Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, March 11, 2016

“Samsung Galaxy S7 & S7 EDGE: Next Big Thing!”

“Samsung Galaxy S7 & S7 EDGE: Next Big Thing!”

Samsung အတွက်၂၀၁၆မျိုးဆက်သစ်စမတ်ဖုန်းဟာလုံးဝမတူညီတဲ့ အသွင် အပြင်တစ်ခုနဲ့သုံးစွဲသူတွေကိုဆွဲဆောင်ပေးမှာဖြစ်ပါတယ်။ဖန်သားနဲ့သတ္တု ပေါင်းစပ်မှုဟာ ရွေးချယ်စရာဖုန်းတွေထဲမှာအချောသပ်ကိုင်တွယ်စရာ ဒီဇိုင်း နဲ့အတူ ပြည်တွင်းကသုံးစွဲသူတွေအတွက်ဝင်ရောက်လာခဲ့ပါပြီ။ဖုန်း ကိုယ်ထည် ကိုအသေးစိတ်လေ့လာရမယ်ဆိုရင်တော့ဖုန်းရဲ့ဘေးထောင့်မှာ တော့အသံအတိုး၊အချဲ့ပြုလုပ်နိုင်မယ့်volume up/down ခလုတ်နှစ်ခုကို တပ်ဆင်ပေးထားပါတယ်။ပါဝါခလုတ်ကိုတော့ညာဘက်ဘေးဘောင်ရဲ့ အလယ်ဘက်နားမှာထည့်သွင်းတည်ဆောက်ထားတာကို တွေ့ရမှာဖြစ်ပါ တယ်။ မိုဘိုင်းဖုန်းပြောဆိုမှုအတွက်ဆင်းကတ်ထည့်သွင်းမှုကိုတော့ဖုန်း ကိုယ်ရဲ့ အပေါ်ဘက်မှာsim-card tray ကိုတပ်ဆင်ပေးထားပြီးNano Sim ထည့်သုံးမှရမှာပါ။ အောက်ဘက်မှာတော့စပီကာနဲ့headphone jack တို့နဲ့ အတူထောင့်နားမှာUSB 2.0 အပေါက်ကိုတွေ့မြင်ရမှာဖြစ်ပါတယ်။ Samsung Galaxy S7 ဟာScreen မျက်နှာပြင်အကျယ်၅.၁လက်မရှိပြီး၊ Samsung Galaxy S7 edge ကတော့၅.၅လက်မရှိပါတယ်။ပြီးခဲ့တဲ့နှစ်က ထွက်ရှိထားခဲ့ တဲ့စမတ်ဖုန်းတွေထက်မျက်နှာပြင်ပိုင်းမှာလည်းပိုမိုကြီးမား လာပါတယ်။Samsung Galaxy S7 နဲ့S7 Edge တို့ရဲ့Screen 2 ခုလုံး ကို2560X1440 pixel အရည်အသွေးရှိတဲ့Super AMOLED screen တွေ တပ်ဆင်ပေးထားတာကြောင့်ရုပ်ထွက်အလွန်ကြည်လင်ပြတ်သားတဲ့ပုံရိပ် တွေမြင်တွေ့ရမှာပါ။အရေးပါတဲ့ပြောင်းလဲမှုတစ်ခုအဖြစ်Galaxy S7 နဲ့S7 edge တို့ရဲ့ကင်မရာတွေမှာအလင်းအားနည်းချိန်အထူးကောင်းမွန်တဲ့ ဓာတ်ပုံများရိုက်ကူးနိုင်ဖို့F1.7 Lenses ကိုအသုံးပြုပေးထားပါတယ်။

အသစ်ထည့်သွင်းပေးလိုက်တဲ့Motion Panorama ဖြင့်သက်ဝင်နေသော မြင်ကွင်းကျယ်ပုံရိပ်များကိုမှတ်တမ်းတင်ထားနိုင်ပါပြီ။ပိုကြီးတဲ့Pixel ပမာဏ ကိုသုံးစွဲပေးထားလို့ပိုကောင်းတဲ့ပုံရိပ်တွေကိုရရှိမှာပါ။ယခင်ကProfessional Camera များတွင်သာအသုံးပြုလေ့ရှိတဲ့လူ့မျက်စိနှစ်ဖက်အသွင်Dual-Photodiode စနစ်ကြောင့်အထူးလျင်မြန်စွာFocus ချိန်ညှိပေးနိုင်ပါတယ်။ ရှေ့ကင်မရာ5MPနှင့်ကျောဘက်ကင်မရာ12MPတို့အသီးသီးပါဝင်ပါတယ်။Galaxy S7 နဲ့S7 edge မှာကင်မရာကိုဖုန်းကိုယ်နဲ့တစ်သားတည်းဖြစ်အောင် ပြုလုပ်လိုက်တာကြောင့်ကင်မရာမှအစင်းရာထင်တာတွေ ဖြစ်တော့မှာ မဟုတ်ပါဘူး။Processor ကိုဗားရှင်းနှစ်မျိုးထုတ်ထားပါတယ်။တစ်မျိုးက Qualcomm Snapdragon 820 ကိုသုံးထားပြီးတစ်မျိုးကOcta Core 2.3 GHz quad နောက်တစ်မျိုးက1.6 GHz quad ရှိပါတယ်။64 Bit processor ကိုပဲအသုံးပြုထားခြင်းဖြစ်ပါတယ်။CPU ရဲ့စွမ်းဆောင်နိုင်မှုဟာSamsung Galaxy S6 ထက်၃၀ရာခိုင်နှုန်းပိုမြန်ပြီးGPU ကတော့၆၄ရာခိုင်နှုန်းပိုမြန် သွားမှာဖြစ်တယ်လို့ဆိုပါတယ်။Galaxy S7 နဲ့S7 edge တို့မှာဖုန်းပူခြင်း လျှော့ချနိုင်ဖို့Cooling System အသစ်ကိုအသုံးပြုထားပြီးကြာရှည်အသုံးပြု နိုင်ဖို့ ဘက်ထရီအားကိုGalaxy S7 အတွက်3000mAh နဲ့S7 edge အတွက် 3600mAh အသီးသီးအသုံးပြုထားလို့Gamer များ၊အင်တာနက်သုံးစွဲသူများနဲ့ ဖုန်းအား ခဏခဏမသွင်းလိုသူများအတွက်နှစ်သက်စရာဖြစ်မှာပါ။S6 နှင့်S6 edge မှာတုန်းကMicro SD Card ထည့်ဖို့Slot ထည့်သွင်းမပေးခဲ့သော် လည်းGalaxy S7 နဲ့S7 edge တို့မှာMicroSD Slot ကိုလည်းထည့်သွင်း ပေးထားတာကိုတွေ့ရပါတယ်။

