ဘီယာဆိုင်မှာ ဇီဇာကြောင်ကာ မောင် မထိုင်နိုင်ပါ
အများသုံးပြီး ဈေးပေါတဲ့ လက်ဖက်ရည်ဆိုင်ထဲမှာ။
ဘာဘီကျုကို ပါတီလူစုပြီး မောင် မကိုင်နိုင်ပါ
ထမင်းတစ်ဆုပ် ဟင်းအပုပ်နဲ့ စက္ကူစုတ်ထဲမှာ။
အပေါင်ဆိုင်မှာ ယောင်တောင်ပေါင်တောင် မောင် မငိုင်နိုင်ပါ
လမ်းဘေးက အလုပ်ကြမ်းတဲ့ လုပ်ငန်းခွင်ထဲမှာ။
အပျိုတစ်သုတ်နဲ့ ဘီယာစုပ်ပြီး မောင် ဘိုလို မမှုတ်ချင်ပါ
တီဗွီ အစုတ် ပဲလှော်တစ်ထုတ်နဲ့ ရေနွေး မှုတ်သောက်တတ်သူပါ။
4D ထီ ဆိုင်မှာ တန်းစီပြီးတော့ ကံ ကို မောင် မမျှော်နိုင်ပါ
ကောင်းတဲ့ အလုပ်ဆို ဘာမဆိုလုပ်ဖို့ ဆုံးဖြတ်ထားသူပါ။
သူဌေးကြိုက်တဲ့ ခွေးမိုက်လို့ မောင် အခေါ်မခံနိုင်ပါ
အလုပ်ကြမ်းသမား ရောင်းရင်းများနဲ့ လက်ရည် တစ်ပြင်တည်းပါ။
ဒစ္စကို ဘားမှာ ညီအစ်ကို ကုလား နဲ့ မောင် မကနိုင်ပါ။
ခြေလှုပ်လက်လှုပ် လေချွန်ပြီးတော့ မောင်က အပျင်းဖြေတတ်သူပါ။
နွေနေပူပူ သူဌေး ဆူတဲ့ စင်ကာပူနိုင်ငံမှာ
ငွေလည်ချူယူ ကညာဖြူတွေနဲ့ မောင် မကြူနိုင်အားပါ။
ချွေးစေးကပ်နေတဲ့ မောင့်ရင်ဘတ်ရဲ့  အနီးဆုံး တစ်နေရာမှာ
အတင်း မတုတ်တတ်တဲ့ ရွာက မိဘုတ်အတွက် ကဗျာ တစ်ပုဒ် ကပ်ထားမှာ။ ။
မင်းအောင်သက်လွင်
ချစ်ရသူအတွက် ရှင်းပြထားတဲ့ ကဗျာလေးဖတ်ပြီး
ReplyDeleteပြုံးမိပါရဲ့ကွယ်
သားသားလေးချိုးဌက်ရေ
ကဗျာတွေများများရေးနိုင်ပါစေ
ဦးဆုံး follower လုပ်ခဲ့ရလို့ oမ်းသာမိတယ်
ခင်မင်တဲ့ မဂျီး jasmine