အထင်ကြီးတတ်တဲ့စိတ်ကို သတိထားပါ။
အထင်ကြီးတတ်တဲ့စိတ်ဟာ အထင်သေးတတ်တယ်။
တစ်ယောက်ယောက်က ကိုယ့်ကို အထင်ကြီးနေပြီဆိုရင် သတိထားပါ။ သေချာပေါက် တစ်နေ့နေ့မှာ အဲဒီတစ်ယောက်ပဲ ကိုယ့်ကို အထင်သေးတဲ့စကားတွေ ပြောလာလိမ့်မယ်။
ကိုယ်ကလည်း တစ်ယောက်ယောက်ကို အဝေးကနေ အလကားနေရင်း အထင်တွေစွတ်ကြီးနေပြီးတော့ ဘာမှအပြစ်ဆိုစရာ မရှိအောင်ကို ဖြစ်နေတာ ... သူကတော့ တကယ့်ကို perfect ပဲလို့ ထင်နေပြီဆို သတိသာထားတော့ ... ကိုယ်လည်းပဲ သိပ်မကြာခင် သူ့ကို အထင်သေးမိတော့မယ်။
ဘာဖြစ်လို့လဲဆိုတော့ စိတ်ဆိုတာ ဘယ်တော့မှ တသတ်မှတ်တည်း မနေဘူး။ သူက ခုန်ဆွခုန်ဆွ လုပ်တတ်တယ်။ တော်ကြာ အထင်ကြီးလိုက် တော်ကြာအထင်သေးလိုက် လုပ်မှာပဲ။ ဒါစိတ်ရဲ့ သဘာဝပဲ။
အထင်ကြီးတတ်တဲ့စိတ်ဟာ အထင်သေးတတ်တယ်။
အထင်ကြီးတယ် ဆိုတာ ရှိတာထက် ပိုထင်တာ။ အထင်သေးတယ် ဆိုတာ ရှိတာထက် လျော့ထင်တာ။ နှစ်ခုလုံးဟာ အမှန်ကို မြင်တာ မဟုတ်ဘူး။
ကိုယ့်ကို တစ်ယောက်ယောက်က အထင်ကြီးနေတယ် ပြီးပြည့်စုံတဲ့လူသားတစ်ယော က်
လို့ထင်နေတယ် အပြစ်ရှာမရအောင်ကို Perfect ပါပဲလို့ ထင်နေတယ်ဆိုရင်
အဲလိုလူနဲ့ ဝေးနိုင်သမျှ ဝေးဝေးသာနေပါ။ သူ့စိတ်က အထင်မှားနေပါတယ်။
အဲဒီအပေါ်မှာ သွားပြီး မသာယာပါနဲ့။
သူများ အထင်ကြီးတာကို သာယာနေတယ် ဆိုရင် ကိုယ့်စိတ်ကို သတိထားကြည့်ပါ။ အထင်ကြီးတာ ကြိုက်နေတဲ့ ငါ့စိတ်ရဲ့အနောက်မှာ ငါဘာဖြစ်နေတာလဲ ... ငါ့ကိုယ်ငါ တကယ်ချစ်မြတ်နိုးတဲ့စိတ် ရှိရဲ့လား ... ငါ့ကိုငါ လေးစားတဲ့စိတ် တကယ်ရှိရဲ့လား ... ငါ့ကိုယ်ငါ တကယ်ရောတန်ဖိုးထားရဲ့လား ... ငါ့ကိုယ်ငါ အထင်သေးနေလား ... ငါ့စိတ်က သူများအထင်ကြီးတာ လိုချင်နေတာ ဘာကြောင့်လဲ။ ဘာကိုရနေလို့လဲ။
ကိုယ့်ကိုယ်ကိုယ် တကယ်မှန်မှန်ကန်ကန် တန်ဖိုးထားတဲ့စိတ်မရှိလို့ရှိရင် သူများအထင်ကြီးတာ လိုချင်တယ်။
