ဘယ်ရာထူးပေးမှ မပေးရင်ကန့်လန့်တိုက်မယ် ' ဆိုသူများ ဖတ်မိစေချင်ပါတယ်…
#ဒါဟာအညတရချင်းတိုင်းရင်းသားတစ်ယောက်ရဲ့ #မြင့်မြတ်တဲ့စိတ်ထားပဲ--*
ချင်းလူမျိုးတို့သိမှတ်ကြကု န်လော့...
နိုင်ငံတော် ဒုသမ္မတရရှိမှုအပေါ် ဝမ်းမြောက်ဂုဏ်ယူမှုနှင့် ချင်းမျိုးနွယ်စု သတိပြုဖွယ်များ
ဘုရားရှင်ဘုန်းသာ၍ ကြီးပါစေ...
ခရစ်ယာန်ဖြစ်သည့်အားလျော်စွာ လက်ရှိနေရာသို့ ရွေးကောက်ပို့ဆောင်ပေးသော ဖဘုရားရှင်အား အထူးပင်ကျေးဇူးတင်ရှိပါသည်။
ဘုရားရှေ့တွင်လူတိုင်း တန်းတူညီစွာ တည်ရှိပါသည်။ ရိုးသားဖြူစင်မှုနှင့် စိတ်နှလုံးနှိမ့်ချမှုသာ ဘုရားရှေ့တွင် အဖိုးတန်ပါသည်။
လက်ရှိကြားသိနေရသော သိတင်းများအပေါ် အမျိုးများလည်း ဝမ်းမြောက်ပျော်ရွှင်လျက် ရှိမည်ဟု ယုံကြည်ပါသည်။ မထင်မှတ်ထားသော အခြေနေသို့ရောက်ရှိခဲ့သည့်အ တွက် မိသားစုဝင်များနှင့် အတူ ဝမ်းသာကြည်နူးမိပါသည်။ ထိုဝမ်းသာမှုသည်လည်း ၅ နှစ်သာမဟုတ် ကာလကာရှည်စွာ ဖြစ်စေချင်မိပါသည်။
တဆက်တည်းမှာပင် ချင်းညီအစ်ကိုမောင်နှမများအ နေဖြင့် သတိမမူဂူမမြင် ဆိုသကဲ့သို့ သတိထား ရမည့်အချက်များလည်းရှိနေပါသ ည်။ မိမိတို့ပြည်ထောင်စုကြီးတွင်
အဓိကအားဖြင့် တိုင်းရင်းသား လူမျိုးကြီး (၈)မျိုးနေထိုင်ကြပါသည်။ ကချင်၊
ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း ဟူ၍
မှီတင်းနေထိုင်လျက်ရှိနေပါသ ည်။ ထိုမျိုးနွယ်စုများထဲမှ ယခုကဲ့သို့ မိမိတို့မျိုးနွယ်စုအနေဖြင့်  တထောင့်တနေရာမှ တာဝန်ထမ်းဆောင်မည့် အပေါ် ဂုဏ်ယူရမည်မှန်သော်လည်း ကြွားဝါမောက်မားရန်လုံးဝမဟု တ်သည်ကို အထူးသတိပေးလိုပါသည်။
အထက်ကဖော်ပြပြီးသကဲ့သို့ အရည်ချင်းကြောင့်မဟုတ်ပဲ ဘုရားရှင်ရွေးကောက်၍သာ ဖြစ်ခြင်းဖြစ်သဖြင့် လူသားအနေဖြင့် အခြားအရည်အချင်းနှင့်ပြည့်ဝ သူ၊ လုပ်ငန်းဆိုင်ရာ ပိုမိုကျွမ်းကျင်သူများစွာရှိနေပါသည်။ ထို့ကြောင့် အခြားတိုင်းရင်းသားများနှင့်  ပြောဆိုရာတွင် အထူးသတိပြုစေလိုပါသည်။
လက်ရှိဒုသမ္မတဦးဟင်နရီဗန်ထီရိုးသည် ချင်းပြည်နယ်ဒုသမ္မတမဟုတ်သကဲ့ သို့ ချင်းမျိုးနွယ်စုများ အတွက် သီးသန့်လည်းမဟုတ်ပါ။ ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ ဒုသမ္မတဖြစ်နေပါသည်။ ဆိုလိုသည်မှာ တစ်နိုင်ငံလုံး၏အရေးကို တာဝန်ယူဆောင်ရွက်ရမည်အပိုင်းဖြစ်ပါသည်။ ဤအချက်ကို ညီအစ်ကိုများသဘောပေါက်ရန် အထူးလိုအပ်ပါသည်။
