ရင်ထဲ စို့နင့် သွားစေခဲ့တဲ့ "ဒီ စကား"
ပြည်ပခရီးဖြစ်ဖြစ်၊ ပြည်တွင်းခရီးဖြစ်ဖြစ် အချိန်နဲ့ထမင်းမစားနိုင်တာခဏခဏြ ဖစ်လို့ ရိက္ခာ အနည်းငယ်သယ်တဲ့အကျင့်ပါနေပြီ။ စားရပုံ...
ပြည်ပခရီးဖြစ်ဖြစ်၊ ပြည်တွင်းခရီးဖြစ်ဖြစ် အချိန်နဲ့ထမင်းမစားနိုင်တာခဏခဏြ
ကလည်း တစ်ခါတလေ ရယ်ချင်စရာ ပါပဲ။ ဒေါက်တာတင်မာအောင်က သန့်စင်ခန်း မ၀င် မနေနိုင်တော့ပါဆိုပြီး အတင်းခေါ်သွားတာ။ သန့်စင်ခန်းထဲရောက်တော့မှ ဘီစကွတ်မုန့်လေးတွေ ထုတ်ကျွေးတာ ရှိခဲ့ဖူးပါတယ်။
ကားထဲမှာသွားရင်းလာရင်း စောင့်ကြိုနေတဲ့ပြည်သူတွေကို နှုတ်ဆက်ရင်း ကြားထဲက ဒေါက်တာ တင်မာအောင်ဖဲ့ဖဲ့ပေးတဲ့ မုန့်လေးတွေ ကပျာကယာစားရပါတယ်။ ဆရာဝန်ဆိုတော့ ဒေါက်တာ တင်မာအောင်က ကျွန်မကို အစိုတစ်ရှူးစက္ကူ၊ အခြောက်တစ်ရှူးစက္ကူတွေနဲ့ လက်သုတ်ပြီးမှ စားစေချင်တယ်။ ဒီလိုလုပ်နေလို့ကတော့ အချိန်မီစားပြီးမှာမဟုတ်ဘူး။ ခံနိုင်ရည်ရှိအောင် ညစ်ညစ်ပတ်ပတ်ပဲ စားတော့မယ်ဆိုပြီး ကျွန်မက တစ်ခါတည်းလှမ်းယူဖန် များတော့လည်း ဆရာဝန်မကြီးလက်လျှော့ရတာပေါ့။
လမ်းမှာစားလို့အကောင်းဆုံးကတော့ ပြည်သူတွေမေတ္တာနဲ့ပေးတဲ့မုန့်လေးတွေပါပဲ။ ဒီတစ်ခါ အညာခရီးမှာ ရွာလေးတစ်ရွာကလူတွေပေးလိုက်တဲ့ ထန်းသီးမုန့်အဖြူနဲ့ အကြော်စုံလေးတွေ က လတ်လတ်ဆတ်ဆတ်ဒေသထွက် လက်ရာတွေဆိုတော့ တကယ့်ကိုအရသာရှိပါတယ်။
ဒေါက်တာတင်မာအောင်က လိမ္မော်သီးလေးတွေရရင် သိပ်ကျေနပ်တာပဲ။
ကျွန်မ အာခေါင်ခြောက်တဲ့အခါ ကျွေးပါတယ်။ နှစ်ဦးပိုင်း ကြားဖြတ်ရွေးကောက်ပွဲအတွက် စည်းရုံးရေးခရီးတွေ သွားတုန်းကနဲ့မတူ၊ ထူးထူးခြားခြား မကွေးခရီးမှာ တစ်ရက်တည်းနဲ့ အသံဝင်ချင် လည်ချောင်း နာချင်လာတယ်။ ဖုန်နဲ့ နေပူတာနဲ့ ပြည်သူတွေနဲ့ စကားပြောတာများတာနဲ့ အားလုံးပေါင်းလိုက်လို့နဲ့ တူပါတယ်။ မကွေးအ၀င်မှာ လူငယ်လေးတစ်ယောက်က ပန်းသီးလေးတစ်လုံးပေးလိုက်တာ ချက်ချင်းကိုက်စားတဲ့ အခါ လန်းသွားရပါတယ်။ တည်းခိုနေတဲ့နေရာရောက်မှ ရေနွေးနဲ့ဆားငုံတာ၊ ဖီးကြမ်းငှက်ပျောနဲ့ ပျားရည်စားတာ စသဖြင့် လည်ချောင်းအမြန် ကုနည်းတွေစမ်းရပါတယ်။ ဒါပေမယ့် အခုထိ အားက ပုံမှန်မဖြစ်သေးပါဘူး။
ဒေါ်အောင်ဆန်းစုကြည်
(ဒီစကား-ဒီလှိုင်းဂျာနယ်)
Burma-Newselite.