ကိုယ့်ရဲ့တန်ဖိုးအစစ်အမှန်ဟာ ဘာလဲ ဆိုတာကို တကယ်မသိတဲ့သူဟာ သူများအထင်ကြီးတာကို လိုချင်တယ်။
ကိုယ့်ကိုယ်ကိုယ် တကယ်မချစ်ရင် သူများအထင်ကြီးတာကို သေကောင်ပေါင်းလဲကို လိုချင်တော့တာ။ ဘာကြောင့်လဲဆိုတော့ ကိုယ့်ကိုယ်ကိုယ်မှ တကယ်ချစ်လို့မရတာ .. ကိုယ့်ကိုယ်ကိုယ်ချစ်လို့မရ တော့ သူများကချစ်တယ်ဆိုမှ နေသာထိုင်သာရှိသွားလို့ပါ။
ဒီစိတ်အခြေခံကို မြင်ဖို့လိုပါတယ်။ သိမ်မွေ့လွန်းလို့ မြင်နိုင်ဖို့ ခက်ပါတယ်။
ကိုယ့်ကိုယ်ကိုယ် ပြန်တွေးလိုက်ရင် ကိုယ့်ကိုယ်ကိုယ်အထင်သေးတယ်
..သိမ်ငယ်တယ် ..ကိုယ့်ကို လူတွေက ခင်မင်ချင်တယ်လို့ မထင်ဘူး .. ကိုယ့်ကို
လူတွေက ချစ်စရာကောင်းတယ်လို့ တွေးမှာ မဟုတ်ဘူးလို့ပဲ ယုံတယ် ..
ကိုယ့်ကိုယ်ကိုယ်လည်း ချစ်စရာကောင်းတဲ့သူလို့ မယုံဘူး ... ကိုယ့်ကိုယ်ကိုယ်
စိတ်ပျက်တယ် ..
အဲသလိုစိတ်တွေ များနေပြီဆိုရင် တစ်နည်းနည်းနဲ့ လူအထင်ကြီးခံရဖို့ လုပ်တော့မှာပဲ။
အဲဒီတစ်နည်းနည်းထဲမှာ တချို့က ဘာသာရေးကို အသုံးချတယ်။ တရားနဲ့ပတ်သက်ပြီး ငါသိတယ် ငါတတ်တယ် ငါသဘောပေါက်တယ် ငါ့မှာတရားသဘောတွေ အများကြီးသိထားတာ ရှိတယ် ဒါ့ကြောင့် ငါသူများထက်သာတယ်။ ဒါ့ကြောင့် ငါက အထင်ကြီးစရာကောင်းတယ်။ ဘယ်သူ အထင်ကြီးကြီး မကြီးကြီး ငါကတော့ အထင်ကြီးစရာကောင်းနေတာ ငါ့ကိုယ်ငါ သိတယ် ...
တချို့လည်း အများအကျိုးဆောင်ရွက်ပြီး ငါတော်တယ် ငါကြီးကျယ်တယ် သူများလုပ်နိုင်ဖို့ခက်ခဲတာ တွေ ငါလုပ်တယ် ။ အဲဒါ လူသိမှ ဖြစ်မယ်။ လူတွေအများကြီးက သိသွားအောင် လုပ်ရမယ်။
တချို့ကျတော့ ငါ့မှာ ဗဟုသုတအများကြီးရှိတယ် စာတွေအများကြီး ဖတ်ထားတယ် ဘာအကြောင်းပြောပြော ငါမသိတာမရှိဘူး ... ဒီနည်းနဲ့ ကိုယ့်ကိုယ်ကိုယ် သူများထက်သာတယ်လို ယုံရအောင် ကြိုးစားတယ်။
