Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, March 9, 2016

ကျွန် မဖြစ်ပေမယ့် .. ကျွန်စစ်တယ် ဆိုတဲ့ .. စကားလေး မိတ်ဆွေ ကြားဘူးမယ် ထင်တယ် ...

ကျွန် မဖြစ်ပေမယ့် .. ကျွန်စစ်တယ် ဆိုတဲ့ .. စကားလေး မိတ်ဆွေ ကြားဘူးမယ် ထင်တယ် ...
...........
ယနေ့ခေတ် အချိန်ကာလမှာ.. ကိုလိုနီခေတ်တုန်းကလို .. စစ်ရေး အရ အင်အားကြီး နိုင်ငံတခုက .. တခြား နိုင်ငံငယ် တခုကို တိုက်ခိုက်သိမ်းပိုက် အလံစိုက်မှ .. ကျွန် ဖြစ်တာ မဟုတ်ပါဘူး ..
...............
ဈေးကွက်စီးပွားရေး စနစ်တခုမှာ .. အင်အားကြီးနိုင်ငံတခုက နိုင်ငံငယ်တခုအပေါ် .. မိမိငယ်ကျွန် .. အိမ်သဖွယ် .. ကြိုက်သလို ပြုမူဆောင်ရွက် .. အနိုင်ကျင့် ဆက်ဆံနေတာဟာလည်း .. စီးပွားရေး အရ .. ကျွန်ပြုတာပါ ...


...............
ဒါဟာ ကျွန်မဖြစ်ပေမယ့် .. ကျွန်စစ်တယ် ဆိုတဲ့ .. စကားလေးရဲ့ အဓိပ္ပါယ် ဖွင်ဆိုချက် တွေထဲက .. တချက်တော့ ဖြစ်မယ် ထင်တယ် ...
..........
အာရှမှာ ကျုပ်တို့ မြန်မာတွေ .. ကျွန်ဖြစ်နေပြီလားးးးးးးးး
.............
ဒီမေးခွန်းကို .. ရင်နာနာနဲ့ ပြန်ဖြေရမယ်ဆိုရင်တော့ .. ကျုပ်တို့တွေ ကျွန်ဖြစ် မဖြစ်တော့ .. သေချာမသိဘူး ..
........
ဒါပေမယ့် လက်ရှိအချိန်မှာ .. မြန်မာမိန်းကလေးတွေ .. တရုတ်မယား အဖြစ် ရောင်းစားခံနေရတယ် ..
.........
ယိုးဒယားမှာ မကောင်းတဲ့ ပြည့်တန်ဆာလုပ်ငန်းလုပ်ကိုင်နေရတဲ့ .. မြန်မာမိန်းကလေးတွေ သောင်းနဲ့ချီ ရှိတယ် ...
.............
ထိုအတူ .. ယိုးဒယား၊ မလေး ၊ ဒူဘိုင်း ၊ ထိုင်ဝမ် ၊ စင်ကာပူ စတဲ့ နိုင်ငံတွေမှာ .. အလုပ် အဆင်မပြေဘဲ .. ရတဲ့အလုပ်ကို ဖြစ်သလို အနေအထား ပေါင်းစုံနဲ့ .. လုပ်နေရတဲ့ .. မြန်မာ မိန်းကလေး တွေ .. အများကြီးရှိတာ .. အမှန်တရားပါ ...
...........
ဒီလိုအချိန်မျိုးမှာ .. ဒီမိန်းကလေး တွေရဲ့ .. အလုပ်ရှင်ရှေ့မှာ .. သခင်မျိုးဟေ့ .. ဒို့ဗမာ .. ဆိုတဲ့စကားကို .. ကျုပ်တို့ ဘယ်လိုမျက်နှာနဲ့ ပြောကြ မလည်း ...
.....................
ကမ္ဘာပေါ်မှာ သယံဇာတ ပေါများတဲ့ နိုင်ငံတော်တော်များများမှာ .. ပြည်သူတွေ ဆင်းရဲကြပါတယ် ..
