By ရွှေအိမ်စည်စာကြည့်တိုက် - စာပေဒါနပြုသည် on Sunday, December 9, 2012 at 6:53pm ·
အဲသလိုမှ မဟုတ်ပဲ သူများကိုတိုတ်နေတုန် ကိုယ့်ကိုလည် သူများက
ဝင်ဆော်နေတာ မသိပဲ ဖြစ်နေမှာ ဆိုလို့ပါ ... ညောင်းသီးလည်းစား
လေသံလည်နာထောင်ပေါ့။
အဆင့် ( ၁ )
ပထမဦးဆုံး မိမိကွန်ပျူတာတွင် Trojans များ ၊
Spyware များ ၊ Adware များနှင့် Rootkits ရှိမရှိ scan လုပ်ကာ ရှင်းလင်းပစ်ရပါမယ်။
ရှင်းရခြင်းမှာ အချို့သော ဗိုင်းရပ်စ်များဟာ Antivirus software များကို ဖျက်ဆီးကာ
ရပ်သွားစေပါတယ်။
အခမဲ့ download လုပ်နိုင်ပြီး အကောင်းဆုံးနဲ့
အလွယ်ကူဆုံး Tools များမှာ F-secure.com မှ fseasy-clean ၊ Microsoft.com မှ
malicious soft- ware removal tools နဲ့ emisoft.com မှ a-squar ed free
တို့ဖြစ်ပါတယ်။ အခြားသော virus removal tools များရှိသော်လည်း
ဗိုင်းရပ်စ်အမျိုးအစားနဲ့ အမည်များပေါ်တွင်လိုက်၍ ရှင်းထုတ်ရသောကြောင့်မလွယ်ကူပေ။
အထက်ဖော်ပြပါ အမျိုးအစားသုံးခုကို download လုပ်ပြီး ဗိုင်းရပ်စ်
ရှင်းလင်းခြင်းဖြင့် ဒုက္ခပေးမယ့်
ဗိုင်းရပ်စ် အတော်များများကို
ရှင်းလင်းပေးပါလိမ့်မယ်။
အဆင့် ( ၂ )
အထက်ပါအတိုင်း ဗိုင်းရပ်စ်များ ရှင်းလင်းပြီးပါက
လိုအပ်တဲ့ update များ လုပ်ရပါမယ်။ သင့်ရဲ့ operatiပေါ်လိုက်၍်service pack များနဲ့
security patch များ download လုပ်ကာ
updလုပ်ရပါမယ်။မိမိနိုင်ငံတွင်အိုင်တီအသုံးပြုသူများဟာထိုသို့ပြုလုပ်ရန် အင်မတန်
ဝန်လေးကြပါတယ်။ Microsoft.com မှ security bulletin နဲ့ service pack များကို
updateလုပ်တဲ့ အလေ့အကျင့်များ မွေးယူပါ။
မိုက်ခရိုဆော့ဖ်မှ Internet Explorer ဟာ
ဗိုင်းရပ်စ်များရဲ့ တိုက်ခိုက်မှူ အခံရဆုံး ဖြစ်သဖြင့် Mozilla firefox နဲ့opera
စတဲ့ Internet browser များကိုသုံးသင့်ပါတယ်။ အခမဲ့လည်း ရယူနိုင်ပါတယ်။ သို့သော်
သင့်အနေနဲ့ IE ကိုသာအသုံးပြုလိုပါက IE version 8 ကိုအသုံးပြုသင့်ပါတယ်။ အခမဲ့
download ရနိုင်ပါတယ်။
အဆင့် ( ၃ )
ယခုအဆင့်တွင် Antivirus software တစ်ခုခုကို
install လုပ်ရပါမယ်။ Free Antivirus အမျိုးအစားများတွင် ကောင်းမွန်တဲ့
အမျိုးအစားမှာ AVG နဲ့ BitDefender Antivirus အမျိုး အစားနှစ်ခုဖြစ်ပါတယ်။ ဒါ့ပြင်
အခြားသော Free Antivirus software များရှိပါတယ်။ ယင်းတို့မှာ Antidote Super Lite
version, Avast, Avira Antivir, Clam AV, ClamWin နဲ့ PC Tools Antivirus စသည်ဖြင့်
အမြာက်အများ ရှိပါတယ်။ Memory အစားသက်သာပြီး ကာကွယ်မှူ အားကောင်းကာ virus defination
ကိုအခမဲ့ download ပြုလုပ်နိုင်သဖြင့် AVG နဲ့ BitDefender
ကိုအသုံးပြုသင့်ပါတယ်။
Antivirus software ကို download ပြုလုပ်ပြီး
install ပြုလုပ်ပါ။ ထို့နောက် safemode မှ ဝင်ရောက်ပြီး fully scan ပြုလုပ်ပါ။
အပတ်စဉ် သုံးကြိမ်ခန့် definition update ပြုလုပ်ပါ။
အဆင့် ( ၄ )
အထက်ပါအဆင့်များ ပြုလုပ်ပြီးပါက Autorun feature
ကို disable ပြုလုပ်ဖို့ အဓိက လိုအပ်လာပါပြီ။ မိုက်ခရိုဆော့ဖ်အင်တာနက်စာမျက်နှာ
http;/support.microsotf.com/ kb/953252 တွင်သင့်ရဲ့ Window နဲ့ ကိုက်ညီသော update
ကို download ပြုလုပ်ကာ fixed လုပ်ပါ။ လိုအပ်ပါက မိမိကွန်ပျူတာထဲကို memory stick
CD ၊ DVD ချပ်များဖွင့်လိုရင် ယင်းကိစ္ဖများ လုပ်စဉ်အတွင်း shift key ကိုနှိပ်ထားပါ။
ထို့နောက် မိမိဖွင့်လိုတဲ့ Drive ကို double click မလုပ်ဘဲ Window explorer မှ
select လုပ်ကာ ရွေးချယ်အသုံးပြုပါ။ အထက်ပါအချက်များ လိုက်နာခြင်းအားဖြင့်
သင့်အတွက်အကောင်းမွန်ဆုံး ဗိုင်းရပ်စ် ကာကွယ်ရေးပြင်ဆင်ပြီး ဖြစ်သွားပါလိမ့်မယ် ။
။
by ကိုလင်း- သလ္လာဝတီ

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။