တချို့လည်း သူတို့ပိုက်ဆံချမ်းသာကြောင်း သုံးနိုင်ဖြုန်းနိုင်ကြောင်း လူသိအောင်လုပ်တယ်။ လူတွေမြင်အောင် သုံးပြ ဖြုန်းပြတယ်။ ဒီနည်းနဲ့ လူအထင်ကြီး ခံချင်တယ်။
သိမ်ငယ်စိတ်တွေ ချည်းပါပဲ။ အင်မတန်ကြီးတဲ့ သိမ်ငယ်စိတ်ကြီးတွေ ဖြစ်နေတာပါ။
ကြွားချင်တယ်ဆိုတာ ကိုယ့်ကိုယ် လူအထင်မကြီးမှာ ကြောက်တဲ့စိတ်။ သိမ်ငယ်စိတ်က ကြောက်စိတ်မှာ အခြေခံတယ်။
ကိုယ့်မှာရှိတာတစ်ခုခုကို လူသိစေချင်နေပြီ ကိုယ့်ရဲ့ကောင်းတဲ့အရာတစ်ခု ခုကို လူမြင်အောင် လူသိအောင် လုပ်ချင်နေပြီ ဆိုရင် ငါ့မှာ ကြောက်စိတ်အကြီးကြီး ရှိနေပြီလို့ ပြောလို့ရနေပါပြီ။
သူများကို အထင်ကြီးတဲ့စိတ်ကိုလည်း သတိထားဖို့ လိုပါတယ်။ သူများကို အထင်ကြီးနေပြီဆိုရင် ကိုယ့်မှာ သိမ်ငယ်စိတ်ကြီးရှိနေလို့ပဲ လို့ သဘောပေါက်ရမယ်။
သိမ်ငယ်စိတ် ရှိတဲ့သူဟာ လူတွေအထင်ကြီးတဲ့သူ ဘယ်သူဘယ်ဝါနဲ့ သူနဲ့ ဘယ်လောက် ရင်းနှီးကြောင်း ခင်မင်ကြောင်း ပြောတတ်တယ်။ အဲဒီလူ ဘယ်သူဘယ်ဝါနဲ့ သူနဲ့ ဘယ်လောက်ခင်လို့ သူ့ကို လူတွေအထင်ကြီးဖို့ မျှော်လင့်တယ်။
သူဒီလိုလုပ်တာ ဘာ့ကြောင့်လဲ ဆိုတော့ သူ့မှာ သူ့တန်ဖိုးအစစ်အမှန်ဆိုတာ တကယ်မရှိဘူးလို့ ခံစားရလို့ပဲ။ သူများနဲ့တွဲပြီးမှ တန်ဖိုးရှိတဲ့သူလို့ ခံစားလို့ပဲ။ အဲဒီခံစားမှု ရအောင် လုပ်တာပဲ။
ဒီလိုစိတ်တွေဟာ စိတ်မှာဖြစ်တတ်တဲ့ သဘာဝတွေပါ။ သူ့မှာပဲဖြစ်တာ ငါ့မှာတော့ မဖြစ်ပါဘူးလို့ မထင်ပါနဲ့။ အဲဒါလည်း ကြောက်စိတ်တစ်မျိုး သိမ်ငယ်စိတ်တစ်မျိုး ထပ်ဖြစ်တာပါပဲ။
စိတ်ရဲ့သဘာဝတွေကို မြင်အောင် ကြည့်ပြီး သူ့သဘော သူ့သဘာဝ သူ့ nature ကို တကယ် ပီပီပြင်ပြင် သိလိုက်ဖို့ လိုတာပါ။
ကိုယ့်မှာ ဖြစ်တာ မြင်ရလို့လည်း ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ဖို့ ရှုံချဖို့ မဟုတ်ပါဘူး။ သူများမှာ ဖြစ်တာ မြင်ရလို့လည်း အပြစ်တင်တာ ရှုံ့ချတာ မလုပ်မိပါစေနဲ့။
