Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, September 17, 2012

အမှိုက်ပုံးထဲက ရွှေမင်းသမီး

အမှိုက်ပုံထဲမှာ စာရေးဆရာ Hans Christian Andersenရဲ့ ပုံပြင်စာအုပ်တစ်အုပ်ကို သူကောက်ရခဲ့တယ်။ အဲဒီစာအုပ်လေးက သူ့အတွက် အဖိုးတန်ရတနာပစ္စည်း တစ်ခုလိုပါပဲ။ အိမ်ပြန်ရောက်ချိန် မီးရောင်မှိန်မှိန်အောက်မှာ ပုံပြင်စာအုပ်ကို လှန်လှောဖတ်ရင်း သူမိန်းမူးနေခဲ့တယ်။

သူ့နာမည်က Daniela Cottဖြစ်တယ်။ မိသားစုဝင်(၁၃)ဦးနဲ့ အာဂျင်တီးနားမြို့တော် Buenos Aires ရဲ့မြို့ပြင် ဆင်းရဲသားရပ်ကွက်တစ်ခုမှာ သူနေတယ်။ ဖခင်အလုပ်လက်မဲ့ဖြစ်ပြီးနောက် နဂိုဆင်းရဲတဲ့ သူတို့မိသားစုဟာ ပိုကြပ်တည်းသွားခဲ့တယ်။ မိဘတို့ရဲ့လေးလံတဲ့ဝန်ကို တစ်ဖက်တစ်လှမ်းက ကူညီနိုင်အောင် လိမ္မာသိတတ်တဲ့ Danielaဟာ ညနေကျောင်းဆင်းပြန်တိုင်း တွန်းလှည်းလေးတစ်ခုကိုတွန်းပြီး အရပ်လေးမျက်နှာ အမှိုက်လိုက်ကောက်ခဲ့တယ်။ အဲဒီကရတဲ့ ပိုက်ဆံအနည်းငယ်နဲ့ အိမ်ကို သူထောက်ပံ့ခဲ့တယ်။


အဲဒီညမှာ ပုံပြင်စာအုပ်ကိုဖတ်ရင်း Danielaစိတ်တွေ လှုပ်ရှားနေခဲ့တယ်။ သူလည်းပဲ ဆင်းရဲတဲ့စင်ဒရဲလားလေးလို မင်းသားလေးနဲ့တွေ့ဆုံပြီး ပျော်ရွှင်တဲ့ဘဝကို ရနိုင်ပါမလား?

ဘဝကို မျှော်လင့်ချက်အသစ်တွေနဲ့ Daniela စမျှော်လင့်ခဲ့မိတယ်။ မှန်ထဲက ကိုယ့်ပုံရိပ်ကို အကဲခတ်ပြီး သူအားရကျေနပ်စွာ ရယ်မောတတ်တယ်။ အဲဒီနောက် ဖခင်ကို စိတ်အားထက်သန်စွာနဲ့ "တန်ဖိုးရှိတဲ့အရာတွေ ပိုကောက်ရအောင် သူဌေးရပ်ကွက်ထဲ သမီးသွားကြည့်ချင်တယ်" လို့ သူပြောလိုက်တယ်။

အဲဒီနေ့ကအဖြစ်အပျက်ကို Daniela တစ်သက် မေ့မရခဲ့ဘူး။ အဲဒီနေ့ညနေခင်းမှာ အမှိုက်ပုံးထဲကအမှိုက်တွေကို သူဂရုတစိုက် လှန်လှောနေခဲ့တယ်။ ရုတ်တရက် သူ့ကို တစ်ယောက်ယောက်က တိုက်ချလိုက်တယ်။ လဲကျရာက သူကုန်းရုန်းထချိန် သူရှေ့မှာ လူတစ်ယောက် ရပ်နေတာကို တွေ့လိုက်တယ်။

