Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, December 5, 2012

တရားခံဘယ်သူလဲဟေ့

05 December 2012 |By Health Digest
ရာသီအပြောင်းအလဲမှာ လူတိုင်း တစ်ရာသီမဟုတ် တစ်ရာသီမှာ အအေးမိတတ်တယ်။ လည်ချောင်းနာ လေ့ရှိတယ်။ လည်ချောင်းထဲမှာ ရှတတကြီး၊ ခြောက်သွေ့သွေ့ကြီး၊ အာခေါင်အနောက်ထဲမှာ နေရတာ ခိုးလိုးခုလုဖြစ်တတ်တာမို့ လည်ချောင်း ရှတတကြီး စပေါ်လာချိန်ကစပြီး နေလို့ထိုင်လို့ မကောင်းတော့ဘူး။ ဘာကြောင့် လည်ချောင်းနာရတာလဲ၊ ဆောင်းရာသီရဲ့ အေးမြခြောက်သွေ့တဲ့ လေစိမ်းကြောင့်လား၊ ရာသီအလိုက်ဖြစ် တတ်တဲ့ ဓာတ်မတည့် မှုကြောင့်လား၊ ဒါမှမဟုတ် ပိုအေးမြလာတဲ့ ဆောင်း ရာသီထဲ ဝင်လာလို့လား။ ဒီအချက်တွေ က နှစ်စဉ်ကြုံတွေ့ရတဲ့ အခြေခံ ရိုးရိုး အချက်လေးတွေပါ။ သို့ပေမယ့် တစ်ခါ တစ်ရံမှာ လက်သည် တရားခံက Streptococcus လို့ခေါ်တဲ့ စတရက် တိုကိုးကပ်စ် ဗက်တီးရီးယား ပိုးကြောင့် လည်း လည်ချောင်းနာ တတ်ပါသေး တယ်။ ဒီဗက်တီးရီးယား ပိုးကြောင့် ဆိုရင်တော့ နည်းနည်းသတိထားရမယ်။ သူ့ကိုမကုသဘဲထားရင် အန္တရာယ်ပေးလိမ့်မယ်။
ဒါကြောင့် ဆောင်းရာသီမှာ သင့်လည် ချောင်း ရှတတဖြစ်လာပြီး တစ်ရက် နှစ်ရက်နဲ့ သက်သာသွားရင် အိုကေ ပေါ့။ မသက်သာဘဲ ပိုမိုဆိုးဝါးလာရင် တရားခံဘယ်သူလဲဆိုတာ ရှာဖို့လိုပြီ။ လည်ချောင်းနာလာပြီဆိုရင် အရင်ဆုံး သတိထားရမှာက "လည်ချောင်းထဲ ရောင်ရမ်းနေပြီ" ဆိုတာပါပဲ။ အိမ်ရှိ အိမ်သားတစ်ဦးဦး (အရွယ်ရောက်သူ တစ်ဦးဦး) အား သင့်လည်ချောင်းအဝကို စစ်ဆေးကြည့် ရှုပေးရန်ပြောပါ။ ပါးစပ်ကျယ်ကျယ် ဟပြီး "အား" လို့ အော်လိုက်ပါက သင့်လည်ချောင်းအား နာစေတဲ့ သဲလွန်စကို တွေ့နိုင်ပါတယ်။ ခံတွင်း အနောက်ဘက် ဘယ်နှင့်ညာ နှစ်ဘက် မှာ အာသီးနီနီရဲရဲကြီး နှစ်လုံးကို ရောင်ရမ်းနေကြောင်း တွေ့ရမှာဖြစ် တယ်။ ပုံမှန်နေကောင်းနေချိန်မှာ အဲဒီ အာသီးတွေဟာ ပန်းရောင်လေးတွေ ဖြစ်တယ်။ ရောင်ရမ်းလာတဲ့အခါ နီရဲ လာတယ်။ ကြီးမားလာတယ်။ အော် လိုက်ချိန်မှာ နာချင်လည်း နာသွား မယ်။ သူတို့ကို တင်းသွားစေလို့ပါပဲ။ တစ်ခါတစ်ရံ အဲဒီအာသီးနီနီကြီးတွေ ပေါ်မှာ အဖြူရောင်၊ အဝါရောင် ပြည်စလေးတွေတောင် ဟိုတစ်ကွက် ဒီတစ်ကွက် ဆိုးဆိုးဝါးဝါး တွေ့ရတတ်တယ်။ Streptococcus ဗက်တီးရီး ယားပိုးကြောင့် ဖြစ်တာဆိုရင် နှာ စေး၊ နှာရည်ယိုတာမျိုး တွေ့ချင်မှ တွေ့ရတယ်။
