Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, February 17, 2013

မြန်မာ့ပညာရေးနိမ့်ပါးမှုနဲ့ ပြဋ္ဌာန်းစာအုပ်များ

Zaw Thurein Tun and 3 others shared Education View's photo.
မြန်မာ့ပညာရေးနိမ့်ပါးမှုနဲ့ ပြဋ္ဌာန်းစာအုပ်များ



ပညာရေးစနစ်တစ်ခု နိမ့်ပါးရခြင်းအကြောင်းကို ပြောကြဆိုကြမယ်ဆိုရင် အကြောင်းပေါင်းများစွာ ရှိနိုင်တယ်။ အဲဒီအကြောင်းတွေထဲက ပြဋ္ဌာန်းစာအုပ်တွေဟာလည်း အကြောင်းတစ်ခုပဲ ဖြစ်ပါတယ်။ စစ်အာဏာရှင်စနစ်မှာ အာဏာရှင်တွေက သူတို့အာဏာတည်မြဲရေးအတွက် သူတို့ကို ပြည်သူတွေက မတွန်းလှန်နိုင်အောင် ပညာရေးကို အသုံးချတတ်တယ်။ ကွန်မြူနစ်အာဏာရှင်စနစ်မှာလည်း ကွန်မြူနစ်စနစ်တည်မြဲဖို့အတွက် ပညာရေးစနစ်က ကွန်မြူနစ်ပညာရေးစနစ်ဖြစ်တယ်။ ဆိုရှယ်လစ်အာဏာရှင်စနစ်မှာ ပညာရေးမှာ ပြဋ္ဌာန်းထားတဲ့ စာအုပ်တွေဟာ ဆိုရှယ်လစ်တွေ မိုးမွှန်နေတတ်တယ်။ အရင်းရှင်အာဏာရှင်စနစ်မှာ အဲဒီအရင်းရှင်စနစ်တည်မြဲဖို့ ပညာရေးကို အသုံးချတတ်တယ်။ သူတော်ချင်းချင်း သီတင်းလွေ့လွေ့ဆိုတာလို ဒီမိုကရေစီပညာရေးစနစ်က ဒီမိုကရေစီတွေ၊ လူ့အခွင့်အရေးတွေ၊ တရားမျှတမှုတွေဆိုတာကို အားပေးပါတယ်။

အာဏာရှင်စနစ်တွေမှာ ပညာရေးကို နိမ့်ပါးအောင် လုပ်ရတာက ရည်ရွယ်ချက်ရှိပါတယ်။ အဲဒါကတော့ ပညာတတ်တဲ့သူတွေဟာ အစိုးရကို များများ ဝေဖန်တတ်ပြီး ပညာချို့တဲ့တဲ့သူတွေက နှုတ်ပိတ်နေတတ်လေ့ရှိပါတယ်။ အာဏာရှင်တွေဟာ ပြည်သူတွေ နှုတ်ပိတ်နေတာကို အမြဲတမ်း အလိုရှိတတ်ပါတယ်။ ဒါကြောင့်ပဲ သူတို့ဟာ ပညာရေးကို စနစ်တကျ နိမ့်သထက် နိမ့်အောင် ပြုလုပ်တတ်ကြတယ်။ ဒါကို ဥပမာပေးဖို့အတွက် မြန်မာနိုင်ငံရဲ့ ၁၀ တန်းအင်္ဂလိပ်ပြဋ္ဌာန်းစာအုပ်ထဲက ပြဋ္ဌာန်းထားတဲ့ စာတစ်ပုဒ်ကို ထုတ်ပြပါမယ်။ အဲဒါကတော့ Too Much Knowledge Maketh Fool ဆိုတာပဲ ဖြစ်ပါတယ်။

ပထမဦးဆုံးအနေနဲ့ ခေါင်းစဉ်ကိုက အသိပညာများတာဟာ အရူးဖြစ်တတ်တယ်လို့ ပြနေတယ်။ အဲဒီရဲ့ အဓိပ္ပာယ်က ကျောင်းသားတွေကို အသိပညာများတာဟာ မကောင်းဘူး။ အတတ်ကျူးရင် ရူးတတ်တယ်လို့ ပြောပြနေတယ်။ အဲဒီရဲ့ အကျိုးဆက်က ဘာလဲ။ ကျောင်းသားတွေဟာ အသိပညာများတဲ့ အလုပ်တွေကို မလုပ်တော့တာပဲ ဖြစ်ပါတယ်။ ဒါက ခေါင်းစဉ်က ပေးလိုက်တဲ့ အကျိုးဆက်ပါပဲ။