.......
အဓိက ပြသနာ အရင်းအမြစ်က .. အုပ်ချုပ်သူ အစိုးရအဖွဲ့ဝင် လူကြီးတွေရဲ့ .. အဂတိလိုက်စားမှု နှင့် အမျှော်အမြင် စဉ်းစား ဥာဏ် .. မရှိကြလို့ .. ပြည်သူတွေ ဆင်းရဲနေတာပါ ......
...............
ယနေ့ ကျုပ်တို့ မြန်မာနိုင်ငံ မှာလည်း .. သဘာဝ သယံဇာတ တွေ .. လက်ရှိ အစိုးရ တူးဖေါ်ရောင်းချထားတာ .. ကုန်သလောက် ဖြစ်နေပါပြီ
.........
နောက်တက်လာမယ့် .. အစိုးရ လက်ထက်မှာ ရောင်းစရာ မလိုအောင် .. စေတနာနဲ့ ရောင်းပေးသွားတာလားတော့ .. မသိဘူး ...
.............
ဦးသိန်းစိန် အစိုးရလက်ထက်မှာ .. လက်ပန်းတောင်းတောင်ကြီး .. တရုတ်လက်ထဲ ရောက်သွားတာ .. စိတ်မကောင်းဘူး ..
........
ပိုဝမ်းနည်းမိတာ တခုက .. မတူးဖို့တားတဲ့ရဟန်းဘုန်းကြီးတွေ .. မီးလောင်ဗုံးနဲ့ အပစ် ခံရတော့ .. ပိုလို့တောင်အံသြ ထိတ်လန့်မိတယ် ..
........
တရုတ်ကြီးနှင့် ဦးပိုင် စီးပွားရေးလုပ်တာ .. ကျုပ်တို့ လယ်တီဆရာတော်ဘုရားကြီးရဲ့ .. သိမ်တောင် .. ပါသွားသေးတယ် ...
......................
စိုင်းနော်ခန်း ကို .. တရုတ်မှာ ဆေးထိုး အသတ်ခံရတုန်းက .. ဘာဝေဖန်သံမှ မထွက်တဲ့ .. ကျုပ်တို့ အစိုးရက ..
..........
မြန်မာပြည်ထဲဝင်ပြီး သစ်ခိုးတဲ့ .. တရုတ်တွေကို .. အသက်စွန့် မိုင်းဆွဲခံ .. အသေခံပြီး ဖမ်းပေးခဲ့တဲ့ .. စစ်သားတွေနှင့် မိသားစုဝင်တွေ မျက်နှာကို မကြည့်ဘဲ .. အလွယ်တကူ ရက်ပိုင်းလေးနဲ့ .. ပြန်လွှတ်ပေးနိုင်တဲ့ .. သဘောထားကြီးမှုကိုလည်း .. နားမလည်နိုင်အောင် ဖြစ်ရတယ် ...
...................
နိုင်ငံထဲက သစ်လည်းကုန် ၊ ကျောက်စိမ်း၊ရွှေ သဘာဝသယံဇာတ တွေလည်း ကုန်၊ မိန်းမပျိုလေးတွေလည်းကုန် ၊ လူငယ်အများစုလည်း နိုင်ငံခြား ရောက် .. ကောင်းရော ...
..........
ဘာဘဲဖြစ်ဖြစ် ဒီလိုအနေအထား မျိုးမှာ .. အမေ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရက .. နိုင်ငံဆင်းရဲမွဲတေမှု ပြသနာကို .. အကောင်းဆုံး ကိုင်တွယ် .. ဖြေရှင်း နိုင်မယ်လို့ .. မိတ်ဆွေထင်လား ...
....................
ကျုပ်ကတော့ ဖြေရှင်းနိုင်မယ်လို့ .. ယုံကြည်တယ် ..
.....................