မိမိမျိုးနွယ်၊ မိမိပြည်နယ်မှ ဖြစ်၍ ပိုမိုဦးစားပေးလိမ့်မည်၊ အခွင့်အရေးပိုရလိမ်မည်ဟု လုံးဝမြော်လင့်ချက်မထားပါနှ င့်။ ချင်းမျိုးနွယ်စုမှဖြစ်၍ ဖြစ်နိုင်လျင် လက်ရှိ ၅ နှစ်တွင် ချင်းပြည်နယ်ဦးစားပေးစာရင်း ဖြစ်နိုင်မည် မဟုတ်ပါ။ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသ၊ ရခိုင်နယ်စပ်ပြဿနာ၊ ရှမ်းကချင်ပြည်တွင်းစစ်အရေး ၊ ထိုင်းနယ်စပ်ရှိ အလုပ်သမားပြဿနာ စသည့် ပိုမိုလိုအပ်သည့်အချက်များကို
ဦးစားပေးနိုင်ပါ သည်။ အဘယ်ကြောင့်ဆိုသော် ချင်းမျိုးနွယ်စုမှ ဦးဆောင်၍
၎င်းမျိုးနွယ်စုအတွက်သာ ဆောင်ရွက် မည်ဆိုပါက မြန်မာနိုင်ငံတွင် စစ်မှန်သော
ပြည်ထောင်စုဖြစ်ပေါ်နိုင်မည် မဟုတ်တော့ပါ။
ထို့ကြောင့် ချင်းမျိုးနွယ်များ လက်ရှိသက်တမ်း ၅ နှစ်တွင် အခွင့်အရေးများ မြော်မှန်းရန်မဖြစ်နိုင်ပါ။ အခွင့်အရေးတစ်ခုတော့ရမည် ဘာအခွင့်အရေးလဲဟုဆိုပါက တာဝန်ယူ/ ခံ
ရမည့်အခွင့်အရေး ဖြစ်သည်။ ချင်းလူမျိုးဒုသမ္မတဗန်ထီးရို အကျင့်ပျက်၊
ချစားမှုများဖြစ်လာပါက ရှေးဦးစွာ ၄င်းနှင့် ၄င်းမိသားစု၊
ထိုမှချင်းမျိုးနွယ် နာမည်ပျက်မည်ဖြစ်သည်။ ထိုနောက် ပြည်သူများမှ
ယုံကြည်စွာရွေး ကောက်ထားသော ၄င်းနှင့် ၄င်းပါတီမှာလည်း
နာမည်ပျက်မည်ဖြစ်ပြီး နိုင်ငံတော်တိုးတက်မှုလည်း နစ်နာမည်ဖြစ်ပါသည်။
တဘက်တွင်းလည်း အင်တာနက်စာမျက်နှာများတွင် ပျံ့နှံ့နေသော ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခ အတွင်ဆောင်သည့် ပြောဆို၊ ရေးသားမှုများတွင် ချင်းညီအစ်ကိုမောင်နှမများ အထူးသတိထားစေလိုပါသည်။ တစ်စုံတစ်ဦး၊ တစ်ဖွဲ့၏ သွေးထိုးဆောင်ရွက်မှုများ၊ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၏ မှားယွင်းမှုများအား အတတ်နိုင်ဆုံး အကောင်းမြင်ဖြင့် တုန့်ပြန်စေလိုပါသည်။ လူမျိုးကြီးသား ပီသသည့်စိတ်ဓာတ်၊ ကောင်းမွန်သည့်ဘာသာရေးအဆုံး အမတို့အား စံထား၍ သီးခံစေလိုပါသည်။
နောက်ဆုံးအနေဖြင့် မိမိတို့ချင်းမျိုးနွယ်စုမှ တာဝန်ထမ်းဆောင်စဉ်ကာလတလျှော က်
လိုအပ်ချက်များ၊ အားနည်းချက်များအပေါ် ချင်းပညာတတ်/ရှိ ကြီးများ၊
လုပ်ငန်းရှင်များနှင့် မိဘပြည်သူ လူငယ်များမှ ဝိုင်းဝန်း၍
ပါရမီဖြည့်ဆည်းပေးရန် နှိုးဆော်ဖော်ပြအပ်ပါသည်။
ညီအစ်ကိုများအား လေးစားလျက်
ချင်းလုလင်
Credit to Ben Thang.
