ကံကောင်းခြင်းလက်ဆောင် (ဇာတ်သိမ်း)
-------------------------- ----------------
ဆုံကြမယ့်နေရာနဲ့ အချိန်ကို ဖုန်းထဲမှာ ကျွန်တော်တို့ ချိန်းလိုက်ကြတယ်။ တွေ့ကြမယ့်မနက်မှာ ချိန်းထားတဲ့နေရာကို အရင်တစ်ခါလိုပဲ နာရီဝက်စောပြီး ကျွန်တော်ရောက်နေခဲ့တယ်။ ဒီတစ်ခေါက် ပုံပြင်ထဲကလို နှင်းဆီပန်းကိုဖျက်ဆီးမယ့် စုန်းမဟာ ကျွန်တော် မဟုတ်တော့ဘူး။ နှင်းဆီပန်းကို အကာအကွယ်ပေးမယ့် မင်းသားဖြစ်သွားခဲ့ပြီ...
“ကိုကိုကြီး”
ခါးအထိရှည်လျှားနက်မှောင်တဲ့ ဆံပင်နဲ့ ဂါဝန်အဖြူရောင်ဝတ်ထားတဲ့ ချစ်စရာ့ကောင်မလေးတစ်ယောက် ကျွန်တော်ရှေ့ကို ရောက်လာပြီး ပြုံးပြနှုတ်ဆက်တယ်။
“ဝါး... တော်တော်လှလာပါလား.. ကြည့်စမ်း... မှတ်တောင်မမှတ်မိဘူး”
မတွေ့ဖြစ်တဲ့ သုံးနှစ်အတွင်းမှာ သူအပျိုးဖားဖားကြီး ဖြစ်လာခဲ့တယ်။ အချိန်ရဲ့တိုက်စားခြင်းကိုခံရတဲ့ ကျွန်တော်ကတော့ အိုစာသွားတဲ့အပြင် ရင်ထဲမှာလည်း ဒဏ်ရာဒဏ်ချက်တွေ ပြည့်နှက်နေခဲ့တယ်။
“ဟုတ်လား ”
ယောကျာ်းလေးတွေရဲ့ ချီးမွမ်းစကားမှာ သိပ်ကျင့်သားမရသေးတဲ့ အသံနဲ့ သူ့ပါးပြင်နှစ်ဖက် ရှက်သွေးဖြာသွားခဲ့တယ်။
အကောင်အထည်မပေါ်တဲ့ အိပ်မက်စိတ်ကူးတွေကိုမက်ရင်း ကုန်ဆုံးသွားခဲ့တဲ့ နွေရာသီ ၃နှစ်ကို ကျွန်တော်နှာမြောလိုက်မိတယ် ။ အခွံတွေချွတ်ပြီး လှပတဲ့လိပ်ပြာလေးဖြစ်လာတြဲ့ ဖစ်စဉ်မှာ
ကျွန်တော်အနားမှာ ရှိမနေခဲ့ဘူး။ ဆိုင်တစ်ဆိုင်ရဲ့ ပြတင်းပေါက်ဘေးမှာ
ကျွန်တော်တို့ နေရာယူလိုက်ကြတယ်။ လက်ဖက်ရည်တွေ ကိုယ်စီမှာပြီး
ကျွန်တော်တို့ စကားဆက်ကြပြန်တယ်။
“ကိုကိုကြီး ပိန်သွားတယ်နော်”
ဂရုစိုက်တဲ့ စကားသံလေးနဲ့ သူကဆိုတယ်။ လေးနှစ်သာကျော်ခဲ့ပေမယ့် ကျွန်တော်ဟာ သူ့အသံ၊ သူ့စကားလုံးတွေကြားမှာ ကျရှုံးနေသေးတဲ့ စစ်သူကြီးတစ်ဦးဖြစ်ခဲ့တယ်။
