Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, December 10, 2012

ကျွန်တော် နှင့် အထုပ်ကြီးများ





မနေ့က….လမ်းမပေါ်တွင် လွယ်အိပ်ကြီးတစ်လုံးကို ကိုင်၍ လျောက်သွားနေသူတစ်ယောက်အား စာေ၇းသူမြင်တွေရလေသည်။ ထိုသူအား မကြာမကြာ ဘတ်စ်ကားပေါ်တွင်လည်းကောင်း၊ လမ်းမများပေါ်တွင်လည်းကောင်း၊ ဆိုင်တစ်ခု၏ ဘေးဘီဝဲယာတွင်လည်းကောင်း အထုပ်ပေါင်းများစွာ လွယ်လျက်တစ်မျိုး၊ ကိုင်လျက်တစ်ဖုံ၊ ထမ်းလျက်တစ်သွယ် မြင်တွေ့ပေါင်း များခဲ့တာကြာပါဘီ။တွေ့တိုင်းလည်း စပ်စပ်စုစုလေးဖြင့် သတိမူနေမိသည်။ ၎င်း၏ အိပ်များထဲတွင် အ၀တ်အစားအဟောင်းများ၊ ဖိနပ်အဟောင်းအ၇ံပေါင်းများစွာ၊ ဘီးတို၊ ဘီးစများ၊ ကျွတ်ကျွတ်အိပ်အထုတ်များ၊ ပုတီးကုန်းများ၊ စာတိုပေစများ၊ ကော်ဖီမစ်ထုတ်များ၊ ဆေးများ နှင့် တိုလီမုတ်စပစ္စည်းများ အမျိုးပေါင်းများစွာ ပါဝင်ပေလိမ်မည်။ ထိုသူသည် ထိုအထုပ်ကြီးအား ၎င်းသွားလေရာ နေရာများသို့ မနိုင်မနင်းထမ်းပိုးကာဖြင့် သွားရောက်သော ထုံးစံရှိပေသည်။ တစ်ခါတရံ ဘတ်စ်ကားပေါ်တွင် ၎င်းအထုပ်များနှင့် ကျကျနနထိုင်ကာ စားသောက်နေ လိုက်သေးသည်။ ဘယ်သွားသွား၊ ဘယ်လာလာ၊ ဘယ်မှာဘဲအိပ်အိပ် ၎င်းအထုပ်များအား ပျောက်သွားမည့်အလား ကိုယ်နှင့်မကွာထိန်းသိမ်းထားပေသည်။ ထိုအထုပ်များသည် သူ့အတွက်တော့ တန်ဖိုးအနဂ္ဂထိုက်တန်ပေလိမ့်မည်။ သူသည်၎င်း အထုပ်များမှလွဲ၍ ပတ်ဝန်းကျင်ကို လည်းဂရုတစိုက်ကြည့်ရှုလေ့လာမည်မဟုတ်။ ၎င်းအထုပ်များကို ထမ်းပိုး၍ ခရီးနှင်နေရသည်ကိုလည်း မောပန်းရကောင်းမှန်းမသိ၊ သာယာကြည်နှူး၍ပင် နေသယောင်ယောင်ဖြစ်၏။ ထိုသူသည်ကား စာရေးသူတို့ ရပ်ကွက်အတွင်းမှ စိတ်ပိုင်းဆိုင်ရာ ချို့တဲ့နေသူလူတစ်ယောက်ဖြစ်ပေသည်။

ထိုသူအားကြည့်၍ စာရေးသူစိတ်သန္တာန်တွင်လည်း ဒီလူလိုပါဘဲ…စာရေးသူနဲ့ ယခုစာရှုသူကိုယ်တိုင်လည်းဘဲ… တစ်နေ့တစ်နေ့ သားသမီးတွေအခြေတကျလှပဖို့၊ ၀မ်းရေးဝဖို့၊ သူများထက်အနေသာဖို့၊ အနေချောင်ဖို့၊ ဖောဖောသီသီသုံးနိုင်ဖို့၊ သူများချမ်းသာသလို ကိုယ်လည်းချမ်းသာဖို့၊ ၀တ်ကောင်းစားလှလေးတွေဝတ်ဖို့၊ ဒေါသတွေ၊ လောဘတွေ၊ မောဟ၊ မာန်မာန၊ တဏှာ တွေကို အခြေခံထားတဲ့ မကောင်းမှု အကုသိုလ်တရားတွေကို ရှေးရှုပြီး ရှာလိုက်ဖွေလိုက် ရလာတဲ့ ဥစ္စာပစ္စည်း၊ ရထားတဲ့ ဥစ္စာပစ္စည်းများကိုလည်း နည်းနေသေးရင် များအောင်၊ များနေရင်လည်း ဒီထက်ဆထက်များစွာ ဖြစ်လာအောင် နေမနား၊ ညမနား အလုပ်ပေါင်းများစွာကို လုပ်ကိုင်နေရပါတယ်။ ရလာတဲ့ ဥစ္စာပစ္စည်း အနည်း၊ အများပေါ်မူတည်ပြီး စုလိုက်ဆောင်းလိုက်ရ၊ မပျက်မစီးအောင်ထိန်းသိမ်းလိုက်ရ၊ သူခိုးသူဝှက်ရန်မှ ကာကွယ်လိုက်ရ နဲ့ အထုပ်သေးများအား ကြီးလာအောင်၊ အထုပ်ကြီးများအားလည်း ဒီထက်ပိုကြီးအောင်ကြိုးပမ်းနေရ ပါတယ်။ ဒီအထုပ်များသည် စာရေးသူကိုယ်တိုင်ရော စာရှူသူတွေအတွက်ပါ အဖိုးအနဂ္ဂထိုက်တန်သည်ဟု ယူဆခဲ့ကြပြီးဖြစ်နေပါသည်။ ဤသို့ဆိုလျင် စာရေးသူတို့လည်း အပေါ်က စိတ်ပိုင်းဆိုင်ရာချို့တဲ့သူတစ်ယောက်နဲ့ ဘာများခြားနေဦးမှာလည်း သူလည်း သူ့အထုပ်ကို တန်ဖိုးထားဖက်တွယ်ထားသလို၊ စာရေးသူများလည်း ကိုယ့်အထုပ်ကို တန်ဖိုးထားဖက်တွယ်နေကြရတာပါဘဲ။ တစ်ချို့တစ်လေများဆိုရင် အိမ်မှာ အဟောင်းပစ္စည်းများကိုလည်း မပြစ်ရက်၊ မရောင်းရက်၊ မပေးရက်ကြပါဘူး။ “အော်..တစ်ချိန်မှာ လိုအပ်ရင်သုံးလို့ရတယ်ဟဲ့” ဆိုပြီး သိမ်းထား၊ စုထားဆောင်ထားရပါသေးတယ်။ ဒီလိုနဲ့ အဟောင်းတွေလည်း တောင်လိုပုံ၊ အသစ်တွေကလည်း ထပ်ထပ်ရောက်လာနဲ့ စွဲလမ်းတဲ့ တဏှာနဲ့ ထိန်းသိမ်းရတဲ့ တာဝန်တွေလည်းကြီးလာလို့ အထုပ်ပေါင်းမြောက်မြားစွာ ဖြစ်မှန်းမသိဖြစ် လာခဲ့ပါဘီ။

