Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, December 24, 2012

၂၀၁၂ ခုနှစ်အတွင်း မြန်မာပြည်မှ အထူးခြားဆုံး အဖြစ်အပျက်ကြီး ၁၀ ခု

မဇ္ဈိမသတင်းဌာန | တနင်္လာနေ့၊ ဒီဇင်ဘာလ ၂၄ ရက် ၂၀၁၂ ခုနှစ်


ကမ္ဘာပျက်မည် ဆိုသည့်နေ့မှ နိုးထလာချိန်တွင် ကျွန်ုပ်တို့ရှေ့တွင် တောက်ပသော အနာဂါတ် ခေတ်သစ်ကြီးကို တွေ့မြင်လိုက်ရပါသည်။ မည်သို့ပင် ဖြစ်စေ ယခု ပွဲတော်ရာသီတွင် တနှစ်အတွင်း ပြန်ပြောင်း သတိရစရာလေးတွေကို ပြန်ပြောင်းလှည့်ကြည့်ဖို့လည်း လိုပါသည်။ ဒီနှစ်အတွင်း မြန်မာပြည်မှာ ဘာတွေ ဖြစ်ပျက်ခဲ့ပါသလဲ။
မဇ္ဈိမ၏ ညီအမ ထုတ်ဝေရေးလုပ်ငန်းတခု ဖြစ်သော M-Zine+ က တနှစ်အတွင်း ထူးခြားသည့် အဖြစ်အပျက်ကြီး ၁၀ ခုကို အယ်ဒီတာ့အကြိုက်အဖြစ် ရွေးချယ်ထားပါသည်။ ယခု အမှတ် ၁၀ ကို စတင် ဖော်ပြမည်ဖြစ်ပြီး ဒီဇင်ဘာ ၃၁ ရက်နေ့တွင် အထူးခြားဆုံး အဖြစ်အပျက်ဖြင့် အဆုံးသတ်မည် ဖြစ်ပါသည်။

မဇ္ဈိမသတင်းဝက်ဆိုက်မှာ ခရစ္စမတ် ကာလအတွင်း အနားမယူဘဲ ဆက်လက်၍ သတင်းများ တင်ဆက်နေမည် ဖြစ်သည်။ အတိကျဆုံး၊ အဆန်းသစ်ဆုံး မြန်မာပြည်သတင်းများကို ဤဝက်ဆိုက်တွင် ဆက်လက် တင်ပေးနေမည် ဖြစ်ပါသည်။

စာရှုသူများအားလုံးအတွက် ပျော်ရွှင်ဖွယ် ခရစ္စမတ်ချိန်ခါ ဖြစ်ပါစေဟု ဆုမွန်ကောင်း တောင်းအပ်ပါသည်။
မာယာလူမျိုးတို့၏ ပြက္ခဒိန် နောက်ထပ်တခါ ကုန်ဆုံးချိန်အထိ ကျွန်ုပ်တို့နှင့်အတူ ရှိနေလိမ့်မည်ဟုလည်း
မျှော်လင့်ပါသည်။

အမှတ် ၁၀ - ပြည်ပရောက်တို့ အိမ်အပြန်


မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) ဥက္ကဋ္ဌဟောင်း ကိုမိုးသီးဇွန် (ဝဲ) ရန်ကုန်
လေဆိပ်တွင် ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့က စကားပြောကြားနေပုံ။ မြန်မာပြည်သို့ ပြန်လာခွင့်ရသည့်
အတွက် ဝမ်းမြောက်ကြောင်း အခု လာရောက်ကြသူ အားလုံးကိုလည်း မိမိနည်းတူ ပျော်ရွှင်ကြစေလိုကြောင်း
ပြောကြားခဲ့သည်။ (ဓါတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)

ပြည်ပရောက်များ အိမ်ပြန်ခွင့်ရသည့် ဇာတ်လမ်းများသည် မကြာခဏပင် သမိုင်းဝင် ဇာတ်လမ်းများ ဖြစ်လာကြသည်။
ပြင်သစ် ဘုရင့်ဝါဒီတို့ ပြင်သစ်တော်လှန်ရေး ဝရုန်းသုန်းကား အခြေအနေကြီးအပြီး အိမ်ပြန်လာကြရာတွင်လည်း
ထိုသို့ပင် ဖြစ်ခဲ့သည်။ နပိုလီယံခေတ် တခေတ်လုံး ဘေးထွက် ထိုင်နေသူတို့လည်း ထိုသို့ပင် ပြန်လာခဲ့ကြသည်။

ဆိုဗီယက်ယူနီယံ ပြိုကွဲအပြီးတွင်လည်း အတိုက်အခံအများအပြား အိမ်ပြန်လာခဲ့ကြသည်။ သို့သော် သူတို့၏
အမိမြေမှာမူ တနိုင်ငံတည်း မဟုတ်တော့ဘဲ အစိတ်စိတ် ကွဲနေပြီ ဖြစ်သည်။