အသစ်မိတ်ဆက်လိုက်တဲ့Galaxy S7 နဲ့S7 edge တို့ဟာIP68 ရေစိုနဲ့ ဖုန်ဒဏ်ကိုအထူးခံနိုင်ရည်ရှိပြီး၊အတွင်းသို့မ၀င်ရောက်နိုင်အောင်အထူး ပြုလုပ်ထားပါတယ်။ နောက်ထပ်လုပ်ဆောင်ချက်ကတော့sidesync ဖြစ်ပြီး PCနဲ့စမတ်ဖုန်းကိုချိတ်ဆက်သုံးစွဲနိုင်စေမှာဖြစ်ပါတယ်။PCမှာသုံးလိုက်တဲ့ အရာတွေဟာစမတ်ဖုန်းမှာပါလိုက်လံဖော်ပြပေးမှာဖြစ်ပါတယ်။Galaxy S7 Edge မှာdual-edge display ကိုသုံးစွဲနိုင်မှာဖြစ်ပြီးပါဝင်လာတဲ့ လုပ်ဆောင် ချက်အသစ်ကတော့App Edge လို့ခေါ်တဲ့UI feature လေးပဲဖြစ်ပါတယ်။S7 Edge သုံးစွဲသူအနေနဲ့ပုံမှန်သုံးစွဲနေကြဖြစ်တဲ့app တွေ ရွေးချယ်သတ်မှတ် ထားနိုင်မှာပဲဖြစ်ပါတယ်။S6 Edgeမှာတော့သုံးစွဲသူတွေဟာPeople Edge ဆိုတဲ့လုပ်ဆောင်ချက်ကိုသုံးစွဲခဲ့ဖူးပြီးသွားပါပြီ။Feature ပေါင်းများစွာ ထည့်သွင်းလာခဲ့တဲ့မိုဘိုင်းဖုန်းအသစ်မှာနှစ်သက်စရာနောက်ထပ်တစ်ခုက တော့Youtube video တွေကိုstreaming video ပြုလုပ်နိုင်ဦးမှာဖြစ်ပါ တယ်။အင်တာနက်သုံးစွဲမယ်ဆိုရင်တော့browser မှာFacebook, Google, YouTube, Yahoo, Wikipedia, Amazon တို့ကိုမြန်ဆန်သွက်လက်စွာ ၀င်ရောက်သုံးနိုင်စေဖို့အတွက်Quick access လုပ်ဆောင်မှုကို ထည့်သွင်း ပေးထားပါတယ်။Quick access ကိုလည်းလိုအပ်သလို ပြန်လည်ပြင်ဆင် နိုင်ပါလိမ့်မယ်။Googleနဲ့ပတ်သက်တဲ့လုပ်ဆောင်ချက်မှန်သမျှကိုလည်းတစ်စုတစ်စည်းထည့်သွင်းပေးထားပါသေးတယ်။ဖုန်းခေါ်ဆိုမှုတွေ ပြုလုပ်တဲ့ အခါမှာလည်းအသံအရည်အသွေးပိုကောင်းသွားစေဖို့extra volume ဆိုတဲ့ လုပ်ဆောင်ချက်ကိုလည်းသုံးနိုင်မှာဖြစ်ပါတယ်။Video call ခေါ်ဆိုမှုတွေ ကိုလည်း ပြုလုပ်လို့ရနိုင်စေမှာဖြစ်ပါတယ်။ဒီတစ်ပတ်မှာဖုန်းအသစ်တွေ တွင်ပါဝင်လာတော့မယ့်လုပ်ဆောင်ချက်တွေကိုသီးသန့်ရေးသားလိုက်ပါ တယ် . . . .

<One Handed Usability Options>

Samsung သုံးစွဲသူတွေအတွက်One Handed လုပ်ဆောင်ချက်ကိုS7 edge ဖုန်းမှာထည့်သွင်းပေးထားပါတယ်။ဘာကြောင့်လဲဆိုရင်၅.၇လက်မ မျက်နှာပြင်ပေါ် ဆော့ဝဲတွေကိုသုံးစွဲတဲ့အချိန်မှာကျယ်ပြန့်ကြီးမားတဲ့ မျက်နှာပြင်ပေါ်မှာဆိုရင်လွယ်ကူစွာထိန်းချုပ်နိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့်လည်းသင့်ရဲ့Screen Size ကိုချုံ့ပစ်လိုက်တာမျိုးကိုပြုလုပ် နိုင်ပါလိမ့်မယ်။Home Button ပေါ်မှာသုံးချက်ဆင့်နှိပ်လိုက်တာနဲ့လွယ်ကူ ရိုးရှင်းတဲ့One Handed Mode ကိုပြောင်းလဲသွားမှာဖြစ်ပြီး၊ သင့်တော်တဲ့ Window တစ်ခုချပေးမှာဖြစ်ပါတယ်။Screen ရဲ့ဘယ်ဘက်လား၊ညာဘက် လား ဆိုတာကတော့သင့်စိတ်ကြိုက်ရွေးချယ်နိုင်မှာ ဖြစ်ပြီးဖုန်းခေါ်ဆို တဲ့အချိန်၊ Samsung Keyboard သုံးစွဲတဲ့အချိန်ဒါမှမဟုတ်ဖုန်းခေါ်တဲ့ Button ကို မြန်မြန်ဆန်ဆန်သွားချင်တဲ့အချိန်တွေမှာလွယ်ကူစွာ သုံးစွဲ နိုင်ပါလိမ့်မယ်။မျက်နှာပြင်အပြည့်ကို ပြန်သွားချင်တဲ့အခါမှာလည်းလွယ်ကူ ပြီး တော့edgeဟာသင်စိတ်ကြိုက်ချယ်လှယ်နိုင်မယ့်အသေးစားကွန်ပျူတာ တစ်လုံးအဖြစ်စွမ်းဆောင်ပေးမှာဖြစ်ပါတယ်။