အအေးမိလို့လည်ချောင်း နာတာကတော့ နှာရည်တွေကျ နှာ တရှုပ်ရှုပ်နဲ့ လည်ချောင်းနာပြီး နေလို့ မကောင်းတာ။ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ် တာက အအေးမိတဲ့ လက္ခဏာတွေ တွေ့ရတတ်တယ်။ အဖျားသွေးက အနည်းအကျဉ်းပဲ အများကြီး မတက် ဘူး။ ဒါပေမယ့် စတက်တိုကိုးကပ် ဗက်တီးရီးယားကြောင့်ဆိုရင် ကိုယ်ပူ ချိန်များတယ်။ ၁၀၁ ဒီဂရီဖာရင်ဟိုက် အထက်ရှိတတ်တယ်။ လည်ချောင်း နာတာလည်းပိုဆိုးတယ်။ နှာစေးတာ နှာရည်ယိုတာ သိပ်မရှိတတ်ဘူး။ သို့သော် သူလည်းပဲ အဖျားတက်ချင် မှ တက်တတ်တယ်။ ဗိုင်းရပ်စ်ပိုးလို ပဲ ကိုယ်အပူချိန် အနည်းငယ်လောက် ပဲ ရှိတတ်ပြန်တယ်။ ဗက်တီးရီးယားပိုးကြောင့် လည် ချောင်းနာတာဆိုရင် လည်ပင်းတစ် ဝိုက် မေးဖျားအောက်မှာအကျိတ်လေး တွေ စမ်းသပ်ကြည့်ပါ။ အကျိတ်တွေ ကြီးလာတာကြောင့် စမ်းသပ်မိလိမ့် မယ်။ စမ်းလို့ ဖိလိုက်ရင် နာလိမ့်မယ်။ ဘာကြောင့်ကြီးလာရသလဲဆိုရင် ၄င်း လင့်အကျိတ်တွေဟာ ဗက်တီးရီးယား ပိုးတွေကို ဖမ်းပြီး ဖျက်ဆီးရတဲ့အတွက် ရောင်ရမ်းလာရခြင်းဖြစ်တယ်။ လည်ချောင်းနာတယ်လို့ လွယ် လွယ်လေးပြောပေမယ့် နာတဲ့သူပဲ သိပါတယ်။ တအားကို နာကျင်ကိုက် ခဲတယ်၊ တချို့ရေတောင်မျိုချရ ခက် ခဲတယ်။ နာလို့ မျိုမချရဲတော့ဘူး။ ဒါပေမယ့် ဗိုက်ကဆာနေတော့ ကြိုးစား ပြီး စားတာပဲ။ အဲဒီအချိန်မှာ ကော်ဖီ ပူပူလေး၊ ကြက်စွပ်ပြုတ် သို့မဟုတ် ခေါက်ဆွဲပြုတ် ပူပူလေးသောက်ရင် လည်ချောင်းနာတာ အတော်အတန် သက်သာစေတယ်။
ဒါမှမဟုတ် ရေနွေးထဲ ဆားလက်ဖက်စားဇွန်း တစ်ဇွန်းစာလောက် ခလောက်ပြီး ခံတွင်းထဲရောက်အောင် ပလုတ်ကျင်း ပါ။ တစ်နေ့ကို ၂ ကြိမ်၊ ၃ ကြိမ် လောက် ဆားရည်ပလုတ်ကျင်းပေး နိုင်တယ်။ ခပ်နွေးနွေးလေးပေါ့။ ဒါမှ မဟုတ် ခံတွင်းပလုတ်ကျင်းဆေးရည် တွေ အမျိုးမျိုးရှိတာပဲ၊ ၄င်းတို့ကို လည်း သုံးပြီးအလွယ်တကူ ပလုတ် ကျင်းပေးနိုင်ပါတယ်။ တချို့ကတော့ ဇလုံငယ်တစ်ခု မှာ ပရုတ်ဆီ တစ်ကော်စာလောက် ထည့်ပြီး ၄င်းအပေါ်က ရေနွေးဆူဆူ လေး လောင်းချကာ ထွက်လာတဲ့ အငွေ့တွေကို ပါးစပ်ဖြင့် ခပ်ပြင်းပြင်း ရှူလိုက်ခြင်းဖြင့် လည်ချောင်းနာတာ သက်သာစေပါတယ်။ မျက်စိတော့ မှိတ်ထားရတယ်။ မဟုတ်ရင် ကသိ ကအောက်ဖြစ်ကာ မျက်စိစပ်ပြီး ကျိန်းတယ်။ အငွေ့တွေ တခြားမပျံ့ သွားစေချင်ရင် ဦးခေါင်းကို တဘက် လေးအုပ်ပြီး ဇလုံပေါ် မျက်နှာမှောက် ချပြီး ရှူပါ။ ဒီလိုမျိုး ၅ မိနစ်မှ ၁၀ မိနစ်တစ်ကြိမ် ရှူပေးနိုင်ပါတယ်။ တချို့ကတော့ လည်ပင်းမှာ မာဖလာလေးပတ်ပြီး နွေးနွေးထွေး ထွေးဖြစ်အောင်နေတယ်။ လည်ချောင်း နာချိန်မှာ ရေနွေးအိတ်လေး ကပ်ပေး နိုင်ပါတယ်။ ဒါမှမဟုတ် ကြပ်ထုပ် ပူပူလေး ထိုးပေးလည်း ရတယ်။ လည်ပင်းတစ်လျှောက် အကျိတ်လေး တွေကြီးလာရင် ဒီလိုလုပ်ပေးနိုင်တာ ကောင်းတယ်။ မြန်မြန်သက်သာစေ တာပေါ့။
တချို့ကမေးတယ်။ ကော်ဖီလို၊ စွပ်ပြုတ်လို လူမမာစာချည်းပဲ မစား ချင်ဘူး။ အိုက်စ်ခရင်မ် စားလို့ရသလားတဲ့။ လူငယ်ဆယ်ကျော်သက် တွေအဖို့ စားလို့ရပါတယ်။ ဘာဖြစ် လို့လဲဆိုတော့ အေးရင် ထုံကျဉ်စေ တယ်မဟုတ်လား။ အိုက်စ်ခရင်မ် အေးအေးလေး စားလိုက်တော့ လည် ချောင်းနာနေတာ ထုံကျဉ်သွားစေလို့ နာမှန်းမသိတော့ဘူး။ အနည်းအကျဉ်း စားနိုင်တယ်။ Milk Shake လို့ခေါ် တဲ့ နို့နဲ့ အရောအနှော အအေးရည် လည်း သောက်နိုင်ပါတယ်။ ဒါကြောင့် အအေးရည်လည်း သောက်နိုင်တယ်။ အပူလည်း သောက်နိုင်တယ်။ သိပ် ငယ်တဲ့ ကလေးတွေ၊ သက်ကြီးရွယ်အို တွေကတော့ အတင့်မရဲပါနှင့်။ အ အေးစာတွေ အများကြီး မစားသင့်ပါ။ လည်ချောင်းသိပ်နာတဲ့ အချိန်မှာ တြွကပ်ြွကပ်ဝါးစားရတဲ့အစားအစာတွေ နဲ့အစပ်တွေခေတ္တရှောင်သင့်တယ်။ နောက်တစ်ခုက ရေတတ်နိုင် သမျှ သောက်ပါ။ ရေချည်းသောက် ရမှာမကြိုက်ရင် လတ်လတ်ဆတ် ဆတ် အသီးဖျော်ရည်များ သောက် ပေးပါ။ စတော်ဘယ်ရီဖျော်ရည်၊ လိမ္မော်ဖျော်ရည်၊ ဆန်းကစ်ဖျော်ရည်၊ သရက်သီးဖျော်ရည်၊ ပန်းသီးဖျော်ရည် စတဲ့ အသီးတွေ ဖျော်စက်ထဲထည့် ဖျော်သောက်ပေးနိုင်ပါတယ်။ဗီတာမင် ဃ က အရောင်အရမ်းကျစေတယ်။ ချင်းပြုတ်ရည် ပူပူလေးလည်း သောက်နိုင်ပါတယ်။ လည်ချောင်းနာ တာ သက်သာစေတယ်။ သိပ်နာလွန်း ရင် ငုံဆေးပြားနဲ့ အကိုက်အခဲပျောက် ဆေး သောက်နိုင်ပါတယ်။ ဗက်တီးရီး ယားပိုးကြောင့် လည်ချောင်းနာတာ သေချာရင် ဆရာဝန် က ပဋိဇီဝဆေး ပေးပါလိမ့်မယ်။
ဒေါက်တာရည်ညွန့်မေ
Health Digest

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။