01 December 2012 |By 8 Days
8DAYS ပရိသတ်ကို အသစ် အသစ်သော မတူညီတဲ့ ခံစားမှု တွေ ရရှိနိုင်အောင် အယ်ဒီတာ အဖွဲ့က စဉ်းစားတိုင်ပင်လေ့ ရှိပါတယ်။ တစ်ခါတစ်ရံမှာ အယ်ဒီတာအဖွဲ့ရဲ့ စိတ်ကူးအတွေးနဲ့ ပရိသတ်ခံစားမှု တိုက် ဆိုင်သွားတဲ့အခါ ဖန်တီးမှု အတွက် ပီတိဖြစ်ရပါတယ်။
အဲဒီလို အတွက်လည်း အနုပညာရှင်၊ ဓာတ်ပုံ ပညာရှင်၊ မိတ်ကပ်ပညာရှင်တွေက ဝိုင်းဝန်းပံ့ပိုးကြလို့ သာကောင်းမွန်တဲ့ ပုံရိပ်တွေရရှိခဲ့တယ်ဆိုတာ ငြင်းမရတဲ့ အချက်တစ်ခုပါ။ ဝမ်းက အပျိုစင် ဘဝက မော်ဒယ်(လ်) အဖြစ်လုပ် ခဲ့ပေမယ့် ခုချိန်မှာတော့ အနုပညာ အလုပ်တွေနဲ့ ခပ်ဝေး ဝေးမှာရှိနေသူတစ်ယောက်ဖြစ် ပါတယ်။ ဒါပေမဲ့ Rဇာနည်နဲ့ အတူ အခမ်းအနားတွေမှာ တက် ရောက်လာတဲ့ ဝမ်းရဲ့ဖက်ရှင်တွေ ကိုတော့ ပရိသတ်တွေသဘောကျ စေခဲ့တာက အမှန်ပါပဲ။ ဖက်ရှင် ကျကျ ဝတ်တတ်ပြီး ခုချိန်ထိ လှသွေးကြွယ်နေတာကြောင့်ပဲ 8DAYS ရဲ့ Cover Star အဖြစ် ရွေးချယ်လိုက်ပါတယ်။
Q. ဝမ်းတို့စုံတွဲကို ဖက်ရှင် icon အဖြစ် သတ်မှတ်ထားတဲ့ အပေါ်ဝမ်းရဲ့ခံစားချက်
A. ဪသာ် အဲဒီလိုသတ်မှတ် ထားတယ်လား။ အဲဒါဆိုရင်တော့ ကျေးဇူးတင်ပါတယ်။ ဝမ်းက ဖက် ရှင်ကို နဂိုကတည်းကဝါသနာပါ တယ်။ စိတ်ဝင်စားတယ်။ ဒီလိုပဲ သွားရင်းလာရင်းနဲ့လေ့လာဖြစ်တယ်။ သေသေချာချာတော့ အချိန်ပေး မလေ့လာဖြစ်ဘူး။
Q. အနုပညာအလုပ်ပေါ်မှာ ရော
A. ဝမ်းအတွက် အနုပညာ အလုပ်က အပျိုဘဝနဲ့ ခုအိမ်ထောင် သည်ဘဝ ဘာမှမကွာဘူး အတူတူ ပဲ။ ဒါပေမဲ့ ခုက သေချာအချိန်မပေး နိုင်တော့လို့ သိပ်မလုပ်ဖြစ်တော့ တာ။
Q. အောင်မြင်တဲ့ အနုပညာရှင် တစ်ယောက်ရဲ့ အိမ်ရှင်မဖြစ်ရတဲ့ ခံစားမှုကရော
A. ပျော်ပါတယ်။
Q. မိခင်တစ်ယောက်ဖြစ်လာ တဲ့အချိန်မှာနားလည်လာတဲ့ မိဘ မေတ္တာက
A. မိဘမေတ္တာဆိုတာက အနှိုင်းမဲ့ပါပဲ။ အရမ်းကို ကြီးမားပါ တယ်။ မိဘကျေးဇူးဆပ်နိုင်ဖို့ ဆိုတာ လည်း မလွယ်ဘူးဆိုတာသိလာရ တယ်။
Q. အပျိုဘဝတုန်းက ဝမ်းရဲ့ တစ်နေ့တာနဲ့ခုတစ်နေ့တာ