အဲဒီလူဟာ ရုပ်ရည်ချောမော ခန့်ညားပြီး အနောက်တိုင်းဝတ်စုံကို သပ်သပ်ရပ်ရပ် ဝတ်ဆင်ထားတယ်။ Danielaရဲ့မျက်နှာ ရှက်သွေးတစ်ချက်ဖြာသွားတယ်။ သူ့အမှားမဟုတ်ခဲ့ပေမယ့် အဲဒီလူကို "ဆောရီး" လို့ဆိုပြီး သူအရင်တောင်းပန်မိတယ်။ ဒါပေမယ့် မထင်မှတ်ပါဘူး.. အဲဒီလူဟာ မျက်နှာရှစ်ခေါက်ချိုးနဲ့ နှာခေါင်းကိုလက်နဲ့ပိတ်ပြီး ဒေါသတကြီးသူ့ကို အော်ဟစ်လိုက်တယ်။

"ဘယ်က အမှိုက်ကောက်တဲ့ ကောင်မလဲ.. သွား.. မြန်မြန်ထွက်သွား"

ဒီစကားတစ်ခွန်းက Daniela ရင်ကို ပြောမပြနိုင်တဲ့ ခံစားမှုတွေနဲ့ ခံစားသွားစေခဲ့တယ်။ တွန်းလှည်းကို အမြန်တွန်းပြီး နေရာကနေ သူပြေးထွက်ခဲ့တယ်။ လမ်းမပေါ်မှာ အထက်တန်းကျကျ ဝတ်စားထားတဲ့ မြင့်မြတ်တဲ့ မိန်းကလေးတွေကို လက်မောင်းမှာချိတ်ထားကြတဲ့ "မင်းသား"လို ဝတ်ဆင်ထားတဲ့ အမျိုးသားတွေဟာ သူ့ကိုတွေ့လိုက်တာနဲ့ လက်ကိုင်ပုဝါထုတ်ပြီး နှာခေါင်းကို ပိတ်ထားတတ်ကြတယ်။ အဲဒီတခဏ စင်ဒရဲလားမင်းသမီးရဲ့ ကံကြမ္မာဟာ ပုံပြင်စာအုပ်ထဲမှာပဲရှိကြောင်း Daniela သဘောပေါက် နားလည်လိုက်တယ်။

အဲဒီနောက်မှာတော့ ဘာ"မင်းသား"ကိုမှ Daniela စိတ်ကူးမယဉ်ခဲ့တော့ဘူး။ မျှော်လင့်ချက် မထားခဲ့တော့ဘူး။ ဒါပေမယ့် ကိုယ့်အားကိုယ်ကိုးမယ်ဆိုတဲ့ အကျိုးဆက်တစ်ခုကိုတော့ သူရလိုက်တယ်။ ဆင်းရဲခြင်းဟာ တခဏသာဆိုတာကို သူစွဲမြဲယုံကြည်ထားတယ်။ ကိုယ့်အားကိုယ်ကိုး၊ ကိုယ့်ကိုယ်ကိုယုံကြည်ပြီး ပျော်ရွှင်တဲ့ဘဝကို တစ်နေ့ပိုင်ဆိုင်ရမယ်လို့ သူမျှော်လင့်ခဲ့တယ်။

အဲဒီတစ်နေ့ကို Daniela လုံးဝထင်မှတ်မထားခဲ့ဘူး။ ကံကောင်းခြင်းနတ်သမီးက တခြားနည်းနဲ့ သူ့ကိုတိတ်တဆိတ် ကောင်းချီးတွေပေးနေခဲ့တယ်။ တစ်ညနေမှာ နောက်ဆုံးအမှိုက်အိတ်ကို တွန်းလှည်းပေါ် သူတင်နေတုန်း အမျိုးသမီးတစ်ဦး သူ့ကို လှမ်းခေါ်လိုက်တယ်။

"မိန်းကလေး.. မိန်းကလေး... မင်း မော်ဒယ်လ်ဂဲလ်လုပ်ချင်သလား?"


