Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, February 15, 2013

“ကျွန်တော့်ရဲ့ဗယ်လင်တိုင်း”

 
ဗလ်လင်တိုင်းနေ့ အမှတ်တရ ကျွန်တော့်ရဲ့ ကိုယ်တိုင်ရေး ရသစာစုလေးပါ …… (သုတစာတွေကိုပဲ အဓိက ရေးနေတဲ့ ကျွန်တော့်ရဲ့ ရသစာစု လက်ရာလေးကို လည်း ခံစားအကဲဖြတ်ကြည့်ပေးကြစေလိုပါတယ် …… )

“ကျွန်တော့်ရဲ့ဗယ်လင်တိုင်း”

ဗယ်လင်တိုင်းတဲ့ …
ကိုယ့်ရိုးရာ၊ ကိုယ့်ယဉ်ကျေးမှု မဟုတ်ပေမယ့် …
မြန်မာပြည်ထဲ ရောက်နေတာတော့ အချိန် တော်တော် ကြာနေပြီ …


ထုံးစံအတိုင်းပေါ့ ချစ်သူ ကောင်ကလေး နဲ့ ကောင်မလေး အင်္ကျီတွေ ဆင်တူဝတ်ပြီး၊ လျှောက်သွားကြမယ် … တစ်ယောက်နဲ့ တစ်ယောက် ဗယ်လင်တိုင်း အမှတ်တရ လက်ဆောင်တွေ၊ ပန်းစည်းတွေ အပြန်အလှန်ပေးကြပေါ့… ချော့ကလက်ကလည်း ပါသေးတယ် … တစ်ယောက်ကို တစ်ယောက် ကြည့်မဝ ရှုမဝ အချိန်တွေကုန်လို့ ကုန်မှန်းမသိ ချစ်ကြည်နူးပြီး ပျော်မြူးနေကြတဲ့ ကာလ … အဲဒါက ဗယ်လင်တိုင်းနေ့မှာ အတူရှိနေခွင့်ရကြတဲ့ ချစ်သူစုံတွဲ အများစု ရဲ့ ဗယ်လင်တိုင်းပေါ့ ……

ချစ်သူက အဝေးရောက်နေတယ်ဆိုရင်လည်း ဒီနေ့အမီ တစ်ယောက်ကို တစ်ယောက် ပန်းစည်းတွေ၊ လက်ဆောင်တွေပို့ကြပေါ့၊ နှစ်ယောက်အတူတူ သူများတွေလို ချစ်ကြည်နူးချင်ပေမယ့် ချစ်ရသူက ဘဝ တာဝန်တွေကြားက ဝေးတစ်နေရာမှာ အသံလေးကြားရရုံ နဲ့ အလွမ်းက မပြေတော့ တစ်ယောက်နဲ့ တစ်ယောက် မျက်လုံးခြင်းဆုံ ရင်ခုန်သံတွေ ထပ်တူပြုကြဖို့ Skype နဲ့ တွေ့ကြ၊ Tango နဲ့ ပြောကြ၊ VZO မှာ chat ကြ၊ facebook မှာ တစ်ယောက်ကို တစ်ယောက်လွမ်းတဲ့ အကြောင်းတွေ အမှတ်တရ အကြောင်းလေးတွေ status တွေတင်ကြ၊ ဓါတ်ပုံတွေတင်ကြ … အပြန်အလှန် like တွေလုပ်ကြပေါ့ … ဒါက ချစ်သူ အဝေးရောက်နေတဲ့ စုံတွဲတွေရဲ့ဗယ်လင်တိုင်းပေါ့ ….

ချစ်သူ မရှိသေးတဲ့သူတွေကလည်း သူငယ်ချင်းတွေ အချင်းချင်း Happy Valentine လုပ်ကြ၊ စကြနောက်ကြ စသည် စသည် ပေါ့ဗျာ ….

ကဲဒါဆို ကျွန်တော့်ရဲ့ ဗယ်လင်တိုင်း ကရော ….