လှိုင်းဒဏ်လေဒဏ် ပင်လယ်ဓားပြရန်ကို အံတုကာ အင်ဒိုချိုင်းနားဒေသမှ ထွက်ပြေးလာကြသော လှေစီး
ပြေးဒုက္ခသည်များ (အိမ်နီးချင်းနိုင်ငံများမှ ကမ်းရိုးတန်း တလျှောက်တံငါများ) အများအပြားသည် ၁၉၉၀ စုနှစ်များမှ စတင်၍ တဖွဲဖွဲအိမ် ပြန်လာခဲ့ကြသည်။ သူတို့သည် မိမိတို့ အိုးအိမ်ဟောင်းတွေ ပြန်နေရန် ပြန်လာကြသူ အများအပြားဖြစ်ပြီး တချို့မှာ ပို၍ပင် ချမ်းသာကြွယ်ဝလာကြသည်။

မိမိတို့အိမ်မှ ဝေးကွာနေကြသော ပြည်ပရောက်တို့၏ ဘဝကို လွယ်လွယ်နှင့်စာဖွဲ့၍ မရပါ။ အချို့အတွက် စိတ်ထိခိုက်ဖွယ် အထီးကျန်နေရပြီး လမ်းပျောက်နေရသူများ ဖြစ်သည်။ အချို့သောသူများ အတွက်တော့ ဘဝသစ်ကို စရန် အခွင့်အရေးတရပ် ဖြစ်သည်။ အတော်များများအတွက်တော့ သူတို့ဘဝသည် တဦးချင်း၏ ကိုယ်ရည်ကိုယ်သွေး၊ စိတ်ခံစားမှု ဝန်ထုပ်ဝန်ပိုး၊ ထွက်ခွါသွားရသည့် အကြောင်းရင်းတို့အပေါ်တွင် တည်နေပါသည်။

ထို့နည်းတူ အဝေးရောက် ဘဝသစ်တွင် မည်ကဲ့သို့သော အခွင့်အလမ်းများ ရှိနေသည် ဆိုသည်ကလည်း ထိုကိစ္စအတွက် အရေးပါပါသည်။ အဆင့်အတန်း မြင့်မြင့်နေလာ၊ ပညာသင်လာခဲ့သော နိုင်ငံရေးဒုက္ခသည်တဦးက သာမန်လယ်သမား တဦးထက် လောကဓံတရားကို ပိုမိုရင်ဆိုင်ဖြေရှင်းနိုင်စွမ်း ရှိလိမ့်မည်ဟု ပြောရန်မှာလည်း ခက်လှသည်။

ဒီမှာလည်း ဒီလိုပင် ၂၀၁၂ ခုနှစ်အတွင်း မြန်မာအဝေးရောက်တချို့ တဖွဲဖွဲ သွေးတိုးစမ်း ပြန်လာခဲ့ကြသည်။ တချို့ခဏတာ အလည်အပတ်၊ တချို့က အပြီးပြန်။ ပြန်လာကြသူများမှာ မယုံနိုင်လောက်အောင်ပင် များလာနေသည်။ သူတို့ထဲတွင် မြန်မာနိုင်ငံ ယခင် စစ်အစိုးရဟောင်းကို ခုခံဆန့်ကျင်ခဲ့သည့် လက်နက်ကိုင်တပ်ဖွဲ့မှ ဒေါက်တာနိုင်အောင်နှင့်ကိုမိုးသီးဇွန်တို့လို လူတွေလည်း ပါသည်။ တချို့ကတော့ ဟန်ညောင်ရွှေလို နိုင်ငံရေးနယ်ပယ်တွင် လှုပ်ရှားလုပ်ကိုင်ခဲ့သူများ ဖြစ်ကြသည်။

မဇ္ဈိမကလည်း ပြည်ပရှိ မီဒီယာလုပ်ငန်းများနှင့် ဝန်ထမ်းများကို ရန်ကုန်သို့ လုပ်ငန်း လိုအပ်ချက်အရ ပြန်ရွှေ့
လာခဲ့သည်။ နေရာရွှေ့ပြောင်းခံရသူ လယ်သမားများနှင့် အလုပ်သမားများလို မထင်မရှား လူပုဂ္ဂိုလ်တို့လည်း စတင်ပြန်လာနေကြသည်။

နိုင်ငံတွင်း ကျန်နေခဲ့သူများနှင့် ပြည်ပသို့ ထွက်ခွါသွားသူများအကြားတွင် တင်းမာမှုများ နာကျည်းမှုများ မကြာခဏပင် ရှိနေတတ်ပါသည်။ အထူးသဖြင့် အဝေးရောက်များအတွက် အိမ်အပြန်ခရီးသည် အိမ်မှ ထွက်သွားတုန်းကလိုပင် ကမောက်ကမ အခြေအနေ၊ သောကဖြစ်စရာ အခြေအနေပင် ဖြစ်နေပါသည်။ သာမန်အားဖြင့်တော့ ဤပြဿနာများကို အချိန်ကသာ ကုစားသွားနိုင်မည် ဖြစ်သည်။ မြန်မာပြည်တွင် လုပ်စရာအလုပ်တွေ ရှေ့တွင် တပြုံတခေါင်းကြီး ရှိနေသည်ကြောင့် ရှိနေသော တင်းမာမှုမှန်သ၍ အချိန်မီ နေသားတကျ ဖြစ်သွားလိမ့်မည်ဟုမူ
မျှော်လင့်နိုင်ပါသည်။



အေးချမ်းမွန်မှ Mizzima - News in Burmese တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။