Sa Maung shared Essential Moe's photo.
အောင်ဆန်းစုကြည်
...
( ၄.၉.၈၈ သတင်းမဂ္ဂဇင်း )
နိုင်ငံရေးအသိုင်းအ၀ိုင်းအတွင်း တွင် မွေးလာ၊ ကြီးပြင်းလာသူတစ်ဦး အနေနှင့် နိုင်ငံရေးလောကတွင် စိတ်ဝင်စား လာခြင်းသည် အထူးရှင်းပြရန်လိုမည့် အကြောင်းအရာတစ်ခု မဟုတ်ပါ။
ကျွန်မသိတတ်စ အရွယ်ကပင် မြန်မာပြည် နိုင်ငံရေး လှုပ်ရှားမှုများ၊ အထူးသဖြင့် ကျွန်မ၏ဖခင် ဗိုလ်ချုပ်အောင်ဆန်း၏
တိုင်းပြည်အတွက် ကြိုးပမ်းမှုများနှင့် နိုင်ငံအတွက် ထားရှိ ခဲ့သော မျှော်မှန်းချက်များနှင့် ပတ်သတ်သော ဆွေးနွေးစကားများကို
နေ့စဉ်မပြတ် ကြားနေရပါသည်။ ထိုသို့ ကြားခဲ့ရခြင်းဖြင့် မြန်မာနိုင်ငံ၏ တည်မြဲတိုးတက်ရေးသည် ပြည်သူလူထု၏ ညီညွတ်မှု၊ အကျင့်စာရိတ္တ
ကောင်းမွန်မှုနှင့် စီးပွားရေးခိုင်လုံမှု တို့အပေါ်တွင် တည်ရှိကြောင်းကို သဘောပေါက်ခဲ့ပါသည်။
ဖေဖေ၏ မဖြစ်မြောက်နိုင်ခဲ့သော ရည်ရွယ်ချက်များကို စိတ်ဝယ်ထား၍ ဖေဖေပြုစုပျိုးထောင်ခဲ့သော တပ်မတော်နှင့် ဖေဖေ့အပေါ် အင်မတန်မှ မေတ္တာထားသော လူထုအကြားတွင် စိတ်ဝမ်းကွဲစေနိုင်မည့် အခြေအနေမျိုး ဖြစ်ထွန်းလာသည်ကိုမြင်ရသော
အခါပိုမို၍စိုးရိမ်ပူပန်မိပါသည် ။
တိုင်းသူပြည်သား အားလုံးတို့သည် မိမိတို့ စွမ်းအားရှိသရွေ့  တိုင်းပြည်အကျိုးထမ်းဆောင်ဖို့ရ န် တာဝန်ရှိကြပါသည်။
ထို့ကြောင့် မြန်မာပြည်၌ စိတ်မချမ်းမြေ့ဖွယ်ရာအရေးအခင်းများ
ပေါ်ပေါက်လာသောအခါ ကျွန်မ၏တာဝန် မည်သို့မည်ပုံ ဖြစ်သည်ကို
သုံးသပ်ဆင်ခြင်ရပါတော့သည်။
တိုင်းသူပြည်သား အချင်းချင်း အာဏာလုပွဲကဲ့သို့ ဖြစ်မည့် နိုင်ငံရေးမျိုး ကို ရှောင်ကြဉ်လို ပါသော်လည်း ကြီးမားလှစွာသော တိုင်းပြည်ကျေးဇူး၊ ဖခင်ကျေးဇူးတို့ကို ဆပ်သည့်အနေနှင့် အများပြည်သူ လူထုအတွက်
အကျိုးရှိစေမည့် နိုင်ငံရေးစနစ် အမြစ်တွယ်စေဖို့ ကြိုးပမ်းပါတော့မည်ဟု ဆုံးဖြတ်လိုက်ခြင်း ဖြစ်ပါသည်။
Photo by Ko Aung Soemin's
နိုင်ငံရေးအသိုင်းအ၀ိုင်းအတွင်း
ကျွန်မသိတတ်စ အရွယ်ကပင် မြန်မာပြည် နိုင်ငံရေး လှုပ်ရှားမှုများ၊ အထူးသဖြင့် ကျွန်မ၏ဖခင် ဗိုလ်ချုပ်အောင်ဆန်း၏
တိုင်းပြည်အတွက် ကြိုးပမ်းမှုများနှင့် နိုင်ငံအတွက် ထားရှိ ခဲ့သော မျှော်မှန်းချက်များနှင့် ပတ်သတ်သော ဆွေးနွေးစကားများကို
နေ့စဉ်မပြတ် ကြားနေရပါသည်။ ထိုသို့ ကြားခဲ့ရခြင်းဖြင့် မြန်မာနိုင်ငံ၏ တည်မြဲတိုးတက်ရေးသည် ပြည်သူလူထု၏ ညီညွတ်မှု၊ အကျင့်စာရိတ္တ
ကောင်းမွန်မှုနှင့် စီးပွားရေးခိုင်လုံမှု တို့အပေါ်တွင် တည်ရှိကြောင်းကို သဘောပေါက်ခဲ့ပါသည်။
ဖေဖေ၏ မဖြစ်မြောက်နိုင်ခဲ့သော ရည်ရွယ်ချက်များကို စိတ်ဝယ်ထား၍ ဖေဖေပြုစုပျိုးထောင်ခဲ့သော တပ်မတော်နှင့် ဖေဖေ့အပေါ် အင်မတန်မှ မေတ္တာထားသော လူထုအကြားတွင် စိတ်ဝမ်းကွဲစေနိုင်မည့် အခြေအနေမျိုး ဖြစ်ထွန်းလာသည်ကိုမြင်ရသော
အခါပိုမို၍စိုးရိမ်ပူပန်မိပါသည်
တိုင်းသူပြည်သား အားလုံးတို့သည် မိမိတို့ စွမ်းအားရှိသရွေ့  တိုင်းပြည်အကျိုးထမ်းဆောင်ဖို့ရ
ထို့ကြောင့် မြန်မာပြည်၌ စိတ်မချမ်းမြေ့ဖွယ်ရာအရေးအခင်းမ
ပေါ်ပေါက်လာသောအခါ ကျွန်မ၏တာဝန် မည်သို့မည်ပုံ ဖြစ်သည်ကို
သုံးသပ်ဆင်ခြင်ရပါတော့သည်။
တိုင်းသူပြည်သား အချင်းချင်း အာဏာလုပွဲကဲ့သို့ ဖြစ်မည့် နိုင်ငံရေးမျိုး ကို ရှောင်ကြဉ်လို ပါသော်လည်း ကြီးမားလှစွာသော တိုင်းပြည်ကျေးဇူး၊ ဖခင်ကျေးဇူးတို့ကို ဆပ်သည့်အနေနှင့် အများပြည်သူ လူထုအတွက်
အကျိုးရှိစေမည့် နိုင်ငံရေးစနစ် အမြစ်တွယ်စေဖို့ ကြိုးပမ်းပါတော့မည်ဟု ဆုံးဖြတ်လိုက်ခြင်း ဖြစ်ပါသည်။
Photo by Ko Aung Soemin's
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။