“ဟုတ်လား” မေးစေ့ကိုစမ်းကြည့်ရင်း ကျွန်တော်သူ့ကို ပြန်မေးလိုက်တယ်။ တကယ်ပဲ အရင်ကထူထည်းတဲ့မေးစေ့က ခုတော့ အနည်းငယ် ပါးလျနေပါပြီ။
“နိုင်ငံခြားမှာ အစားအသောက်ဆင်းရဲလို့လားဟင် .. ကြည့်စမ်း အသားတွေတောင် မရှိတော့ဘူး”
လက်ကမ်းပြီး ကျွန်တော့်ပါးကို လှမ်းကိုင်လာတဲ့ သူရဲ့လက်ကြောင့် ကျွန်တော် ရင်ခုန်သွားခဲ့မိတယ်။ လှုပ်ရှားနေတဲ့စိတ်ကို ရှက်ရယ်နဲ့ ဖုံးထားလိုက်မိတယ်။ သူ့ရဲ့ ဂရုစိုက်မှုကို ကျွန်တော်နှစ်လိုစွာခံယူမိခဲ့တယ်။
“အစစ အရာရာ အဆင်ပြေလား”
“အင်း.. ဒီလိုပါပဲ ကိုကိုကြီး.. ပြေပါတယ်”
လဲ့သွားတဲ့ သူမျက်လုံးထဲကမျက်ရည်တွေကို ကျွန်တော်တွေ့လိုက်မိတယ်။
“ခံစားချက်တွေ နဂိုအတိုင်း ပြန်မဖြစ်သေးဘူး မဟုတ်လား။ စိတ်မပူပါနဲ့ အသက်အရွယ်တွေ နုပျိုသေးတယ်။ ကောင်းတဲ့ အခွင့်အရေးတွေ အများကြီးရှိလာနိုင်သေးတယ်”
ရေငုံနှုတ်ပိတ်ပြီး ခေါင်းညိတ်ပြနေတဲ့ သူ့ကို လက်နဲ့အသာလေးပုပ်ပြီး အားပေးလိုက်တယ်။
“အချစ်ဆိုတဲ့အရာကို ကျွန်မ မထိတို့ရဲ့တော့ဘူး ကိုကိုကြီး.. အရမ်းခါးသက်လွန်းတယ်”
မျက်ရည်ဥလေးတွေခိုသီနေတဲ့ မျက်လုံးနဲ့ ခေါင်းမော့ပြီး ကျွန်တော့်ကို သူဝင့်ကြည့်တယ်။
“မြွေတစ်ခါကိုက်ခံဖူးတာနဲ့ မြက်တွေ၊ ကျိုးတွေကို ကြောက်သွားပြီလား”
“အင်း..”
ပါးပြင်ပေါ် လှိမ့်ဆင်းလာတဲ့ မျက်ရည်တွေနဲ့ သူမချိပြုံးလေး ပြုံးလိုက်တယ်။
“အဲလိုလဲ မဟုတ်သေးပါဘူး.. တကယ့်အချစ်စစ်၊ အချစ်မှန်တွေနဲ့ ချစ်ပြီး စောင့်နေသူလည်းရှိမှာပေါ့”
ကျွန်တော့်အတွက် ကိုယ်တိုင်လမ်းကြောင်းခင်းလိုက်မိတဲ့ စကားလား။ ကျွန်တော်သူ့ကို ဂရုစိုက်တယ်၊ မြတ်နိုးတယ်၊ ရင်ထဲမှာ နှစ်နှစ်ကာကာ ချစ်နေတယ်ဆိုတာကို သူမသိခဲ့ဘူးလား...