ဒီနှစ်အတွက် ကျွန်တော့် ဗယ်လင်တိုင်းက သိပ်ပြီးတော့ ကဗျာမဆန်ဘူးဗျ …ပိတ်ရက်မဟုတ်တော့ ထုံးစံအတိုင်း ကျွန်တော်က မနက် မိုးလင်း ၆ နာရီခွဲ ကတည်းက ကျောင်းသွားရတယ်လေ …
၇ နာရီထိုးပြီဆိုတော့ ညီမလေး လည်းကျောင်းသွားပြီပေါ့ …။ ကျောင်းမှာ အတန်းပြီးတော့ နောက်တစ်တန်းဆက်ပေါ့ လမ်းပေါ်မှာတော့ အင်္ကျီဆင်တူလေးတွေနဲ့ စုံတွဲလေးတွေက နေရာအနှံ့ … တစ်ယေက်ကို တစ်ယောက် လက်ချင်းခိုင်ခိုင် တွဲလို့၊ ပခုံးပေါ်မှာ ခေါင်းလေးမှီလို့ စသည် စသည့် နေရာစုံမှာ အရောင်အသွေးစုံနဲ့ ချစ်သူ စုံတွဲလေးတွေ … ဗလ်လယ်တိုင်းနေ့ကို ဆင်နွဲနေကြလိုက်တာ …
ကျွန်တော်ကလည်း တစ်တန်းပြီး တစ်တန်း စာဆက်သင်လိုက်တာ ည ၈ နာရီခွဲမှ ပြန်ရောက်တယ်၊ ကျွန်တော် ပြန်ရောက်တဲ့ အချိန် ညီမလေး အဆောင်က ပိတ်နေပြီလေ ….တကယ်တော့ ကျွန်တော်က ည ၇ နာရီတန်း မတိုင်ခင် အချိန်မီရင် Happy Valentine အထိမ်းအမှတ် လှည်းတန်းက ရာမောင်သားမှာ ညနေစာ အတူတူစားမလို့ပါပဲ၊ ညီမလေးက ကျောင်းက ပြန်ရင် လှည်းတန်းကို ၅ နာရီခွဲ လောက်ဆိုရောက်တယ်၊ ဒါပေမယ့် အဲဒီအချိန်မှာ ကျွန်တော်က စာသင်နေတုန်း … ဒီလိုနဲ့ပဲ ကျွန်တော်တို့ နှစ်ယောက် ဒီနေ့မှာ ထမင်းအတူတူစားဖို့ ခဏထား၊ ဒီနှစ်ဗယ်လင်တိုင်းနေ့မှာ တစ်ယောက်နဲ့တစ်ယောက် ခဏလေးတောင်မှ မတွေ့လိုက်ကြရပါဘူးဗျာ …(တစ်နှစ်ထက် တစ်နှစ် အသက်တွေပိုကြီးလာလေလေ … ကိုယ်ပိုင်အချိန်တွေ နည်းလာလေလေ ပါပဲ …..)

ဒီနေ့ တော်တော်များများ ကတော့ အင်္ကျီဆင်တူတွေ ဝတ်ကြတယ်ဗျ …. ကျွန်တော်တို့ ကတော့ ဗလ်လင်တိုင်းနေ့မှ မဟုတ်ဘူး ခဏခဏလိုပါပဲ ကြိုတင် တိုင်ပင်မထားဘဲ အဝတ်အစားတွေ တိုက်ဆိုင်လေ့ ရှိတယ်ဗျ၊ ချော့ကလက်လည်း မကျွေးလိုက်ရပါဘူး ……

