သင် အားလုံးကိုသိပြီလို့ထင်တဲ့တ စ်နေ့
++++++++++++++++++++++++++ +
ဂျပန်က တက္ကသိုလ်ပါမောက္ခ တစ်ဦးဟာ ဂျပန်က နာမည်ကျော် Zen ဘုန်းကြီး နဲ့ လာတွေ့ ပါတယ်။ ပြီးတော့ ပါမောက္ခပီပီ သူ့ပညာကို ဘယ်လို တတ်ကြောင်း တွေကို တခုပြီး တခုရေပတ်
မ၀င်အောင် ပြောတယ်။ ပြီးတော့ ပြောလိုက်သေးတယ် Zen ဘုန်းတော်ကြီး ဆီကလည်း ပညာတွေ သင်ယူချင်ပါတယ် တဲ့။ ဘယ်လောက် ကြာကြာသင်ရမလဲတဲ့၊ သူ့ ဦးနှောက်နဲ့ဆို ခဏပဲ ကြာမှာ မလား ဆိုပြီး ကိုယ့်ကို အမွှန်းတင်လိုက်သေးတယ်။
Zen ဘုန်းကြီးကတော့ ဘာမှ မပြောပါဘူး၊ ပါမောက္ခကို လက်ဖက်ရည်ငှဲ့ ပေးနေရင်း ခွက်က ပြည့်သွားတယ်။ ဒါပေမယ့် ဘုန်းကြီးကတော့ ထပ် ထည့် နေတုန်းပဲ ရေတွေ ဘေးကို လျှံထွက်သွားတော့ မှ ပါမောက္ခက ခွက် ပြည့်နေပြီပေါ့ ဘယ်လိုထည့်ထည့် ၀င်မှာ မဟုတ်ဘူး ဆိုပြီး ပြော တယ်။
Zen ဘုန်းကြီးကလည်း အင်း ကျုပ်ဆီက ပညာလိုချင်ရင်တော့ ဟောဒီ လက်ဖက်ခွက်အတိုင်းပဲ ခွက်ကို အရင် ဗလာဖြစ်အောင် လုပ်ပါ၊ မဟုတ်ရင် ကျုပ်သင်ပြသမျှကို ပါမောက္ခဆီကို ၀င်မှာ မဟုတ်ပါဘူးလို့ ပြန်ဖြေပါတယ်။
ရေလျှံသလိုပဲ ဘေးကို လျှံထွက်ပြီး အလကားဖြစ်ကုန်မှာပေါ့တဲ့။
တချို့လူတွေက သူတို့ ပညာအရမ်းတော်နေရင် ပညာဘ၀င်မြင့်တတ်ပါ တယ်။ ဆိုရိုးရှိပါတယ် သင်ကိုယ့်သင် ငါ အကုန်လုံး သိနေပြီလို့ ဆိုတဲ့ နေ့ဟာ သင်ကျရူံးတဲ့ နေ့ပါပဲတဲ့။
Credit:MM~ သုတစွယ်စုံကျမ်း
++++++++++++++++++++++++++

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။