ကျွန်တော်တို့ စကားတွေအများကြီး ပြောဖြစ်ခဲ့ကြတယ်။ ကျွန်တော့်အနာဂတ်ရဲ့ ရည်မှန်းချက်တွေကို အပြင်မှာ ပြောဖြစ်သလို သူ့နဲ့အတူ ပျော်ရွှင်တဲ့ ဘဝလေးတစ်ခု တည်ဆောက်ဖို့ကိုလည်း စိတ်ထဲမှာ ပြောဖြစ်ခဲ့တယ်။ ကျွန်တော့်ရင်ထဲကအဖြစ်ကို သူ့ဆီက အနည်းငယ်ရိပ်မိတဲ့ တုန့်ပြန်မှုလေးသာရခဲ့မယ်ဆို ရင်
ကျွန်တော်ရဲ့ အိပ်မက်တွေ ပိုလှခဲ့မှာသေချာတယ်။ သူ့ကိုတစ်သက်လုံး
ချစ်မြတ်နိုးချင်တဲ့ဆန္ဒက ကျွန်တော့်ရင်မှာ မကုန်နိုင်မခမ်းနိုင်ခဲ့ဘူး ။ သူကလည်း တုံ့နှေးလွန်းတယ်။ ကျွန်တော့်မျက်ဝန်းထဲမှာ သူရဲ့ လှုပ်ရှားမှုတိုင်းကို ထည့်သွင်းထားတယ်ဆိုတာ မသိခဲ့ဘူးလား..
အဲဒီနှစ် နွေရာသီမှာ ကျွန်တော်ထိုင်ဝမ်မှာ တစ်လကြာသွားခဲ့တယ်။ တစ်လလုံးလုံး သူ့အနားမှာ ကျွန်တော်ရှိနေခဲ့တယ်။ ချီကာဂိုပြန်ရောက်ပြီးနောက်
ကနေဒါမှာ အစည်းအဝေးတစ်ခု သွားတက်ဖြစ်ခဲ့တယ်။ အတူနေခဲ့တဲ့
တစ်လအချိန်တွင်းမှာ သူ့ကို ကျွန်တော်ပိုချစ်ခဲ့မိတယ်။ သူ့ကို လက်မလွှတ်အောင်
နေ့တိုင်း အီးမေးလ်ပို့တယ်။ စာပုံမှန် ပို့တယ်။ အရင်ကထက် ဖုန်းဆက်တာ
ပိုစိပ်လာခဲ့တယ်။ ဒါတောင် ကျွန်တော့်ရဲ့ စိတ်ကိုသူမဖတ်တတ်သေးဘူး။
“ကိုကိုကြီး.. ကိုကိုကြီးနဲ့ ခေါ်တုန်းပါပဲ”....
ကျွန်တော် ၃၂နှစ် မွေးနေ့မတိုင်းခင်တစ်ပတ်မှာ
သူ့ဆီက စိမ်းပြာရောင် မာဖလာတစ်ထည် ကျွန်တော်လက်ဆောင်ရခဲ့တယ်။
ကျွန်တော့်အကြိုက် အရောင်လေးမို့ သူ့ရဲ့ဂရုစိုက်မှုကို ကျွန်တော်ခံစားမိတယ်။
နောက်ပြီး သူကိုယ်တိုင်လုပ်ထားတဲ့ မွေးနေ့ကတ်လေးတစ်ခု၊ ကတ်ပေါ်မှာ
ကျွန်တော့်ပုံစံ ချစ်စရာ့ ကာတွန်းပုံလေးတစ်ပုံ .. ပုံကိုကြည့်ပြီး
ကျွန်တော်ရယ်မိခဲ့တယ်။ အဲဒီနေ့တစ်နေ့လုံး ကျွန်တော်ရင့်ထဲမှာ အပျော်ဒီရေတွေ
အရှိန်မြင့်မြင့် တက်ခဲ့တယ်။ တစ်ချောင်းချင်း၊ တစ်ပင်ချင်းထိုးထားတဲ့
သူ့ရဲ့နွေးထွေးမှုလေးတွေကို ခံယူချင်လို့ လက်ဆောင်မာဖလာလေးကို
ကျွန်တော်အမြဲပတ်ထားမိခဲ့တယ်။
ဒီဇင်ဘာ ၂၄ရက်နေ့ ကျွန်တော့်မွေးနေ့မှာ မရည်ရွယ်ဘဲ သူ့ဆီ ကျွန်တော်ဖုန်းဆက်ဖြစ်ခဲ့တယ်။
