" ဆရာမောင်မိုးသူ၏ နိုင်ငံရေးနယ်ပယ်တွင် ဖြတ်သန်းမှု "
Q. ဘဘ နိုင်ငံရေးနယ်ပယ်ထဲမှာ ဖြတ်သန်းခဲ့တဲ့အကြောင်း ပြောပြပါဦး။
A. မန္တလေးတက္ကသိုလ်ကျောင်းသားဘ၀ မှာတုန်းက နိုင်ငံရေး စလုပ်ခဲ့တယ်။ ပြီးတော့ နိုင်ငံရေးထဲပြန်ရောက်လာတာက တော့
၁၉၈၈ ကျမှ ပြန်ရောက်တာလေ။ ဒီကြားထဲမှာတော့ စာပေအလုပ် လုပ်တယ်။
ရုပ်ရှင်အလုပ် လုပ်တယ်။ ၈၈ အရေးအခင်းဖြစ်တာ ကတော့ ကျောင်း သားတွေက စတာပဲ။
၈၈အရေးအခင်းမှာ ဘဘတို့ ပါလာပုံကတော့ ဒီလို ... ။
မောင်သော်ကက ၃၇လမ်းထိပ်၊ ဆူးလေဘုရားလမ်းထောင့်မှာနေတာ။
၈၈အရေးအခင်း စဖြစ်တဲ့နေ့မှာ ဘဘက မောင်သော်ကနဲ့အတူ အဲဒီလမ်းထိပ်ကနေပြီးတော့
ကျောင်းသားတွေကို စောင့်နေတာ။ ၁၀ နာရီကျော်ကျော်လောက်ကျတော့ ကျောင်းသားတွေ
ချီတက်လာကြတာပေါ့။ ဘဘတို့က လက်ခုပ်တီးကြတယ်။ အဲဒီအနားမှာရှိတဲ့
မုန့်လေးတွေ ၀ယ်ပြီးတော့ ပေးကြတာပေါ့။ အဲဒါက ၈၈ အရေးအခင်းရဲ့ ပထမနေ့။ နောက်
၂ ရက် ၃ ရက်လောက် အကြာမှာ ... ဘဘ ရက်စွဲတော့ အတိအကျ မမှတ်မိဘူး။
ဟံသာဝတီဦးဝင်းတင်ရယ်၊ မောင်သော်ကရယ်၊ ဘဘ ရယ် လျှောက်ပတ်ကြည့်ကြတယ်။
ကြည့်ပြီးတဲ့အခါ နောက်နေ့မှာ စိတ်ကူးပေါက်ပြီး စာပေသမားတွေအနေနဲ့လည်း
ဒီအရေးတော်ပုံမှာ ပါရမယ်ပေါ့။ အဲဒီမှာ Signature campaign ခေါ်မှာပေါ့။
ကျောင်းသားတွေ ရဲ့ လှုပ်ရှားမှုကို ထောက်ခံတဲ့ လက်မှတ်ထိုးကြတယ်။ ဆရာဇော်ဂျီ၊
ဆရာ မင်းသုဝဏ်၊ ဘဘလတ် (ဦးခင်မောင်လတ်)၊ ဒေါ်ခင်မျိုးချစ်တို့လည်း
လက်မှတ်ထိုးကြတယ်။ အဲဒီညမှာ ဦးဝင်းတင်က ဘဘကို ဖုန်းဆက် တယ်။ ဟေ့လူရေ ...