အဲဒီအမျိုးသမီးက အာဂျင်တီးနားရဲ့ နာမည်ကြီး ဆွဲကြိုးဒီဇိုင်းဆရာ Marina Gonzalez ဖြစ်တယ်။
ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်ကို Marina က ဒီလိုပြန်ပြောင်း ပြောပြတယ်။

"အဲဒီတုန်းက ကျွန်မတို့ ခြံရှေ့မှာ Daniela အမှိုက်ကောက်နေတယ်။ သူဟာ အဝတ်အစား စုတ်စုတ်ပြတ်ပြတ် ဝတ်ဆင်ထားတယ်ဆိုပေမယ့် သူ့ကိုယ်ပေါ်မှာ လူ့တစ်ဘက်သားကို ဆွဲဆောင်စေတဲ့ ရိုးသားတဲ့ ရုပ်လက္ခဏာရှိတယ်။ အဖက်မလုပ်တဲ့ မာနတစ်မျိုးရှိတယ်။ ဒါဟာ သူ့ရဲ့ထူးခြားတဲ့ ဘဝအတွေ့အကြုံက သူ့ကိုပုံဖော်ခဲ့တာဖြစ်မယ်"
Daniela Cott
Marinaရဲ့ ကူညီပံ့ပိုးမှုကြောင့် လေ့ကျင့်ရေးစတိတ်စင်ပေါ် Daniela ရောက်သွားခဲ့တယ်။ ကြိုးစားအားထုတ်မှု၊ လုံ့လတွေက Danielaကိုပြောင်းလဲစေခဲ့တယ်။ ပထမအကြိမ်ပြုလုပ်တဲ့ ဖျော်ဖြေရေးပွဲမှာ လူအများရဲ့အသိအမှတ်ပြုတာကို သူခံခဲ့ရတယ်။ တဖြေးဖြေး သူနာမည်ရလာခဲ့တယ်။

(၂ဝဝ၈)ခုနှစ် ကမ္ဘာ့လက်ရွေးစင် မော်ဒယ်ပြိုင်ပွဲမှာ အာဂျင်တီးနားက လက်ရွေးစင်ပေါင်း(၁ဝဝဝ)ကျော်ကို အောင်နိုင်ပြီး Elite Model Lookအဖြစ် Daniela အနိုင်ရ ဗိုလ်ဆွဲသွားခဲ့တယ်။ နာမည်ရ အောင်မြင်လာတဲ့ Danielaကို ကမ္ဘာ့အရပ်ရပ်က သူဌေးသားတွေ လာရောက်ပိုးပန်းခဲ့ကြတယ်။ ဒါတွေအားလုံးကို Daniela ငြင်းပယ်ခဲ့ပါတယ်။"ဒီအချိန်မှာ ကျွန်မအလုပ်ချင်ဆုံးက ကျွန်မရဲ့အောင်မြင်မှုနဲ့ ဆင်းရဲကြပ်တည်းတဲ့ အမှိုက်ကောက်သူတချို့ရဲ့ ဘဝကိုမြှင့်တင်ပေးဖို့ပါပဲ။ နောက်ပြီး မိန်းကလေးတချို့ကိုလည်း ကျွန်မမှာချင်ပါတယ်။ ကိုယ့်ဘဝမျှော်လင့်ချက်တွေကို "မင်းသား" ရဲ့ ကိုယ်ပေါ်မှာ ပုံမအပ်ပါနဲ့။ ကိုယ့်အားကိုယ်ကိုးပြီး ကိုယ့်ကိုယ့်ကို ယုံကြည်အားထားမှ ပျော်ရွှင်ငြိမ်းချမ်းတဲ့ဘဝကို ရနိုင်မှာဖြစ်တယ်"

http://www.meiwenzhan.com/renshengzheli/gushi/20100125/4954.html

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

 

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။