ဘုန်းထက် ကြယ် added 3 new photos.
မင်းတို့ ထောက်ခံတဲ့သူတွေ
အစိုးရဖြစ်မှ တွေ့မယ်။
တကယ်တော့..
အရင် အစိုးရက လူကြီးတွေ
ကိုယ်ကျိုးပဲ ကြည့်ပြီး
ခိုးခဲ့ကြလို့ ..
အားလုံးက ဝိုင်းပြီး
ပြောခဲ့ကြ ရေးခဲ့ကြတယ်။
ဒါပေမယ့်..
အမုန်းတွေ အငြိုးတွေနဲ့ ရေးခဲ့ကြခြင်း
မဟုတ်ပဲ..
သူခိုးတွေလက်ကနေ
မြန်မာပြည်ကြီးကို လွတ်စေချင်တဲ့
စေတနာ..
ကိုယ်တိုင်အပါအဝင်ဖြစ်တဲ့ မြန်မာလူမျိုးအားလုံးကို ဆင်းရဲတွင်းထဲကနေ
လွတ်မြောက် စေချင်တဲ့
စိတ်တွေကို အရင်းခံပြီး
ရေးခဲ့ကြခြင်းက
အများဆုံး ဖြစ်ကြမှာပါ။
ခုတော့..
ပြည်သူတွေ ဒုက္ခရောက်အောင်
လုပ်ခဲ့တဲ့သူတွေကို ကာကွယ်ပြီးမှ..
ပြည်သူကို ဆင်းရဲတွင်းထဲကနေ
ကယ်ထုတ်ချင်တဲ့သူတွေကို
အတိုက်အခံ လုပ်ပြီး
ပြန်ရေးကြမယ်ဆိုတော့..
သူခိုးတွေဘက်က နေပြီး
ရေးပေးမယ့်သူဟာ ဘယ်လိုလူမျိုးတွေပဲ
ဖြစ်မယ်ဆိုတာ..
ပြည်သူတွေက မသိဘူးလို့များ ထင်နေလို့လား။
ပြီးတော့ ..
အဲဒီလို ပြန်ရေးမယ် ဆိုတဲ့
စာတွေကို ဖတ်ရင်း..
တခါက ဖတ်ခဲ့ဖူးတဲ့ ပုံပြင်ထဲကလို.
"မင်းက
ငါ့မြင်းကြီး ငှါးပြီး
ငါ့မြင်းကြီး မောအောင် စီးပစ်လို့...
ငါကလည်း မင်းပိုင်တဲ့ လှေကြီးကို
တခါပြန်ငှါးပြီးမှ
မင်းလှေကြီး မောအောင်
တနေ့လုံး လှော်ပစ်လိုက်မယ်"ဆိုတဲ့
သူမျိုးလိုသာ.ဖြစ်နေလိမ့်မယ် ဆိုတာ
တွေးမိရင်း..
မှတ်ချက်။
ခုလို နည်းပညာ မြင့်မား လာနေတဲ့ ခေတ်ကြီးထဲမှာ..
ပြည်သူတွေ ကို လိမ်လို့ မရနိုင်တော့ဘူး။
အတူတူချင်းတွေသာပဲ လက်ခံကြမယ်ဆိုတာ သိနိုင်ကြပါစေ ။
ဘုန်းထက်ကြယ်

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။