Min Yar added 3 new photos.
'အချိန် ဆိုတာ ငွေ'
ဂျပန်လို့ ပြောလိုက်တာနဲ့ ...အချိန် အလွန်တိကျကြတယ် ဆိုတာ ပြေးမြင်မိကြမယ် ထင်ပါ တယ် ဗျာ...လူမျိုးတစ်မျိုးရဲ့ ပြယုဒ် ဖြစ်တဲ့ အထိကို တိကျကြတယ်...
ရထားတွေ၊ ကားတွေက အချိန်နဲ့ တပြေးညီ...
အသွား ၊အလာ၊ အနေ၊အထိုင် ၊ အစား အသောက်..
အားလုံးက အချိန်ရဲ့ ပုံစံ ခွက်ထဲ....
အဲ့ဒီထက်ပိုပြီး လေးစားဖို့ ကောင်းတာက သူတို့ အချိန်အပေါ် ထားတဲ့ စိတ်ဓါတ်ပါပဲ...
ချိန်းထား တဲ့ အချိန်ဆို ကတိတည်ကြတယ်...
ချိန်းဆိုသူက ၁၀/၁၅ မိနစ် ကြိုစောင့်ကြတယ်...
ချိန်းထားတဲ့ အချိန်ထက် စောပြီးလဲ မတွေ့ ကြဘူး...တဘက်လူရဲ့ အချိန်ကို လေးစားလို့ပါတဲ့...
ကျွန်တော် စရောက်တော့ ဆောက်လုပ်ရေးနဲ့...
တိုကျို ပတ်ဝန်းကျင်က မြို့တွေ အကုန်နီးပါး သွားရတယ်...ဘယ်နေရာ ရောက်ရောက် အမှန် ဆုံးက အချိန်ပါပဲ...မနက်လုပ်ရ တဲ့ အလုပ်တွေ ရှိတယ်...
ည တစ်ညလုံး လုပ်ရတဲ့ အလုပ်တွေ ရှိတယ်...
ညလုံးပေါက် လုပ်ရတဲ့ အလုပ်တွေက...လမ်း တို့ ပလက်ဖောင်းတို့ ပြင်ပါတယ်.....
နေ့ခင်း မှာ ပြင်ရင် သွား၊လာ နေတဲ့ သူတွေ အနှောက်ယှက် ဖြစ်မှာ ဖြစ်တဲ့အတွက် ...ညမှ ပြင်ရပါတယ်...
ည ၉ နာရီ ကစ အလုပ်လုပ် ရတယ်..မနက် ၅ နာရီဆို အားလုံး သိမ်းပြီး ကွက်တိပါပဲ...
အားလုံး က အချိန် ပုံစံ ခွက်မှာ အသားတကျ ပါပဲ...။
ကျွန်တော့ ဆောက်လုပ်ရေး သူဌေး ဒုတိယအကြိမ် မြန်မာပြည်သွားပြီး ပြန်လာတော့....
'မင်းတို့ လူမျိုးကို အားကျတယ်ကွာ...အချိန်တွေ အရမ်းပေါတာပဲ ၊ ငါ့မှာတော့ ကိုယ်ပိုင် အားလပ်ချိန်ဆိုတာတောင် မနည်း ရှာယူရတယ်' တဲ့
ဟုတ်ပါတယ်....ကျွန်တော်တို့ အမျိုးမှာ...အပေါဆုံးက အချိန်၊ အရှားဆုံးက မုဒိတာ။
အင်တာဗျူး ဖြေနေပါတယ်ဆိုတဲ့ ညီအကို၊ မောင်နှမ တွေကို တစ်ခု မျှဝေချင်ပါတယ်...အဲဒါက အချိန်နဲ့ ပတ်သက်ရင် ကိုယ်က လေးစားပါတယ် ဆိုတာ ပြနိုင်ဖို့ပါပဲ...
ကျွန်တော် တို့ အင်တာဗျူးတွေ ဖြေကြတော့ ....
ယောကျာ်းလေး တစ်ယောက်နဲ့ မိန်းခလေး တစ်ယောက် ရဲ့ ဖြစ်စဉ်ပါ...
ကောင်လေးကို ဂျပန် အလုပ်ရှင်က မေးပါတယ်...
မင်း ဘာလို့ ဂျပန်ကို အမြန်ဆုံးသွားချင်တာလဲ' ဆိုတော့
'ကျွန်တော် အခု ခဏ ခဏ အင်တာဗျူး ဖြေနေရတဲ့ အချိန်ကို နှမျော လို့ ပါ ' ဖြေတယ်..
မိန်းခလေးက UFL ကကျောင်းပြီးတယ် ...ဂျပန်စာ အရမ်းတော်ပါတယ်.....ရုပ်လေးကလည်း မှုံနေအောင် လှတယ်....(အင်တာဗျူးလာတဲ့ သူဌေးတွေ အကြိုက်ပါပဲ)
ဒါပေမယ့် အင်တာဗျူးချိန်ထက် ၅ မိနစ် နောက်ကျပါတယ်...
'မင်းဘာလို့ နောက်ကျတာလဲ' မေးတော့ ...
ကောင်မလေးက
'ကျမ မှာအားနည်းချက်တစ်ခုရှိတယ်...အဲဒါက ချိန်းထားတဲ့ အချိန်တိုင်း အမြဲနောက်ကျတကတ်တာပါပဲ' လို့ဖြေခဲ့တယ်...
ကောင်ကလေးက အခု Hamamatsu မြို့ ကားစက်ရုံမှာ အလုပ်လုပ်နေပြီး...
ကောင်မလေးကတော့ အင်တာဗျူး မအောင်ခဲ့ပါဘူး...ဗျာ။
မင်းယျာ



No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။