မြန်မာ့ကြက်သားဟင်းကို ဗြိတိန်က ဆိုင်တွေပေါ် အရောက်ပို့ခဲ့တဲ့ စာဖိုမှူး
မွန်းတည့်နေ။ အတွဲ (၂)၊ အမှတ် (၄၈) - အောင်ငြိမ်းချမ်း
ဗြိတိန်နိုင်ငံဟာ တစ်ချိန်က ဥရောပရဲ့ ရှေ့ ဆောင်နိုင်ငံတစ်နိုင်ငံဖြစ် ခဲ့သလို
နေမဝင် အင်ပါယာကြီး တစ်ခုကိုလည်း ပိုင်ဆိုင်ခဲ့တာပါ။ ယဉ်ကျေးမှုအစဉ်အလာ၊
လူနေမှုအဆင့်အတန်း မြင့်မားတဲ့ အဲဒီလူမျိုးတွေကို မြန်မာနိုင်ငံသား
တစ်ယောက်က မြန်မာ့ရိုးရာ ကြက်သားဟင်း ချက်နည်း သင်ပေးနေတယ်ဆိုရင် အံ့သြကြမှာ
လား။ မအံ့သြပါနဲ့။ အခုဆိုရင် ဗြိတိန်မှာရှိတဲ့ စားသောက်ဆိုင်တွေရဲ့
ဟင်းအမည်စာရင်းမှာ မြန်မာကြက်သားဟင်း တစ်ခွက် မပါမဖြစ် တောင် ဖြစ်နေပါပြီ။
အဲဒီလိုစွမ်းဆောင်လိုက် နိုင်သူကတော့ British Open Champion Chef 2016
ပထမဆုရ စားဖိုမှူးကြီး ကိုဇွဲနန္ဒပါ။
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက တည်ထောင် ဖွင့်လှစ်တဲ့ Hospitality & Catering Training Academy (HCTA) မှာ Programmed Director အဖြစ် ဆောင်ရွက်နေပြီး ဒေါ်ခင်ကြည်ဖောင် ဒေးရှင်းရဲ့ လူမှုကယ်ဆယ်ရေးလုပ်ငန်းတွေမှာ လည်း တစ်တပ်တစ်အား ပါဝင်လုပ်ဆောင်နေတဲ့ ကိုဇွဲနန္ဒဟာ သာမန်စားဖိုမှူးတစ်ယောက်အနေ နဲ့ သာမကဘဲ သင်တန်းနည်းပြဆရာတစ်ယောက် တာဝန်ကိုလည်း ထမ်းဆောင်နေသူပါ။
ငယ်စဉ်ကတည်းက အချက်အပြုတ်ကို ဝါသနာပါခဲ့ပေမယ့် တစ်ချိန်ချိန်မှာ စားဖိုမှူး တစ်ယောက်ဖြစ်ရမယ်ဆိုတဲ့ စိတ်ကူးမျိုးတော့ သူ့မှာမရှိခဲ့ပါဘူး။ အခြေအနေအချိန်အခါအရ စားဖိုမှူးတစ်ယောက်ဖြစ်လာမယ့် အခွင့်အလမ်း လည်းနည်းပါးခဲ့လို့ စိတ်ကူးမယဉ်ခဲ့တာလို့ ကိုဇွဲနန္ဒက ပြောတယ်။
''ငယ်ငယ်တုန်းကတော့ ဒီလိုမျိုး ဃ့န် တစ် ယောက် နည်းပြဆရာတစ်ယောက်ဖြစ်မယ်လို့
စိတ်ကူမရှိဘူး ရှိဖို့လည်း အခွင့်အရေးမရှိဘူး။ အဲဒီတုန်းကတော့
ကျောင်းတက်မယ် ပြီးရင် အလုပ်တစ်ခုခုလုပ်၊ ဒီလိုမျိုးသွားကြတာကိုး'' လို့သူက
ဆိုတယ်။
အဲဒီအချိန်က ဒီနေ့ခေတ်လို ဟိုတယ် သင်တန်းတွေ အချက်အပြုတ်သင်တန်းတွေ ဆိုတာလည်း မရှိသလောက်ရှားခဲ့တာပါ။ ဒါပေမဲ့ တစ်ချိန်မှာ စားဖိုမှူးကြီးတစ်ယောက်ဖြစ် လာမယ့်
ဇွဲနန္ဒကတော့ ငယ်ငယ်ကတည်းက သူ့ရဲ့ဗီဇကို ပြနေပါပြီ။ ''ကျွန်တော်က
ကန်စွန်းရွက်သုပ် သွားဝယ်ရင် သူဘယ်လိုလုပ်လဲဆိုတာ ကြည့် တယ်။ ပြီးရင်
ကိုယ့်ဘာသာကိုယ်ပြန်လုပ်တယ် ။ကန်စွန်းရွက်ကြော်ဆိုရင်လည်း ဘာလို့ မီး ဒီလောက်အများကြီးပေးထားသလဲ ဘယ်လိုလုပ် သလဲ မထင်မှတ်ဘဲနဲ့ လေ့လာနေတာ''လို့ ကိုဇွဲနန္ဒ က ပြောပါတယ်။
