Moe Heine shared Royal Hero Media's photo.
ခံတွင်း အတွင်းရှိ သွားများ မခံနိုင်အောင် ကျင်ကျင်နေခြင်းသည် အချိန်မီ မကုသပါက သွားများ ပျက်စီးတော့မည့် ရေ...
ှးဦး လက္ခဏာ ဖြစ်ကြောင်း သိရသည်။
ပုံမှန်အားဖြင့် အချဉ်ဓာတ်ပါသော အစားအစာများ စားပြီးချိန်နှင့် တစ်ခါတစ်ရံ အချိန်များတွင် သွားများ ကျင်လေ့ရှိသော်လည်း မခံမရပ်နိုင်အောင် သော်လည်းကောင်း နေ့စဉ်ရက်ဆက် သော်လည်းကောင်း သွားများ ကျင်လာလျှင်မူ သတိထား ကုသသင့်ကြောင်း သွားဘက်ဆိုင်ရာ ဆရာဝန်များက ပြောသည်။ အပေါ်ယံ အပွန်းအပဲ့ ခံနိုင်ရန် ဖုံးအုပ် ကာကွယ်ထားသော ကြွေလွှာသည် နည်းစနစ် မမှန်သည့် သွားတိုက်မှု ပုံစံကြောင့် လည်းကောင်း၊ သွားအား တုတ်နှင့် ထိုးလေ့ရှိခြင်းကြောင့် လည်းကောင်း၊ တစ်ခုခုနှင့် ထိခိုက်မိခြင်းတို့ကြောင့် လည်းကောင်း ကြွေလွှာများ တဖြည်းဖြည်း ပါးလာသောအခါ ကျင်လွှာအား ထိခိုက်မိပြီး သွားများ ကျင်ခြင်းဖြစ်ကြောင်း သွားဘက်ဆိုင်ရာ ဆရာဝန်တစ်ဦးက ပြောသည်။
“ သွားကျင်တာ အမြဲတမ်းဖြစ်လာရင် နောက်ပိုင်း သွေးရှိတအခေါင်းပေါက် ပွင့်သွားပြီး ပါးစပ်အတွင်း နေထိုင်တဲ့ ပိုးမွှားတွေ ခန္ဓာကိုယ်အတွင်း ရောက်ရှိသွားပြီး အန္တရာယ် ရှိလာနိုင်ပါတယ်။ ပြီးတော့ ကြာလာရင် သွားကိုက်တာတွေ၊ သွားဖုံးရောင်တာတွေလည်း ဖြစ်လာနိုင်ပါတယ် ” ဟု အဆိုပါ ဆရာဝန်က ပြောသည်။ ခံတွင်းနှင့် ပတ်သက်ပြီး လူအများသည် ပုံမှန် စစ်ဆေးခြင်း၊ ရောဂါဖြစ်လာပါက စောစီးစွာ ကုသခြင်းများ မရှိဘဲ သွားများ မခံမရပ်နိုင်အောင် နာကျင်ကိုက်ခဲသည့် အချိန်မှသာ သွားဆေးခန်းသို့ ရောက်လာလေ့ရှိကြောင်း သိရသည်။
“ သွားကျင်နေတာက တော်တော်လေးကို ကြာပြီ။ ကိုယ့်ပတ်ဝန်းကျင်က လူ တော်တော်များများလည်း သွားကျင်နေကြတယ်လို့ ပြောကြပေမယ့် မနေနိုင်အောင် ကိုက်တာ မဟုတ်တော့လည်း သွားဆေးခန်းတွေ၊ ဘာတွေ လည်း မသွားဖြစ်တော့ပါဘူး ” ဟု အသက် ၄၂ နှစ် အရွယ် ကုမ္ပဏီ ဝန်ထမ်း အမျိုးသမီး တစ်ဦးက ပြောသည်။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။