01 December 2012 |By 8 Days
အော်စကာဆုများ ပိုင်ရှင် ထိုင်ဝမ်နွယ် ဖွား အမေရိကန် ဒါရိုက်တာ အန်းလီကို တိုင်ပေ့(တရုတ်) တောင်ပိုင်းလယ်ယာ စိုက်ပျိုးရေးမြို့ကလေး မှာ ၁၉၅၄ ခုနှစ် အောက်တိုဘာ ၂၃ ရက်နေ့မှာမွေးဖွား ခဲ့ပါတယ်။ မိဘတွေက တရုတ်လူမျိုး တွေ ဖြစ်ကြပြီး ၁၉၄၉ ခု တရုတ် ပြည်တွင်းစစ် ဖြစ်တဲ့အခါ တရုတ် အမျိုးသားဝါဒီတွေ စစ်ရှုံးတာကြောင့် ထိုင်ဝမ်သို့ ပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်။ စစ်မှု ထမ်းဥပဒေအရ စစ်ထဲဝင်ပြီးတဲ့ နောက် တရုတ်ပြည်ကနေ အမေရိကန် ပြည်ထောင်စုကို ပြောင်းရွှေ့ ခဲ့ပါတယ်။
Grouching Tiger Uidden Dragon, Brokerback Moutain အပါအဝင် ရုပ်ရှင်ကားတွေ ရိုက်ခဲ့ပြီး ပထမဆုံး သော အော်စကာဆုရ အာရှတိုက်သား ဖြစ်ပါတယ်။
အင်တာဗျူးတစ်ခုမှာ "ကျွန်တော်ဟာ နိုင်ငံတစ်နိုင်ငံရဲ့ နိုင်ငံသား ဘယ်တုန်း ကမှ မဖြစ်ခဲ့ဘူး။ မိဘတွေက တရုတ်ပြည်ကနေ ထိုင်ဝမ်ကိုပြောင်းခဲ့ တယ်။ အမေရိ ကားမှာနေပြီး ခုတရုတ်ပြည်မှာ ပြန်လာနေတယ်။ ဒီတော့ အမေရိကား ရဲ့ ပြင်ပ လူဖြစ်နေပြန်ပြီ"။ ဒါရိုက်တာတစ်ယောက်ရဲ့ ဘဝကိုပြောပြရာမှာ "ဒါရိုက်တာလုပ်ရတာ ဈာန်ဝင်စားစရာမျိုးစုံကို ကျွန်တော်ရခဲ့ ပါတယ်။ ဘာကြောင့်လဲဆိုတော့ လူတွေနဲ့ ကျွန်တော်အလုပ်လုပ်နေ ရတာကိုး။ အတော်ပျော်စရာ ကောင်းပါတယ်"။ ရုပ်ရှင်သရုပ် ဆောင်ရွေးချယ်မှုအကြောင်း ပြောပြရာမှာ "မိန်းမဇာတ် ကောင် ဦးစားပေးရုပ်ရှင်ရိုက်တယ်။ ကျွန် တော်က မိန်းမတစ်ယောက် မဟုတ်ဘူး။ မိန်းမလျာတွေအ ကြောင်းရိုက်တယ်။ ကျွန်တော် မိန်း မလျာတစ်ယောက်မဟုတ်ဘူး"။
တရုတ်ပြည်မှာ ရုပ်ရှင်ရိုက်ရတာနဲ့ ဟောလိဝုဒ်မှာရုပ်ရှင်ရိုက်ရတာကွာ ခြားပုံကိုပြောရာမှာ "တရုတ်ရုပ်ရှင် ကားတွေရိုက်တယ်၊ ဒါရိုက်တာ အမိန့်ပေးလိုက်တဲ့အခါ ဘယ်သူက မှ မေးခွန်းပြန်မထုတ်ကြဘူး၊ ဟော လိဝုဒ်မှာတော့ လူတွေကိုနားလည် အောင်ပြောရတယ်။ ဘာကြောင့်ဒီ လိုရိုက်ချင်သလဲဆိုတာကို သူတို့ နားလည်အောင်ပြောပြရတယ်။ ဒီ တော့သူတို့က ပြန်ပြောကြတယ်။ အငြင်းအခုံဖြစ်ကြတယ်။ လွတ်လပ် စွာပြောဆိုနိုင်တဲ့ နိုင်ငံလေ၊ ဒီမိုက ရေစီနိုင်ငံလေ"။ ဒါရိုက်တာတစ် ယောက်ရဲ့ဘဝမှာ ရပ်တည်ဖြစ် သွားတဲ့အကြောင်းပြောပြရာမှာ "ခု အချိန်မှာ ကျွန်တော်ဒါရိုက်တာ တစ်ယောက်အဖြစ်ပဲ ရပ်တည် သွားတော့မယ်။ ဇာတ်ညွှန်းရေး တာထက် ဒါရိုက်တာ အဖြစ်ကိုပို နှစ်သက်မိတယ်" ။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။