ဒီကိစ္စမှာ ခင်ဗျားပါရမယ်ပေါ့။ ပါလိုက်တယ်။ ကိုတင်စိုးက စပယ်ဦး
စာအုပ်တိုက်ကို ဘားလမ်း(မဟာဗန္ဓုလပန်းခြံလမ်း)မှာ ဖွင့်ထားတယ်။ ဘဘကို အကြောင်းပြုပြီးတော့ အဲဒီစာအုပ်တိုက်မှာ စခန်းချပြီး စာပေနဲ့အနုပညာရှင်များအဖွဲ့ က Signature campaign
လုပ်တယ်။ ဦးကိုယု၊ ဒေါ်မြင့်မြင့်ခင်၊ ဦးထွန်းတင်၊ ဦးတင်ရွှေ တို့ ရှေ့နေတွေ လည်းပဲ လာကြတယ်။ မင်းသိင်္ခတို့လည်း လာကြတယ်။ အဲဒီလို လက်မှတ်ထိုးတဲ့ campaign လုပ်တယ်။
အဲဒီအချိန်မှာ စပီကာလည်း မရှိဘူး။ ဘဘက မိတ်ဆွေ အပေါင်းအသင်းများတော့ မျိုးမြင့်ညိမ်းနဲ့ ဘဘက ဘားလမ်းထဲကနေ ထွက်ပြီးတော့ တစ်ပတ်ပတ်ပြီး အလှူခံလိုက်တယ်။ စာအုပ်တိုက်တွေကို အကုန်လုံးသိနေတော့ ပိုက်ဆံလိုက်ကောက်တယ်။ အဲဒီတုန်းက ၀င်းဦး လည်း ရှိသေးတယ်။ အဲဒီမှာ ပိုက်ဆံထိုက်တန်သလောက်ရပြီး တော့
စပီကာ ရလာတယ်။ ဘားလမ်းထောင့်မှာ ဘဘတို့က စင်ထိုးပြီးတော့ ဟောပြော ပွဲတွေ
လုပ်တယ်။ အဲဒီအချိန်မှာ ဒေါက်တာတင်မျိုးဝင်းတို့၊ ဒေါက်တာ သက်မင်း တို့က
ဆေးရုံကြီးမှာ ဟောပြောပွဲတွေလုပ်ကြတယ်။
ဆေးရုံကြီး၊ နှလုံးရောဂါဌာနရဲ့ရှေ့မှာ ဘဘတို့ စာပေအနုပညာရှင်တွေ ကလည်း ဟောကြတာပေါ့။ ဒေါ်အောင်ဆန်းစုကြည်က အဲဒီစင်မှာ ပထမဆုံးဟောတယ်။
ဘဘတို့အဖွဲ့က စာပေနဲ့ အနုပညာရှင်တွေဆိုတော့ မြို့နယ်တွေ အကုန်လုံးက ဟောစေချင်တာပေါ့။ အဲဒီကာလမှာ တစ်နေရာပြီး တစ်နေရာ သွားဟောနေကြရတာ။ တောက်လျှောက်ဟောနေကြရတာ။ တစ်ခါ မှာတော့ မြောက်ဥက္ကလာမှာ ဟောကြရတယ်။
ဦးဝင်းတင်က ဘဘကို သိပ်ပြီးတော့ သတ္တိကောင်းတာပဲဆိုပြီး ချီးကျူးတာတစ်ခုရှိတယ်။ ဘာလဲဆိုလို့ရှိရင် အဲဒီအရေးအခင်းကာလ မှာ မြောက်ဥက္ကလာခုံးတံတားအဆင်းေ လးမှာ
ကျောက်တိုင်တစ်ခု စိုက်ကြတယ်။ အဲဒီကျောက်တိုင်က ဘာလို့စိုက်တာလဲ ဆိုတော့
သေနတ်နဲ့အပစ်ခံရလို့ အဲဒီနေရာမှာ ကလေးတစ်ယောက် ဆုံးတယ်လို့ သိရတယ်။
အဲဒီကျောက်တိုင်ဖွင့်ပွဲဆို ပြီးတော့