ချစ်သူများနေ့ရောက်မှ ချော့ကလက် စားရတာထက် သူနဲ့ ကျွန်တော် အမြဲတမ်း အမှတ်ရနေမယ့် အဖြစ်အပျက်တစ်ခုရှိတယ် …… ဘာလဲဆိုတော့ မနှစ်က ဒီလိုအချိန်ပေါ့ သရက်သီးတွေစပေါ်တော့ ညီမလေးက သရက်သီးစားချင်တယ်တဲ့ … ဒီစာကြောင်းကို ဖတ်နေတဲ့အချိန်မှာ သရက်သီးစားချင်တာများဗျာ အထူးအဆန်းလုပ်လို့ လှည်းတန်းဈေးမှာ သွားဝယ်စား ရတယ်လို့ မိတ်ဆွေကပြောကောင်းပြောနိုင်ပါတယ်။ တကယ်က အဲဒီလိုမဟုတ်သေးဘူးဗျ … ၊ ကျွန်တော်နေတဲ့ အနားမှာ သရက်ပင်ကြီးတစ်ပင်ရှိတယ်၊ သရက်သီးတွေ သီးနေလိုက်တာ ပြွတ်သိပ် နေတာပဲ၊ အဲဒီအပင်က သရက်သီးကို မှ စားချင်တယ်တဲ့ … တံချူနဲ့ ချူရအောင်လည်း ဘယ်က တံချူ ရမှာလဲ … အပင်တက်ရအောင်လည်း လူမြင်လို့မသင့်တော် …ကဲ ခင်ဗျားဆို ဘယ်လို လုပ်ပေးမလဲ … စိုင်းစိုင်းကတော့ “အချစ်အတွက်ဆို အသက်စွန့်မယ့် အောက်ချင်းငှက်။ ဘာတွေလိုချင်နေလဲ ငါကိုပြောပါ … အပ်က စပြီး ဒုံပျံအထိ” တဲ့၊ အောင်ရင်ကတော့ “ဘာပဲလုပ်ရ လုပ်ရလေ… မဟာသမုဒ္ဒရာ ဖြတ်ကာ လူကိုယ်တိုင်ကူးချင် ကူးခိုင်းလေ” လို့ပြောတယ်… ကျွန်တော့် ကလည်း အောင်ရင်တို့၊ စိုင်းစိုင်း တို့ထက် ဘယ်ညံ့လိမ့်မလဲ … မနက်အစောကြီး လူခြေတိတ်တဲ့အချိန် သွားခူးပြီး မနက်မိုးလင်းတာနဲ့ ရှေ့တော်မှောက် အရောက်ပို့လိုက်တာပေါ့ … အဲဒီအချိန်မှာ အံ့သြဝမ်းသာ သွားတဲ့ သူအပြုံးကို ခုအချိန်ထိ ကျွန်တော် မြင်ယောင်နေမိတယ် … ကျွန်တော်ခူးပေးတဲ့ သရက်သီးက ချောကလက်လောက်တော့ အရသာရှိချင်မှ ရှိလိမ့်မယ် … ဒါပေမယ့် ရင်ထဲက မေတ္တာ၊ ချစ်သူ့ဆန္ဒ လိုတ ရအောင် ဖြည့်ဆည်းပေးချင်တဲ့ ကျွန်တော့်စေတနာတွေ ပါဝင်နေတဲ့ သရက်သီးက သူ့အတွက် ဗယ်လင်တိုင်းနေ့ ရောက်မှ ကျွေးတဲ့ ချောကလက်ထက် ပိုကောင်းလိမ့်မယ်လို့ ကျွန်တော်ထင်တယ် …။ တစ်ခုခု ပေးပြီးရင် တစ်ခုခု ပြန်မမျှော်လင့်ပါနဲ့၊ ခင်ဗျားပေးတာနဲ့ ထပ်တူ ပြန်ရချင်ရင် စီးပွားရေးလုပ်တာဖြစ်သွားမှာပေါ့ … မေတ္တာမှန်ရင် ရောင်ပြန်ဟပ်တယ်ဗျ… ကျွန်တော် အတန်းက ပြန်လာလို့ သူလည်း အတန်းမရှိလို့ ခဏလောက်တွေ့လို့ရတဲ့နေ့တွေမှာ စတော်ဘယ်ရီသီးတွေ ဝယ်ပြီး သူကိုယ်တိုင် ဖျော်ထားလေ့ရှိတယ် … တနေကုန်ပင်ပန်းပြီး ပြန်လာတဲ့ အချိန်မှာ ညီမလေးဖျော်ထားတဲ့ စတော်ဘယ်ရီဟာ …. ကျွန်တော့် အတွက်တော့ နတ်သုဒ္ဓါပဲ … ဗယ်လင်တိုင်းနေ့မှာ ချောကလက် မစားလိုက်ရပေမယ့် သူကိုယ်တိုင်ဖျော်ထားတဲ့ စတော်ဘယ်ရီဖျော်ရည်ကိုပဲ ခဏခဏ သောက်ခွင့်ရချင်တယ် ……။