သုံးလောက ထွဋ်ထား မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးက “ သားသမီး ကျွဲနွား ဥစ္စာတို့ဖြင့် ယစ်မူးမေ့လျော့လျက် ကာမဂုဏ်တို့၌ မရသေးသည်ကို တောင့်တ၊ ရပြီးသည်ကို တွယ်တာကပ်ငြိသည့် စိတ်ရှိသောသူကို ကြီးစွာသော ရေအလျဉ်သည် အိပ်ပျော်နေသော ရွာကို လွှမ်းမိုးတိုက်ယူ သကဲ့သို့ သေမင်းသည် သိမ်းယူသွား၏။” ဟု ကိသာဂေါတမီဝတ္ထု၊ ဓမ္မပဒပါဠိတော်ကြီးတွင် အတိအလင်း ဆုံးမတော်မူထားပြီးဖြစ်ပါသည်။

ထို့ကြောင့် စာရေးသူများလည်း အကုသိုလ်အထုပ်၊ ကုသိုလ်အထုပ်တွေလည်း ကျောပေါ်မှာရော၊ ပုခုန်းပေါ်မှာရော၊ လက်ထဲမှာလည်း မနိုင်မနင်းနဲ့ သယ်ပိုးရင်း ဘ၀ခရီးကို ဆက်လက်ထွက်ခွာနေလိုက်ကြတာ အချိန်များလည်း တစ်ရွေ့ရွေ့နဲ့ မှတ်တိုင် တစ်ခုမှတစ်ခုသို့ လျှင်မြန်စွာဖြတ်ကျော်နေတာကိုလည်း သတိမထားမိခဲ့ပါဘူး။

ဒီလိုနဲ့ နောက်ဆုံးတစ်နေ့ ခရီးဆုံးကို အမှတ်မထင်ရောက်သွားတော့မှ ရှာထား၊ ဖွေထားတာတွေကို လွတ်ချရတော့မယ်ဆိုတဲ့ အချိန်မှာ စွဲလမ်းစိတ်နဲ့များ မလွတ်ချမိခဲ့ရင်၊ ထမ်းထား၊ ပိုးထားတဲ့ အကုသိုလ်အထုပ်တွေ ကို ယခင်ထဲက ဖြုတ်ချခဲ့ဖို့ မေ့နေခဲ့တယ်ဆိုရင် ဒါမှမဟုတ် လွတ်ချဖို့၊ ဖြုတ်ချလိုက်ဖို့ လက်တွန့်နေသေးတယ်ဆိုရင်တော့ ဒီအလေး အပင်တွေကို ၇ွက်လို့ သံသရာခရီးလမ်းကို ကြမ်းတမ်းခက်ခဲ၊ ပင်ပန်းဆင်းရဲစွာ ထပ်မံလျောက်ကြရအုံးမှာပါဘဲခင်ဗျာ….

ဗုဒ္ဓဟောကြား မြတ်တရားရေးသားပူဇော်သည်…..


http://thevoicesofbuddha.wordpress.com/2011/05/27/%E1%80%80%E1%80%BC%E1%80%BA%E1%80%94%E1%80%B9%E1%80%B1%E1%80%90%E1%80%AC%E1%80%B9-%E1%82%8F%E1%80%BD%E1%80%84%E1%80%B9%E1%82%94-%E1%80%A1%E1%80%91%E1%80%AF%E1%80%95%E1%80%B9%E1%81%BE%E1%80%80%E1%80%AE/

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။