာလဲ အဲဒါ ထည့်မယ်။ တပုဒ်လုံးတော့ မဟုတ်ဘူးပေါ့။ အဓိကက ဆိုလို Parts လေးတွေ လုပ်ပြမယ်။ မေး။ ။ ကိုချစ်စမ်းမောင်အနေနဲ့ ခြောက်ကြိုးကဝေထွက်ခဲ့တာ ၁၀ စုနှစ် တခု ရှိခဲ့ပြီဆိုတော့ အဲလို ဆိုလိုအခွေတခွေကို ခြောက်ကြိုးကဝေတုန်းကလို ရောထွေးမနေဘဲ ချစ်စမ်းမောင်ရဲ့ သီးသန့် စတိုင်နဲ့ လုပ်ဖို့ အစီအစဉ်မရှိဘူးလား။ ဖြေ။ ။ အဲဒီဆိုလိုခွေက လုပ်နေတာ ၈၀ ရာခိုင်နှုန်းလောက်တော့ ပြီးနေပြီ။ ဒါပေမယ့် တချို့ ဟာလေးတွေ စိတ်တိုင်းမကျလို့ ပြန်ပြင်လိုက်၊ ပြန်တီးလိုက် လုပ်တာနဲ့ မပြီးနိုင်တာ။ အဲဒါကြောင့် Lesson ခွေကို အရင်ထုတ်ဖို့ စီစဉ်လိုက်တာ။ နောက်တခုက စတိုင်ရောထွေးနေတယ် ဆိုတာကလည်း ကျနော်ကိုယ်တိုင်က Country လည်း အရမ်းကြိုက်ခဲ့တာကိုး .. ဒါပေမယ့် အဓိကကတော့ ရော့ခ်ပေါ့နော်။ ရော့ခ်ကြီးပဲ မဟုတ်ဘဲ အဲလို ရောတာလေးကို ကျနော်ကိုယ်တိုင်ကိုက ကြိုက်နေတာ။ မေး။ ။ ကိုချစ်စမ်းမောင် တီးခဲ့တဲ့ အနှစ်နှစ်ဆယ် သက်တမ်းမှာ တီးခဲ့တဲ့ ပုံစံတွေအရ ဟိုးအရင် ပရိသတ်နဲ့ အခုပရိသတ် ဘာတွေကွာခြား သလဲ။ ဖြေ။ ။ ပရိသတ်ကတော့ ကျနော်မြင်တာကတော့ အရင်ကဆို အဆိုနဲ့အတီးနဲ့မှာ ပေါ်ပြူလာဖြစ်တဲ့ အဆိုဘက်ကိုပိုပြီး အားပေးကြတယ်။ ခုနောက်ပိုင်းတော့ တော်တော်လေး မျှလာပါတယ် အတီးသမား တွေကိုလည်း တော်တော်လေး အားပေးလာတာတွေ့ရတယ်။ မေး။ ။ ရော့ခ် သတ်သတ် ပရိသတ်က နည်းသွားတယ်လို့မထင်ဘူးလား။ ဖြေ။ ။ အဲဒါကတော့ သူ့ဟာနဲ့သူရှိနေပါတယ်။ အားပေးတာက အမျိုးမျိုးပဲဗျ။ မေး။ ။ ဆိုလိုတီးတာနဲ့ပတ်သက်ပြီး လေ့ကျင့်မှုပိုင်းကကော။ ဖြေ။ ။ လေ့ကျင့်တာကတော့ နေ့တိုင်းတီးနေရတာပဲလေ။ နေ့တိုင်း အသံဖမ်းကရှိနေတော့ ကိုယ်လေ့ကျင့် ချင်တာလေးတွေ အဲဒီထဲမှာပဲ ရောပြီး လေ့ကျင့်ရတာပဲ။ မေး။ ။ ပြည်တွင်းပြည်ပက ကိုချစ်စမ်းမောင် လေးစား အတုယူရတဲ့ ဂစ်တာသမားတွေက ဘယ်သူတွေလဲ။ ဖြေ။ ။ နာမည်တွေ အနေနဲ့ကတော့ အများကြီးပေါ့နော်။ ကျနော့်အပေါ်မှာ လွှမ်းမိုးတာတွေလည်း ရှိပါတယ်။ ဒါပေမယ့် နာမည်နဲ့တော့ မပြောချင်ဘူးပေါ့။ ကျနော်က အားလုံးဆီက ကောင်းတဲ့ အချက်လေးတွေကိုပဲ ယူတာ ဆိုတော့ တမင် နာမည်နဲ့ မပြောချင်တာ။ တယောက်ဆီက ကိုယ်ကြိုက်တာတွေကိုပဲ ယူတဲ့ သဘောပေါ့။ ကြိုက်တာကတော့ အများကြီးရှိပါတယ်။ မေး။ ။ နောက်ဆုံး မျိုးကြီး live show အခွေမှာဆိုရင် ကိုချစ်စမ်းမောင်ရဲ့ ဆိုလိုတီးပုံ စတိုင်က စတိဗ်ဗိုင်း (Steve Vai) ရဲ့ လွှမ်းမိုးမှု ခံနေရသလိုမျိုး ပြောကြတယ်။ အဲဒါကကော။ ဖြေ။ ။ အဲဒါကလည်း ဟုတ်ချင်ဟုတ်မှာပါပဲ။ ရော့ခ် တီးတယ် ဆိုကတည်းက တယောက်နဲ့ တယောက် မကွဲကြတာမျိုးရှိတယ်လေ။ လွှမ်းမိုးတာမျိုးတော့ ဟုတ်ချင်မှ ဟုတ်မယ်။ စတိဗ်ဗိုင်းကို ကျနော် ကြိုက်ပါတယ်။ သူ့ရဲ့ စတိုင်လွှမ်းမိုးတယ် ဆိုတာထက် သူ့ရဲ့ ထူးခြားချက်တွေကို ကျနော်က ပိုကြည့်တယ်။ မေး။ ။ ကိုချစ်စမ်းမောင်အနေနဲ့ ဆိုလို ရှိုးကော လုပ်ဖို့ အစီအစဉ်မရှိဘူးလား။ ဖြေ။ ။ တချိန်တော့ လုပ်ဖြစ်မှာပါ။ ဒါပေမယ့် ဖြစ်သလို မလုပ်ချင်ဘူး။ ဒါမျိုးက များများစားစား လုပ်လေ့ရှိတဲ့ ပွဲလည်းမဟုတ်တော့ သေချာလေး တိုင်တိုင်ပင်ပင်နဲ့လုပ်ချင်လို့။ နောက်ပြီး ကိုယ်တယောက်တည်း ဆိုတာထက် ကိုယ့်ထက် သဘာရှိတဲ့သူတွေနဲ့ တူတူ တွဲပြီး လုပ်ချင်တယ်။ အဲဒါကြောင့် အချိန်ယူချင်တယ်။ လုပ်သင့်တဲ့အချိန်ပေါ့နော်။ ပြောရရင် ကျနော်တို့က အရမ်းအလုပ်ရှုပ်တယ်။ ဒီနှစ်ဆိုရင် ကန်ထရိုက်စာချုပ် ချုပ်ထားတာမျိုးရှိနေတာ ဆိုတော့ အေးအေးဆေးဆေးမရှိဘူး။ နောက်တခါ တခြားပလေယာတွေနဲ့လည်း ညှိနှိုင်းရမယ်လေ။ နောက်တခါ ဒါမျိုးလုပ်ပြီဆိုရင် မကျန်ခဲ့တာမျိုးမလုပ်ချင်ဘူး။ မေး။ ။ IC က အခွေတခွေလုပ်ရင် ဘယ်လောက်ကြာလဲ။ ဖြေ။ ။ ကိုလေးဖြူဟာဆိုရင် တနှစ်လောက် အချိန်ယူရတယ်။ သူက ဆက်တိုက်တီးမယ်ဆိုရင်တော့ အဲလောက်မကြာဘူးပေါ့ .. ဒါပေမယ့် လုပ်ရင် ကျနော်တို့က အကောင်းဆုံး ရလဒ်ကို လိုချင်တာဆိုတော့ သေချာ လုပ်နေကြတာနဲ့ ကြာတာ။ ပလေယာအားလုံးပဲလေ။ နောက်တခါ မစ္စဒေါင်းလုပ်ရင်လည်း တပုဒ်ကို တရက်လုံး လုပ်တာမျိုးလေ။ မေး။ ။ အခု လူငယ်တွေထဲမှာ ကိုချစ်စမ်းမောင်တို့လို လိဒ် ဆိုလို တီးဖို့ ခရေဇီဖြစ်နေတာမျိုး ရှိသေးလား။ ကိုချစ်စမ်းမောင်တို့ကို ချဉ်းကပ်လာတာမျိုးရှိသလား။ ဖြေ။ ။ အဲဒီလိုမျိုးရှိတော့ ရှိပါတယ်။ ဒါပေမယ့် ကြိုးစားအားထုတ်မှုအနေနဲ့ ကတော့ ကျနော်တို့ တုန်းကလိုမျိုး မဟုတ်တော့ဘူး။ အားမရဘူးပေါ့။ အဲဒါ ဘာလို့လဲ ဆိုတော့ အဓိကက နောက်ပိုင်းမှာ Backing ကို သူတို့ ဦးစားပေး တီးလာကြတော့ ဆိုလိုပိုင်းမှာ အားနည်းလာတဲ့ သဘောပါ။ Backing ပိုင်းမှာတော့ သေသေ သပ်သပ် တီးနိုင်လာ ကြပါတယ်။ ဒါပေမယ့် ဆိုလို ပိုင်းမှာတော့ သိပ်ပြီး ဖန်တီးမှု မလုပ်နိုင်ကြတော့ဘူး။ အခု ပေါ်လာတဲ့ ဂီတအမျိုးအစားကို သူတို့ မှီခိုတာမျိုးလည်း ဖြစ်နိုင်တာပေါ့နော်။ မေး။ ။ မေးနေကျ မေးခွန်းဟောင်းတခုကိုပဲ ပြန်မေးချင်ပါတယ်။ ကော်ပီနဲ့ ကိုယ်ပိုင်သံစဉ်မှာ ဖန်တီးရတာ ဘယ်ဟာကို ပိုအားထုတ်ရသလဲ။