ဒါပေမဲ့ စားဖိုမှူးတစ်ယောက်ကို ထမင်း ချက်လို့သာ ထင်မှတ်ကြပြီး ပရော်ဖက်ရှင်နယ် ကျကျ သင်ပေးတဲ့သင်တန်းတွေမရှိတဲ့ ခေတ်မှာ သူ့ရဲ့ဝါသနာက အကောင်အထည်ပေါ်မလာခဲ့ ပါဘူး။
ဒီလိုနဲ့ ဆယ်တန်းအောင်တော့ ဒဂုံတက္က သိုလ်မှာ ရူပဗေဒ အထူးပြုနဲ့ တက်ရောက်ခဲ့ပြီး ၁၉၉၆ ခုနှစ် ကျောင်းသားတွေရဲ့ ဆန္ဒပြပွဲမှာ ဝင်ပါခဲ့တဲ့အတွက် အစိုးရိမ်လွန်တဲ့ မိဘတွေက သူ့ကို နိုင်ငံခြားပို့ဖို့ လုပ်ပါတော့တယ်။ ဖခင်က သင်္ဘောသားတစ်ယောက် ဖြစ်ခဲ့ဖူးတဲ့အတွက် သူလည်း အလုပ်သင်အရာရှိအဖြစ်နဲ့ သင်္ဘော သားတစ်ယောက် ဖြစ်လာခဲ့ပါတယ်။
ငယ်စဉ်ကတည်းက မပူမပင် မကြောင့်မကျ နေခဲ့ရတဲ့ ဇွဲနန္ဒ၊ သင်္ဘောပေါ်ရောက်တဲ့အခါ မှာတော့ တကယ့်ဒုက္ခက ဘာလဲဆိုတာ စတင် ထိတွေ့ခွင့်ရလာပါပြီ။ ''ရောက်ရောက်ချင်းနေ့မှာ အိမ်သာဆေးခိုင်းတယ်။ မြန်မာပြည်မှာတုန်းက လိုလေသေးမရှိ နေခဲ့ရပြီးတော့ ဒီရောက်တော့မှ အိမ်သာဆေးဆိုတော့ ကိုယ့်စိတ်ကို ထားတတ် အောင် ထားလိုက်ပြီးတော့ အကောင်းဆုံးဖြစ် အောင် အိမ်သာအကုန်လုံးကို ဆေးလိုက်တယ်'' လို့ သူ့ရဲ့ပထမဆုံး အခက်အခဲကို ပြောပြပါ တယ်။
ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး။ နဂိုကတည်းက အစားအသောက်ကောင်းကောင်း ကြိုက်တတ်သလို ကိုယ်ကိုယ်တိုင်လည်း ချက် ပြုတ်ရတာ ဝါသနာပါတဲ့သူ့အတွက် ဒုတိယဒုက္ခ အနေနဲ့ရော သူရဲ့ဝါသနာကိုပါ အကောင်းဆုံး ပုံဖော်ပေးမယ့် အကြောင်းအရာကလည်း ရှိလာ ပါတယ်။
အဲဒါကတော့ သင်္ဘောရဲ့စားဖိုမှူးက ဖိလစ်ပိုင် လူမျိုးတစ်ယောက်ဖြစ်နေခြင်း ပါပဲ။
မြန်မာ ခံတွင်းနဲ့ မလိုက်ဖက်တဲ့ ဖိလစ်ပိုင်အစားအစာ တွေကို
နေ့စဉ်စားသောက်နေရတဲ့အတွက် စိတ် ပျက်လက်ပျက်ဖြစ်နေတဲ့ သူတို့
မြန်မာတစ်သိုက် အတွက် ချက်ပြုတ်ပေးချင်တဲ့စိတ်ကလည်း သူ့မှာ ရှိနေတာပေါ့။
ဒါကြောင့်ပဲ သူတို့ရဲ့ မနက်စာခွဲတမ်းထဲက ကြက်ဥနှစ်လုံးစီကို မစားကြဖို့ သဘောတူကြပြီး ညနေအလုပ်သိမ်းချိန်ရောက်မှ စားဖိုဆောင်က စားဖိုမှူးကို မျက်နှာချိုသွေးလို့ ဗမာခံတွင်းနဲ့ လိုက်အောင် ကိုဇွဲနန္ဒက ချက်ပြုတ်ပေးခဲ့တာ မျိုးပါ။
ဒီလိုနဲ့ သင်္ဘောသားဘဝကို တစ်စခန်းရပ်ပြီး တဲ့နောက် ၂ဝဝ၃ ခုနှစ်အရောက်မှာတော့ အင်္ဂလန်ကို ကျောင်းတက်ဖို့အတွက် ထွက်လာ ခဲ့ပါတယ်။ အဲဒီအခါမှာ ဘာကျောင်းတက်လို့ ဘာအလုပ်လုပ်မယ်ဆိုတာက သူ့အတွက် ရွေး ချယ်စရာဖြစ်လာခဲ့ပါတယ်။ ကျန်ခဲ့တဲ့ဘဝတစ် လျှောက်လုံး လုပ်ခဲ့တာတွေကလည်း သူကြိုက် နှစ်သက်လို့ လုပ်ခဲ့တာမဟုတ်တဲ့အတွက် ဒီအချိန် မှာတော့ သူလုပ်ချင်တဲ့တစ်ခုကိုပဲ ရွေးလိုက် ပါတော့တယ်။