<Language & Keyboard>

စမတ်ဖုန်းနဲ့အင်တာနက်သုံးစွဲတဲ့အချိန်မှာလက်ရှိကြုံတွေ့နေရတဲ့အခက်အခဲကတော့Fontအမျိုးအစားဖော်ပြမှုပဲဖြစ်ပါတယ်။Samsung ရဲ့မျိုးဆက်သစ် စမတ်ဖုန်းဖြစ်တဲ့S7 edge သုံးတဲ့သူတွေဟာmyanmar font နဲ့ပတ်သက် လို့ဖြစ်ပေါ်လာမယ့်စာလုံးမပေါ်တာမျိုးတွေကိုကြုံတွေ့ရ တော့မှာ မဟုတ် ပါဘူး။အရင်ကစမတ်ဖုန်းသုံးစွဲသူတွေကြုံတွေ့ရလေ့ရှိတဲ့Unicode နဲ့ရိုက်တဲ့ စာတွေကိုဖတ်မရတဲ့ဒုက္ခတွေကိုကင်းရှင်းသွားစေတော့မှာဖြစ်ပါတယ်။ Unicode (သို့) Zawgyiနှစ်မျိုးလုံးသုံးနိုင်မှာ ဖြစ်ပါတယ်။Font တွေကို မှန်ကန်စွာသုံးနိုင်ဖို့အတွက်တော့setting ထဲမှာသွားရောက်သတ်မှတ်ပေး ရမှာဖြစ်ပါတယ်။လုပ်ဆောင်ရမယ့်နည်းလမ်းကတော့Language and input ထဲကိုဝင်ရောက်လိုက်ပါ။Language ဆိုတဲ့နေရာမှာ မြန်မာ (Unicode)။မြန်မာ(Zawgyi) ကြိုက်တာရွေးချယ်ပေးလိုက်ပါ။ထပ်မံပေါင်းထည့်ပေး လိုက်တာ ကတော့english(zawgyi)/ English (unicode) တို့ပဲ ဖြစ်ပါ တယ်။ဒီနေရာမှာပြောင်းလဲလိုက်တဲ့အတွက်ကြောင့်ဖုန်းရဲ့setting, icon တွေမှာဖော်ပြမယ့်ဘာသာစကားလည်း ပြောင်းလဲသွားပါလိမ့်မယ်။ မက်ဆေ့ပို့တာ၊စာသားနုတ်များမှတ်သားလိုသူတွေအတွက်တော့ကီးဘုတ် ဘာသာစကားမှာသွားရောက်ပြင်ဆင်ထားရမှာဖြစ်ပါတယ်။ဒါမှသာစာရိုက်တဲ့အခါမှာမိမိလိုအပ်တဲ့language နဲ့ရိုက်လို့ရစေမှာပါ။Samsung keyboard ဆိုတဲ့နေရာမှာရှိတဲ့select input Language ဆိုတဲ့နေရာမှာLanguage (၄)မျိုးထိထည့်သွင်းသတ်မှတ်ထားနိုင်မှာဖြစ်ပြီး၊ မြန်မာ(Unicode)။မြန်မာ (Zawgyi) တို့ကိုရွေးချယ်သတ်မှတ်ခဲ့မယ်ဆိုရင်keyboard သုံးတဲ့အချိန်မှာ အသာလေးပွတ်ဆွဲလိုက်ရုံနဲ့ပြောင်းလဲပေးမှာဖြစ်ပါတယ်။

<FingerPrint Sensor>

S7 edge မှာဖုန်းရဲ့လုံခြုံမှုနဲ့ပတ်သက်လို့လုံးဝစိတ်ချယုံကြည်သွားလို့ ရနိုင်ပါပြီ။ Screen ရဲ့ပုံမှန်သတ်မှတ်လို့ရတဲ့လုပ်ဆောင်ချက်တွေတင် မကဘဲfingerprint ကလည်းပိုပြီးအဆင့်မြင့်လာပါတယ်။လူရဲ့လက်ဗွေရာ ကိုမှတ်သားတဲ့စနစ်တွင်password အနေနဲ့သတ်မှတ်မယ့်လက်ချောင်းထိပ် လေး တွေရဲ့တစ်ပြင်လုံးရရှိအောင်၊၁၀၀%ရာခိုင်နှုန်းပြည့်မီမှသာပြည့်စုံ စေမှာ ဖြစ်ပါတယ်။လက်ဗွေရာသတ်မှတ်ပြီးတဲ့အချိန်မှာတော့Aကနေ Zအထိထဲကမှ (၆)လုံးနဲ့ဂဏန်း(၁)လုံးထည့်သွင်းပေးရမှာဖြစ်ပါတယ်။ Fingerprint verification အတွက်web sign-in, verify samsung acc တို့ကိုလည်းOnထားခဲ့ရမှာဖြစ်ပါတယ်။တကယ်လို့fingerprint နဲ့ဝင်လို့ မရရင်လည်းBackup password ကိုထည့်သွင်းပြီးတော့ဝင်ရောက်သုံးစွဲလို့ ရနိုင်ပါတယ်။ဖုန်းပိုင်ဆိုင်သူသတ်မှတ်ထားတဲ့လက်ချောင်းထိပ်လေးhome button ပေါ်မှာတင်လိုက်တာနဲ့lock လုပ်ဆောင်ချက်ဟာ မြန်ဆန်စွာ ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။တကယ်လို့fingerprint ကိုအသုံးမပြုလိုတော့ ဘူးဆိုရင်screen lock type မှာမိမိပေးထားတဲ့လက်ဗွေရာ (သို့)backup password နဲ့ဝင်ရောက်ပြီးlock ကိုပြန်ဖြုတ်လို့ရနိုင်ပါတယ်။