ဘာကြောင့်လည်းဆိုတော့ .. တကယ်တမ်းတော့ ကျုပ်တို့ မြန်မာတွေက .. မညံ့ပါဘူး ..
........
တချို့တွေကပြောတာတော့ .. ကျုပ်တို့တွေက ပျင်း ကြ တယ်တဲ့ ...
........................
ကျုပ်ကတော့ ပျင်းတယ်လို့ မထင်ဘူး .. တကယ် ပျင်းတဲ့ လူတယောက်ဟာ .. ဘာဆိုဘာမှ .. မသင်ယူ မလေ့လာ .. မကြံဆောင် ဘဲ ဘ၀ကို .. ဖြစ်သလို ဖြတ်သန်း ကြတယ် ....
................
ကျုပ်တို့ နိုင်ငံမှာ .. ဆင်းရဲတဲ့ ဘ၀တွေကနေ .. လွတ်မြောက် ဖို့အတွက် သာမန် .. မိန်းမပျိုလေးတွေတောင် .. သူများနိုင်ငံမှာ မကောင်းတဲ့ ပြည့်တန်ဆာ အလုပ်ကို လုပ်ကိုင်ပြီး .. မိမိတို့ မိသားစုဘ၀ အသိုက်မြုံလေးကို .. တည် ဆောက်နေကြတယ် ...
............
ထိုအတူ ပင်လယ်ထဲမှာ .. တရားမ၀င်ရေလုပ်သား ဘ၀နဲ့ .. ယိုးဒယား ပဲ့နင်းတွေ .. နှိပ်စက် သတ်ဖြတ်တာခံပြီးတော့တောင် .. မိမိ မိသားစုကို .. ရှာကြွေးရဲတဲ့ .. စိတ်ဓါတ် ပိုင်ရှင် .. လူငယ်တွေ အများကြီးရှိသလို ...
.......
အသက်ဘေးလုံခြုံမှု မရှိတဲ့ .. မလေးရှားတချို့နယ်တွေမှာတောင် .. အိုဗာစတေး အလုပ်သမား ဘ၀နဲ့ ခိုးနေပြီး .. မိသားစုကို ရှာကြွေးရဲတဲ့ .. မြန်မာတွေ အများကြီး ရှိတယ် .....
.....................
တကယ်လို့သာ .. ဥာဏ် ပညာအမြော်အမြင်ရှိတဲ့ .. ခေါင်းဆောင်ကောင်း တယောက်ရဲ့ ဦးဆောင်မှု့ အောက်မှာ .. ဒီစိတ်ဓါတ်တွေကို .. အကောင်းဆုံး ပဲ့ပြင်ဆုံးမ ..ကိုင်တွယ်နိုင်မယ်ဆိုရင် .. ဒီစိတ်ဓါတ် တွေဟာ တိုင်းပြည် အတွက် .. အဖိုးမဖြတ်နို်င် တဲ့ .. လူစွမ်းအား အရင်းအမြစ်တွေပါဘဲ ...
..............
နောက်ဆုံး ကျုပ်တို့တွေ .. ရင်နာနာနဲ့ ထိုင်ကြည့်နေရင်း .. တောင်ကြီးကနေ .. ဘ၀ပြောင်းပြီး .. တွင်းနက်ကြီး ဖြစ်သွားတဲ့ .. မကြာခဏ မြေစာပုံ ပြိုကျလို့ .. လူရာနဲ့ချီ သေဆုံးနေတဲ့ .. ဖါးကန် ကျောက်တွင်းလိုနေရာတွေကိုတောင် .. ဥာဏ် ပညာ နှင့် စီးပွားရေး အမြင်သာရှိမယ်ဆိုရင် ....
...................
လူသားတွေကြောင့် ပျက်စီးခဲ့ရတဲ့ .. ရတနာမြေ ဆိုပြီး .. နိုင်ငံတကာက ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားတွေ .. လာရောက် လေ့လာနိုင်တဲ့ .. နေရာတခုအဖြစ်ဖန်တီး လို့ရပါတယ် ..