''ဟိုမှာ ဟိုတယ်အလုပ်က တကယ့်ကို ပရော် ဖက်ရှင်နယ်အလုပ်ဖြစ်နေပြီ။ ဒီတစ်ခုတော့ အောင်မြင်မြင် မအောင်မြင်မြင် လုပ်မယ် ဒါက လုပ်ချင်တာဆိုတော့ တက်ဖြစ်တယ်''လို့ သူက ဆိုပါတယ်။ ကိုဇွဲနန္ဒတက်ဖြစ်တဲ့ကျောင်း က Shopshine College ဖြစ်ပြီး ဘာသာရပ်ကတော့ Hospitality Catering ပါ။
ကျောင်းမှာ သင်ကြားတဲ့စနစ်အရ Management နဲ့ Chef ဆိုပြီး နှစ်ပိုင်းရှိတဲ့အထဲမှာ သူဖြစ်ချင်ခဲ့တာက ဟိုတယ်မန်နေဂျာတစ် ယောက်ပါ။ ဒါပေမဲ့ အချက်အပြုတ်ဘက်မှာရှိတဲ့ သူ့ရဲ့ Talent ကိုသိနေတဲ့ ဆရာတွေက အတင်း တိုက်တွန်းတာကြောင့် Chef တစ်ယောက်အဖြစ် ရွေးချယ်ခဲ့ပါတယ်။
ကျောင်းတက်နေတဲ့အချိန်မှာပဲ ဥရောပရဲ့ အကြီးဆုံး ဟိုတယ်လုပ်ငန်းစုကြီးဖြစ်တဲ့  Compass Group မှာ အလုပ်ရပါတယ်။ အောက် ခြေက အနိမ့်ဆုံးရာထူးလေးတစ်ခုဖြစ်တဲ့
General Assistant ပါ။ ''အထွေထွေမှာတောင် မှ အကူဆိုတော့ စဉ်းစားကြည့်
ကျွန်တော့်အောက် မှာ တစ်ယောက်မှမရှိတော့ဘူး။ တံမြက်စည်း လှည်း၊ ဖုန်သုတ်၊
ကြမ်းတိုက်၊ ပန်ကန်ဆေး အဲဒီကနေစတယ်''လို့ သူ့ရဲ့ ပထမဆုံး ဟိုတယ်
လုပ်ငန်းခွင်အကြောင်းကို ပြောပါတယ်။
ဒါပေမဲ့သူက ဒီအတိုင်းနေနေတာတော့ မဟုတ်ပါဘူး။ စားဖိုမှူးတစ်ယောက်ဖြစ်ချင် တဲ့ အတွက် ဘယ်လိုလုပ်ခွင့်ရမလဲဆိုတာကိုပဲ
အမြဲ တမ်းကြံဆနေတာပါ။ ဟိုတယ်ရဲ့ စားဖိုဆောင် တွေထဲက တစ်ခုဖြစ်တဲ့ Salad
Bar မှာ အသီး အရွက်လေးတွေ လှီးခွင့်ရဖို့အတွက် အဲဒီက စားဖိုမှူးကို
မျက်နှာချိုသွေးရပါတယ်။ တစ်နေ့ မှာတော့ သူအသီးအရွက်တွေ လှီးခွင့်ရလာ ပါတယ်။
''ကိုယ်က သေချာလှီး၊ ကာလာတွေ ဘာတွေ ခွဲပြီး သေချာလှီးပေးလိုက်တော့ သဘောကျသွား တယ်။ အိုကေ ဒီနေ့ကစပြီး မင်းလှီးတော့တဲ့။အဲဒီမှာ ရာထူးတက်သွားတယ်'' လို့ သူကြိုးစားခဲ့ ရပုံကို ပြောပါတယ်။
ဒီလိုလုပ်ကိုင်နေရင်းနဲ့ ညနေပိုင်းလုပ်တဲ့ လက်ထောက်စားဖိုမှူးမရှိတဲ့ေ န့တွေမှာ
ဘယ် သူမှ ခိုင်းစရာမလိုအောင် ဝင်ကူပေးနေရင်း တစ်ရက်မှာတော့ Compass Group
ရဲ့ အကြီး ဆုံးစားဖိုမှူးကြီး လာရောက်လည်ပတ်တာနဲ့ ကြုံပါတော့တယ်။ အဲဒီညက
သူလက်စွမ်းပြထား တဲ့ တုံယမ်းဟင်းချိုနဲ့ နာဇီထမင်းကြော်ကို စားဖိုမှူးကြီး
စားသောက်ပြီးသွားတဲ့အခါမှာ တော့ သူ့ဘဝ တစ်ဆစ်ချိုးပြောင်းလဲ သွားပါ တယ်။
စားဖိုမှူးကြီးရဲ့ ထောက်ခံပေးမှုနဲ့အတူ ညနေပိုင်းအလုပ်ချိန်မှာ လက်ထောက်စားဖိုမှူး အဖြစ်နဲ့ သူတရားဝင်လုပ်ခွင့်ရလိုက် တာပါ။