ဖြေ။ ။ ကျနော့်အနေနဲ့ကတော့ ကော်ပီဆိုတာက သူတို့တီးတာကို တူအောင်ပြန် တီးရတာ ဆိုတော့ လွယ်တာ ရှိသလို လက်ပေါက်ကပ်တာမျိုးလည်း ရှိပါတယ်။ နောက်တခုက သူတို့ရဲ့ ကာလာကို အနီးစပ်ဆုံး တူအောင် တီးရတာ ဆိုတော့ အရမ်းချိန်ဆရပါတယ်။ ကိုယ်ပိုင်သံစဉ်ကတော့ ပိုလွတ်လပ်တာပေါ့ .. ကော်ပီ ကတော့ ဘောင်နဲ့ ဆိုတော့ လုပ်ရတာ သိပ်မလွတ်လပ်ဘူး။ ခုနောက်ပိုင်းမှာတော့ ကိုယ်ပိုင်သံစဉ်ကိုပဲ ပိုပြီး လုပ်ချင်မိတယ်။ ဒါပေမယ့် ခု ကိုယ်ပိုင်သံစဉ် လုပ်နိုင်တယ် ဆိုတာကလည်း တချိန်က ကော်ပီခွေတွေ အများကြီး တီးခဲ့လို့ ပညာရတာမျိုးလည်း ပါတာပေါ့။