သူ့မှာဖြစ်ဖြစ် ကိုယ့်မှာဖြစ်ဖြစ် သဘာဝကို မြင်အောင် ကြည့်ပါ။ သတိလေးသိပြီး သူ့သဘောသဘာဝတွေကို ရသလောက် သတိကပ်ထားပြီး ဖြစ်တိုင်းဖြစ်တိုင်း သိလိုက်အောင်သာ လုပ်ပါ။ ပိုပြီး တိတိကျကျ မြင်အောင် ကြည့်ပါ။
ကိုယ့်စိတ်အကြောင်း ကိုယ်သိဖို့ အရေးကြီးပါတယ်။ မသိရင် ဒီစိတ်က တချိန်လုံး ကိုယ့်ကို အရူးလုပ်နေတာနော်။ သူ့အကြောင်း မသိရင်တော့ ခံပေတော့ ... သေတဲ့ထိပဲနော်။
စိတ်ရဲ့သဘာဝတွေကို သိအောင် နားလည်အောင် လုပ်မထားရင်တော့ သူအရူးလုပ်တာက သိမ်မွေ့လွန်းလို့ ကိုယ့်မှာ ခံရမှန်းမသိ ခံနေရတာ။ ရူးမှန်းမသိ ရူးနေရတာ။ ကိုယ့်ကိုယ်ကိုယ်တော့ ငါတော်တော်ဟုတ်လှပြီ ငါတော်တော် တော်လှပြီလို့ ထင်နေတာပဲ။ တကယ်တော့ သိမ်ငယ်စိတ်က မွှေနေတာကို ခံနေရတာပါ။
ကိုယ့်မှာ ဘာကြီး ဘယ်လောက်ကြီး ကြီးကျယ်နေနေ အခြေခံစိတ်က သိမ်ငယ်စိတ်ဖြစ်နေတော့ တော်ကြာ ကိုယ့်ကိုယ်ကိုယ် အထင်သေးစိတ် ဖြစ်အုံးမှာပဲ။ ကိုယ့်ကိုယ်ကိုယ် အထင်သေးတဲ့စိတ် ဖြစ်ပြီးရင် သူများကို အထင်သေးတဲ့စိတ်လည်း ဖြစ်အုံးမှာပဲ။
အထင်သေးတဲ့စိတ်ဝင်လာပြန်လို က်
တော်ကြာ အထင်ကြီးလိုက် ၊ ဘယ်သူများ ငါ့ကို အထင်ကြီးမလဲ လိုက်ရှာလိုက် ၊
လူတွေအထင်ကြီးခံရဖို့ အသေအလဲလိုချင်လို့ လုပ်လိုက်နဲ့ ဘယ်လိုမှ ဒီစိတ်က
ရင့်ကျတ်မှုဆီကို အေးချမ်းမှုဆီကို ရောက်မလာတော့ဘူး။
တကယ်တော့ ကိုယ့်အတွက် အဖိုးအတန်ဆုံးအရာဟာ သူများကို ပြလို့ မရတဲ့အရာပါနော်။
သူများမှာရှိတဲ့ အဖိုးအတန်ဆုံးအရာကိုလည်း ကိုယ့်အနေနဲ့ လွယ်လွယ်ကူကူ မမြင်နိုင်ပါဘူး။
ကိုယ့်ရင်ထဲက တန်ဖိုးအရှိဆုံးဆိုတာကို လူတွေ မြင်အောင် ဘယ်လိုလုပ် ပြလို့ ရနိုင်မှာလဲ။ ကိုယ့်အတွင်းထဲက ကိုယ့်အတွက်တကယ်အဖိုးအထိုက် တန်ဆုံး ဆိုတဲ့အရာဟာ လူတွေ မြင်လို့မရနိုင်တဲ့အရာပါ။