<Super fast charging>

စမတ်ဖုန်းအများစုမှာအဓိကပြဿနာကတော့ဘက်ထရီအားလုံလောက်ခြင်းမရှိတာပါပဲ။ဘက်ထရီစွမ်းအားလျော့နည်းတဲ့အခါတွေမှာအားပြန်သွင်းဖို့ နေရာရှာရတာနဲ့အတူအားသွင်းကြိုးတပ်ဆင်ဖို့ပလတ်ပေါက်တစ်ခုလိုက်ရှာ ရတာကလည်း နောက်ထပ်ပြဿနာတစ်ခုလို့ဆိုနိုင်ပါတယ်။S6 edge ကိုင်ဆောင်သူတွေဟာဘက်ထရီစွမ်းအားပိုင်းမှာလုံးဝစိတ်သက်သာရာရပါလိမ့်မယ်။ဘာကြောင့်လဲဆိုရင်ဖုန်းကိုအားသွင်းနိုင်စေဖို့အတွက်နည်းလမ်း ပေါင်းများစွာနဲ့အသုံးပြုနိုင်မှာပါ။၁၀မိနစ်ကြာအားသွင်းရုံနဲ့HD Movie တွေ ကို၂နာရီကြာကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ဂိမ်းတွေ၊ရုပ်ရှင်ကားတွေကြည့်လိုက်လို့အားကုန်သွားတဲ့အချိန်မှာမိနစ်၉၀ကြာအားသွင်းလိုက်ရုံနဲ့၁၀၀% အား အပြည့်ရရှိမှာဖြစ်ပါတယ်။Samsung အနေနဲ့Micro USB ပေါက်ကိုအသုံးပြု ပြီး တော့အားသွင်းရတဲ့နည်းလမ်းတွေကိုပိုမိုအဆင့်မြှင့်လိုက်ပါတယ်။QI Wireless Charging နဲ့နည်းပညာတူညီတဲ့PMA ဖြစ်ပြီး၊အသုံးပြုရတဲ့ အခါမှာ ဖုန်းကိုCharging ပေါ်မှာတင်ပေးလိုက်ရုံပဲဖြစ်ပါတယ်။သင့်အနေနဲ့ ခုံတွေ ပေါ်၊ ကော်ဖီစားပွဲတွေပေါ်မှာအလွယ်တကူတင်ပြီး၊အားသွင်းနိုင်တော့ မှာဖြစ်ပါတယ်။

<Camera>

Galaxy S7 နဲ့S7 edge တို့ရဲ့ကင်မရာကိုကြည်လင်ပြတ်သားတဲ့ပုံရိပ်တွေ အလိုအလျောက်၊အလျင်မြန်ဆုံးချိန်ညှိဖမ်းယူရိုက်ကူးနိုင်ဖို့Dual Pixel နည်းပညာဖြင့်ဖွဲ့စည်းဖန်တီးထားပါတယ်။Pixel တိုင်းမှာPhoto-diodes နှစ်ခုပါဝင်ခြင်းကြောင့်ရိုက်ကူးလိုတဲ့အရာကိုေ၀၀ါးမှုမရှိဖို့အလျင်မြန်ဆုံး ချိန်ညှိပေးနိုင်ပါတယ်။ပိုကြီးမားတဲ့Pixel ဖွဲ့စည်းမှု(1.4um)နဲ့အတူ အလင်းအားကောင်းစေတဲ့lens(F.17)ကိုအသုံးပြုထားခြင်းကြောင့် အလင်းအားနည်းတဲ့အချိန်မှာပင်ပိုမိုလင်းလက်တဲ့ပုံရိပ်များကိုရိုက်ကူးနိုင် မှာဖြစ်ပါတယ်။Motion Panorama လုပ်ဆောင်ချက်ကိုအသုံးပြုပြီးရှုခင်း တွေကိုသက်ဝင်နေတဲ့မြင်ကွင်းကျယ်ဓာတ်ပုံအဖြစ်သိမ်းဆည်းနိုင်ဦးမှာပါ။ ကျောဘက်ကင်မရာလိုပဲအရှေ့ဘက်ကင်မရာကလည်းLens(F1.7) ကိုပဲ အသုံးပြုထားတဲ့အပြင်ဖုန်းမျက်နှာပြင်ကိုFlash မီးအသွင်လင်းလက်စေပြီး အမှောင်ထဲ မှာပင်ဓာတ်ပုံရိုက်ကူးဖို့အဆင်ပြေစေမှာဖြစ်ပါတယ်။

<Cutting dual-Edge technology>

မနှစ်ကထွက်ထားတဲ့ဖုန်းတွေရဲ့ပုံစံအတိုင်းစမတ်ဖုန်းသစ်တွေရဲ့ဘယ်ဘက်ရောညာဘက်ပါမျက်နှာပြင်နှစ်ခုလုံးအကွေးပုံစံနဲ့ဖြစ်ပါတယ်။ဒီလိုပုံစံမျိုးကိုအစောပိုင်းမှာတုန်းက၅.၁လက်မအရွယ်အစားရှိတဲ့S6 edge မှာတွေ့ခဲ့ ပြီးသွားပါပြီ။အခုEdge ကတော့၅.၇လက်မနဲ့ကြီးမားတဲ့Phablet အသွင်ကို ဆောင်လာမှာဖြစ်ပါတယ်။ နောက်ထပ်ပြောင်းလဲလာမှုလို့သတ်မှတ်နိုင်တာ ကတော့edge မဟုတ်တဲ့S7 မှာပါdual edge ကိုထည့်သွင်းပေးထားပါတယ်။ နောက်ကျော၊အရှေ့ဘက်မျက်နှာပြင်နှစ်ခုလုံးမှာတော့version သတ်မှတ် ထားခြင်းမရှိသေးတဲ့gorilla glass နဲ့ကာကွယ်ပေးထားပါတယ်။စမတ်ဖုန်း သုံးသပ်သူတွေကတော့glass 5 ဖြစ်နိုင်တယ်လို့မှတ်ချက် ပေးထားပါ တယ်။ဖုန်းတစ်ခုလုံးရဲ့သွက်လက်မြန်ဆန်တဲ့လုပ်ဆောင်နိုင်ချက်တွေ အတွက်4GBRAM ကိုသုံးထားပါတယ်။App တွေNoti တွေကိုအလွယ်တကူ မြင်တွေ့နိုင်မှာဖြစ်ပါတယ်။သို့ပေမယ့်လည်းလက်ရှိအချိန်မှာတော့Samsung ဟာသူ့ရဲ့လုပ်ဆောင်ချက်တွေကိုကန့်သတ်လိုက်ပါပြီ။App Edge လို့ခေါ်တဲ့ UI feature လေးပဲ ဖြစ်ပါတယ်။S7 Edge သုံးစွဲသူအနေနဲ့ပုံမှန်သုံးစွဲနေကြ ဖြစ်တဲ့app တွေရွေးချယ်သတ်မှတ်ထားနိုင်မှာပဲဖြစ်ပါတယ်။