တစ်ခါ အဲဒီအင်္ဂလိပ်စာထဲမှာ ပါတာတွေကို လေ့လာကြည့်ပါတယ်။ အဲဒီအထဲမှာ ဒဿနသမားတစ်ယောက်ပါတယ်၊ နက္ခတ္တသမားတစ်ယောက် ပါတယ်၊ ဆေးပညာသမားတစ်ယောက် ပါတယ်၊ ဂီတသမားတစ်ယောက် ပါတယ်။ ဒဿနသမားကို အတွေးတွေ များလို့ ထောပတ်တွေ ပျော်ကျသွားတာနဲ့ တွဲပြီး အသုံးမကျတဲ့အကြောင်း ကျောင်းသားတွေကို သင်ကြားပေးလိုက်တယ်။ စဉ်းစားကြည့်ပါဦး။ ဒဿနသမားတစ်ယောက်ရဲ့ အလုပ်က ဘာလဲဆိုတာကို။

နောက်တစ်ယောက်ကို ပြောကြည့်ပါဦးမယ်။ သူက ဂီတသမားပါ။ စာထဲမှာ ဂီတသမားက ထမင်းချက်နေတယ်။ ထမင်းအိုး ဆူတော့ ပွက်ကုန်ကြတယ်။ သူက အဲဒီပွက်ပွက်ဆိုတဲ့ အသံတွေထဲမှာ ဂီတကို ရှာဖွေတွေ့ရှိသွားတယ်။ သူ တွေ့ရှိသွားတဲ့ ဂီတသံတွေကို အခုခေတ်ဂီတနုတ်တွေနဲ့ ပြလိုက်ရရင် ဘယ်ကလောက်များ လှပနေလိုက်မလဲ။ သူဟာ အဲဒီဂီတသံတွေထဲမှာ မျောသွားတယ်။ နောက်ဆုံးမနေနိုင်တော့ ထကမိသွားတဲ့အဆင့်အထိပါပဲ။ ဒါကို သေသေချာချာ ကြည့်ရင် ပညာရေး(academic)ရဲ့ အောင်မြင်မှုပါပဲ။ ဒါဟာ ဘယ်လောက်များ ကြီးကျယ်ခမ်းနားလိုက်ပါသလဲ။ ဒါပေမယ့် အဲဒီစာထဲမှာ ဂီတသမားရဲ့ ပညာရေးအောင်မြင်မှုကို ထမင်းအိုးတစ်လုံးနဲ့ တန်ဖိုးဖြတ်လိုက်တယ်။ မြန်မာပြည်က ၁၀တန်းစာသင်ခန်းတွေထဲမှာ အဲဒီဂီတသမားကို ထမင်းအိုးတစ်လုံးတောင် မတည်တတ်တဲ့ကောင်ပဲဆိုပြီး ကျောင်းသားတွေရှေ့မှာ ကဲ့ရဲ့အပြစ်တင်ပြလိုက်တယ်။ အဲဒီအတွေးအခေါ်တွေက ကျောင်းသားတွေကို တုံးသွားစေတယ်။ ဒါကို အာဏာရှင်တွေက ကြိုက်ပါတယ်။ အသိဥာဏ်တုံးပြီး နုတ်ပိတ်နေတဲ့သူ များလေ သူတို့အာဏာရှင်တွေ သက်ဆိုးရှည်လေပါပဲ။

