Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, March 19, 2016

ဒေါ်စုရဲ့ ရဲရင့်ခြင်းခွန်အား မြန်မာကို နှစ်ထောင်ချီ တည်တံ့စေနိုင်

ဒေါ်စုရဲ့ ရဲရင့်ခြင်းခွန်အား
မြန်မာကို နှစ်ထောင်ချီ တည်တံ့စေနိုင်
========================

ပြင်သစ်ဘူဇွာတော်လှန်ရေးတုန်းက လူကုံထံတွေကို မုန်းလို့ တိုက်ပွဲဝင်သူများဟာ လူကုံထံတွေကို အောင်နိုင်လို့ နန်းတော်မှာ ရတနာပစ္စည်းတွေ သေတ္တာတွေနဲ့အပြည့် ရလိုက်တယ်ဆိုပဲ။ အဲ့မှာ နပိုလီယံက "လူကြီးမင်းတို့ အလိုရှိရင် နည်းနည်းယူသွားလို့ ရတယ်"လို့ ပြောတော့ သူဌေးမုန်းတဲ့ တော်လှန်ရေးသမားတွေက အိနြေ္ဒမဆည်းနိုင်တော့ဘဲ သူသူငါငါ ရတနာတွေကို ယူလိုက်ကြတယ်။ အဲ့နေ့က စပြီး ရတနာယူတဲ့ ပုဂ္ဂိုလ်များဟာ နပိုလီယံကို နန်းတင်လိုက်ရပါတယ်။
.
အာဏာရှင်တွေရဲ့ လက်နက်ဆိုတာ အာဏာ၊ စစ်တပ်နဲ့ ဥစ္စာဓနတွေ ဖြစ်ပါတယ်။ သူတို့လို အာဏာမက်သူ၊ စစ်တပ်ကို ရိုးကျိုးသူ၊ ပစ္စည်းဥစ္စာမက်သူကို သူတို့ မကြောက်ပါဘူး။ သူတို့ကြောက်တာက အာဏာမမက်သူ၊ စစ်တပ်ကို မကြောက်သူ၊ စွန့်လွှတ်ဝံ့သူများ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သမ္မတရွေးပွဲမှာ ဦးထင်ကျော် သမ္မတဖြစ်သွားလို့ ဒေါ်စုက အားရပါးရ လက်ခုပ်တီးပြီး ပျော်မြူးနေတဲ့ပုံကို Live လွှင့်တဲ့ လွှတ်တော်တီဗွီမှာ တွေ့မြင်လိုက်ရတယ်။
.
ဗုဒ္ဓဘာသာရဟန်းတစ်ပါးအနေနဲ့ သူ့ကို အထင်မကြီးဘဲ မနေနိုင်ပါဘူး။ မိမိလက်ထဲရောက်ရှိမဲ့ သမ္မတရာထူးကို သူတစ်ပါးအား စွန့်လွှတ်နိုင်ဖို့ဆိုတာ လွယ်ကူတဲ့အလုပ်မဟုတ်ဘူး။ ဒီသဘောကို စစ်တပ်အသိုင်းအဝိုင်းက ပိုသိပါလိမ့်မယ်။ မိမိတို့က စစ်တပ်ကို သူအလျှော့ပေးလွန်းတယ်လို့ ဝေဖန်ပါတယ်။ သူ့ဘက်က စဉ်းစားကြည့်ရင် စစ်တပ်ကို အလျှော့ပေးပြီး ဆက်ဆံခြင်းသည်သာ သူ့မူဝါဒ၊ သူ့လမ်းစဉ် ဖြစ်နေတာကိုး။
.
မစွန့်လွှတ်နိုင်သူများဟာ ဒေါ်စုကို ကြည့်ပြီး ကြက်သီးမွေးညှင်းထကြရတယ်။ ရန်ငြိုးထားသူများဟာ ဒေါ်စုကို ပန်းနဲ့ ပေါက်သလို ဖြစ်နေတယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေးထက် သူက ဘာကိုမှ တန်ဖိုးမထားခဲ့။ သမ္မတမဖြစ်သေးလို့ မျက်နှာတစ်ချက်မှ မပျက်။ မိမိလက်ထဲရောက်ရှိလာတဲ့ သမ္မတရာထူးကို စွန့်လွှတ်ဝံ့ပေတယ်။ နိုင်ငံတကာကို ပြန်ကြည့်ပါ။ သမ္မတကြီးစိုးတဲ့နိုင်ငံမှာဆိုရင် ရွေးကောက်ပွဲနိုင်တာနဲ့ ပါတီခေါင်းဆောင်ဟာ သမ္မတနေရာကို တန်းရကြတာပဲ။ ပါလီမာန်စနစ်ကျင့်သုံးတဲ့နိုင်ငံမှာဆိုရင် ဝန်ကြီးချုပ်တန်းဖြစ်သွားတာပဲ။
.
ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ NLD အပြတ်အသတ် အနိုင်ရရှိခြင်းဟာ ဒေါ်စုကို သမ္မတဖြစ်စေလိုလို့လည်း ပါတယ်။ အခု အဆိုပါသမ္မတရာထူးကို ဒေါ်စုက ဦးထင်ကျော်ကို ပေးလိုက်တယ်။ ဒေါ်စု သမ္မတ မဖြစ်လို့ ပြည်သူတို့က ဆူဆူပူပူ လုပ်ရမဲ့အစား ဒေါ်စု ပျော်ရင် သူတို့အားလုံး ပျော်ကြတာချည်းပဲဆိုတာ တွေ့လိုက်ရတယ်။ ဒါဟာ နည်းနည်းနောနော အရည်အချင်းမဟုတ်ဘူး။ ပေါ့သေးသေးပါရမီနဲ့ မရဘူး။ ဒေါ်စုရဲ့ ခွန်အားဟာ မြန်မာနိုင်ငံကို နှစ်ပေါင်းထောင်ချီ တည်တံ့စေနိုင်စွမ်း ရှိပါတယ်။
.
ဒီနိုင်ငံကို ချစ်လို့ စစ်တပ်ကို အလျှော့ပေးနေတာ ဖြစ်တယ်။
သူ့လူမျိုးကို ချစ်လို့ သူ့လူမျိုးတစ်ယောက်တစ်လေကိုမှ ဒုက္ခမရောက်စေချင်တာ ဖြစ်တယ်။
စွန့်လွှတ်ဝံ့သူသာ မျိုးချစ်စိတ်အမှန်တကယ် ရှိသူ ဖြစ်တယ်။
မစွန့်လွှတ်ဝံ့သူတို့ရဲ့ မျိုးချစ်စိတ်ဆိုတာ အတုအယောင်သာ ဖြစ်တယ်။
အမှန်မှာ စွန့်လွှတ်ဝံ့သူသာ ရဲရင့်သူ အမှန်ဖြစ်ချေတယ်။
ဓမ္မပဒကျမ်း၊ ကောဓဝဂ်ကို ဖတ်ကြည့်ဖို့ ဒီမှာ နားလည်လွယ်အောင် တင်ပေးမယ်။ လေ့လာလိုက်စားလိုသူများအတွက်ပါ။
.
အမျက်ဒေါသကို စွန့်သင့်တယ်၊ မာနကို ပယ်သင့်တယ်၊ သံယောဇဉ်မှန်သမျှကို ကျော်နိုင်ရမယ်၊ နာမ်ရုပ်မှာ မငြိတွယ်ရင် ဆင်းရဲခြင်းတွင်း မနက်။ တော်တဲ့ရထားထိန်းဟာ အရှိန်နဲ့ ပြေးနေတဲ့ ရထားကို လမ်းမလွဲအောင် ထိန်းနိုင်သလို အမျက်ကို တကယ်ထိန်းနိုင်သူကိုသာ ရထားထိန်းလို့ ငါဘုရားဆိုမယ်။ အခြားပြကတေ့ရထားထိန်းဆိုတာ ကြိုးကို ကိုင်တတ်သူမျှသာ ဖြစ်တယ်။
.
အမျက်ဒေါသနဲ့ အငြိုးထားသူကို ချစ်ခြင်း၊ ခွင့်လွှတ်ခြင်းနဲ့ အောင်ပွဲယူမယ်၊ သဘောထားသေးသိမ်သူကို သဘောထားကြီးကြီးနဲ့ အနိုင်ယူမယ်၊ မနာလိုဝန်တိုသူကို များများပေးပြီး နိုင်အောင် လုပ်ရမယ်၊ မဟုတ်မမှန်ပြောသူအား အမှန်ကို များများပြောခြင်းဖြင့် အနိုင်ယူရမယ်။ မှန်တဲ့စကားကို ဆိုမယ်၊ အမျက်ဒေါသလည်း မထားဘူး၊ တောင်းရင် နည်းနည်းပဲဖြစ်ဖြစ် ပေးတတ်သူဖြစ်ပါက နတ်ပြည်ရောက်ဖို့ လွယ်လွယ်ကလေးပါ။
.