သူ့ရဲ့အရှေ့တိုင်းလက်ရာတွေကို
စားသောက် မြည်းစမ်းချင်ပြီးတော့ ကိုယ်တိုင်လည်းသိချင်လာ တဲ့
စားဖိုမှူးကြီးဟာ အရင်က တစ်နှစ်မှာ တစ်ခါ လောက်သာ လာလည်ရာကနေ
နောက်ပိုင်းမှာ တော့ တစ်ပတ်တစ်ခါလာပြီး သူသိချင်တဲ့ အရှေ့
တိုင်းအစားအစားတွေအကြောင်းကို မေးပါ တော့တယ်။
ဒီလို စားဖိုမှူးကြီးရဲ့ ယုံကြည်မှုကို ရသွား တာက သူ့အတွက် အခွင့်အရေးတစ်ခု ဆိုပါ တော့။ နှစ်နှစ်မှာတစ်ကြိမ်သာ ကျင်းပပြီး တစ် ကမ္ဘာလုံးက အကောင်းဆုံးစားဖိုမှူးတွေ လာ ရောက်ယှဉ်ပြိုင်ကြတဲ့ British Open Champion Chef မှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် စားဖိုမှူး ကြီးက သူ့နာမည်ကို စာရင်းပေးသွင်းလိုက်ပါ တော့တယ်။ အဆင့်ဆင့်ယှဉ်ပြိုင်ပြီးတဲ့ နောက်၊ နောက်ဆုံးဆန်ခါတင် (၁ဝ) ယောက်မှာ သူပါ သွားပါတယ်။
နောက်ဆုံးပြိုင်ပွဲမှာ ဗမာမုန့်ဟင်းခါးကို အနောက်တိုင်းစတိုင်ပြောင်ြး ပီး
ပြိုင်ပွဲဝင်ဖို့ အတွက် သူအစွမ်းကုန်ပြင်ဆင်ပါတယ်။ ပြိုင်ပွဲ အချိန်က
နာရီဝက်တည်း ပေးထားတာကြောင့် နာရီဝက်အတွင်း မုန့်ဟင်းခါးတစ်ပွဲ အကောင်း
ဆုံးဖြစ်လာဖို့အတွက်ကို သူအကြိမ် သုံးလေး ဆယ်လောက် အစမ်းလေ့ကျင့်
ချက်ပြုတ်ရပါ တယ်။
သူ့ရဲ့ကြိုးစားမှုရဲ့ရလဒ်ကို
သူခံစားရပါ တယ်။ ပြိုင်ပွဲစတဲ့နေ့မှာ အသည်းအသန် ကြိုး စားပြီးတော့
သတ်မှတ်ထားတဲ့ မိနစ် သုံးဆယ် ပြည့်ဖို့ စက္ကန့် (၃ဝ) အလိုမှာ ချက်ပြုတ်လို့
ပြီးပါ တယ်။ ''အဲဒီမှာ ကျွန်တော် ပထမဆု ရတယ်။ ဘဝမှာ ပထမဦးဆုံးရတဲ့
ပထမပဲ''လို့ သူ့ရဲ့ ဆုလဒ်အတွက် ဂုဏ်ယူတဲ့ ဟန်ပန်နဲ့ သူက ဆိုပါတယ်။
အဲဒီဆုရပြီးနောက်ပိုင်း သူတဖြည်းဖြည်းနဲ့ ရာထူးတွေတိုးလာခဲ့ပြီး နောက်မှာတော့ ဗြိတိသျှ အစိုးရနဲ့ Chef တွေ ပူးပေါင်းပြီး ဖွင့်လှစ်တဲ့ Chef Training Academy မှာ သင်တန်းဆရာ တစ်ယောက်အဖြစ်နဲ့ သင်ကြားပေးရပါတယ်။ ဒီမှာလည်း စိန်ခေါ်မှုတွေနဲ့ ကြုံရပြန်ပါတယ်။
''ဆရာပြန်လုပ်တဲ့အချိန်မှာ ကိုယ်သင်ရမှာ က အင်္ဂလိပ်လူမျိုး သင်ရမှာကလည်း အင်္ဂလိပ် အစားအစာ၊ ကျွန်တော်က ဗမာဖြစ်နေတယ်။ အသက်ကလည်းငယ်တယ် ဗမာလည်းဖြစ်နေ တော့ အဲဒီမှာ တော်တော်ကြိုးစားရတယ်။ အဲဒီ မှာ ဒီကောင် ဘာလာလုပ်တာလဲ၊ ဒါကို ငါတို့ လည်း သိတယ်။ မင်းအင်္ဂလိပ်လား ဗမာလားတွေ ဖြစ်လာရော''လို့ သူကြုံတွေ့ရတဲ့ အခက်အခဲတွေ ကိုလည်း ပြောပြပါတယ်။