အခုခေတ်လူငယ်တွေက ကော်ပီကိုသိပ်မတီးကြရဘူး။ ကျနော်တို့ ကော်ပီတီးတယ် ဆိုတာက သူ့ရဲ့ မူရင်းကို မီအောင်တီးရတာလေ။ ကော်ပီသီချင်းတပုဒ်ကို ရှိုးတီးတယ် ဆိုတာက အပေါ်ယံကြောပဲ။ ဒါပေမယ့် အသံသွင်းပြီဆိုရင် သူ့ရဲ့ တလိုင်းချင်းစီကို နုတ်ထုတ်ပြီး သေချာ လုပ်ရတာလေ။ အဲဒီတော့ သူ့ကိုအတွင်းကျကျ လေ့လာသလိုဖြစ်တယ်။ ဆိုလိုတာက ငယ်ငယ်က ကော်ပီ တီးတဲ့ အလေ့အကျင့်က ကိုယ့်ဘာသာ ကိုယ်ပိုင် ဖန်တီးမှုလုပ်တဲ့အခါမှာ အများကြီး အသုံးဝင်တယ် ဆိုတာပါ။
မေး။ ။ ခုနောက်ပိုင်းမှာ ရော့ခ်သမားတွေ ကိုယ်ပိုင်သံစဉ် လုပ်လာကြတာတွေ့ရတယ်။ မျိုးကြီး၊ ကိုလေးဖြူ ထွက်ပြီးပြီ .. ခု နောက်ထပ် ကိုအငဲ ထွက်ဦးမယ် ပြောတယ်။ အဲလိုဖြစ်တာဟာ ဘာကြောင့်လဲ။ ဂီတရေစီးကြောင်း ပုံစံ ပြောင်းသွားလို့လား။ ဖြေ။ ။ အဲဒါက ဒီလိုဗျ။ ကျနော်တို့ကြိုက်ကြတဲ့ ပုံစံတွေ၊ ကျနော်တို့တီးချင်တဲ့ ကိုယ်ပိုင်ဖန်တီးမှုတွေ၊ သူတို့ အဆိုတော်တွေဆိုချင်တဲ့ ပုံစံတွေက ခုမှ တေးရေးတွ ထွက်လာတာဗျ။ အရင်တုန်းကဆို ရှိတယ် ဆိုပေမယ့် တေးရေးတွေနဲ့ အစပ်အဆက်မတည့်တာမျိုးလည်းဖြစ်မယ်။ နောက်ပိုင်း ရေးနိုင်တဲ့သူတွေလည်း ပေါ်လာတယ်။ အဓိကကတော့ သီချင်းနားထောင်အားပါပဲ။ ခုနောက်ပိုင်းလူငယ်တွေဆို မော်ဒန်ရော့ခ် ပုံစံကို နားထောင်တာများတော့ သီချင်းရေးတဲ့အခါ အဲဒီပုံစံမျိုးတွေချည်းဖြစ်တာ မြင်ဖူးတယ်။ မေး။ ။ ကိုချစ်စမ်းမောင်က စက်တွေကိုလည်း စိတ်ဝင်စားတယ်၊ စက်ပိုင်းဆိုင်ရာ ကိစ္စတွေမှာ ခရေဇီ ဖြစ်တယ် ကြားဖူးတယ်။ အဲတော့ ကိုချစ်စမ်းမောင်ရဲ့ အလုပ်က နှစ်ခု ဖြစ်မနေဘူးလား။ ဖြေ။ ။ ဖြစ်တယ်ဗျ။ တကယ့်တကယ်ကျတော့ ပလေယာတယောက်က နည်းပညာကိုလည်း သိထားဖို့လိုတယ်ဗျ။ ကိုယ်လိုချင်တဲ့ ကာလာတွေကို မရမချင်းရှာတာမျိုးပေါ့ .. အဲဒါက အချိန်ပေးရတာပေါ့။ စက်ကတော့ ရှိတာပေါ့လေ။ ဒါပေမယ့် ကျနော်ကတော့ ကျနော်လိုချင်တဲ့အသံကို မရရအောင် ချိန်ရတာမျိုး သဘောကျတယ်။ နောက် အသံသွင်းတဲ့ အပိုင်းမှာပေါ့ .. အဲဒီအပိုင်းမှာလည်း ကိုယ်က သိနေတာ ဆိုတော့ ပိုကောင်းတယ်လေ။ မေး။ ။ ရော့ခ် ဆိုတာက ခုဆို တော်တော်လေးကြာလာပြီလို့ ပြောလို့ရတယ်နော်။ ကြားထဲမှာ တခြား ဂီတပုံစံတွေ ပေါ်လာပေမယ့် ရော့ခ်က ဒီတိုင်းပဲ .. အဲဒါကို ဘယ်လိုထင်လဲ။ ဖြေ။ ။ အဲဒါကတော့ ကျနော်တို့သာ သေသွားမယ် ရော့ခ်က ပျောက်သွားမှာ မဟုတ်ဘူးလို့ပဲ ထင်တယ်။ လူရဲ့လက်နဲ့လုပ်တဲ့ လုပ်အားက ဘယ်တော့မှ ပျောက်သွားမှာမဟုတ်ဘူး။ မေး။ ။ ခုနောက်ပိုင်း စက်နဲ့၊ ပရိုဂရမ်တွေနဲ့ လုပ်လာကြတော့ လက်နဲ့ ဖန်တီးမှုအားက တိမ်ကော သွားမယ် ထင်လား။ ဖြေ။ ။ မဖြစ်နိုင်ဘူးဗျ။ ပရိုဂရမ်တွေ လုပ်တယ်ဆိုတာကလည်း လူက Command ပေးရတာပဲလေ။ အဲဒီတော့ ဒီမျူးဇစ်က မပျောက်နိုင်ဘူး။ ဥပမာ Country မပျောက်သလိုပေါ့။ မျူးဇစ်တွေသာ ထပ်တိုးရင် တိုးသွားမယ်ပေါ့ဗျာ။ မေး။ ။ ကိုချစ်စမ်းမောင်က ရော့ခ်အပြင် ဘာကြောင့် Country ကို ကြိုက်ရတာလဲ။ ဖြေ။ ။ ဘာကြောင့်ကြိုက်လဲ ဆိုတော့ ပညာပါလို့ပါ။ သူက ရော့ခ်လို စကေးလ်တွေ တီးရုံနဲ့မပြီးဘူးဗျ။ open string လိုမျိုးပေါ့ ဘင်ဂျို စတိုင်လေးတွေပါရင်ပါမယ်။ သူ့အယူအဆလေးတွေက တမျိုး။ နောက်တခုက လွယ်လွယ်ကူကူနဲ့ တီးလို့မရဘူး။ သူ့မယ်လိုဒီကိုက up .. down အရမ်းများတယ်။ အသက် ကြီးလာရင်လည်း အဓိကကတော့ ရော့ခ်ကိုပဲ အခြေခံပြီးသွားမှာပဲ။ အားလုံးကိုတော့ ခံစားတတ်ပါတယ် .. pop တွေကော နောက် ကုန်ကုန်ပြောရရင် ရိုးရာ သီချင်းတွေလည်း ခံစားတတ်ပါတယ်။မေး။ ။ ပြည်ပတိုးတွေသွားရင် ဂစ်တာဘယ်နှစ်လက် ယူသွားလေ့ရှိလဲ။ ဖြေ။ ။ ပြည်ပသွားရင်တော့ အနည်းဆုံး ၂ လက်ပေါ့။ ပြည်တွင်းမှာတော့ ၆ လက်၊ ၇ လက် အဲလို ယူတယ်။ အဲဒါကလည်း သီချင်းကာလာ မတူတာ ရှိမယ်။ နောက် tunings တွေ အမျိုးမျိုး ပြောင်းနေတာမျိုး ဆိုတော့ ဂစ်တာကို ပြောင်းသုံးဖို့ လိုအပ်တယ်လေ။ နောက်ပိုင်းတော့ စက်နဲ့ညှိတဲ့ ဂစ်တာပေါ့နော် အဲဒါပဲ သုံးတယ်။ အဲဒါက တိကျတယ်လေ။ မေး။ ။ ပြည်ပခရီးထွက်ရင် ဘယ်လိုပစ္စည်းနဲ့မှ တီးနိုင်မယ်ဆိုတာမျိုး လုပ်လို့ရလား။ ဖြေ။ ။ များသောအားဖြင့်တော့ ရပါတယ်။ ကျနော်တို့က