လူတွေမြင်အောင် ပြလို့မရလို့ပဲ တန်ဖိုးအရှိဆုံးဖြစ်နေတာပါ။ လူမြင်အောင် ပြလို့ရတယ် လူသိအောင် ပြလို့ ရတယ်ဆိုရင် တကယ်အဖိုးတန်ဆုံး မဟုတ်သေးလို့ပဲ။
ကိုယ့်အတွက် အဖိုးအထိုက်တန်ဆုံးကို ကိုယ့်အတွင်းထဲမှာ တည်ဆောက်ပါ။
အဖိုးအထိုက်တန်ဆုံး ဖြစ်နေလို့ လူတွေကတော့ လွယ်လွယ်ကူကူ သိနိုင်မှာ မြင်နိုင်မှာတော့ မဟုတ်ပါဘူး။ အဲဒါတကယ်တော့ အရေးလည်း မကြီးပါဘူး။
ကိုယ့်အတွင်းထဲမှာ ကိုယ့်အတွက်အကောင်းဆုံးဆိုတာကို
ရှိနေအောင် လုပ်ထားနိုင်ပြီဆိုရင် ကြောက်စိတ်လည်း နည်းသွားမယ်။
သိမ်ငယ်စိတ်လည်း နည်းသွားမယ်။ လူတွေ မသိလည်း အဲဒါကို ဘယ်လိုမှ
သဘောမထားတော့ဘူး။ အင်မတန်လွတ်လပ်သွားပြီ။ ပေါ့ပါးသွားပြီ။ ရင့်ကျတ်မှုနဲ့အတူ
အေးချမ်းမှုကို ခံစားလို့ရပြီ။
တကယ်တော့ လူတွေ မသိနိုင်တဲ့ လူတွေ မမြင်တွေ့နိုင်တဲ့ ကိုယ့်စိတ်ရဲ့ quality တွေကသာလျှင် ကိုယ့်ဘဝရဲ့ အကောင်းဆုံး အရသာတွေပါ။
သူများအထင်ကြီးတာ ခံချင်တဲ့စိတ် သူများကို အထင်ကြီးတတ်တဲ့စိတ် နှစ်ခုလုံးကို သတိထားပါနော်။
အထင်ကြီးတယ် ၊ အထင်သေးတယ်ဆိုတာ ချွတ်ချုံကျနေတဲ့စိတ်မှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ စိတ်တစ်ခုရဲ့ သရုပ်သကန်ဖြစ်နေလို့ပဲ။
အထင်ကြီးတတ်တဲ့စိတ်ဟာ အထင်သေးတတ်တယ်။
တစ်ယောက်ယောက်က ကိုယ့်ကို အထင်ကြီးနေပြီဆိုရင် သတိထားပါ။ သေချာပေါက် တစ်နေ့နေ့မှာ အဲဒီတစ်ယောက်ပဲ ကိုယ့်ကို အထင်သေးတဲ့စကားတွေ ပြောလာလိမ့်မယ်။
ကိုယ်ကလည်း တစ်ယောက်ယောက်ကို အဝေးကနေ အလကားနေရင်း အထင်တွေစွတ်ကြီးနေပြီးတော့ ဘာမှအပြစ်ဆိုစရာ မရှိအောင်ကို ဖြစ်နေတာ ... သူကတော့ တကယ့်ကို perfect ပဲလို့ ထင်နေပြီဆို သတိသာထားတော့ ... ကိုယ်လည်းပဲ သိပ်မကြာခင် သူ့ကို အထင်သေးမိတော့မယ်။
ဘာဖြစ်လို့လဲဆိုတော့ စိတ်ဆိုတာ ဘယ်တော့မှ တသတ်မှတ်တည်း မနေဘူး။ သူက ခုန်ဆွခုန်ဆွ လုပ်တတ်တယ်။ တော်ကြာ အထင်ကြီးလိုက် တော်ကြာအထင်သေးလိုက် လုပ်မှာပဲ။ ဒါစိတ်ရဲ့ သဘာဝပဲ။
