Zaw Mintun Zawmintun
ခရစ္စမတ် ကာလအတွင်း ရောင်းအားအကောင်းဆုံး ရေမွှေးများ စာရင်းတွင် ဂါဂါ၏ စိတ်ကြိုက် ရွေးချယ်မှု ရနံ့သည် ထိပ်ဆုံးနေရာတွင် ရှိနေကြောင်း သတင်းများက ဖော်ပြခဲ့သည်။
လေဒီဂါဂါ ရွေးချယ် ထုတ်လုပ်သော ရေမွှေးသည် ယခုအခါ ဗြိတိန်တွင် လူကြိုက်အများဆုံး ဖြစ်လာကြောင်း သိရှိရသည်။ ခရစ္စမတ် ကာလအတွင်း ရောင်းအားအကောင်းဆုံး ရေမွှေးများ စာရင်းတွင် ဂါဂါ၏ စိတ်ကြိုက် ရွေးချယ်မှု ရနံ့သည် ထိပ်ဆုံးနေရာတွင် ရှိနေကြောင်း သတင်းများက ဖော်ပြခဲ့သည်။ Poker Faceစတား အဆိုတော်သည် The Fame အမည်ရှိ ရေမွှေးကို ယခုနှစ်အတွင်း စတင် ထုတ်လုပ် ရောင်းချခဲ့သည်။ ယင်းသည် ဗြိတိန်တွင် လူကြိုက်အများဆုံး ရေမွှေးအဖြစ် လျင်လျင်မြန်မြန် ရေပန်းစားလာခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့်လည်း ပွဲတော် ရုံးပိတ်ရက် ရာသီတွင်ပါ ရောင်းအား ကောင်းနေခြင်း ဖြစ်သည်။The Fameသည် ဗြိတိန်တွင် ရောင်းအားအကောင်းဆုံး ရေမွှေးအဖြစ် မိမိတို့ ထောက်ခံကြောင်း ဗြိတိသျှ ရေမွှေးအရောင်းဆိုင်များ ကွန်ရက်က အတည်ပြုခဲ့သည်။ နာမည်ကျော် ရေမွှေး အရောင်းဆိုင်များ အားလုံး၏ ပွဲတော်ကာလ အရောင်းစာရင်းတွင် The Fameက (၁၉)ရာခိုင်နှုန်း နေရာယူထားခဲ့သည်။ James Bondရနံ့ 007 ရေမွှေးမှာမူ ဒုတိယ နေရာတွင် ရပ်တည်နေသည်။ ဘရစ်တနီ စပီးယားစ် ရွေးချယ်သည့် Midnight Fantasyမှာမူ တတိယ ချိတ်ခဲ့ပြီး ယင်းနောက်တွင် မက်ဒေါနား၏ Truth or Dareနှင့် Popဂီတအဖွဲ့ Steps၏ Guilty Pleasureတို့က အသီးသီး ရပ်တည်နေကြောင်း သိရှိရသည်။ Planet Myanmar Network
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။