Chef Training Academy မှာ ဆရာ တစ်ယောက်အနေနဲ့ သင်ကြားနေရင်း သင်ကြား တဲ့ သင်ရိုးညွှန်းတမ်း ရေးဆွဲရာမှာလည်း ပါဝင်ခဲ့ ပြီး အဲဒီမှာ ဗမာကြက်သားဟင်းကို ထည့်ရေး လိုက်ပါတယ်။ ''အဲဒါလေး ထည့်ရေးလိုက်တော့ အဲဒီစာသင်ပြီးတတ်လာတဲ့ ဃ့န် တွေက သူတို့ သင်ပြီး ခုနစ်နှစ် ရှစ်နှစ်လောက်ကြာတဲ့အခါ ကျတော့ သူတို့လုပ်ငန်းခွင်တွေမှာ အဲဒီဟင်းကို ထည့်ချက်တော့ Burmese Chicken Curry ဆိုတာက လန်ဒန်က ဆိုင်တော်တော်များများ မှာ ရှိသွားပြီ''လို့ သူက ဆိုပါတယ်။
ဒီလိုအခြေအနေတစ်ခုကို ရောက်ဖို့အတွက် သူကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေကလည်း မနည်းမနောပါ။ ဒါပေမဲ့ အဲဒီ အခက်အခဲတွေကို ရင်ဆိုင်ဖြေရှင်းတဲ့ သူ့ရဲ့နည်းလမ်းကလည်း အရမ်းကို ရိုးရှင်းပါတယ်။
''ပြဿနာတစ်ခုခုလာရင် ဖြေရှင်း၊ အဲဒါကို ဖြေရှင်းဖို့က ဒေါသထွက်နေလို့မရဘူး။ကြောက် နေလို့မရဘူး။ အဲဒီတော့ ထားလိုက်တယ်။ ချက် ခြင်းမတုံ့ပြန်ဘူး။ ပြီးတော့မှ အဲဒါကို အကောင်း ဆုံးအနေနဲ့ တုံ့ပြန်လိုက်တယ်'' ဆိုတာပါပဲ။
ဒီနေ့အချိန်မှာ အတိုင်းအတာတစ်ခုအထိ အောင်မြင်ထားတဲ့သူ့မှာ သူလေးစားရတဲ့ ပုဂ္ဂိုလ် တစ်ယောက် ရှိနေပြန်ပါတယ်။ အဲဒါကတော့ သူ့ရဲ့စားဖိုမှူးအလုပ်နဲ့ နည်းနည်းလေးမှ မနီးစပ် တဲ့သူတစ်ယောက်ပါ။ သူကတော့ NLD ပါတီက ဦးဝင်းထိန်ဖြစ်ပါတယ်။ ဦးဝင်းထိန်ရဲ့ ဆုံးဖြတ် ချက်တွေ ခံယူချက်တွေကိုပဲ သူက လေးစားနေ တာပါ။
နိုင်ငံတကာအဆင့် မြန်မာစားဖိုမှူးကြီးရဲ့ လူငယ်တွေကို ပေးချင်တဲ့ သတင်းစကားကတော့ ကိုယ်ဝါသနာပါတာကိုပဲ လုပ်စေချင်ပြီး စီးပွား ရေးနဲ့ အခြားအကြောင်းအရာတွေကို ထည့် မတွက်ဘဲနဲ့ ကိုယ်ရွေးချယ်တာကိုပဲ တစိုက် မတ်မတ် လုပ်စေချင်တာမျိုးပါတဲ့။ အဲဒီအတွက် လည်း တစ်ချိန်ချိန်ကြရင်တော့ ရလဒ်ကောင်း တွေ ပြန်ရလိမ့်မယ်လို့ သူက ယုံကြည်ထား ပါတယ်။
အမြဲတမ်းတီထွင်ပြီး ချက်ပြုတ်ရတာတွေကို အားသန်တဲ့ စားဖိုမှူးကိုဇွဲနန္ဒရဲ့ သူ့အလုပ်အပေါ် ထားတဲ့ အမြင်ကတော့ ''လူတွေကို နေ့စဉ်နဲ့အမျှ စိတ်ချမ်းသာအောင် လုပ်ပေးနေတဲ့ အနုပညာ ရှင် တစ်ယောက်''ဆိုတာပါပဲ။
မွန်းတည့်နေဂျာနယ်မှ တစ်ဆင့်
#သုတဇုန်
www.fb.com/thutazone
www.thutazone.com
မွန်းတည့်နေ။ အတွဲ (၂)၊ အမှတ် (၄၈) - အောင်ငြိမ်းချမ်း
ဗြိတိန်နိုင်ငံဟာ တစ်ချိန်က ဥရောပရဲ့ ရှေ့ ဆောင်နိုင်ငံတစ်နိုင်ငံဖြစ်
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက တည်ထောင် ဖွင့်လှစ်တဲ့ Hospitality & Catering Training Academy (HCTA) မှာ Programmed Director အဖြစ် ဆောင်ရွက်နေပြီး ဒေါ်ခင်ကြည်ဖောင် ဒေးရှင်းရဲ့ လူမှုကယ်ဆယ်ရေးလုပ်ငန်းတွေမှ