အထင်ကြီးတတ်တဲ့စိတ်ဟာ အထင်သေးတတ်တယ်။
အထင်ကြီးတယ် ဆိုတာ ရှိတာထက် ပိုထင်တာ။ အထင်သေးတယ် ဆိုတာ ရှိတာထက် လျော့ထင်တာ။ နှစ်ခုလုံးဟာ အမှန်ကို မြင်တာ မဟုတ်ဘူး။
ကိုယ့်ကို တစ်ယောက်ယောက်က အထင်ကြီးနေတယ် ပြီးပြည့်စုံတဲ့လူသားတစ်ယော
သူများ အထင်ကြီးတာကို သာယာနေတယ် ဆိုရင် ကိုယ့်စိတ်ကို သတိထားကြည့်ပါ။ အထင်ကြီးတာ ကြိုက်နေတဲ့ ငါ့စိတ်ရဲ့အနောက်မှာ ငါဘာဖြစ်နေတာလဲ ... ငါ့ကိုယ်ငါ တကယ်ချစ်မြတ်နိုးတဲ့စိတ် ရှိရဲ့လား ... ငါ့ကိုငါ လေးစားတဲ့စိတ် တကယ်ရှိရဲ့လား ... ငါ့ကိုယ်ငါ တကယ်ရောတန်ဖိုးထားရဲ့လား ... ငါ့ကိုယ်ငါ အထင်သေးနေလား ... ငါ့စိတ်က သူများအထင်ကြီးတာ လိုချင်နေတာ ဘာကြောင့်လဲ။ ဘာကိုရနေလို့လဲ။
ကိုယ့်ကိုယ်ကိုယ် တကယ်မှန်မှန်ကန်ကန် တန်ဖိုးထားတဲ့စိတ်မရှိလို့ရ
ကိုယ့်ရဲ့တန်ဖိုးအစစ်အမှန်ဟ
ကိုယ့်ကိုယ်ကိုယ် တကယ်မချစ်ရင် သူများအထင်ကြီးတာကို သေကောင်ပေါင်းလဲကို လိုချင်တော့တာ။ ဘာကြောင့်လဲဆိုတော့ ကိုယ့်ကိုယ်ကိုယ်မှ တကယ်ချစ်လို့မရတာ .. ကိုယ့်ကိုယ်ကိုယ်ချစ်လို့မရ
ဒီစိတ်အခြေခံကို မြင်ဖို့လိုပါတယ်။ သိမ်မွေ့လွန်းလို့ မြင်နိုင်ဖို့ ခက်ပါတယ်။
ကိုယ့်ကိုယ်ကိုယ် ပြန်တွေးလိုက်ရင် ကိုယ့်ကိုယ်ကိုယ်အထင်သေးတယ်
အဲသလိုစိတ်တွေ များနေပြီဆိုရင် တစ်နည်းနည်းနဲ့ လူအထင်ကြီးခံရဖို့ လုပ်တော့မှာပဲ။
အဲဒီတစ်နည်းနည်းထဲမှာ တချို့က ဘာသာရေးကို အသုံးချတယ်။ တရားနဲ့ပတ်သက်ပြီး ငါသိတယ် ငါတတ်တယ် ငါသဘောပေါက်တယ် ငါ့မှာတရားသဘောတွေ အများကြီးသိထားတာ ရှိတယ် ဒါ့ကြောင့် ငါသူများထက်သာတယ်။ ဒါ့ကြောင့် ငါက အထင်ကြီးစရာကောင်းတယ်။ ဘယ်သူ အထင်ကြီးကြီး မကြီးကြီး ငါကတော့ အထင်ကြီးစရာကောင်းနေတာ ငါ့ကိုယ်ငါ သိတယ် ...
