Ko Nyo added 12 new photos — with Htunhtun LA.
ဂေါ့ဒ်အဆိုတော်အဖြစ် ပြောင်းလဲသွားသူ
ဆရာ ထွဏ်းထွဏ်းနဲ့ စကားစမြီ.။
အိုင်စီအဖွဲ့ရဲ့မူလ မွေးထုတ်ခဲ့တဲ့ ရော့ခ်အဆိုတော် ထွဏ်းထွဏ်း( ယခ္ခု ဧ၀ံဂီလိဆရာ) တို့ မနေ့ကလူစုံတက်စုံ ပြန်ဆုံတွေ့တဲ့ မှတ်တမ်းဓာတ်ပုံလေးပါ။
အိုင်စီအဖွဲ့ကို ကောင်းကြီးပေး၊ ဆုတောင်းနေတဲ့ ဓာတ်ပုံလေးတွေ ရန်ကုန်ကနေ
လှမ်းပို့ပေးတဲ့ ဆရာထွဏ်းထွဏ်းကို ဓာတ်ပုံမှတ်တမ်း တွေနဲ့ ပတ်သက်လို့
ဗိုင်ဗာကတဆင့် စကားစမြီမေးစမ်း ပြောဖြစ်တယ်။
ကျနော်..။ ဆရာထွဏ်း နေကောင်းလား၊ မိတ်ဆွေဟောင်းတွေနဲ့ ပြန်တွေ့တာ
မင်္ဂလာပဲနော်..။
ဆရာထွဏ်း..။ ဟာတကယ့်မင်္ဂလာပါပဲ။ ဘုရားကျေးဇူးတော်ပေါ့။
စုံစုံညီညီနဲ့ ပြန်ပြီး မိတ်ဿသဟာရ လုပ်နိုင်တယ်။ ဆုတောင်းပေးဘို့ ပြောတာကြောင့် ဆုတောင်းပေးခဲ့တယ်။ အားလုံး တက်တက်ကြွကြွ ပျော်ပျော်ရွှင်ရွှင်နဲ့ အရင်အတိုင်းပြန်တွေ့ရတယ်၊ ပျော်စရာပါပဲ.။
ကျနော်..။ အရင်အတိုင်းပဲဆိုတော့ အိုင်စီက အလုပ်ဖြစ်နေသေးလားဆရာ။
ဆရာထွဏ်း။ ဟာ..။ အရမ်းအောင်မြင်တယ်။ ဘုရားနဲ့ အတူဆက်ကပ်၊ ကိုးစား သွားလာတဲ့ အဖွဲ့ဆိုတော့ ကျေးဇူးတော်အလျှံပယ်ခံစားရတယ်။
ဗမာပြည်မှာ ဘယ်တီးဝိုင်းအဖွဲ့မှ သူတို့လောက်ပွဲစဉ်မပြည့်ဘူး။ အိုင်စီက ဒီနှစ်ထဲမှာ ပွဲစဉ်အပြည့်၊ နောက်နှစ်အတွက်တောင် ဌားရမ်းထားတာတွေရှိနေပြီလို့ သိရတယ်။
တဖွဲ့လုံး အလုပ်အများဆုံး၊ အဆင်အပြေဆုံး အဆင့်ထဲမှာရောက်နေတယ်။
အိုင်စီက အခုထိ မြန်မာပြည် တေးဂီတလောကမှာ လူကြိုက်အများဆုံး၊ နာမည်အကြီးဆုံးပါ။ လူ၈ယောက်နဲ့ တေးချစ်သူပရိတ်သာတ်သန်းပေါင်းများစွာကို ဆွဲဆောင်ထားနိုင်သေးတယ်။
ကျနော်.။ ၀မ်းသာပါတယ်ဆရာထွဏ်း၊ ဆရာကအိုင်စီမှာမဆိုတော့ဘူးနော်။။
ဆရာထွဏ်း.။ မဆိုဖြစ်တော့ဘူး။ ကျနော် ၁၉၉၀ကနေ ၂၀၀၃ အထိ အိုင်စီက မွေးထုတ်လိုက်တဲ့ အဆိုတော်တယောက်ဖြစ်ခဲ့တယ်။အိုင်စီက ကျနော့ရဲ့ မိခင် အဖွဲ့ပေါ့.။ အဲဒီတုန်းက ကျနော်ရယ်၊ ကောင်းဆက်နဲ့ ညီညီ တို့ပါ။ ကျနော်က နောက်ပိုင်းအမေရိကားရောက်သွားတယ်။
ကျနော်..။ ဟိုမှာ ဘယ်လောက်ကြာသွားလဲဆရာ၊ ဒါပထမဆုံး အလည်ခရီးလား..။
ဆရာထွဏ်း..။ အမေရိကားမှာ ၁၀နှစ်လောက်ကြာပြီးမှ ၂၀၁၄ တုန်းက ဧ၀ံဂီလိ ခရီးစဉ်နဲ့ ဘုရားပို့ဆောင်လို့ တခေါက်ရောက်ခဲ့တယ်။
အခုဒုတိယမြောက်ပါ.။
ကျနော်..။ အခုတခေါက် ဘာအစီအစဉ်တွေရှိလဲဆရာ.၊
ဆရာထွဏ်း..။ ဒီတခေါက်လည်း ဘုရားသခင်ပို့ဆောင်တဲ့ခရီးပါပဲ.။
မလေးရှားကနေတဆင့် ချင်းပြည်နယ်တလွှား ဧ၀ံဂီလိ သတင်းကောင်းတွေဝေငှသွားမယ်။
မလေးရှားမှာ ဘုရားကိုမသိ၊ ခရစ်ယာန်မဟုတ်သူ လူငယ်အယောက် ၂၀ ယေရှုကို လက်ခံယုံကြည်သွားတယ်။
အခုချင်းတောင်တလွှားမှာလည်း ဘုရားကောင်းကြီးတွေ လိုက်ဟောပြောမယ်။ ၀ိညာဉ်များစွာကို ဘုရားသခင်က ရွေးနှုတ်မှာပါ။
ကျနော်..။ ဘယ်လောက်ကြာမလဲဆရာ.။
ဆရာထွဏ်း..။ မနက်ဖန် တနင်္ဂနွေကို ဆရာစံပီးရဲ့ ဗိုလ်တထောင် ၀ိုင်အမ်စီအေမှာ တရားဒေသနာဝေငှမယ်။
တနလာင်္နေ့ ချင်းတောင်ခရီးစထွက်မယ်။ တနေရာပြီးတနေရာ သွားလိုက်၊ လာလိုက်နဲ့ တလလောက်ကြာမယ်ထင်တယ်။
ဧပြီလကုန် အမေရိကားပြန်မယ်.။
ကျနော်..။ ဆရာ အခုလို ကိုယ့် အိုင်စီ ညီအကိုတွေနဲ့ ပြန်ဆုံတော့ ရော့ခ်သီချင်းတွေ ဘာတွေ ပြန်သတိမရဘူးလား..။
ဆရာထွဏ်း..။ ဟား..၊ ဘယ်အရသာ တွေ့တော့မလဲ.။
ကျနော်က အခု ရော့ခ်အဆိုတော်ထက် ဂေါ့ဒ် (God) အဆိုတော် ဘ၀ကို ပိုစွဲလန်းသွားပြီလေ..။
ကျနော်..။ ၀မ်းသာတယ်ဆရာ၊ ဘုရားသခင် သာ၍ အသုံးပြုပါစေ.။
ဆရာထွဏ်း..။ အာမင်..။ Thank you, God Bless.
ကိုညို( အော်စလို)

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။