ကားထဲမှာသွားရင်းလာရင်း စောင့်ကြိုနေတဲ့ပြည်သူတွေကို နှုတ်ဆက်ရင်း ကြားထဲက ဒေါက်တာ တင်မာအောင်ဖဲ့ဖဲ့ပေးတဲ့ မုန့်လေးတွေ ကပျာကယာစားရပါတယ်။ ဆရာဝန်ဆိုတော့ ဒေါက်တာ တင်မာအောင်က ကျွန်မကို အစိုတစ်ရှူးစက္ကူ၊ အခြောက်တစ်ရှူးစက္ကူတွေနဲ့ လက်သုတ်ပြီးမှ စားစေချင်တယ်။ ဒီလိုလုပ်နေလို့ကတော့ အချိန်မီစားပြီးမှာမဟုတ်ဘူး။ ခံနိုင်ရည်ရှိအောင် ညစ်ညစ်ပတ်ပတ်ပဲ စားတော့မယ်ဆိုပြီး ကျွန်မက တစ်ခါတည်းလှမ်းယူဖန် များတော့လည်း ဆရာဝန်မကြီးလက်လျှော့ရတာပေါ့။
လမ်းမှာစားလို့အကောင်းဆုံးကတော့
ဒေါက်တာတင်မာအောင်က လိမ္မော်သီးလေးတွေရရင် သိပ်ကျေနပ်တာပဲ။
ကျွန်မ အာခေါင်ခြောက်တဲ့အခါ ကျွေးပါတယ်။ နှစ်ဦးပိုင်း ကြားဖြတ်ရွေးကောက်ပွဲအတွက် စည်းရုံးရေးခရီးတွေ သွားတုန်းကနဲ့မတူ၊ ထူးထူးခြားခြား မကွေးခရီးမှာ တစ်ရက်တည်းနဲ့ အသံဝင်ချင် လည်ချောင်း နာချင်လာတယ်။ ဖုန်နဲ့ နေပူတာနဲ့ ပြည်သူတွေနဲ့ စကားပြောတာများတာနဲ့ အားလုံးပေါင်းလိုက်လို့နဲ့ တူပါတယ်။ မကွေးအ၀င်မှာ လူငယ်လေးတစ်ယောက်က ပန်းသီးလေးတစ်လုံးပေးလိုက်တာ ချက်ချင်းကိုက်စားတဲ့ အခါ လန်းသွားရပါတယ်။ တည်းခိုနေတဲ့နေရာရောက်မှ ရေနွေးနဲ့ဆားငုံတာ၊ ဖီးကြမ်းငှက်ပျောနဲ့ ပျားရည်စားတာ စသဖြင့် လည်ချောင်းအမြန် ကုနည်းတွေစမ်းရပါတယ်။ ဒါပေမယ့် အခုထိ အားက ပုံမှန်မဖြစ်သေးပါဘူး။
ဒေါ်အောင်ဆန်းစုကြည်
(ဒီစကား-ဒီလှိုင်းဂျာနယ်)
Burma-Newselite.
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။