<Dual Pixel Faster Auto Focus>

Galaxy S7 နဲ့S7 edge တို့ရဲ့ကင်မရာဟာDual Pixel နည်းပညာဖြင့် ဖွဲ့စည်းထားခြင်းကြောင့်အရာဝတ္ထုတွေကိုလူသားတစ်ဦးရဲ့မျက်လုံးအသွင်လျင်မြန်စွာချိန်ညှိရှုမြင်နိုင်စေပါတယ်။Dual Pixel ဆင်ဆာစနစ်ကြောင့် ရိုက်ကူးလိုတဲ့အရာကိုလျင်မြန်စွာတွက်ချက်ချိန်ညှိပေးနိုင်တာမျိုးကို စမတ်ဖုန်းများမှာပထမဦးဆုံးအကြိမ်လုပ်ဆောင်နိုင်လာခဲ့ခြင်းလည်းဖြစ်ပါ တယ်။တကယ့်လုပ်ငန်းသုံးကင်မရာကြီးတွေမှာသာပါဝင်အသုံးပြုလေ့ရှိတဲ့ Cutting-edge dual photodiodes နည်းပညာကိုအသုံးပြုထားတာ ကြောင့်Galaxy S7 နဲ့S7 edge တို့ရဲ့Dual Pixel စနစ်ဖြင့်ဖွဲ့စည်းထားတဲ့ 12MPကင်မရာဟာလက်ကိုင်စမတ်ဖုန်းတွေမှာပထမဦးဆုံးအသုံးပြုခြင်း အဖြစ်မှတ်တိုင်သစ်တင်နိုင်မှာဖြစ်ပါတယ်။

Dual Pixel 12MP ကင်မရာရဲ့ ကျေးဇူးကြောင့်Galaxy S7 နဲ့S7 edge တို့က လူတစ်ယောက်ရဲ့မျက်စိနှစ်ဖက်ကအရာဝတ္တုတစ်ခုကိုလျင်မြန်စွာအချိန်ညှိ ရှုမြင်နိုင်သလိုမျိုးအကြည်လင်အပြတ်သားဆုံးပုံရိပ်တွေကိုPixel အားလုံးက မြန်ဆန်စွာသိရှိထုတ်လုပ်ပေးစွမ်းနိုင်ပါတယ်။ ရှေးကထွက်ရှိပြီးသား အမျိုးအစားတွေထက်ထူးခြားစွာတိုးတက်ပြောင်းလဲလာမှုကိုလည်း ကိုယ်စား ပြုပြီးအထူးသဖြင့်အလင်းအားနည်းတဲ့အခြေအနေမျိုးမှာရိုက်ကူးတဲ့ဓာတ်ပုံ များတွင်ပိုမိုသိသာထင်ရှားပါတယ်။

<Brighter even in Low Light>

ကျောဘက်နဲ့ ရှေ့ဘက်ကင်မရာနှစ်ခုလုံးမှာပိုပြီးအလင်းအားကောင်း စေတဲ့lens(F1.7) ကိုGalaxy S7 နဲ့S7 edge မှာအသုံးပြုထားလို့ အလင်း အားနည်းတဲ့အခြေအနေမျိုးမှာတောင်ပိုမိုထွန်းလင်းလှပကြည်လင်ပြတ်သားတဲ့ဓာတ်ပုံများကိုရိုက်ကူးနိုင်မှာဖြစ်ပါတယ်။ပိုပြီးထူးခြားတာကတော့ ရှေ့ဘက်ကင်မရာမှာပိုမိုအလင်းလိုအပ်တဲ့အခါဖုန်းမျက်နှာပြင်ကိုFlash မီးအသွင်အလင်းပေးဖို့အသုံးပြုတာကြောင့်အမှောင်ထဲမှာSelfies ရိုက်ကူးရာ တွင်အထူးအဆင်ပြေပါတယ်။အရင်ကထွက်ရှိခဲ့တဲ့Galaxy ဖုန်းတွေထဲမှာ ပါဝင် ခဲ့ပြီးဖြစ်သည့်လူကြိုက်များBeauty Mode ကိုလည်းထပ်မံထည့်သွင်း ထားပြီးသဘာဝအလင်းရဲ့အစွမ်းနဲ့သင့်မျက်နှာပြင်ကိုပိုပြီးအထူးပြုလို့မီး မောင်းထိုးလှပနေစေအောင်အဆင့်မြှင့်တင်ပေးထားသေးတယ်။

<More Fun>

အသစ်ထွက်ရှိလာတဲ့Galaxy S7 နဲ့S7 edge မှာ မြင်ကွင်းကျယ်ဓာတ်ပုံများ ကိုပိုမိုလွယ်ကူစွာရိုက်ကူးပြီးအသက်သွင်းလိုက်နိုင်ပါပြီ။Motion Panorama ကိုအသုံးပြုရိုက်ကူးတဲ့အခါလှပတဲ့ရှုခင်းများအပြင်လှုပ်ရှားနေတဲ့ပုံရိပ်များကိုပါတစ်ဆက်တည်းမြင်ကွင်းကျယ်ဖမ်းယူနိုင်စေဦးမှာဖြစ်ပါတယ်။Galaxy S7 နဲ့S7 edge ဖုန်းတွေမှာအချိန်ကိုကစားပြီးရိုက်ကူးရတဲ့time-compressed ဗီဒီယိုများကိုလည်းအထူးကောင်းမွန်စွာHyper-lapse ရိုက်ကူးနိုင်ဦးမည့် အပြင်Hyperlapse စနစ်ကတည်ငြိမ်တဲ့ဗီဒီယိုပုံရိပ်များကို ဖမ်းယူရိုက်ကူး နိုင်အောင်(Frame Selection) အလိုအလျောက်ချိန်ညှိပြောင်းလဲနိုင်စေပါ တယ်(Auto Variable) ။