ငယ်စဉ်ကတည်းက အချက်အပြုတ်ကို ဝါသနာပါခဲ့ပေမယ့် တစ်ချိန်ချိန်မှာ စားဖိုမှူး တစ်ယောက်ဖြစ်ရမယ်ဆိုတဲ့ စိတ်ကူးမျိုးတော့ သူ့မှာမရှိခဲ့ပါဘူး။ အခြေအနေအချိန်အခါအရ စားဖိုမှူးတစ်ယောက်ဖြစ်လာမယ
''ငယ်ငယ်တုန်းကတော့ ဒီလိုမျိုး ဃ့န် တစ် ယောက် နည်းပြဆရာတစ်ယောက်ဖြစ်မယ်လိ
အဲဒီအချိန်က ဒီနေ့ခေတ်လို ဟိုတယ် သင်တန်းတွေ အချက်အပြုတ်သင်တန်းတွေ ဆိုတာလည်း မရှိသလောက်ရှားခဲ့တာပါ။ ဒါပေမဲ့ တစ်ချိန်မှာ စားဖိုမှူးကြီးတစ်ယောက်ဖြစ်
ဒါပေမဲ့ စားဖိုမှူးတစ်ယောက်ကို ထမင်း ချက်လို့သာ ထင်မှတ်ကြပြီး ပရော်ဖက်ရှင်နယ် ကျကျ သင်ပေးတဲ့သင်တန်းတွေမရှိတဲ့
ဒီလိုနဲ့ ဆယ်တန်းအောင်တော့ ဒဂုံတက္က သိုလ်မှာ ရူပဗေဒ အထူးပြုနဲ့ တက်ရောက်ခဲ့ပြီး ၁၉၉၆ ခုနှစ် ကျောင်းသားတွေရဲ့ ဆန္ဒပြပွဲမှာ ဝင်ပါခဲ့တဲ့အတွက် အစိုးရိမ်လွန်တဲ့ မိဘတွေက သူ့ကို နိုင်ငံခြားပို့ဖို့ လုပ်ပါတော့တယ်။ ဖခင်က သင်္ဘောသားတစ်ယောက် ဖြစ်ခဲ့ဖူးတဲ့အတွက် သူလည်း အလုပ်သင်အရာရှိအဖြစ်နဲ့ သင်္ဘော သားတစ်ယောက် ဖြစ်လာခဲ့ပါတယ်။
ငယ်စဉ်ကတည်းက မပူမပင် မကြောင့်မကျ နေခဲ့ရတဲ့ ဇွဲနန္ဒ၊ သင်္ဘောပေါ်ရောက်တဲ့အခါ မှာတော့ တကယ့်ဒုက္ခက ဘာလဲဆိုတာ စတင် ထိတွေ့ခွင့်ရလာပါပြီ။ ''ရောက်ရောက်ချင်းနေ့မှာ အိမ်သာဆေးခိုင်းတယ်။ မြန်မာပြည်မှာတုန်းက လိုလေသေးမရှိ နေခဲ့ရပြီးတော့ ဒီရောက်တော့မှ အိမ်သာဆေးဆိုတော့ ကိုယ့်စိတ်ကို ထားတတ် အောင် ထားလိုက်ပြီးတော့ အကောင်းဆုံးဖြစ် အောင် အိမ်သာအကုန်လုံးကို ဆေးလိုက်တယ်'' လို့ သူ့ရဲ့ပထမဆုံး အခက်အခဲကို ပြောပြပါ တယ်။
ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး။ နဂိုကတည်းက အစားအသောက်ကောင်းကောင်း ကြိုက်တတ်သလို ကိုယ်ကိုယ်တိုင်လည်း ချက် ပြုတ်ရတာ ဝါသနာပါတဲ့သူ့အတွက် ဒုတိယဒုက္ခ အနေနဲ့ရော သူရဲ့ဝါသနာကိုပါ အကောင်းဆုံး ပုံဖော်ပေးမယ့် အကြောင်းအရာကလည်း ရှိလာ ပါတယ်။
အဲဒါကတော့ သင်္ဘောရဲ့စားဖိုမှူးက ဖိလစ်ပိုင် လူမျိုးတစ်ယောက်ဖြစ်နေခြင်း
ဒါကြောင့်ပဲ သူတို့ရဲ့ မနက်စာခွဲတမ်းထဲက ကြက်ဥနှစ်လုံးစီကို မစားကြဖို့ သဘောတူကြပြီး ညနေအလုပ်သိမ်းချိန်ရောက်မှ စားဖိုဆောင်က စားဖိုမှူးကို မျက်နှာချိုသွေးလို့ ဗမာခံတွင်းနဲ့ လိုက်အောင် ကိုဇွဲနန္ဒက ချက်ပြုတ်ပေးခဲ့တာ မျိုးပါ။
