Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, March 20, 2016

"အမှားများ"

"အမှားများ"
----------------

တစ်ခါကသင်တန်းဆင်းခါစပန်းချီဆရာပေါက်စ တစ်ယောက်ဟာသုံးရက်တိတိအချိန်ယူပြီး အလွန်လှပတဲ့ရှုခင်းပန်းချီကားတစ်ခုကို ရေးဆွဲခဲ့တယ်။ ပြီးနောက်မှာတော့သူ့ရဲ့လက်ရာနဲ့ ကျွမ်းကျင်မှုကိုလူတွေဘယ်လိုများ အကဲဖြတ်ကြမလဲဆိုတာသိချင်တာနဲ့အဲဒီ ပန်းချီကားချပ်ကိုလူသွားလူလာများတဲ့လမ်းဘေးမှာ ခင်းကျင်းလိုက်တယ်။ပန်းချီကားအောက်မှာလည်း အောက်ပါအတိုင်းရေးထားလိုက်တယ်။ "ကျွန်တော်ဟာလက်သစ်ပန်းချီဆရာ တစ်ယောက်ပါ။အတွေ့အကြုံနုနယ်သေးလို့ ကျွန်တော်ဆွဲထားတဲ့ဟောဒီပန်းချီကားထဲမယ် အမှားများ၊အမြင်မတော်တာများတွေ့ခဲ့ရင် ကြက်ခြေခတ်ခြစ်ပြီးညွှန်ပြပေးပါ"

ညနေပန်းချီကားပြန်သိမ်းဖို့လာတဲ့ ပန်းချီဆရာလေးဟာအလွန်ကိုကြေကွဲ ၀မ်းနည်းသွားရှာတယ်။သူ့ပန်းချီကားတစ်ခုလုံး ကြက်ခြေခတ်ရာတွေနဲ့ပြည့်နေတာကိုး။တစ်ချို့ဆို ပန်းချီကားပေါ်စာတွေတောင်ရေးသွားသေးတယ်။ စိတ်ပျက်ကြေကွဲလို့ပန်းချီဆရာငယ်ဟာ သူ့ဆရာအိမ်ကိုမျက်ရည်တွေနဲ့ရောက်လာတယ်။ ဟောဟဲဆိုက်နေတဲ့သူဟာအသံတုန်တုန်ရီရီနဲ့ "ကျွန်တော်အသုံးမကျသူပါဆရာ။ကျွန်တော် ကြိုးစားသင်ခဲ့သမျှပန်းချီပညာဟာ ဒီအဆင့်ပဲဆိုရင်တော့ပန်းချီဆရာ မဖြစ်ထိုက်တော့ပါဘူးဆရာရယ်။အခုလူတွေက ကျွန်တော့်လက်ရာကိုဒီလိုဝေဖန်လိုက်ကြတာ ကျနော်သေမလောက်ခံစားရပါတယ်ဆရာ..." ဆရာကြီးကပြုံးတယ်။"ဒီမယ်ကောင်လေး။မင်းဟာ ပြီးပြည့်စုံတဲ့ပန်းချီပညာကိုဆည်းပူးခဲ့တဲ့ ပန်းချီပညာရှင်တစ်ယောက်ဖြစ်ကြောင်းငါ သက်သေပြမယ်။ ငါပြောသလိုလုပ်။ ပြန်မမေးနဲ့။ပြီးမှ မင်းသိရလိမ့်မယ်"

ပန်းချီဆရာငယ်ဟာစိတ်မပါတစ်ပါနဲ့ သဘောတူလိုက်တယ်။နောက်နှစ်ရက်အကြာမှာ အရှေ့ကဆွဲခဲ့တဲ့ပုံနဲ့တစ်ထပ်တည်းကျတဲ့ ပန်းချီကားကိုပဲထပ်ဆွဲပြီးဆရာကြီးဆီယူလာတယ်။ ပန်းချီဆရာကြီးကပန်းချီကားကို အသေအချာကိုင်တွယ်ကြည့်ပြီးပြုံးလိုက်တယ်။ နောက်ပြီးသူ့ကိုအရင်သူပန်းချီကားခင်းခဲ့တဲ့ လမ်းဆီကိုပဲပြန်သွားစေတယ်။နောက်ပြီးအရင်က ခင်းတဲ့နေရာအတိအကျမှာပဲဒီပန်းချီကားကို ထပ်ခင်းစေပြီးအောက်မှာအောက်ပါအတိုင်း ရေးသားလိုက်တယ်။ "လူကြီးမင်းများခင်ဗျာ...ကျွန်တော်ဟာလက်သစ် ပန်းချီဆရာတစ်ယောက်ပါ။အတွေ့အကြုံ နုနယ်သေးလို့ကျွန်တော်ဆွဲထားတဲ့ဟောဒီ ပန်းချီကားထဲမယ်အမှားများ၊အမြင်မတော်တာများ တွေ့ခဲ့ရင်အသင့်ချထားတဲ့စုတ်တံများနဲ့ ဆေးရောင်စုံများသုံးပြီးပြင်ဆင်ပေးပါရန် မေတ္တာရပ်ခံအပ်ပါတယ်။" ပြီးနောက်ဆရာတပည့်နှစ်ယောက်အိမ်ကို ပြန်သွားကြတယ်။

ညနေပြန်လာတော့တပည့်ဖြစ်သူမှာ အံ့သြလို့သွားတယ်။ပန်းချီကားပေါ်မှာခြစ်ရာ တစ်ခုတစ်လေမှရေးထားတာမတွေ့ရဘူး။နောက်နေ့ ပြန်ကြည့်ပြန်တော့လဲဒီအတိုင်းပဲမတို့ မထိထားကြဘူး။တစ်လတိတိအဲဒီနေရာမှာ ထားသော်လည်းတစ်စုံတစ်ယောက်ကမျှပြင်ဆင်ခြင်း မပြုကြလေဘူး။

ပုံပြင်ရဲ့အနှစ်ချုပ်ကတော့ အပြစ်တင်ဝေဖန်ဖို့လွယ်တယ်။ကောင်းအောင် ပြုပြင်ဖို့ခက်တယ်။ဒါကြောင့်တစ်ပါးသူရဲ့ ပြစ်တင်ဝေဖန်မှုမှာမြောပါပြီးကိုယ့်ကိုယ်ကိုစိတ်ဓါတ် မကျစေပါနဲ့။ ကိုယ့်ကိုယ်ကိုယ်သာစီရင်ပါ။သင်ဟာ အကောင်းဆုံးတရားသူကြီးပါပဲ။

Credit: ကိုစော

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။