အဲဒီပြဋ္ဌာန်းစာအုပ်နဲ့ ပတ်သက်ပြီး မေးခွန်းတွေ အများကြီး မေးနိုင်ပါတယ်။ ဂီတသမားကို သူ့ဂီတပညာနဲ့ တန်းဖိုးဖြတ်ကြမလား၊ ထမင်းအိုးတစ်လုံးနဲ့ တန်းဖိုးဖြတ်ကြမှာလားဆိုတာပါပဲ။ ဒီမှာ ဆက်ပြီး စဉ်းစားဖို့က အိုင်းစတိုင်းကို သူရဲ့ ရီလေတစ်ဗတီသီအိုရီနဲ့ တန်ဖိုးဖြတ်မှာလား၊ ဒါမှမဟုတ် သူ့ကို ကြက်ဥတောင် ပြုတ်မစားတတ်တဲ့ကောင်ဆိုပြီး ကျောင်းသားတွေရှေ့မှာ အပြစ်တင်ပြမှာလား။ နယူတန်ကိုလည်း သူ့ရဲ့ မြေဆွဲအားနိယာမသီအိုရီနဲ့ တန်ဖိုးဖြတ်ပြမလား၊ ချောကလက်တောင် အဆင်ပြေအောင်  ၀ယ်မစားတတ်တဲ့ကောင်လို့ ကျောင်းသားတွေကို သင်ကြားလိုက်မှာလားဆိုတာတွေပါပဲ။

ဒီမိုကရေစီစနစ်ကို သွားနေပြီလို့ သတ်မှတ်ချင်ရင် ကျောင်းသားတွေရှေ့မှာ အာဏာရှင်စနစ်ကို အားပေးအားမြှောက်ပြုထားတဲ့စာတွေထဲကလို ပညာရှင်တစ်ယောက်ကို ထမင်းအိုးတစ်လုံးနဲ့ တန်ဖိုးမဖြတ်ပြမိဖို့ လိုပါတယ်။ ပြောချင်တာက ၁၀တန်း အင်္ဂလိပ်ပြဋ္ဌာန်းစာအုပ်ထဲက ဂီတသမားကို သူ လေ့လာထားတဲ့ ဂီတပညာနဲ့ တန်းဖို့ မဖြတ်ဘဲ ထမင်းအိုးတစ်လုံးနဲ့ တန်ဖိုးဖြတ်ပြလိုက်သလို မဖြစ်ဖို့ လိုပါတယ်။ ပညာရှင်တွေကို ထမင်းတစ်လုံးနဲ့ တန်ဖိုးဖြတ်တတ်တဲ့လူမျိုးတစ်မျိုးဟာ ဘယ်လိုအဆင့်မျိုးကို ရောက်သွားနိုင်တယ်ဆိုတာကို သတိပြုကြဖို့ပဲ ဖြစ်ပါတယ်။

အောင်နိုင်

ပညာရေးစနစ်တစ်ခု နိမ့်ပါးရခြင်းအကြောင်းကို ပြောကြဆိုကြမယ်ဆိုရင် အကြောင်းပေါင်းများစွာ ရှိနိုင်တယ်။ အဲဒီအကြောင်းတေ...ွထဲက ပြဋ္ဌာန်းစာအုပ်တွေဟာလည်း အကြောင်းတစ်ခုပဲ ဖြစ်ပါတယ်။ စစ်အာဏာရှင်စနစ်မှာ အာဏာရှင်တွေက သူတို့အာဏာတည်မြဲရေးအတွက် သူတို့ကို ပြည်သူတွေက မတွန်းလှန်နိုင်အောင် ပညာရေးကို အသုံးချတတ်တယ်။ ကွန်မြူနစ်အာဏာရှင်စနစ်မှာလည်း ကွန်မြူနစ်စနစ်တည်မြဲဖို့အတွက် ပညာရေးစနစ်က ကွန်မြူနစ်ပညာရေးစနစ်ဖြစ်တယ်။ ဆိုရှယ်လစ်အာဏာရှင်စနစ်မှာ ပညာရေးမှာ ပြဋ္ဌာန်းထားတဲ့ စာအုပ်တွေဟာ ဆိုရှယ်လစ်တွေ မိုးမွှန်နေတတ်တယ်။ အရင်းရှင်အာဏာရှင်စနစ်မှာ အဲဒီအရင်းရှင်စနစ်တည်မြဲဖို့ ပညာရေးကို အသုံးချတတ်တယ်။ သူတော်ချင်းချင်း သီတင်းလွေ့လွေ့ဆိုတာလို ဒီမိုကရေစီပညာရေးစနစ်က ဒီမိုကရေစီတွေ၊ လူ့အခွင့်အရေးတွေ၊ တရားမျှတမှုတွေဆိုတာကို အားပေးပါတယ်။