ပေးနိုင်မယ့် ပစ္စည်းစာရင်းကို တောင်းလိုက်တယ်။ ပြီးတော့ ဘယ်လိုဟာ လိုချင်တယ် ဆိုတာပြောလိုက်တယ်။ ဒါပေမယ့် နှစ်စမှာ တီးခဲ့တဲ့ ဘန်ကောက်ရှိုး မှာတော့ ပစ္စည်းတွေက တော်တော်ကိုညံ့တယ်။ ကျနော်တို့ ပြည်တွင်းမှာတောင် ဒါမျိုးမသုံးဘူး။ ဒါပေမယ့် မတတ်နိုင်ဘူးလေ။ သုံးလိုက်ရတာမျိုးရှိတာပဲ။ မေး။ ။ IC အနေနဲ့မေးရရင် ခုချိန်ထိ ဘာကြောင့် ဒီအဆိုတော်တွေ၊ ဒီတီးတဲ့သူတွေနဲ့ မြဲနေတာလဲ။ ကိုချစ်စမ်းမောင်ရဲ့ အမြင်ကို ပြောပါဦး။ ဖြေ။ ။ ကျနော့်အမြင်ပြောရရင် အဓိက တယောက်နဲ့တယောက် နားလည်မှုပေါ့နော်။ နောက်တခုက ကျနော်တို့မှာ မူးယစ်ဆေးနဲ့ပတ်သက်လို့ ဘာအနှောင်အဖွဲ့မှ မရှိဘူး။ နောက် တယောက်နဲ့ တယောက် ပွင့်လင်းတယ်။ မကျေနပ်တာရှိလည်း ချက်ချင်းရှင်းကြ .. အဲလို သွားနိုင်လို့ ကျနော်တို့ ဒီလို ရေရှည် တည်တံ့တယ်လို့ထင်တယ်။ ရှေ့လျှောက်လည်း အဲလိုပဲ သွားမှာပဲ။ ခုလောက်ထိ လုပ်လာကြ ပြီးမှ နားရင်လည်း အားလုံး နားလိုက်ကြမယ်။ အဲလိုပဲ စိတ်ကူးထားတယ်။ မေး။ ။ ကိုချစ်စမ်းမောင်ရဲ့ မိသားစုကို အချိန်ဘယ်လိုပေးလဲ။ မိသားစုအကြောင်း ပြောပြပါဦး။ ဖြေ။ ။ ပြောရရင်တော့ ကျနော့်မိန်းမက ကျနော့်ကို အများကြီးနားလည်တော့ ကျနော် ဘာမှ သိပ်မလိုဘူး။ နောက်တခါ ကျနော့်စတူဒီယိုကလည်း အိမ်မှာဆိုတော့ အိမ်မှာပဲ အလုပ်တွေများနေတတ်တယ်။ အဲဒီကြားတာ တအိမ်ထဲ နေပြီး မတွေ့တာမျိုးရှိတယ် .. ဒါပေမယ့် သူက တော်တော်လေး နားလည်ပေးတယ်။ ရေရှည် သွား နိုင်တာက သူနားလည်ပေးလို့ ဒီလိုမျိုးသွားနိုင်တာ မဟုတ်ရင်မလွယ်ဘူး။ ဒီနေ့အခြေအနေ ရောက်လာတာကလည်း ပထမဆုံးက ဘုရားကျေးဇူးပေါ့။ နောက်တခုက ကျနော့်မိသားစုရဲ့ အားပေးမှုပေါ့။ ကလေး သုံးယောက်မှာ အငယ်ဆုံး ကတော့ ဝါသနာပါတယ်။ ကျနော်ကတော့ ကလေးတွေကို အတင်းကြီးတွန်းအားမပေးချင်ဘူး။ ကျနော်တို့တုန်းက ဒီလို ပစ္စည်းတွေအတွက် အရမ်းကို ကြိုးစားရပေမယ့် သူတို့ကျတော့ အရမ်းကိုလွယ်ကူလွန်းနေတာ မြင်ရတာတော့ ကျနော်မကြိုက်ဘူး။ သူတို့ကို ဒီထက်ပို ကြိုးစား စေချင်တယ်။ ။