တချို့လည်း အများအကျိုးဆောင်ရွက်ပြီး ငါတော်တယ် ငါကြီးကျယ်တယ် သူများလုပ်နိုင်ဖို့ခက်ခဲတာ
တချို့ကျတော့ ငါ့မှာ ဗဟုသုတအများကြီးရှိတယ် စာတွေအများကြီး ဖတ်ထားတယ် ဘာအကြောင်းပြောပြော ငါမသိတာမရှိဘူး ... ဒီနည်းနဲ့ ကိုယ့်ကိုယ်ကိုယ် သူများထက်သာတယ်လို ယုံရအောင် ကြိုးစားတယ်။
တချို့လည်း သူတို့ပိုက်ဆံချမ်းသာကြောင်
သိမ်ငယ်စိတ်တွေ ချည်းပါပဲ။ အင်မတန်ကြီးတဲ့ သိမ်ငယ်စိတ်ကြီးတွေ ဖြစ်နေတာပါ။
ကြွားချင်တယ်ဆိုတာ ကိုယ့်ကိုယ် လူအထင်မကြီးမှာ ကြောက်တဲ့စိတ်။ သိမ်ငယ်စိတ်က ကြောက်စိတ်မှာ အခြေခံတယ်။
ကိုယ့်မှာရှိတာတစ်ခုခုကို လူသိစေချင်နေပြီ ကိုယ့်ရဲ့ကောင်းတဲ့အရာတစ်ခု
သူများကို အထင်ကြီးတဲ့စိတ်ကိုလည်း သတိထားဖို့ လိုပါတယ်။ သူများကို အထင်ကြီးနေပြီဆိုရင် ကိုယ့်မှာ သိမ်ငယ်စိတ်ကြီးရှိနေလို့ပဲ
သိမ်ငယ်စိတ် ရှိတဲ့သူဟာ လူတွေအထင်ကြီးတဲ့သူ ဘယ်သူဘယ်ဝါနဲ့ သူနဲ့ ဘယ်လောက် ရင်းနှီးကြောင်း ခင်မင်ကြောင်း ပြောတတ်တယ်။ အဲဒီလူ ဘယ်သူဘယ်ဝါနဲ့ သူနဲ့ ဘယ်လောက်ခင်လို့ သူ့ကို လူတွေအထင်ကြီးဖို့ မျှော်လင့်တယ်။
သူဒီလိုလုပ်တာ ဘာ့ကြောင့်လဲ ဆိုတော့ သူ့မှာ သူ့တန်ဖိုးအစစ်အမှန်ဆိုတာ တကယ်မရှိဘူးလို့ ခံစားရလို့ပဲ။ သူများနဲ့တွဲပြီးမှ တန်ဖိုးရှိတဲ့သူလို့ ခံစားလို့ပဲ။ အဲဒီခံစားမှု ရအောင် လုပ်တာပဲ။
ဒီလိုစိတ်တွေဟာ စိတ်မှာဖြစ်တတ်တဲ့ သဘာဝတွေပါ။ သူ့မှာပဲဖြစ်တာ ငါ့မှာတော့ မဖြစ်ပါဘူးလို့ မထင်ပါနဲ့။ အဲဒါလည်း ကြောက်စိတ်တစ်မျိုး သိမ်ငယ်စိတ်တစ်မျိုး ထပ်ဖြစ်တာပါပဲ။
စိတ်ရဲ့သဘာဝတွေကို မြင်အောင် ကြည့်ပြီး သူ့သဘော သူ့သဘာဝ သူ့ nature ကို တကယ် ပီပီပြင်ပြင် သိလိုက်ဖို့ လိုတာပါ။
ကိုယ့်မှာ ဖြစ်တာ မြင်ရလို့လည်း ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ဖို့ ရှုံချဖို့ မဟုတ်ပါဘူး။ သူများမှာ ဖြစ်တာ မြင်ရလို့လည်း အပြစ်တင်တာ ရှုံ့ချတာ မလုပ်မိပါစေနဲ့။
သူ့မှာဖြစ်ဖြစ် ကိုယ့်မှာဖြစ်ဖြစ် သဘာဝကို မြင်အောင် ကြည့်ပါ။ သတိလေးသိပြီး သူ့သဘောသဘာဝတွေကို ရသလောက် သတိကပ်ထားပြီး ဖြစ်တိုင်းဖြစ်တိုင်း သိလိုက်အောင်သာ လုပ်ပါ။ ပိုပြီး တိတိကျကျ မြင်အောင် ကြည့်ပါ။