ဘဘတို့ စာပေနဲ့ အနုပညာရှင်အဖွဲ့ကို လာဖိတ်တယ်။ တစ်ဖွဲ့လုံး သွားကြတယ်။
အဲဒီနယ်က လူတွေက ဘဘတို့ကို ခင်ဗျားတို့ပဲ အခမ်းအနားကို ကြီးမှူးပြီးတော့
လုပ်ပါဆိုပြီး request လုပ်တယ်။ အဲဒါနဲ့ ဘဘက အခမ်းအနားမှူး လုပ်ရတယ်။
အဲဒီမှာ တော်တော်များများ ဟောကြပြီးတော့ ဘဘ က နောက်ဆုံးဟောတယ်။
ဦးဝင်းတင်ကတော့ လိုက်သာလိုက်တာ၊ မဟောဘူး။ ဦးဝင်းတင်က ထိုင်နေတယ်။
ဟောပြောပွဲစင်မြင့်က ခုံးတံတား ကို နောက်ကျောပေးပြီးတော့ ဆောက်ထားတာဆိုတော့
ဘဘက ခုံးတံတားဘက်ကို မမြင်ရဘူးပေါ့။
ဘဘဟောနေတဲ့အချိန်မှာ ပရိသတ်က ရုတ်ရုတ်သဲသဲဖြစ်လာတယ်။ အဲဒီတော့မှ ဘဘက စင်ပေါ်ကနေ နောက်လှည့်ကြည့်လိုက်တော့ ခုံးတံတားပေါ်မှာ စစ်ကားကြီးသုံးစီးကို တွေ့တယ်။ ပရိသတ်ကလည်း ရုတ်ရုတ်သဲသဲဖြစ်နေတော့ ဘဘလည်း ကြံမိကြံရာ ပရိသတ်ကို စည်းကမ်းရှိကြပါ၊ စည်းကမ်းရှိကြပါလို့ ပြောပြီးထိန်းရတာပေါ့။ စစ်ကားကြီးဘက်လှည့်ပြီး ရဲဘော်တို့၊ ဘာလုပ်ချင်တာလဲဆိုတော့ သူတို့က ဖြတ်မောင်းသွားချင်တာတဲ့။ အဲဒါနဲ့ ဘဘလည်း လမ်းပိတ်နေတဲ့ ပရိသတ်ကို လမ်းဖယ်ပေးဖို့ပြောလိုက်တော့ 
စစ်ကားတွေ လည်း ဖြတ်မောင်းသွားကြတယ်။ ဘဘလည်း ဟောစရာရှိတာ ဆက်ဟောပြီးတော့
ပွဲသိမ်းလိုက်တာပေါ့။ ပွဲပြီးလို့ အပြန်ကျမှ ဦးဝင်းတင်က ဘဘကို ခင်ဗျား ...
အတော်သတ္တိကောင်းတာပဲ၊ စင်ပေါ်မှာ ခင်ဗျား တစ်ယောက်တည်းဆိုတော့ ပစ်လိုက်ရင်
ကားခနဲပဲဆိုပြီး ပြောတော့မှ ဘဘလည်း အဲဒါကို စဉ်းစားမိတယ်။
အဲဒီအချိန်တုန်းကတော့ ပဋိပက္ခမဖြစ်ဖို့၊ ပွဲထိန်းဖို့ပဲ သတိရတာကိုး။
"စာရေးဆရာ၊ အယ်ဒီတာ၊ ဒါရိုက်တာ၊ နိုင်ငံရေးသမား ဆရာမောင်မိုးသူ၏ ဘ၀ဖြတ်သန်းမှုအကြောင်း" အင်တာဗျူးဆောင်းပါးမှကောက်နုတ်ချက်
Eternal Light Magazine
March 2016
၅နှစ်ပြည့်အထူးထုတ်
Q. ဘဘ နိုင်ငံရေးနယ်ပယ်ထဲမှာ ဖြတ်သန်းခဲ့တဲ့အကြောင်း ပြောပြပါဦး။
A. မန္တလေးတက္ကသိုလ်ကျောင်းသားဘဝ
မောင်သော်ကက ၃၇လမ်းထိပ်၊ ဆူးလေဘုရားလမ်းထောင့်မှာနေတ