ဒီလိုနဲ့ သင်္ဘောသားဘဝကို တစ်စခန်းရပ်ပြီး တဲ့နောက် ၂ဝဝ၃ ခုနှစ်အရောက်မှာတော့ အင်္ဂလန်ကို ကျောင်းတက်ဖို့အတွက် ထွက်လာ ခဲ့ပါတယ်။ အဲဒီအခါမှာ ဘာကျောင်းတက်လို့ ဘာအလုပ်လုပ်မယ်ဆိုတာက သူ့အတွက် ရွေး ချယ်စရာဖြစ်လာခဲ့ပါတယ်။ ကျန်ခဲ့တဲ့ဘဝတစ် လျှောက်လုံး လုပ်ခဲ့တာတွေကလည်း သူကြိုက် နှစ်သက်လို့ လုပ်ခဲ့တာမဟုတ်တဲ့အတွက် ဒီအချိန် မှာတော့ သူလုပ်ချင်တဲ့တစ်ခုကိုပဲ ရွေးလိုက် ပါတော့တယ်။
''ဟိုမှာ ဟိုတယ်အလုပ်က တကယ့်ကို ပရော် ဖက်ရှင်နယ်အလုပ်ဖြစ်နေပြီ။ ဒီတစ်ခုတော့ အောင်မြင်မြင် မအောင်မြင်မြင် လုပ်မယ် ဒါက လုပ်ချင်တာဆိုတော့ တက်ဖြစ်တယ်''လို့ သူက ဆိုပါတယ်။ ကိုဇွဲနန္ဒတက်ဖြစ်တဲ့ကျောင်း
ကျောင်းမှာ သင်ကြားတဲ့စနစ်အရ Management နဲ့ Chef ဆိုပြီး နှစ်ပိုင်းရှိတဲ့အထဲမှာ သူဖြစ်ချင်ခဲ့တာက ဟိုတယ်မန်နေဂျာတစ် ယောက်ပါ။ ဒါပေမဲ့ အချက်အပြုတ်ဘက်မှာရှိတဲ့ သူ့ရဲ့ Talent ကိုသိနေတဲ့ ဆရာတွေက အတင်း တိုက်တွန်းတာကြောင့် Chef တစ်ယောက်အဖြစ် ရွေးချယ်ခဲ့ပါတယ်။
ကျောင်းတက်နေတဲ့အချိန်မှာပဲ
ဒါပေမဲ့သူက ဒီအတိုင်းနေနေတာတော့ မဟုတ်ပါဘူး။ စားဖိုမှူးတစ်ယောက်ဖြစ်ချင်
''ကိုယ်က သေချာလှီး၊ ကာလာတွေ ဘာတွေ ခွဲပြီး သေချာလှီးပေးလိုက်တော့ သဘောကျသွား တယ်။ အိုကေ ဒီနေ့ကစပြီး မင်းလှီးတော့တဲ့။အဲဒီမှာ ရာထူးတက်သွားတယ်'' လို့ သူကြိုးစားခဲ့ ရပုံကို ပြောပါတယ်။
ဒီလိုလုပ်ကိုင်နေရင်းနဲ့ ညနေပိုင်းလုပ်တဲ့ လက်ထောက်စားဖိုမှူးမရှိတဲ့ေ
စားဖိုမှူးကြီးရဲ့ ထောက်ခံပေးမှုနဲ့အတူ ညနေပိုင်းအလုပ်ချိန်မှာ လက်ထောက်စားဖိုမှူး အဖြစ်နဲ့ သူတရားဝင်လုပ်ခွင့်ရလိုက်
သူ့ရဲ့အရှေ့တိုင်းလက်ရာတွေက
ဒီလို စားဖိုမှူးကြီးရဲ့ ယုံကြည်မှုကို ရသွား တာက သူ့အတွက် အခွင့်အရေးတစ်ခု ဆိုပါ တော့။ နှစ်နှစ်မှာတစ်ကြိမ်သာ ကျင်းပပြီး တစ် ကမ္ဘာလုံးက အကောင်းဆုံးစားဖိုမှူးတွေ လာ ရောက်ယှဉ်ပြိုင်ကြတဲ့ British Open Champion Chef မှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက
နောက်ဆုံးပြိုင်ပွဲမှာ ဗမာမုန့်ဟင်းခါးကို အနောက်တိုင်းစတိုင်ပြောင်ြး
သူ့ရဲ့ကြိုးစားမှုရဲ့ရလဒ်ကို
အဲဒီဆုရပြီးနောက်ပိုင်း သူတဖြည်းဖြည်းနဲ့ ရာထူးတွေတိုးလာခဲ့ပြီး နောက်မှာတော့ ဗြိတိသျှ အစိုးရနဲ့ Chef တွေ ပူးပေါင်းပြီး ဖွင့်လှစ်တဲ့ Chef Training Academy မှာ သင်တန်းဆရာ တစ်ယောက်အဖြစ်နဲ့ သင်ကြားပေးရပါတယ်။ ဒီမှာလည်း စိန်ခေါ်မှုတွေနဲ့ ကြုံရပြန်ပါတယ်။