(လွတ်လပ်စွာ Share နိုင်ပါသည်)
#ဒါဟာအညတရချင်းတိုင်းရင်းသာ
ချင်းလူမျိုးတို့သိမှတ်ကြကု
နိုင်ငံတော် ဒုသမ္မတရရှိမှုအပေါ် ဝမ်းမြောက်ဂုဏ်ယူမှုနှင့် ချင်းမျိုးနွယ်စု သတိပြုဖွယ်များ
ဘုရားရှင်ဘုန်းသာ၍ ကြီးပါစေ...
ခရစ်ယာန်ဖြစ်သည့်အားလျော်စွ
ဘုရားရှေ့တွင်လူတိုင်း တန်းတူညီစွာ တည်ရှိပါသည်။ ရိုးသားဖြူစင်မှုနှင့် စိတ်နှလုံးနှိမ့်ချမှုသာ ဘုရားရှေ့တွင် အဖိုးတန်ပါသည်။
လက်ရှိကြားသိနေရသော သိတင်းများအပေါ် အမျိုးများလည်း ဝမ်းမြောက်ပျော်ရွှင်လျက် ရှိမည်ဟု ယုံကြည်ပါသည်။ မထင်မှတ်ထားသော အခြေနေသို့ရောက်ရှိခဲ့သည့်အ
တဆက်တည်းမှာပင် ချင်းညီအစ်ကိုမောင်နှမများအ
အထက်ကဖော်ပြပြီးသကဲ့သို့ အရည်ချင်းကြောင့်မဟုတ်ပဲ ဘုရားရှင်ရွေးကောက်၍သာ ဖြစ်ခြင်းဖြစ်သဖြင့် လူသားအနေဖြင့် အခြားအရည်အချင်းနှင့်ပြည့်ဝ
လက်ရှိဒုသမ္မတဦးဟင်နရီဗန်ထီရ
မိမိမျိုးနွယ်၊ မိမိပြည်နယ်မှ ဖြစ်၍ ပိုမိုဦးစားပေးလိမ့်မည်၊ အခွင့်အရေးပိုရလိမ်မည်ဟု လုံးဝမြော်လင့်ချက်မထားပါနှ
ထို့ကြောင့် ချင်းမျိုးနွယ်များ လက်ရှိသက်တမ်း ၅ နှစ်တွင် အခွင့်အရေးများ မြော်မှန်းရန်မဖြစ်နိုင်ပါ။
တဘက်တွင်းလည်း အင်တာနက်စာမျက်နှာများတွင် ပျံ့နှံ့နေသော ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခ အတွင်ဆောင်သည့် ပြောဆို၊ ရေးသားမှုများတွင် ချင်းညီအစ်ကိုမောင်နှမများ အထူးသတိထားစေလိုပါသည်။ တစ်စုံတစ်ဦး၊ တစ်ဖွဲ့၏ သွေးထိုးဆောင်ရွက်မှုများ၊ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၏ မှားယွင်းမှုများအား အတတ်နိုင်ဆုံး အကောင်းမြင်ဖြင့် တုန့်ပြန်စေလိုပါသည်။ လူမျိုးကြီးသား ပီသသည့်စိတ်ဓာတ်၊ ကောင်းမွန်သည့်ဘာသာရေးအဆုံး
နောက်ဆုံးအနေဖြင့် မိမိတို့ချင်းမျိုးနွယ်စုမှ
ညီအစ်ကိုများအား လေးစားလျက်
ချင်းလုလင်
Credit to Ben Thang.
(လွတ်လပ်စွာ Share နိုင်ပါသည်)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။