A. အပျိုဘဝတုန်းကတော့ ဝမ်းအတွက်ဘာမှမထူးခြားဘူး။ နံနက်အိပ်ရာနိုးရင် အဆင်သင့် လုပ်ထားပေးတာ စားတယ်။ ပြီးရင် ဖုန်းပြောချင်ရင်ပြောမယ် ။ ပြီးအလှပြင်မယ်။ ကျောင်းရှိရင် ကျောင်းသွားမယ်။ ဒီလိုပဲ ။ ခုတစ်နေ့တာကတော့ တော်တော် လေးအလုပ်ရှုပ်တယ်။ နံနက်နိုး လာတာနဲ့ ဖစ်ဖစ်တုန် ကိုထိန်းရတာ ညမိုးချုပ်တဲ့အထိပဲ။ ကျန်တဲ့ အချိန်နည်းနည်းလေးကပဲ ကိုယ့် အတွက်ဖြစ်သွားတယ်။
Q. ဖစ်ဖစ်တုန်က ဝမ်းတို့အတွက် ကံကောင်းပျော်ရွှင်မှုတွေ ယူဆောင်လာတဲ့ ကလေးလို့ပြောကြတယ်။
A. ဝမ်းကတော့ အဲဒီလိုပြောကြတာ တော်တော်ပြည့်စုံနေပြီထင်ပါတယ်။ ဝမ်းကတော့ သားနဲ့ပတ်သက်ရင် ပြောမပြတတ်အောင်ပီတိ ဖြစ်ရပါတယ်။ သားသားနဲ့ပတ်သက်ရင် ရင်အမှတ်တရတွေအများကြီးပဲ။
Q. ခုအဘိဓမ္မာသင်တန်းတက် ဖြစ်ဖို့စိတ်ကူး
A. အဓိက Alpine က မဂျူးလီ၊ ကိုလွင်မိုး အမျိုးသမီး မမေသူတို့နဲ့က သူငယ်ချင်းတွေ ဖြစ်တယ်။ သူတို့က အဘိဓမ္မာ သင်တန်းတက်တော့ ဝမ်းကိုလည်း တက်ပါလားဆိုပြီးခေါ်တယ်။ အဲဒီ မှာ No က ရတနာရယ် ၊ ကိုဖိုးကာ အမျိုးသမီး မတိမ်နွယ်အေးတို့လည်း ပါတယ်။ ဝမ်းရဲ့အစ်မက အရင်ဆုံး တက်တယ်။ သူတို့က စကတည်းက တက်ဖို့ခေါ်တာ ဝမ်းကကလေးနဲ့ မအားတော့မတက်ဖြစ်ဘူး။ ခုနောက်ပိုင်းမှာ တစ်ပတ်တစ်ရက် ရအောင်တက်မယ်ဆုံးဖြတ်ပြီး တက် ဖြစ်တာ။
Q. အဲဒီသင်တန်းတက်ပြီး ဝမ်းရဲ့သိလာတဲ့အရာတွေက
A. ဝမ်းတက်တာသိပ်တော့ မကြာသေးဘူး။ ဒါပေမဲ့ တစ်ရက်ဆို တစ်ရက် ၀မ်းမသိသေးတဲ့အရာတွေ အကုန်သိလာတယ်။ ဥပမာပြောရ ရင်အလှူလုပ်တယ်ဆိုရင် ဝမ်းတို့က ရိုးရိုးပဲအလှူလုပ်လိုက်တာ။ ဒါပေမဲ့ အလှူလုပ်တဲ့အချိန်မှာ စိတ်ထား တတ်ဖို့ အဲဒီလိုလေးတွေသိလာရ တယ်။
Q. နောက်ထပ်တက်ဖြစ်တဲ့ သင်တန်းတွေရှိပါသေးလား
A. အိမ်ထောင်ကျပြီးမှ ပန်းအလှပြင်သင်တန်းတက်ဖြစ် တယ်။ ဝမ်းကအစကတည်းက ပန်းတွေအလှပြင်တာ စိတ်ဝင်စား တယ်။ ဝါသနာပါတယ်။ သူငယ်ချင်းတွေ အကုန်တက်ကြမယ်ဆို တာနဲ့ပဲတက်ဖြစ်သွားတယ်။
Q. လှပပျော်ရွှင်တဲ့ အိမ်ရှင် မတစ်ယောက်ရဲ့ခံစားမှု