အိုင်စီ အဖွဲ့နှင့် ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံခြင်း
http://www.burmavjmedia.net/?p=3029



ချစ်စမ်းမောင်၏ ဘုရားမေတ္တာ

Tuesday, 01 June 2010 01:12 ချစ်စမ်းမောင်
E-mail Print PDF

လမ်းပြပါ

၁။
လူတိုင်းကို သက်စွန့်ရှာသူအကြောင်း
အကျွန်ုပ်ဟောပြောသောအခါ
ခိုင်မာသောနှလုံး ထက်တဲ့အတွေးအခေါ်တွေ
သူတို့မှာ ရှိတတ်ကြတဲ့

ဆင်ချင်ဥာဏ် အတတ်သိပံ္ပတွေဟာ
ကိုယ်တော်ဘုရားမှ မနှစ်သက်ပေ
မှန်ရာလမ်းမှ လွဲရမဲ့အဖြစ်ကို
သူတို့နားမလည်ရှာဘူး .......

၂။
အိုအဖဘုရားသခင် ...
ထိုသူတို့အား လမ်းပြပါ
မရေယာသောအတွေး
အချည်းနှီးသောအကျင့်တွေ
ဘယ်အတွက်ကြောင့် မက်မောနေ ....

နှိမ့်ချသောမေတ္တာကို
ထိုသူတို့မသိမှတ်သောခါ
အကျွန်ုပ်၏ သနား၍အံ့သြခြင်း၊ နှမျော၍ ၀မ်းနည်းခြင်းများ....
ကိုယ်တော်ကတော့ သိမှာပါ .....


အယောက်စီတိုင်းကို ဘုရားသခင် ကောင်းကြီးပေးပါစေ ...
ချစ်စမ်းမောင်

ဂီတာကို..စန္တယားကဲ့သို့ အံ့မခန်းတီးပြခြင်း THE SOUL SURVIVOR
ရေး - ဆလိုင်းသွဲ့အောင်။ ဆို - ချစ်စမ်းမောင်



မှတ်ချက်။
ချစ်စမ်းမောင်ရဲ့ ယူကြု ဗွီဒီယို လူအမြောက်အများ လာရောက်ဖတ်ရှု၊နားဆင်သွားပါပြီ။ အဓိပ္ပါယ်နားလည်သူတွေတော့ နည်းပေသော်ငြားလည်း သန်းပေါင်းများစွာသော မြန်မာလူမျိုးများကို အဖဘုရားသခင်အကြောင်း ဂီတပညာနဲ့ ပြောသွားပါတယ်။ အံ့သြဘွယ်ပါ။ CHIT SAN MAUNG (Young Christian Crusader) နဲ့ Founder David Yone Mo တို့ရဲ့ ချီးမွမ်းသီဆို၊တီးမှုတ်ခြင်း Gospel Music ဟာ မြန်မာပြည်တလွှား အလွန် ဘုန်းတော်ထင်ရှားစေခဲ့ပါတယ်။ အံ့သြဘွယ်ပါ။
မြည်းစမ်းကြည့်ရန် လင့်ခ်
http://www.youtube.com/watch?v=ZUDj4wLMFNQ


အိုင်စီ၂၂နှစ်ကြာအောင် ဆုတောင်းခြင်းဖြင့်၊ရပ်တည်နိုင်ခဲ့သည်။ သူတို့ဖခင်ကြီးမှာ စောဘွဲ့မှုးဖြစ်သည်။
စောဘွဲ့မှုး၏ ၀ိညာဉ်ရေးရာဖခင်မှာ ဆရာဒေးဗစ်ရိုးမို (အမ်ဝိုင်စီကို စတင်ခဲ့သူ) ဖြစ်ပါသည်။


http://www.murann.com/ezine/index.php?option=com_content&view=article&id=1557:iron-cross-&catid=7:life-experience&Itemid=8

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။