.........
မူလ ကျောက်မတူးခင်က ရှိခဲ့တဲ့ .. ဓါတ်ပုံတွေ နှင့် ယနေ့လက်ရှိ ကျန်နေခဲ့တဲ့ တွင်းကြီးတွေ၊ မြေစာပုံ ပျိုကျ မှုကြောင့် သေဆုံးမှုတွေကို .. ပြခန်း နှင့် လက်တွေ့ ကွင်းဆင်း .. လေ့လာနိုင်အောင် ဖန်တီး စီစဉ်ပေးမယ်ဆိုရင် .. ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းနဲ့တောင်.. ငွေပြန်ရှာလို့ရပါတယ် ....
...........
တွင်းနက်ကြီးတွေရဲ့ .. နံရံပေါ်မှာ တောင်တက် အားကစားနည်း .. ကစားလို့ရအောင် စီစဉ်ပေးမယ်ဆို ..
........
တွင်းနက်ကြီးတွေထဲမှာ .. စက်ဘီးစီး အားကစားနည်း ၊ အပျော်တမ်း ဆိုင်ကယ်စီးတာ မျိုးတွေ .. ဟော်တယ်တွေဖန်တီးပေမယ်ဆိုရင် .. သာမန်ရုံးပိတ်ရက် မှာတောင် .. ပြည်တွင်း ခရီးသွားတွေ လာကြမယ် ထင်တယ် ...........
...........
အဓိက ကတော့ .. အိမ်တအိမ်မှာ ကြမ်းဆွေးတယ်ဆိုတာ ... ခေါင်မိုးက မိုးမလုံ လို့ပါ .. ခေါင်မိုးသာ မိုးလုံခဲ့မယ်ဆိုရင် .. ဆွေးနေတဲ့ ကြမ်းခင်းကို .. ဖြေးဖြေးခြင်း အချိန်ယူ .. ပြင်ဆင်သွားမယ်ဆို .. မဝေးတဲ့ တနေ့မှာ ပြန်ကောင်း လာမှာပါ .....
................
ဒါကြောင့် ကျုပ်တို့ မြန်မာ ပြည်သူတွေ အတွက် .. အဓိက လိုအပ်နေတာက .. ပြည်သူအပေါ် စေတနာထားပြီး .. မခိုး၊ မ၀ှက် .. လာဘ်မစား ၊ ကိုယ်ကျိုး မရှာဘဲ .. မှန်မှန်ကန်ကန်လုပ်ဆောင်မယ့် .. အစိုးရတခုပါ ....
................
သေချာတာတော့ .. အမေဒေါ်အောင်ဆန်းစုကြည် ဟာ .. တိုင်းပြည်ကို ရောင်းစားပြီး ၊ တရုတ် ကြောက်ပါတယ်ဆိုတဲ့ စကားမျိုး ပြောမယ့် .. လူစား မဟုတ်ပါဘူး ...
.........................
နောက်ဆုံး အစိုးရအဖွဲ့ က လုပ်ရပ်တွေမှားနေလို့ .. ပေါ်တင် ဝေဖန်ခဲ့ရင်တောင် .. မီးလောင်ဗုံးနဲ့ ပစ်ခတ်နှိမ်နင်းတဲ့ .. အစိုးရ မဟုတ်တာတော့ .. သေချာ ပါတယ် ....
..........
အမေဒေါ်အောင်ဆန်းစုကြည် ရဲ့ .. ဦးဆောင်မှုအောက်မှာ .. ကျုပ်တို့တွေ ညီညီ ညွှတ်ညွှတ်နဲ့ .. ရန်မဖြစ်ဘဲ ဟောင်းနွမ်းဆွေးမြေ့နေတဲ့ .. ကျုပ်တို့ အိမ်လေးကို .. ပြန်ပြင်ကြမယ်ဗျာ ....
.........
မကောင်းဘူးလားးးးးးးးးး
...............
ကိုပြည့် ( 99 - Geology )

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။