အာဏာရှင်စနစ်တွေမှာ ပညာရေးကို နိမ့်ပါးအောင် လုပ်ရတာက ရည်ရွယ်ချက်ရှိပါတယ်။ အဲဒါကတော့ ပညာတတ်တဲ့သူတွေဟာ အစိုးရကို များများ ဝေဖန်တတ်ပြီး ပညာချို့တဲ့တဲ့သူတွေက နှုတ်ပိတ်နေတတ်လေ့ရှိပါတယ်။ အာဏာရှင်တွေဟာ ပြည်သူတွေ နှုတ်ပိတ်နေတာကို အမြဲတမ်း အလိုရှိတတ်ပါတယ်။ ဒါကြောင့်ပဲ သူတို့ဟာ ပညာရေးကို စနစ်တကျ နိမ့်သထက် နိမ့်အောင် ပြုလုပ်တတ်ကြတယ်။ ဒါကို ဥပမာပေးဖို့အတွက် မြန်မာနိုင်ငံရဲ့ ၁၀ တန်းအင်္ဂလိပ်ပြဋ္ဌာန်းစာအုပ်ထဲက ပြဋ္ဌာန်းထားတဲ့ စာတစ်ပုဒ်ကို ထုတ်ပြပါမယ်။ အဲဒါကတော့ Too Much Knowledge Maketh Fool ဆိုတာပဲ ဖြစ်ပါတယ်။

ပထမဦးဆုံးအနေနဲ့ ခေါင်းစဉ်ကိုက အသိပညာများတာဟာ အရူးဖြစ်တတ်တယ်လို့ ပြနေတယ်။ အဲဒီရဲ့ အဓိပ္ပာယ်က ကျောင်းသားတွေကို အသိပညာများတာဟာ မကောင်းဘူး။ အတတ်ကျူးရင် ရူးတတ်တယ်လို့ ပြောပြနေတယ်။ အဲဒီရဲ့ အကျိုးဆက်က ဘာလဲ။ ကျောင်းသားတွေဟာ အသိပညာများတဲ့ အလုပ်တွေကို မလုပ်တော့တာပဲ ဖြစ်ပါတယ်။ ဒါက ခေါင်းစဉ်က ပေးလိုက်တဲ့ အကျိုးဆက်ပါပဲ။

တစ်ခါ အဲဒီအင်္ဂလိပ်စာထဲမှာ ပါတာတွေကို လေ့လာကြည့်ပါတယ်။ အဲဒီအထဲမှာ ဒဿနသမားတစ်ယောက်ပါတယ်၊ နက္ခတ္တသမားတစ်ယောက် ပါတယ်၊ ဆေးပညာသမားတစ်ယောက် ပါတယ်၊ ဂီတသမားတစ်ယောက် ပါတယ်။ ဒဿနသမားကို အတွေးတွေ များလို့ ထောပတ်တွေ ပျော်ကျသွားတာနဲ့ တွဲပြီး အသုံးမကျတဲ့အကြောင်း ကျောင်းသားတွေကို သင်ကြားပေးလိုက်တယ်။ စဉ်းစားကြည့်ပါဦး။ ဒဿနသမားတစ်ယောက်ရဲ့ အလုပ်က ဘာလဲဆိုတာကို။