သူတစ်ပါးကိုလည်း မညှဉ်းဆဲတတ်၊ ကိုယ်နှုတ်နှလုံးကို စောင့်စည်းတတ်သူဟာ ရဟန္တာပုဂ္ဂိုလ် ဖြစ်လို့ မသေရတဲ့ နိဗ္ဗာန်ကို ရောက်ရတယ်။ အမြဲထကြွနေရင် နိဗ္ဗာန်ကိုပဲ စိတ်ညွတ်ပြီး အကျင့်သုံးပါးကို ကျင့်ရင် အာသဝေါတရားတွေ ချုပ်ငြိမ်းမယ်။ ကဲ့ရဲ့တယ်ဆိုတာ ဟိုရှေးရှေးကတည်းက ရှိခဲ့တာပဲ။
.
အခုမှ ဖြစ်လာတာမှ မဟုတ်တာပဲ။ တိတ်တိတ်နေရင်လည်း ကဲ့ရဲ့ကြမှာပဲ။ များများပြောမိရင်လည်း ကဲ့ရဲ့ကြမှာပဲ။ ချင့်ချင့်ချိန်ချိန် ပြောသူကိုတောင် ကဲ့ရဲ့ကြသေးတာပဲ။ ဒီလောကမှာ အကဲ့ရဲ့ကနေ လွတ်သူဆိုတာ မရှိပါဘူး။ အချီးမွမ်းပဲ ခံရပြီး ဘယ်တုန်းကမှ အကဲ့ရဲ့မခံရဖူးသူ၊ အကဲ့ရဲ့သာ ခံရပြီး ဘယ်တုန်းကမှ အချီးအမွမ်းမခံရဖူးသူဆိုတာ အရင်ကလည်းမရှိ၊ အခုလည်းမရှိ၊ နောင်လည်း ရှိမှာမဟုတ်။
.
အကျင့်လည်း မပျက်၊ ပညာညာဏ်လည်းကြီး၊ တည်ငြိမ်မှုလည်း ရှိ၊ ကိုယ့်ကျင့်တရားလည်း ကောင်းသူတို့က ချီးမွမ်းကြမှသာ အစစ်အမှန်ဖြစ်လို့ ဇမ္ဗူရစ်ရွှေစင်နိက္ခနဲ့ တူလို့ တန်ဖိုး ရှိတယ်။ ဒီလိုလူမျိုးကို လူတွေ မကဲ့ရဲ့တတ်ကြပါဘူး။ ကဲ့ရဲ့မဲ့အစား လူတိုင်း ချီးမွမ်းကြမှာပဲ။ နတ်တွေကလည်း ချီးမွမ်းကြမှာပဲ။ ဗြဟ္မာတွေကလည်း ချီးမွမ်းကြမှာပဲ။
.
မပျက်စီးအောင် ကိုယ့်ကိုယ်ကို စောင့်ရှောက်ရမယ်။ လုပ်ရပ်အနေနဲ့လည်း အမှားအယွင်း မဖြစ်အောင် စောင့်ရှောက်ရမယ်။ စောင့်ရှောက်ရုံနဲ့မရ၊ ကိုယ်အမူအရာ ကောင်းလာအောင်လည်း ကျင့်ရပါအုံးမယ်။ နှုတ်အမူအရာ စိတ်အမူအရာကိုလည်း ဒုစ္စရိုက်မဖြစ်အောင် စောင့်ရှောက်၊ သုစရိုက်ဖြစ်အောင် ကျင့်ရမှာပဲ။
.
အမှန်မှာ သူတစ်ပါးကို ပိတ်ပင်တားမြစ်စရာမလို၊ မိမိတို့ရဲ့ ကိုယ်နှုတ်နှလုံးကိုပဲ ဒုစ္စရိုက်နယ်ကို မရောက်အောင် ပိတ်ပင်တားဆီးရမှာ ဖြစ်တယ်။ ပိတ်ပင်စရာရှိက ဒီဒုစ္စရိုက်ဒွါရ(၃)မျိုးကိုသာ ပိတ်ပင်ရမယ်။ (ပုဒ်မ ၅၉ (စ)နဲ့ မပိတ်ပင်ရ၊ ပုဒ်မ ၄၃၆ နဲ့ မပိတ်ပင်ရ။ စစ်တပ်ရနေတဲ့ ဒုစ္စရိုက်လိုင်စင်ကိုပဲ ရုပ်သိမ်းပေးရမယ်လို့ ဆိုလိုတယ်။) —
.
.
.
.
U Ravika
========

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။