<Worry-free Design>

Galaxy S7 ရဲ့မူလသိမ်းဆည်းနိုင်မှုပမာဏကတော့32GB ပဲဖြစ်ပြီးပိုမို သုံးစွဲနိုင်ဖို့200GB ထိMicroSD ကတ်ထည့်သွင်းလို့အသုံးပြုနိုင်ပါ သေးတယ်။ အင်အားကောင်းတဲ့ဘက်ထရီနဲ့ထွက်ရှိလာတာဖြစ်တဲ့အပြင်လျင်မြန်စွာအားသွင်းနိုင်ဖို့အထောက်အပံ့နဲ့အတူကြိုးမဲ့အားသွင်းစနစ်တို့ကိုလည်းအထူး ထောက်ပံ့ပေးပါတယ်။ဒါထက်ပိုလို့Galaxy S7 ဟာရေစိုနဲ့ဖုန်ဒဏ်ကို ဖုန်းက ရှိသမျှအပေါက်တွေကိုအဖုံးပိတ်စရာမလိုဘဲခံနိုင်ရည်ရှိရှိအသုံးပြုနိုင်ပါတယ်။ဒါကြောင့်မတော်တဆဖြစ်ရပ်တွေကြောင့် ရေထဲကျသွားခဲ့ရင်တော့ စိတ်ပူ စရာမလိုတော့ဘူးပေါ့။ဒီလိုပြည့်စုံကောင်းမွန်တဲ့လုပ်ဆောင်ချက်တွေဟာ လှပစွာဒီဇိုင်းထွင်ဖန်တီးထားတဲ့ဒီဖုန်းတွေမှာပါဝင်ပြီးကျစ်ကျစ်လျစ်လျစ်နဲ့ ကိုင်တွယ်ရကောင်းမွန်တဲ့အနေအထားအတိုင်းသင့်ဆီကိုယူဆောင်လာပါပြီ။

<Streamlined Design>

Galaxy S6မှာကတည်းကသုံးစွဲသူတွေနှစ်သက်ကြတဲ့အသွင်အပြင်ကိုပိုပြီး ရွှန်းစိုလှပကာမြဲမြံစေတဲ့အသွင်ဖြစ်စေမယ့်ဖန်သားနဲ့သတ္တုပေါင်းစပ်ထားတဲ့ဆန်းသစ်ပုံစံဖြင့်ထုတ်လုပ်ထားပါသည်။Galaxy S7 ကိုကိုင်တွယ်ရတာအထူး ကျစ်လျစ်ပြည့်စုံမှုရှိစေပြီး ကျောဘက်မှာလည်း ကွေးညွှတ်နေတဲ့ 3D ဖန်သားပြင်ကိုအသုံးပြုထားတာကြောင့် ခေတ်မီလှပကာကိုင်တွယ်ရ လွယ်ကူစေပါတယ်။Galaxy S7 ရဲ့မျက်နှာပြင်ကတော့Galaxy S6နဲ့ အရွယ်အစားတူညီပေမယ့် ဘေးဘောင်bezel တွေကပိုပြီးကျဉ်းမြောင်းပါ တယ်။ကင်မရာဖုန်းကိုယ်ထည်နဲ့တစ်သားတည်းနီးပါးဖြစ်အောင်ဖန်တီး ထုတ်လုပ်ပြီးမလိုအပ်ဘဲဘက်ထရီသုံးစွဲမှုတွေကို လျှော့ချပေးထားတာ ကြောင့်အထူးစိတ်ဝင်စားနှစ်သက်စရာ ခေတ်မီဒီဇိုင်းပုံစံဖြစ်နေပါတယ်။

<The best RF calibration technology>

ဖုန်းလိုင်းဆွဲအားမကောင်းလို့စကားပြောနေရင်း“ဟဲလို”အကြိမ်များစွာ အော်နေရတဲ့ဒုက္ခကနေကင်းဝေးပါပြီ။အခြားဖုန်းများနှင့်ယှဉ်၍သုံးစွဲကြည့် လျှင်လိုင်းဆွဲအားအထူးကောင်းမွန်ပါတယ်။Dual Rx Diversity နည်းပညာ နှင့်Tunable Antenna နည်းပညာတွေအသုံးပြုထားလို့ဖုန်းတစ်ခုလုံး ပတ်လည်မှာအင်တာနက်များတပ်ဆင်ထားခြင်းဖြင့်ဖုန်းလိုင်းဆွဲအားကိုပိုမိုရရှိစေပြီးအနှောင့်အယှက်ကင်းစွာစကားပြောဆိုဆက်သွယ်နိုင်စေပါတယ်။

<DualSIM/Expandable Memory>

<MicroSD up to 200GB>

သိမ်းဆည်းဖို့နေရာမလုံလောက်တာကြောင့်ဓာတ်ပုံနဲ့ဗီဒီယိုတွေကိုအမြဲဖျက်ပစ်နေရတဲ့ဒုက္ခကင်းဝေးပြီးများများသိမ်းဆည်းလိုပါသလား။Galaxy S7 နဲ့S7 edge တို့မှာMicroSD card ကိုအထောက်အပံ့ပေးထားလို့သိမ်းဆည်းရန် နေရာမလုံလောက်မှာစိတ်ပူစရာမလိုတော့ပါဘူး။ဆင်းကတ် (သို့မဟုတ်) Memory card ထည့်သွင်းအသုံးပြုနိုင်တဲ့Hybrid SIM ပုံစံကြောင့်SIM ကတ် နှစ်ကတ်ထည့်သွင်းအသုံးပြုခြင်းဒါမှမဟုတ်SIM ကတ်နှင့်microSD ကတ် တွဲဖက်အသုံးပြုခြင်းတို့ကိုနှစ်သက်သလိုလုပ်ဆောင်နိုင်ပါတယ်။microSD ကို200GBထိထည့်သွင်းအသုံးပြုနိုင်ပါတယ်။

