24 December 2012 |By 8 Days
စာပေ အနုပညာနဲ့ တေးချစ်သူ ပရိသတ် အားလုံးက ကိုငှက်ကြီး လို့ ခေါ်တဲ့ တေးရေး တေးဆို
ထူးအိမ်သင်က “တကယ်လို့များ မင်းအပြုံးလေးများ မရှိရင်.. တကယ် လို့များ...” တေးသီချင်း တစ်ပုဒ် စပ်ဆို ခဲ့ဖူးပါတယ်။ အဲဒီသီချင်းကို နားထောင်မိရာက တကယ်လို့များ ဆိုတဲ့ စကားလုံးလေးက ကျွန်မ ခေါင်းထဲမှာ တွေးစရာ ဖြစ်လာ ခဲ့ပါတယ်။ ပြည်သူချစ်တဲ့ အနုပညာရှင်တွေကိုလည်း တကယ်လို့များ ဆိုတဲ့ ခေါင်းစဉ်အောက်မှာ စိတ်ကူးမိသမျှ မေးဖြစ်ခဲ့ပါတယ်။
တကယ်လို့များ ဝင့်ယမုံလှိုင်ကို လူသူမရှိတဲ့ ကျွန်းတစ်ကျွန်းပေါ် တစ်ယောက်တည်း ပို့လိုက်မယ်ဆိုရင် ဘာတွေ ယူသွားချင်လဲ။
အရမ်းကို ကြောက်နေမှာပဲ။ (ရယ်လျက်) အဲဒီလိုကြီး ဖြစ်ခဲ့မယ်ဆိုရင်တော့ အရင်ဆုံး ယူသွားမှာက ဖုန်း။
တကယ်လို့များ ကိုယ်ပါဝင် သရုပ်ဆောင်ထားတဲ့ ဇာတ်ကား (သို့) ကိုယ်တိုင် သီဆိုထားတဲ့ သီချင်းခွေကို လက်ဖက်ရည်ဆိုင်မှာ ဖွင့်ထားတာ တွေ့မိရင် ဘယ်လို ခံစားမိလဲ။
အဲဒီအချိန်မှာ သမီး သီချင်းကို လူတွေ နားထောင်နေတယ် ဆိုရင်တော့ အရမ်းကြိုက်တာပေါ့။ ကိုယ့်သီချင်း နားထောင်နေတယ်ဆိုပြီး ရင်တွေ ခုန်နေမှာပေါ့။
တကယ်လို့များ ကိုယ့်နာမည်နဲ့ လမ်းနာမည် ရှိခဲ့မယ်ဆိုရင်။
အဲဒီလမ်းမှာ ပဲနေတော့မယ်။ (ရယ်လျက်) အဲဒီလမ်းမှာပဲ အိမ်တစ်လုံးကို ဘယ်လောက်ဈေးကြီးကြီး ဝယ်ပြီးနေမယ်။
တကယ်လို့များ ကိုယ် Crazy ဖြစ်တဲ့ ကမ္ဘာကျော် အနုပညာရှင် တစ်ယောက်နဲ့ အလုပ် အတူတူ တွဲလုပ်ရမယ်ဆိုရင်။
ချက်ချင်းပြေးပြီးတော့ကို အလုပ်တူတူတွဲပြီး သွားလုပ်လိုက်မယ်။ အဲဒီနေရာကို ချက်ချင်း အရောက်ပြေးသွားမယ်။
တကယ်လို့များ တစ်ရက်သာ အသက်ရှင်ရတော့မယ်ဆိုရင် ဘာတွေလုပ်ချင်လဲ။
တစ်ရက်သာ အသက်ရှင်ခွင့် ရမယ်ဆိုရင် အကြွေးတွေ အမြန်ပြန်ဆပ်ရမှာပေါ့။ ဟုတ်တယ်လေ။ တော်ကြာ နောင်ဘဝထိ ဝဋ်ကြွေးပါသွားရင် ဘယ်လိုလုပ်မလဲ။ (ရယ်လျက်)
တကယ်လို့များ ဝင့်ယမုံလှိုင်ကို နံပါတ်တွေနဲ့ ပတ်သက်ပြီး အယူသီးမှု ရှိလားလို့ မေးလာခဲ့ရင်။
နံပါတ်တွေနဲ့ ပတ်သက်ပြီဆိုရင် သမီးက နံပါတ် (၁) ကိုတော့ အရမ်းကြိုက်တယ်။ အဲဒီလိုမျိုး အယူသီးမှုတွေတော့ မရှိပါဘူး။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။