ကိုယ့်စိတ်အကြောင်း ကိုယ်သိဖို့ အရေးကြီးပါတယ်။ မသိရင် ဒီစိတ်က တချိန်လုံး ကိုယ့်ကို အရူးလုပ်နေတာနော်။ သူ့အကြောင်း မသိရင်တော့ ခံပေတော့ ... သေတဲ့ထိပဲနော်။
စိတ်ရဲ့သဘာဝတွေကို သိအောင် နားလည်အောင် လုပ်မထားရင်တော့ သူအရူးလုပ်တာက သိမ်မွေ့လွန်းလို့ ကိုယ့်မှာ ခံရမှန်းမသိ ခံနေရတာ။ ရူးမှန်းမသိ ရူးနေရတာ။ ကိုယ့်ကိုယ်ကိုယ်တော့ ငါတော်တော်ဟုတ်လှပြီ ငါတော်တော် တော်လှပြီလို့ ထင်နေတာပဲ။ တကယ်တော့ သိမ်ငယ်စိတ်က မွှေနေတာကို ခံနေရတာပါ။
ကိုယ့်မှာ ဘာကြီး ဘယ်လောက်ကြီး ကြီးကျယ်နေနေ အခြေခံစိတ်က သိမ်ငယ်စိတ်ဖြစ်နေတော့ တော်ကြာ ကိုယ့်ကိုယ်ကိုယ် အထင်သေးစိတ် ဖြစ်အုံးမှာပဲ။ ကိုယ့်ကိုယ်ကိုယ် အထင်သေးတဲ့စိတ် ဖြစ်ပြီးရင် သူများကို အထင်သေးတဲ့စိတ်လည်း ဖြစ်အုံးမှာပဲ။
အထင်သေးတဲ့စိတ်ဝင်လာပြန်လို
တကယ်တော့ ကိုယ့်အတွက် အဖိုးအတန်ဆုံးအရာဟာ သူများကို ပြလို့ မရတဲ့အရာပါနော်။
သူများမှာရှိတဲ့ အဖိုးအတန်ဆုံးအရာကိုလည်း ကိုယ့်အနေနဲ့ လွယ်လွယ်ကူကူ မမြင်နိုင်ပါဘူး။
ကိုယ့်ရင်ထဲက တန်ဖိုးအရှိဆုံးဆိုတာကို လူတွေ မြင်အောင် ဘယ်လိုလုပ် ပြလို့ ရနိုင်မှာလဲ။ ကိုယ့်အတွင်းထဲက ကိုယ့်အတွက်တကယ်အဖိုးအထိုက်
လူတွေမြင်အောင် ပြလို့မရလို့ပဲ တန်ဖိုးအရှိဆုံးဖြစ်နေတာပါ။
ကိုယ့်အတွက် အဖိုးအထိုက်တန်ဆုံးကို ကိုယ့်အတွင်းထဲမှာ တည်ဆောက်ပါ။
အဖိုးအထိုက်တန်ဆုံး ဖြစ်နေလို့ လူတွေကတော့ လွယ်လွယ်ကူကူ သိနိုင်မှာ မြင်နိုင်မှာတော့ မဟုတ်ပါဘူး။ အဲဒါတကယ်တော့ အရေးလည်း မကြီးပါဘူး။
ကိုယ့်အတွင်းထဲမှာ ကိုယ့်အတွက်အကောင်းဆုံးဆိုတ
တကယ်တော့ လူတွေ မသိနိုင်တဲ့ လူတွေ မမြင်တွေ့နိုင်တဲ့ ကိုယ့်စိတ်ရဲ့ quality တွေကသာလျှင် ကိုယ့်ဘဝရဲ့ အကောင်းဆုံး အရသာတွေပါ။
သူများအထင်ကြီးတာ ခံချင်တဲ့စိတ် သူများကို အထင်ကြီးတတ်တဲ့စိတ် နှစ်ခုလုံးကို သတိထားပါနော်။
အထင်ကြီးတယ် ၊ အထင်သေးတယ်ဆိုတာ ချွတ်ချုံကျနေတဲ့စိတ်မှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ စိတ်တစ်ခုရဲ့ သရုပ်သကန်ဖြစ်နေလို့ပဲ။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။