Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, December 19, 2012

စီးပွားရေးလုပ်မည်ဆိုက ဆရာဝန်မလုပ်သင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြောကြား

KhingKhing Su shared Aye Chan Mon's photo.
စီးပွားရေးလုပ်မည်ဆိုက ဆရာဝန်မလုပ်သင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်
ပြောကြား


ဆရာဝန်လုပ်မည်ဆိုပါက စီးပွားရေးကို မကြည့်ဘဲ၊ စီးပွားရေးလုပ်မည် ဆိုလျှင်လည်း ဆရာဝန်လောက... အတွင်းသို့ ဝင်ရောက်မလာသင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ လာရောက်စဉ် ဆရာဝန် အချို့ကို ပြောကြားသွားသည်။ “စီးပွားရေး လုပ်ချင်တာလား။ ပိုက်ဆံလိုချင်ရင် ဆရာဝန် မလုပ်နဲ့၊ ပိုက်ဆံလိုချင်လို့ ရှိရင် စီးပွားရေးပဲ လုပ်ပါ။ ဆရ...ာဝန်ဖြစ်လာရင် ပိုက်ဆံရှာလို့ မဖြစ်ဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ဒီဇင်ဘာလ ၁၇ ရက်နေ့က ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ လာရောက်လေ့လာစဉ် တာဝန်ကျ ဆရာဝန်ငယ်များအား ဆေးရုံ အုပ်ကြီးနှင့် တာဝန်ကျ ဆရာဝန်များ ရှေ့တွင် ပြောကြားခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့သော ဆရာဝန်ငယ်အချို့သည် ဆေးရုံကြီးတွင် တာဝန်ထမ်းဆောင်ချိန်မှာ ၃ လသက်တမ်းသာ ရှိသေးကြောင်း သိရသည်။ ဒေါ်အောင်ဆန်းစုကြည် လာရောက်လေ့လာရာတွင် ဖျားနာဆောင်၊ ခွဲစိတ်ကုသဆောင်၊ အရေးပေါ်နှင့် ပြင်ပလူနာဌာနများ၊ ရေအိမ်သန့်ရှင်းမှုရှိ မရှိနှင့် လေဝင်လေထွက် ကောင်းမွန်ခြင်းရှိ မရှိ၊ ဆေးရုံ သန့်ရှင်းရေး စသည်တို့အပြင် တက်ရောက်ကုသလျက်ရှိသည့် လူနာများနှင့် မိသားစုဝင်များအား အဆင်ပြေမှုရှိ မရှိ မေးမြန်းခဲ့ပြီး ဆေးရုံရှိ ဝန်ထမ်းများ၏ လိုအပ်ချက်များကိုပါ မေးမြန်းခဲ့ကြောင်း သိရသည်။ ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာကျော်ကျော် အပါအဝင် တာဝန်ရှိ ဝန်ထမ်းများနှင့် တွေ့ဆုံ၍ ဆေးရုံကြီးအတွက် အဆင့်မြှင့်တင်ရန် လိုအပ်ချက်များကို အစည်းအဝေးခန်း တွင် ခေတ္တတွေ့ဆုံ မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။ “ဆေးရုံကြီးရဲ့ ဆေးကိရိယာ ပစ္စည်းတွေ အကြောင်း မေးတဲ့အခါကျတော့ သူတို့က ဝန်ခံပါတယ်။ လူနာကို အားလုံးယူခဲ့ခိုင်းရတယ်။ ဂွမ်းတို့၊ ပတ်တီးတို့ အားလုံးယူခဲ့ခိုင်းရပါတယ်တဲ့။ သူတို့အနေနဲ့လည်း ဒီဟာကို ပေးနိုင်တဲ့ အခြေအနေမှာ မရှိပါဘူးလို့ ပြောပါတယ်။ ကျွန်မတို့နိုင်ငံမှာ အရေးပါဆုံးဖြစ်တဲ့ ဆေးရုံကြီးမှာတောင် ဒီလိုအဆင့်အတန်း အင်မတန်မှ နိမ့်ကျနေတယ်ဆိုရင် ကျွန်မတို့ ပြည်သူတွေရဲ့ မျှော်လင့်ချက်အတွက် အင်မတန်မှ မှေးမှိန်နေတယ်လို့ ပြောချင်ပါတယ်။ ပညာရေးနဲ့ ပတ်သက်လို့ ပြောခဲ့တဲ့အတိုင်းပဲ ကျန်းမာရေးနဲ့ ပတ်သက်လို့ ကျွန်မတို့နိုင်ငံကို ထောက်ပံ့ချင်တဲ့ နိုင်ငံတွေ၊ အဖွဲ့အစည်းတွေ၊ ပုဂ္ဂိုလ်တွေ အများကြီး ရှိပါတယ်။ ဒါပေမယ့်လည်း လုပ်တဲ့နေရာမှာ စုစုစည်းစည်းနဲ့ ထိထိမိမိ လုပ်ဖို့က အင်မတန်မှ အရေးကြီးပါတယ်။ ဒါ့အပြင် ရန်ကုန်ဆေးရုံကြီး ဆိုတာဟာ ကျွန်မတို့ ဆေးပညာ သင်ကြားရေးနဲ့လည်း ဆက်နွှယ်နေပါတယ်။ ကောင်းတဲ့ဌာနတစ်ခုအနေနဲ့ ပြန်ပြီးမွမ်းမံသင့်ပါတယ်။ သုတေသနပြုနိုင်တဲ့ အခြေခံလိုအပ်ချက်တွေတော့ ရှိပြီးသားပါ။ ဒါပေမယ့် အဆင့်တော့ မမီတာပေါ့။ ဒါပေမယ့် အစကတည်းက ရောဂါတွေ မြောက်မြားစွာနဲ့ ပတ်သက်လို့ သုတေသနပြုနိုင်အောင် စစ်ဆေးနိုင်အောင်လို့ ဖန်တီးထားပါတယ်။ မတိုးတက်နိုင်ဘူး ဆိုပေမယ့် ဒါတွေက ရှိပြီးသားတွေဆိုတော့ ခေတ်မီအောင် လုပ်လိုက်နိုင်ရင် အများကြီး ကောင်းသွားပါလိမ့်မယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြည်သူ့လွှတ်တော်တွင် အရေးကြီးအဆိုအဖြစ် တင်သွင်းစဉ် ပြောကြားခဲ့သည်။ ရန်ကုန်ဆေးရုံကြီးတွင် ဒေါ်အောင်ဆန်းစုကြည်သည် တစ်နာရီကြာ လေ့လာ ကြည့်ရှုခဲ့ပြီး ဆေးရုံမှ တာဝန်ရှိသူတို့က သစ်ခွပန်း ပန်းချီကား လက်ဆောင်ပေးအပ်ခဲ့ကြောင်း ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့ထုတ် Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။


အေးချမ်းမွန်မှ International Social Network Myanmar တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :International Social Network Myanmar

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။