18 December 2012 |By Good Health
သွားနဲ့ သွားဖုံးရောဂါကြောင့် သွားဖုံး ရောင်ရမ်းမှုဖြစ်နေတဲ့ အသက် ၃၀ အရွယ် အမျိုး သားတွေဟာ ပန်းသေပန်းညှိုး ရောဂါဖြစ်နိုင်ခြေ သုံးဆခန့် ပိုမြင့်မား တယ်လို့ လေ့လာမှုအရ သိရပါတယ်။ တူရကီမှ သုတေသီတွေက အသက် ၃၀ မှ ၄၀ အရွယ် ပန်းသေပန်းညှိုး ရောဂါရှိသူ အမျိုးသား အယောက် ၈၀နဲ့ ရောဂါမရှိ သူ ၈၂ ယောက်ကို နှိုင်းယှဉ်ပြီး လေ့လာခဲ့ ပါတယ်။ ပန်းသေပန်းညှိုး ရောဂါရှိတဲ့ အမျိုးသားတွေရဲ့ ၅၃ ရာခိုင်နှုန်းမှာ သွားဖုံးရောင်ရမ်း နေတာတွေ့ရပြီး ရောဂါ မရှိသူတွေရဲ့ ၂၃ ရာခိုင်နှုန်းမှာသာ သွား ဖုံးရောင်နေတယ်လို့ တွေ့ရှိခဲ့ပါတယ်။ အသက်အရွယ်၊ အရပ်နဲ့ ခန္ဓာကိုယ်အလေးချိန် အချိုးအစား၊ မိသားစုဝင်တွေနဲ့ ပညာရေးအဆင့် အပါအဝင် တခြားအ ကြောင်းအရာတွေကို ညှိနှိုင်းပြီး ဒီအဖြေကို ရရှိခဲ့တယ်လို့ သိရပါတယ်။
သွားနဲ့ သွားဖုံးရောဂါ ဆိုးရွားစွာရှိ နေသူတွေမှာ သွားဖုံးကျန်းမာရေးကောင်း သူတွေထက် ပန်းသေပန်းညှိုးပြဿနာ ၃ ဒသမ ၂၉ ဆ ပိုများတယ်လို့ ဆိုပါတယ်။ ပန်းသေပန်းညှိုးပြဿနာဟာ ကမ္ဘာတစ် ဝှမ်းမှ အမျိုးသား သန်းပေါင်း ၁၅၀ ရဲ့ ဘဝအရည်အသွေးကို ထိခိုက်မှုရှိနေတဲ့ ကျန်းမာရေး ပြဿနာပါ။ ရောဂါရှိသူတွေရဲ့ သုံးပုံနှစ်ပုံဟာ သွေးကြောပြဿနာ ကြောင့် ဖြစ်ပေါ်တတ်ပြီး ကျန်လူတွေဟာ စိတ်ဖိစီးမှုနဲ့ စိတ်ကျဝေဒနာလိုမျိုး စိတ် ကျန်းမာရေးအခြေအနေတွေကြောင့် ဖြစ်တာပါ။ နာတာရှည် သွားနဲ့သွားဖုံး ရောင်ရမ်းတဲ့ရောဂါဟာ ဘက်တီးရီးယား ရောဂါပိုးကြောင့် ကူးစက်ရောဂါဖြစ်ပြီး များသောအားဖြင့် သွားဖုံးရောင်ရမ်းတတ် ပါတယ်။ အဲဒီရောဂါကြောင့် ပန်းသေပန်း ညှိုးရောဂါနဲ့ ဆက်စပ်နေတဲ့ နှလုံးသွေး ကြောရောဂါလိုမျိုး သွေးကြောရောဂါ တွေ ဖြစ်ပေါ်တတ်ပါတယ်။ ပန်းသေပန်း ညှိုးရောဂါနဲ့ သွားနဲ့သွားဖုံးရောဂါဟာ အသက်အရွယ်၊ ဆေးလိပ်သောက်တာ၊ ဆီးချိုရောဂါနဲ့ နှလုံေးသွးကြောရောဂါ လိုမျိုး ဖြစ်နိုင်ခြေများတဲ့အချက်တွေ တူညီတတ်ပါတယ်။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။