A. ဝမ်းခုနေရတဲ့ ဘဝကို ပျော်ရွှင်သလို ကျေနပ်မှုလည်းရှိ တယ်။ ဝမ်းအိမ်ထောင်ကျတာ စောတယ်ဆိုပေမယ့် အပျိုဘဝတုန်း က ကိုယ်လုပ်ခွင့်မရတဲ့ အရာတွေ ကိုလည်း လုပ်ခွင့်ရှိလာတယ်။ ဝမ်း ကကိုယ်ဝါသနာပါတဲ့ အလုပ်တစ်ခုကို ဘယ်အချိန်ဖြစ်ဖြစ် ဖြစ်အောင် လုပ်မယ်ဆိုတဲ့စိတ်ကရှိပြီးသား ဝမ်းရဲ့ အမျိုးသားကလည်း ဝမ်းကို ပံ့ပိုးပြီးလုပ်ပေးတယ်။ ဝမ်းသင်တန်း သွားတဲ့အချိန်ဆိုရင် သူကအိမ်က ကိစ္စတွေလုပ်ထားတယ်။ ကလေး ထိန်းတယ်။ သူမကူညီဘူးဆိုရင် လည်း ဝမ်းကကိုယ်လုပ်ချင်တာတွေ ဘယ်လုပ်လို့ရမလဲနော်။
Q. အိမ်ထောင်တစ်ခု သာယာဖို့ဘယ်သူက ပိုအရေးကြီးတယ်ထင်လဲ။
A. နှစ်ယောက်စလုံးအရေးကြီးတယ်။ သူ့နေရာနဲ့သူပေါ့။
Q. အိမ်ထောင်ရှင်မတစ် ယောက်အနေနဲ့ အလှအပအတွက် ရော ဘယ်လိုထိန်းဖြစ်လဲ။
A. အဲဒီလို တကူးတကကြီး တော့ လုပ်ယူထိန်းသိမ်းတာမျိုးမရှိ ဘူး။ ကိုယ်နေ့စဉ်ပုံမှန်ပဲတစ်ကိုယ် ရေသန့်ရှင်းအောင်နေထိုင်ပြီး အာဟာရမျှတတဲ့ အစားအသောက် ပဲစားပါတယ်။
Q. ကို Rဇာနည်ကို သည်းသည်းလှုပ်အားပေးတဲ့ မိန်းကလေး ပရိသတ်တွေနဲ့ ဆုံရင်ဘယ်လိုခံစားရလဲ။
A. သူတို့ကကိုဇာနည်ရဲ့ အနုပညာကို အားပေးတာဖြစ်တဲ့ အတွက် ဝမ်းဘယ်လိုမှမခံစားရပါဘူး။
Q. သားသားကိုရော ဒီအရွယ်မှာ ဘယ်လိုထိန်းသိမ်း ပဲ့ပြင်မှုပေးလဲ
A. သားသားက အခုအရွယ်လေးနဲ့ တတ်နိုင်သလောက် နားလည်လွယ်အောင် စကားတွေအများ ကြီးပြောရ တာပေါ့။ ပြီးတော့ အရာရာကို သူလိုတိုင်းရတယ်ဆိုတာမျိုး ဝမ်းမဖြစ်စေချင်ဘူး။ ဘဝမှာ လောကကြီးထဲမှာ ရတာဆိုတာလည်း ရှိမယ်။ မရဘူးဆိုတာလည်းရှိမယ်။ သူကအမြဲတမ်း လွယ်လွယ်နဲ့ ရနေတယ်ဆိုရင် ဘဝမှာသူက နည်းနည်းလေးဆုံးရှုံးတာနဲ့ သူခံနိုင် မှာမဟုတ်ဘူး။ အဲဒီအတွက် သူပူဆာတဲ့ အရာတိုင်းကိုလည်း အမြဲတမ်း ဝယ်ပေးချင်မှ ဝယ်ပေးတာ။ သူဖြစ်ချင်တာကို ဝမ်းလိုက်လျော လေ့သိပ်မရှိဘူး။ ဆယ်ခုမှာ တစ်ခု လောက်တော့ ကန့်သတ်ထားတယ်။
Q. ကို Rဇာနည်ရဲ့ ပရိသတ်ကို ဘာတွေပြောချင်ပါသေးလဲ
A. ကိုဇာနည်ရဲ့ ပရိသတ်တွေကို ဝမ်းကျေးဇူးတင်ပါတယ်။ ဆက်လက်ပြီး အားပေးပါလို့ ပြောချင်ပါတယ်။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။