<Water & Dust Resistant IP68>

Galaxy S7 နဲ့S7 edge တို့ကတော့ ရေစိုနဲ့ဖုန်ဒဏ်ခံနိုင်အားIP68 ကြောင့် မိုးရေထဲဖုန်းသုံးစရာရှိတောင်စိတ်ပူစရာမရှိအောင် ဆောင်ရွက်ပေးလိုက် နိုင်ပါပြီ။IPပမာဏများနဲ့ပတ်သက်တဲ့ရေစိုနဲ့ဖုန်ဒဏ်ခံနိုင်တဲ့ညွှန်းကိန်းများမှာ ရှေ့ဘက်ကိန်းဂဏန်းကဖုန်ဒဏ်ခံနိုင်မှုကိုပြသပြီး၊ နောက်ဘက်ကိန်းဂဏန်း ကတော့ ရေစိုခံနိုင်မှုကိုပြသပါတယ်။IP68 စံသတ်မှတ်ချက်ကတော့Galaxy S7 နဲ့S7 edge တို့ဟာဖုန်ဝင်ရောက်မှုကိုပြည့်ဝစွာတားဆီး ကာကွယ်ပေး နိုင်သလို ရေကြောင်း၁.၅မီတာတွင်မိနစ် (၃၀)ထိ ရေဖိအားကိုကောင်းစွာ ခံနိုင်ရည်ရှိအောင် ဖော်ပြပါတယ်။အဖုံးပိတ်စရာမလိုဘဲ ရေစိုနဲ့ဖုန်ဒဏ်ကို ခံနိုင်ရည်ရှိစေတာကတော့USB အပေါက်၊SIM ထည့်သွင်းရန်အပေါက်နဲ့ နားကြပ်အသုံးပြုရာအပေါက်တွေမှာရာဘာစည်းကို ကောင်းစွာတပ်ဆင် ထားခြင်း ကြောင့်ပဲဖြစ်ပါတယ်။

<Game>

Galaxy S7 ကတော့ဂိမ်းများကိုနှစ်သက်စွဲလန်းလူများအတွက် မာတီမီဒီယာ ပိုင်းကောင်းစွာအသုံးချနိုင်အောင် ဆောင်ရွက်ပေးထားပါတယ်။Game Launcher နှင့်Game Tools များပါဝင်ခြင်းကြောင့်ဖုန်းဝင်လာခြင်းနဲ့စာတို ၀င်ရောက်မှုသတိပေးချက်တွေကဂိမ်းကစားခြင်းကိုအနှောင့်အယှက်မပေးဘဲအာရုံမပျက်နိုင်အောင်လုပ်ဆောင်ပေးနိုင်သလို၊ဘက်ထရီသုံးစွဲမှုအနည်းဆုံးဖြစ်အောင်လည်း လျှော့ချပေးခြင်းကြောင့်ဂိမ်းကိုလည်းကြာကြာကစား နိုင်ပါတယ်။ကစား နေတဲ့ဂိမ်းကိုအလွယ်တကူသိမ်းဆည်းထားနိုင်ပြီး Screenshots များရိုက်ကူးလို့သူငယ်ချင်းတွေနဲ့မျှဝေနိုင်အောင်ပါဖန်တီး ထားပါတယ်။ဒါ့အပြင်Galaxy S7 ကမျိုးဆက်သစ်ဂရပ်ဖစ်စွမ်းဆောင်ရည် ကိုလည်း ပေးစွမ်းနိုင်ဦးမှာပါ။မိုဘိုင်းဖုန်းများမှာပထမဦးဆုံးစတင် အသုံးပြု တဲ့Vulkan API ရဲ့ ကျေးဇူးကြောင့်အသေးစိတ်ဂရပ်ဖစ်ဆိုင်ရာ အချက်အလက် လုပ်ဆောင်နိုင်စွမ်းတွေနဲ့လျင်မြန်တဲ့စွမ်းရည်တို့ကို အမြင့်မားဆုံးစွမ်းဆောင်ပေးသွားနိုင်မှာဖြစ်ပါတယ်။

<Galaxy S7 vs LG G5>

<Who’s the “Boss”?>

နောက်ဆုံးမှာတော့ Samsungနဲ့LG ဟာသူတို့ရဲ့နောက်ဆုံးပေါ် flagship ဖုန်းတွေကိုဘာစီလိုနာမှာမိတ်ဆက်နိုင်ခဲ့ပါပြီ။ Samsung ရဲ့စမတ်ဖုန်း သစ်ဖြစ်တဲ့S7ဟာလက်ရှိအချိန်မှာတော့ ပြည်တွင်းဈေးကွက်အတွင်း မိတ်ဆက်ပေးထားပြီးလာမယ့်၂၀ရက်နေ့မှာ S6 edge ကိုအထူးအစီအစဉ် တွေနဲ့ရောင်းချပေးတော့မှာဖြစ်ပါတယ်။စတင်ရောင်းချတဲ့အထူးအစီအစဉ် အနေနဲ့ ဈေးနှုန်းအားဖြင့်၉၀၀၀၀၀ကျပ်ဖြစ်ပြီးအခြားအခွင့်အရေးတွေ လည်းရရှိဦးမှာဖြစ်ပါတယ်။ရန်ကုန်နဲ့မန္တလေးမြို့မှာတစ်ပြိုင်နက်ရောင်းချ ပေးမှာ ဖြစ်ပါတယ်။LG ရဲ့စမတ်ဖုန်းသစ်ဖြစ်တဲ့LG 5 ကိုတော့ ပြည်တွင်း ဈေးကွက်တွင်ဘယ်အချိန်မှာရောင်းချပေးမယ်ဆိုတာမသိရသေးပါဘူး။ Samsung ရဲ့နောက်ထပ်ဖုန်းအသစ်ဖြစ်တဲ့S7ကိုရောင်းချပေးမယ့် အချိန် ကလည်းတိကျတဲ့သတင်းမရသေးပါဘူး။LGရဲ့ G5ဟာဒီဇိုင်းပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေနဲ့သုံးစွဲသူတွေကိုဆွဲဆောင်ထားမှာ ဖြစ်ပြီးGalaxy S7 မှာလည်း နောက်ဆုံးပေါ်လုပ်ဆောင်ချက်တွေကိုထည့်သွင်းပေးထား ခဲ့ပါတယ်။ဘယ်စမတ်ဖုန်းက၂၀၁၆အတွက်အကောင်းဆုံးစမတ်ဖုန်းဖြစ်လာမှာလဲ ......

