ကျုပ် အင်မတန် သောက်သုံးမကျလို့
NLD ကို မဲပေးမိတာပါ
ကျုပ် အင်မတန် ဦးနှောက်မရှိခဲ့လို့
NLD ကို မဲပေးဖို့ လှုံ့ဆော်ခဲ့တာပါ
ဘယ်လောက်ထိအောင် သောက်သုံးမကျ
ဦးနှောက်မရှိခဲ့ သလဲဆို
စာတစ်ပုဒ်ကို ဖျက်ရာမပါအောင် ရေးနိုင်လို့
ပထမ ရတာကို ဂုဏ်ယူခဲ့ဖူးတယ်
မာလ်တီမီဒီယာ ကလပ်စ်ရွန်း ဆိုတဲ့
သော့ပိတ်ထားတဲ့ ကွန်ပျူတာ အပျက်အစီးပုံ အခန်းကို အင်မတန် အဆင့်မြင့်တဲ့ သိပ္ပံခန်းထင်ပီး အခန်းရှေ့က ဖြတ်ရမှာတောင်
သိမ်ငယ်ခဲ့ဖူးတယ်
တီဗီမှာပါတဲ့ ကျောက်စိမ်းတုံးကြီးတွေကို
ကျုပ်တို့ မြန်မာတွေပိုင်တဲ့ ရတနာတွေထင်ပီး
အခြောက်တိုက် ဂုဏ်ယူဝံ့ကြွားဖူးတယ်
ဇမ္ဗူဒီပါ လက်ျာတောင်ကျွန်း
သြဘာနိမိတ်ထွန်းတဲ့
ရွှေနိုင်ငံ လို့ ရေးရင် အမှတ်များများ ရတတ်လို့
စာစီစာကုံးထဲ ထည့်ထည့်ရေးဖူးတယ်
အိမ်နီးချင်းနိုင်ငံတွေဟာ အင်မတန် ဆင်းရဲရှာလို့
ကျုပ်တို့မြန်မာက လျှပ်စစ်ဓာတ်အား မျှဝေပေးတယ် ထင်ပီး
ဖယောင်းတိုင်ထွန်းရင်း ပီတိဖြစ်ခဲ့ဖူးတယ်
သူငယ်ချင်း အချင်းချင်း အီသီယိုးပီးယားက လာတာလားလို့ စနောက်နေချိန်တုန်းက
ကိုယ့်မြန်မာပြည်သူတွေဟာ
ဆီကိုရေချိုး ဆေးရိုးမီးလှုံ စပါးတောင်လိုပုံ နေတယ်လို့ ထင်ခဲ့ဖူးတယ်
သတင်းစာ ဖတ်ရင် ဗဟုသုတ
အင်မတန် ကြွယ်ဝမယ် ဆိုလို့
တံတားဖွင့်ပွဲ လမ်းဖွင့်ပွဲ စာလုံးမည်းတွေကို ပျင်းပျင်းနဲ့ ကြိတ်မှိတ် ဖတ်ခဲ့ဖူးတယ်
စက်မှုစွမ်းအား ခေတ်ကျော်လွှား ဆိုလို့
တစ်ခါမှ မမြင်ဖူးတဲ့ စက်ရုံကြီးတွေ
ကိုယ်မသိတဲ့ တစ်နေရာရာမှာ
အင်နဲ့အားနဲ့ လည်ပတ်နေပီ ထင်ခဲ့ဖူးတယ်
ကြက်ဆူပင်စိုက်ရင် ကမ္ဘာကတောင် မသိသေးတဲ့ ဘိုင်အိုဒီဇယ် ဆိုတာကြီး ထုတ်နိုင်တော့မယ်
ထင်လို့
ဝန်ထမ်းတွေ နေပူကျဲတဲမှာ
ကြက်ဆူပင် စိုက်နေတာကို ဝမ်းသာပီတိ ဖြစ်ခဲ့ဖူးတယ်
တစ်ရုံးလုံးကလူတွေ မျက်နှာဆိုးနဲ့
ဆူပူကြိမ်းမောင်းတာကိုခံနို င်မှ
လက်ဖက်ရည်ဖိုး လျှောက်လွှာဖိုး ဘာဖိုး ညာဖိုး
တောင်းသမျှ ပေးနိုင်မှ
နိုင်ငံသားကဒ်ရခဲ့လို့ မှတ်ပုံတင်ဆိုတာ အရေးကြီးတာလို့ ထင်ခဲ့ဖူးတယ်
ညဘက် အောက်လမ်းက ဖြတ်ဖြတ်သွားတဲ့
သစ်လုံးကားကြီးတွေဟာ
နိုင်ငံတော်ရဲ့ ပြည်ပဝင်ငွေတွေထင်လို့
ဒီကားကြီးတွေ ပြန်လာတဲ့အခါ
မြန်မာတွေ ချမ်းသာတော့မယ်လို့ မျှော်လင့်မိခဲ့ဖူးတယ်
အမေ့လုပ်ငန်း အသေးလေး
အခွန်တွေ နင့်နေအောင် ဆောင်ရလို့
ကုမ္ပဏီ အကြီးကြီးတွေဆို အမေ့ထက် အဆတစ်ရာလောက် ပေးကြရမယ် ထင်ပီး
ကိုယ်ချင်း စာနာခဲ့ဖူးတယ်
KFC ကြက်ကြော်တစ်တုံးစာ တန်ဖိုး မသိခင်တုန်းက
တစ်နေ့ လုပ်ခလစာ ၃၀၀၀ လျော့လျော့အတွက်
ဝန်ထမ်းတွေဟာ တိုင်းပြည်ကို သစ္စာရှိကြလိမ့်မယ် ထင်ခဲ့ဖူးတယ်
လူကြီးလာလို့ သစ်ပင်တွေ ထုံးသုတ်တာကို
နိုင်ငံတော် စည်ပင်သာယာ ဝပြောတာလို့
ထင်ခဲ့ဖူးတယ်
အလကားရတဲ့ ဆင်းကဒ်တွေကို
သိန်းဆယ်ချီပေးပီး ဝယ်ခဲ့ဖူးတယ်
ဘာမှ သုံးမရတဲ့ ဘွဲ့ဓာတ်ပုံကို
သိန်းရာချီပေးပီး ဝယ်ချိတ်ခဲ့ဖူးတယ်
ကျုပ် ဦးနှောက်မရှိခဲ့ပုံတွေကို ထပ်ပြောရရင်
ပြောမကုန်နိုင်အောင် ထပ်ရှိသေးတယ်
ကိုယ့်တုန်းက အကြိမ်ကြိမ် ချိုးဖောက်ခံရတဲ့
နိုင်ငံသားအခွင့်အရေးတွေကို
နောက်မျိုးဆက်တွေ မခံစားစေချင်တော့လို့
NLD ကို ရင်နာနာနဲ့
မဲပေးခဲ့ပါတယ်
Credit to Shoon Mi Mi Htet
.
Bosaw Wtk
==================

ဆူပူကြိမ်းမောင်းတာကိုခံနို

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။