''ဆရာပြန်လုပ်တဲ့အချိန်မှာ ကိုယ်သင်ရမှာ က အင်္ဂလိပ်လူမျိုး သင်ရမှာကလည်း အင်္ဂလိပ် အစားအစာ၊ ကျွန်တော်က ဗမာဖြစ်နေတယ်။ အသက်ကလည်းငယ်တယ် ဗမာလည်းဖြစ်နေ တော့ အဲဒီမှာ တော်တော်ကြိုးစားရတယ်။ အဲဒီ မှာ ဒီကောင် ဘာလာလုပ်တာလဲ၊ ဒါကို ငါတို့ လည်း သိတယ်။ မင်းအင်္ဂလိပ်လား ဗမာလားတွေ ဖြစ်လာရော''လို့ သူကြုံတွေ့ရတဲ့ အခက်အခဲတွေ ကိုလည်း ပြောပြပါတယ်။
Chef Training Academy မှာ ဆရာ တစ်ယောက်အနေနဲ့ သင်ကြားနေရင်း သင်ကြား တဲ့ သင်ရိုးညွှန်းတမ်း ရေးဆွဲရာမှာလည်း ပါဝင်ခဲ့ ပြီး အဲဒီမှာ ဗမာကြက်သားဟင်းကို ထည့်ရေး လိုက်ပါတယ်။ ''အဲဒါလေး ထည့်ရေးလိုက်တော့ အဲဒီစာသင်ပြီးတတ်လာတဲ့ ဃ့န် တွေက သူတို့ သင်ပြီး ခုနစ်နှစ် ရှစ်နှစ်လောက်ကြာတဲ့အခါ ကျတော့ သူတို့လုပ်ငန်းခွင်တွေမှာ အဲဒီဟင်းကို ထည့်ချက်တော့ Burmese Chicken Curry ဆိုတာက လန်ဒန်က ဆိုင်တော်တော်များများ မှာ ရှိသွားပြီ''လို့ သူက ဆိုပါတယ်။
ဒီလိုအခြေအနေတစ်ခုကို ရောက်ဖို့အတွက် သူကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေကလည်း မနည်းမနောပါ။ ဒါပေမဲ့ အဲဒီ အခက်အခဲတွေကို ရင်ဆိုင်ဖြေရှင်းတဲ့ သူ့ရဲ့နည်းလမ်းကလည်း အရမ်းကို ရိုးရှင်းပါတယ်။
''ပြဿနာတစ်ခုခုလာရင် ဖြေရှင်း၊ အဲဒါကို ဖြေရှင်းဖို့က ဒေါသထွက်နေလို့မရဘူး။ကြောက်
ဒီနေ့အချိန်မှာ အတိုင်းအတာတစ်ခုအထိ အောင်မြင်ထားတဲ့သူ့မှာ သူလေးစားရတဲ့ ပုဂ္ဂိုလ် တစ်ယောက် ရှိနေပြန်ပါတယ်။ အဲဒါကတော့ သူ့ရဲ့စားဖိုမှူးအလုပ်နဲ့ နည်းနည်းလေးမှ မနီးစပ် တဲ့သူတစ်ယောက်ပါ။ သူကတော့ NLD ပါတီက ဦးဝင်းထိန်ဖြစ်ပါတယ်။ ဦးဝင်းထိန်ရဲ့ ဆုံးဖြတ် ချက်တွေ ခံယူချက်တွေကိုပဲ သူက လေးစားနေ တာပါ။
နိုင်ငံတကာအဆင့် မြန်မာစားဖိုမှူးကြီးရဲ့ လူငယ်တွေကို ပေးချင်တဲ့ သတင်းစကားကတော့ ကိုယ်ဝါသနာပါတာကိုပဲ လုပ်စေချင်ပြီး စီးပွား ရေးနဲ့ အခြားအကြောင်းအရာတွေကို ထည့် မတွက်ဘဲနဲ့ ကိုယ်ရွေးချယ်တာကိုပဲ တစိုက် မတ်မတ် လုပ်စေချင်တာမျိုးပါတဲ့။ အဲဒီအတွက် လည်း တစ်ချိန်ချိန်ကြရင်တော့ ရလဒ်ကောင်း တွေ ပြန်ရလိမ့်မယ်လို့ သူက ယုံကြည်ထား ပါတယ်။
အမြဲတမ်းတီထွင်ပြီး ချက်ပြုတ်ရတာတွေကို အားသန်တဲ့ စားဖိုမှူးကိုဇွဲနန္ဒရဲ့ သူ့အလုပ်အပေါ် ထားတဲ့ အမြင်ကတော့ ''လူတွေကို နေ့စဉ်နဲ့အမျှ စိတ်ချမ်းသာအောင် လုပ်ပေးနေတဲ့ အနုပညာ ရှင် တစ်ယောက်''ဆိုတာပါပဲ။
မွန်းတည့်နေဂျာနယ်မှ တစ်ဆင့်
#သုတဇုန်
www.fb.com/thutazone
www.thutazone.com

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။