လုပ်တယ်။ ဦးကိုယု၊ ဒေါ်မြင့်မြင့်ခင်၊ ဦးထွန်းတင်၊ ဦးတင်ရွှေ တို့ ရှေ့နေတွေ လည်းပဲ လာကြတယ်။ မင်းသိင်္ခတို့လည်း လာကြတယ်။ အဲဒီလို လက်မှတ်ထိုးတဲ့ campaign လုပ်တယ်။
အဲဒီအချိန်မှာ စပီကာလည်း မရှိဘူး။ ဘဘက မိတ်ဆွေ အပေါင်းအသင်းများတော့ မျိုးမြင့်ညိမ်းနဲ့ ဘဘက ဘားလမ်းထဲကနေ ထွက်ပြီးတော့ တစ်ပတ်ပတ်ပြီး အလှူခံလိုက်တယ်။ စာအုပ်တိုက်တွေကို အကုန်လုံးသိနေတော့ ပိုက်ဆံလိုက်ကောက်တယ်။ အဲဒီတုန်းက ၀င်းဦး လည်း ရှိသေးတယ်။ အဲဒီမှာ ပိုက်ဆံထိုက်တန်သလောက်ရပြီး
ဆေးရုံကြီး၊ နှလုံးရောဂါဌာနရဲ့ရှေ့မှာ ဘဘတို့ စာပေအနုပညာရှင်တွေ ကလည်း ဟောကြတာပေါ့။ ဒေါ်အောင်ဆန်းစုကြည်က အဲဒီစင်မှာ ပထမဆုံးဟောတယ်။
ဘဘတို့အဖွဲ့က စာပေနဲ့ အနုပညာရှင်တွေဆိုတော့ မြို့နယ်တွေ အကုန်လုံးက ဟောစေချင်တာပေါ့။ အဲဒီကာလမှာ တစ်နေရာပြီး တစ်နေရာ သွားဟောနေကြရတာ။ တောက်လျှောက်ဟောနေကြရတာ။ တစ်ခါ မှာတော့ မြောက်ဥက္ကလာမှာ ဟောကြရတယ်။
ဦးဝင်းတင်က ဘဘကို သိပ်ပြီးတော့ သတ္တိကောင်းတာပဲဆိုပြီး ချီးကျူးတာတစ်ခုရှိတယ်။ ဘာလဲဆိုလို့ရှိရင် အဲဒီအရေးအခင်းကာလ မှာ မြောက်ဥက္ကလာခုံးတံတားအဆင်းေ
ဘဘဟောနေတဲ့အချိန်မှာ ပရိသတ်က ရုတ်ရုတ်သဲသဲဖြစ်လာတယ်။ အဲဒီတော့မှ ဘဘက စင်ပေါ်ကနေ နောက်လှည့်ကြည့်လိုက်တော့ ခုံးတံတားပေါ်မှာ စစ်ကားကြီးသုံးစီးကို တွေ့တယ်။ ပရိသတ်ကလည်း ရုတ်ရုတ်သဲသဲဖြစ်နေတော့ ဘဘလည်း ကြံမိကြံရာ ပရိသတ်ကို စည်းကမ်းရှိကြပါ၊ စည်းကမ်းရှိကြပါလို့ ပြောပြီးထိန်းရတာပေါ့။ စစ်ကားကြီးဘက်လှည့်ပြီး ရဲဘော်တို့၊ ဘာလုပ်ချင်တာလဲဆိုတော့ သူတို့က ဖြတ်မောင်းသွားချင်တာတဲ့။ အဲဒါနဲ့ ဘဘလည်း လမ်းပိတ်နေတဲ့ ပရိသတ်ကို လမ်းဖယ်ပေးဖို့ပြောလိုက်တော
"စာရေးဆရာ၊ အယ်ဒီတာ၊ ဒါရိုက်တာ၊ နိုင်ငံရေးသမား ဆရာမောင်မိုးသူ၏ ဘ၀ဖြတ်သန်းမှုအကြောင်း" အင်တာဗျူးဆောင်းပါးမှကောက်န
Eternal Light Magazine
March 2016
၅နှစ်ပြည့်အထူးထုတ်
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။