<Samsung Galaxy S7>

<Display>

၅.၁လက်မမျက်နှာပြင်ကိုSuper AMOLED နည်းပညာသုံးထားမှာဖြစ်ပြီး 1440 ×2560pixels ပုံရိပ်ဖော်ပြနိုင်စွမ်းရှိမှာဖြစ်ပါတယ်။S7ရဲ့ပြောင်းလဲမှု အဖြစ်dual edge မျက်နှာပြင်ကိုသုံးစွဲနိုင်မှာဖြစ်ပါတယ်။ပြီးတော့display ရဲ့နောက်ထပ်လုပ်ဆောင်ချက်တွေအဖြစ်always-on display လုပ်ဆောင်ချက် ကိုသုံးနိုင်မှာပါ။

<Camera>

ကင်မရာပိုင်းဆိုင်ရာအတွက်12MP အနောက်ဘက်ကင်မရာကိုf/1.7,22mm တပ်ဆင်ပေးထားပါတယ်။အရှေ့ဘက်ကင်မရာကိုလည်း5MPတပ်ဆင်ပေးထားပြီး၊dual video call လုပ်ဆောင်မှုကိုအသုံးချနိုင်ပါလိမ့်မယ်။ ကင်မရာ ဟာ အရင်မျိုးဆက်ဖုန်းတွေလိုအပြင်ကိုထိုးထွက်နေတာ မဟုတ်ပါဘူး။

<Storage>

S6 နှင့်S6 edge မှာတုန်းကMicro SD Card ထည့်ဖို့ Slot ထည့်သွင်း မပေးခဲ့သော်လည်းGalaxy S7 မှာMicroSD Slot ကိုလည်းထည့်သွင်း ပေးထားတာကို တွေ့ရပါတယ်။ထပ်မံတိုးမြှင့်နိုင်စွမ်းကတော့ 200GBနဲ့ အထိဖြစ်ပါတယ်။S7မှာIP68 ရေစိုဒဏ်ကိုအထူးခံနိုင်ရည်ရှိအောင် ပြုလုပ် ထားပါတယ်။

<Performance>

Processorကိုဗားရှင်းနှစ်မျိုးထုတ်ထားပါတယ်။တစ်မျိုးကQualcomm Snapdragon 820 ကိုသုံးထားပြီးတစ်မျိုးကOcta Core 2.3 GHz ၊quad နောက်တစ်မျိုးက1.6 GHz quadရှိပါတယ်။CPU ရဲ့စွမ်းဆောင်နိုင်မှု ဟာSamsung Galaxy S6 ထက်၃၀ရာခိုင်နှုန်းပိုမြန်ပြီးGPU ကတော့ ၆၄ရာခိုင်နှုန်းပိုမြန်သွားမှာဖြစ်တယ်လို့ဆိုပါတယ်။

<Battery>

Galaxy S7 နဲ့S7 edge တို့မှာဖုန်းပူခြင်းလျှော့ချနိုင်ဖို့Cooling System အသစ်ကိုအသုံးပြုထားပြီးကြာရှည်အသုံးပြုနိုင်ဖို့ဘက်ထရီအားကိုGalaxy S7 အတွက်3000mAh နဲ့S7 edge အတွက်3600mAh အသီးသီးအသုံးပြုထား လို့ Gamerများ၊အင်တာနက်သုံးစွဲသူများနဲ့ဖုန်းအားခဏခဏမသွင်းလိုသူများ အတွက်နှစ်သက်စရာဖြစ်မှာပါ။

<LG G5>

<Display>

LG G5ဟာ၅.၃လက်မရှိပြီးတော့ pixel density ကို554ppi ပေးစွမ်းမှာဖြစ်ပါ တယ်။IPSLCD နည်းပညာကိုသုံးထားတာကိုတွေ့ရမှာဖြစ်ပါတယ်။always-on display နည်းပညာကိုလည်းသုံးစွဲနိုင်ပါလိမ့်မယ်။ဒီဇိုင်းပိုင်းဆိုင်ရာ မှာတော့ လက်ရှိထွက်ထားတဲ့ဖုန်းတွေထဲမှာဆန်းသစ်မှုအရှိဆုံးလို့ဆိုနိုင် ပါတယ်။

<Camera>

အရည်အသွေးကောင်းတဲ့ပုံရိပ်တွေရရှိနိုင်ဖို့အတွက်အဓိကကင်မရာဟာ
16MP(f/1.8) အရည်အသွေးနဲ့အတူ8MP(f/2.4) ပူးတွဲတပ်ဆင်ပေးထားပါ တယ်။ကင်မရာရိုက်ကူးလိုသူတွေအနေနဲ့Normal Angle နဲ့Wide Angle ကို လိုအပ်သလိုရိုက်ကူးနိုင်စေဖို့အတွက်ဖြစ်ပါတယ်။8MPကင်မရာဟာ၁၃၅ဒီဂရီထိWide ရရှိနိုင်ပါမယ်။

<Storage>

မှတ်ဥာဏ်ပမာဏအပိုင်းတွင်RAM ဟာ4GB ပါရှိမှာဖြစ်ပြီး၊Internal Storage ကို32GBထည့်သွင်းပေးထားပါတယ်။ SDကတ်စိုက်၍လည်းမှတ်ဥာဏ် ပမာဏကို200GB ထပ်မံတိုးချဲ့နိုင်ပါသေးတယ်။G5ကိုမိတ်ဆက်တဲ့ပွဲမှာ နောက်ထပ်ပြသသွားတာကတော့ဖုန်းရဲ့အောက်ခြေဘက်အခြမ်းကိုခွာထုတ် ပြီးMagic Slot အသုံးအဆောင်လေးတွေတပ်ဆင်သုံးစွဲနိုင်မှာပဲဖြစ်ပါတယ်။

<Perform

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။