ဒီနေ့မှာ ချစ်သူတွေ တစ်ယောက်နဲ့ တစ်ယောက် လက်ဆောင်တွေ အပြန်အလှန် ပေးကြ၊ ဗယ်လင်တိုင်းကဒ် မှာ အမှတ်တရ စာသားလေးတွေရေးကြ ပေါ့၊ အမှတ်တရ လက်ဆောင်ကို ဆိုင်မှာ ဝယ်ပေးရတာထက် ကျွန်တော်ကိုယ်တိုင် လုပ်ပေးရတဲ (Hand made) ကိုပဲ ပိုကြိုက်တယ်… မနှစ်က သူ့မွေးနေ့မှာ သူ့ပုံကို ခဲပန်းချီဆွဲပြီး ပေးခဲ့တယ် …… Professional ပန်းချီဆရာတစ်ယောက် မဟုတ်ပေမဲ့ ရင်ထဲမှာ အမြဲရှိနေတော့ တော်တော့်ကို တူတယ် …… ကျွန်တော့် ဆောင်းပါး ပုံနှိပ်စာမျက်နှာ စပြီးဖော်ပြခံရတဲ့ နေ့ကလည်း ကျွန်တော့်အတွက် သူရဲ့ ကိုယ်ပိုင်လက်ရာ (Hand made ) စက္ကူနဲ့ခေါက်တဲ့ ဘောပင်ထည့်ဖို့ခွက်လေး ရခဲ့သေးတယ် … ဒီနှစ်ဗယ်လင်တိုင်း အတွက် ကျွန်တော် ပြန်ရောက်ရောက်ချင်း Hand made ဗလ်လင်တိုင်းကဒ်လေး တစ်ခုလုပ်လိုက်တယ် … မနက်မိုးလင်းတာနဲ့ သူ့အဆောင်ရှေ့မှာ နှင်းဆီတပွင့် နဲ့ Hand made ကဒ်လေးသွားပို့တဲ့ အချိန်မှာ တွေ့ရမယ့် သူ့အပြုံးကို တွေးကြည့်တာနဲ့တင် အရမ်း ရင်ခုန်ဖို့ကောင်းနေတယ် … (Post Valentine’s Day လို့ပြောရမလားပဲ) ။ ကျွန်တော်တို့ နှစ်ယောက်အကြောင်းပြောရင်တော့ ဝတ္ထုတစ်ပုဒ်နဲ့တော် လောက်မှာမဟုတ်ဘူး ….။ ကျွန်တော် အဓိကပြောချင်တာက တကယ်တော့ …… ချစ်သူတွေ အတွက် ဗယ်လယ်တိုင်းမှ မဟုတ်ပါဘူး … တစ်ယောက်နဲ့ တစ်ယောက် အမြဲတမ်း အပြန်အလှန် နားလည် တန်ဖိုးထားဖို့ပဲလိုပါတယ် … ကဲ ဒီလောက်ဆို ကျွန်တော့် ဗယ်လင်တိုင်း ဟာ ဘယ်လိုလဲဆိုတာ နားလည်လောက်ပါပြီ …… စိတ်ရှည်လက်ရှည် သည်းခံဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ……။ ဒီစာဆုံးသွားတဲ့အချိန်မှာ “ချစ်သူတွေ ဆိုတာ နေ့ရက် အချိန်မရွေး ဘယ်နေရာ ဘယ်ကိုရောက်ရောက်နေနေ အမြဲတမ်း အပြန်အလှန် နားလည်ပြီး တစ်ယောက်ကို တစ်ယောက် တန်ဖိုးထားဖို့ပဲ လိုတယ် …” ဆိုတဲ့ Message လေးကို အခြခံပြီး ကျင့်သုံးနိုင်ကြစေလိုပါတယ် …..

၂ဝ၁၃ ခုနှစ် ဗယ်လင်တိုင်း နေ့မှသည် နောင်နှစ်ပေါင်းများစွာအထိ ချစ်သူတိုင်း အပြန်အလှန်နားလည် တန်ဖိုးထားပြီး ပျော်ရွင်စရာနေ့ရက်တွေကို ထာဝရ ပိုင်ဆိုင်နိုင်ကြပါစေ ……… …… ……

**************************************************************

(ကျွန်တော့်လက်ရာ Hand made ဗလ်လင်တိုင်းကဒ်လေးနဲ့၊ ညီမလေးရဲ့လက်ရာ Hand made ဘောပင်ထည့်တဲ့ခွက် လေးကို Happy Valentine’s Day အမှတ်တရ အဖြစ် တင်ပေးလိုက်ပါတယ် …… သူ့ပုံကို ဆွဲထားတဲ့ ခဲပန်းချီလေးကို တင်ပေးလိုက်ရင် အော်ဒါတွေ လက်မလယ်အောင် ဆွဲနေရမှာစိုးလို့ တင်ပေးချင်ပေမယ့် ချန်ထားခဲ့ပါတယ်။)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။