နောက်တစ်ယောက်ကို ပြောကြည့်ပါဦးမယ်။ သူက ဂီတသမားပါ။ စာထဲမှာ ဂီတသမားက ထမင်းချက်နေတယ်။ ထမင်းအိုး ဆူတော့ ပွက်ကုန်ကြတယ်။ သူက အဲဒီပွက်ပွက်ဆိုတဲ့ အသံတွေထဲမှာ ဂီတကို ရှာဖွေတွေ့ရှိသွားတယ်။ သူ တွေ့ရှိသွားတဲ့ ဂီတသံတွေကို အခုခေတ်ဂီတနုတ်တွေနဲ့ ပြလိုက်ရရင် ဘယ်ကလောက်များ လှပနေလိုက်မလဲ။ သူဟာ အဲဒီဂီတသံတွေထဲမှာ မျောသွားတယ်။ နောက်ဆုံးမနေနိုင်တော့ ထကမိသွားတဲ့အဆင့်အထိပါပဲ။ ဒါကို သေသေချာချာ ကြည့်ရင် ပညာရေး(academic)ရဲ့ အောင်မြင်မှုပါပဲ။ ဒါဟာ ဘယ်လောက်များ ကြီးကျယ်ခမ်းနားလိုက်ပါသလဲ။ ဒါပေမယ့် အဲဒီစာထဲမှာ ဂီတသမားရဲ့ ပညာရေးအောင်မြင်မှုကို ထမင်းအိုးတစ်လုံးနဲ့ တန်ဖိုးဖြတ်လိုက်တယ်။ မြန်မာပြည်က ၁၀တန်းစာသင်ခန်းတွေထဲမှာ အဲဒီဂီတသမားကို ထမင်းအိုးတစ်လုံးတောင် မတည်တတ်တဲ့ကောင်ပဲဆိုပြီး ကျောင်းသားတွေရှေ့မှာ ကဲ့ရဲ့အပြစ်တင်ပြလိုက်တယ်။ အဲဒီအတွေးအခေါ်တွေက ကျောင်းသားတွေကို တုံးသွားစေတယ်။ ဒါကို အာဏာရှင်တွေက ကြိုက်ပါတယ်။ အသိဥာဏ်တုံးပြီး နုတ်ပိတ်နေတဲ့သူ များလေ သူတို့အာဏာရှင်တွေ သက်ဆိုးရှည်လေပါပဲ။

အဲဒီပြဋ္ဌာန်းစာအုပ်နဲ့ ပတ်သက်ပြီး မေးခွန်းတွေ အများကြီး မေးနိုင်ပါတယ်။ ဂီတသမားကို သူ့ဂီတပညာနဲ့ တန်းဖိုးဖြတ်ကြမလား၊ ထမင်းအိုးတစ်လုံးနဲ့ တန်းဖိုးဖြတ်ကြမှာလားဆိုတာပါပဲ။ ဒီမှာ ဆက်ပြီး စဉ်းစားဖို့က အိုင်းစတိုင်းကို သူရဲ့ ရီလေတစ်ဗတီသီအိုရီနဲ့ တန်ဖိုးဖြတ်မှာလား၊ ဒါမှမဟုတ် သူ့ကို ကြက်ဥတောင် ပြုတ်မစားတတ်တဲ့ကောင်ဆိုပြီး ကျောင်းသားတွေရှေ့မှာ အပြစ်တင်ပြမှာလား။ နယူတန်ကိုလည်း သူ့ရဲ့ မြေဆွဲအားနိယာမသီအိုရီနဲ့ တန်ဖိုးဖြတ်ပြမလား၊ ချောကလက်တောင် အဆင်ပြေအောင် ၀ယ်မစားတတ်တဲ့ကောင်လို့ ကျောင်းသားတွေကို သင်ကြားလိုက်မှာလားဆိုတာတွေပါပဲ

ဒီမိုကရေစီစနစ်ကို သွားနေပြီလို့ သတ်မှတ်ချင်ရင် ကျောင်းသားတွေရှေ့မှာ အာဏာရှင်စနစ်ကို အားပေးအားမြှောက်ပြုထားတဲ့စာတွေထဲကလို ပညာရှင်တစ်ယောက်ကို ထမင်းအိုးတစ်လုံးနဲ့ တန်ဖိုးမဖြတ်ပြမိဖို့ လိုပါတယ်။ ပြောချင်တာက ၁၀တန်း အင်္ဂလိပ်ပြဋ္ဌာန်းစာအုပ်ထဲက ဂီတသမားကို သူ လေ့လာထားတဲ့ ဂီတပညာနဲ့ တန်းဖို့ မဖြတ်ဘဲ ထမင်းအိုးတစ်လုံးနဲ့ တန်ဖိုးဖြတ်ပြလိုက်သလို မဖြစ်ဖို့ လိုပါတယ်။ ပညာရှင်တွေကို ထမင်းတစ်လုံးနဲ့ တန်ဖိုးဖြတ်တတ်တဲ့လူမျိုးတစ်မျိုးဟာ ဘယ်လိုအဆင့်မျိုးကို ရောက်သွားနိုင်တယ်ဆိုတာကို သတိပြုကြဖို့ပဲ ဖြစ်ပါတယ်။

အောင်နိုင်

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။