ပြောစရာစကားတွေ အဆင်သင့် မစဉ်းစားမိလို့ မွေးနေ့အတွက် သူ့ကို
သီချင်းအရင်ဆိုပြဖို့ ကျွန်တော်တောင်းဆိုခဲ့တယ်။ “Somewhere Out There”
ဆိုတဲ့ သီချင်းကို သူဆိုခဲ့တယ်။ သီချင်းထဲက အကြောင်းအရာတွေက ကျွန်တော်တို့
လက်ရှိအခြေအနေ အတိုင်းပါပဲ။
သူ့သီချင်းပြီးတော့ မိနစ်အနည်းငယ်လောက် ကျွန်တော်တိတ်ဆိတ်သွားမိတယ် ။
“သိလား.. ကျွန်တော်လေ ကိုယ့်ထက် အသက်တော်တော် ငယ်တဲ့ ချစ်သူတစ်ယောက်ထားချင်တယ်”
“ဘာလို့လဲ.. အဲတာ မျိုးဆက်ကြားကွာဟမှု ရှိနိုင်တယ်နော်”
“လက်ထပ်ပြီးရင် နှစ်ကိုယ်တူကမ္ဘာလေးမှာ အကြာကြီးခံစားချင်လို့ပေါ့”
“အင်း... ဒါကြောင့် လူတွေကပြောတယ်။ မိန်းကလေးတွေ နုပျိုလေ တန်ဖိုးကြီးလေတဲ့”
ကျွန်တော့်စကားကို သူလှောင်ပြောတာလား.. ဒါမှမဟုတ် စကားလမ်းလွဲတာလား..
“အဲလိုလဲ မဟုတ်သေးဘူး။ တကယ်လို့ ကျွန်တော်နဲ့အသက်တူတဲ့ မိန်းကလေးနဲ့လက်ထပ်ရင် ဒီလိုအသက်အရွယ်မျိုးမှာ ကလေးယူမလား.. မယူဘူးလားဆိုတာကို စဉ်းစားရတော့မယ်။ ဒီလိုဆိုရင် အဲဒီမိန်းမကို ကျွန်တော်ဘယ်လိုချစ်ရမလဲ၊ ကျွန်တော့်အချစ်ကို သူက လိုလိုလားလား လက်ခံပါတော့မလား” ကျွန်တော်တကယ်ပဲ သူ့ကို တစ်သက်လုံး ချစ်ချင်တယ်။ အပူအပင်မဲ့စွာနဲ့ ဘဝတစ်ခုလုံးကို သူနဲ့အတူ ဖြတ်ကျော်သွားချင်မိတယ်။
“ကိုကိုကြီးကြည့်ရတာ တုံးအအလေးပဲ.. ဘာပဲဖြစ်ဖြစ် ပျော်ရွှင်ဖို့ ဆုတောင်းပေးပါတယ်”
“ကျွန်တော့်ရဲ့ သတိုးသမီးလုပ်ဖို့ တစ်ခါမှ မစဉ်းစားမိဘူးလားဟင်” ကျွန်တော်အရဲစွန့်ပြီး နိမိတ်ပေးကြည့်လိုက်တယ်။
“ဘာပြောလိုက်တာလဲ.. ကျွန်မသေချာ မကြားလိုက်ဘူး”
“အဟား.. ဘာမှမဟုတ်ပါဘူး။ ဒီနေ့ ကျွန်တော့်မွေးနေ့လေ မွေးနေ့သီချင်းလေးဆိုပါဦး”
“ကောင်းပြီလေ.. အဟမ်း.. Happy Birthday to you.. Happy Birthday to you... ”
လည်ချောင်းကိုရှင်းပြီး မွေးနေ့သီချင်းကို ပုံစံအမျိုးမျိုးနဲ့ သူဆိုတော့တယ်။ ဖုန်းတစ်ဖက်က ကျွန်တော်ငြိမ်ငြိမ်လေး နားထောင်နေမိသလို တိတ်တိတ်လေး တွေးနေမိတယ်။ အခုနားက နိမိတ်ကို ဖြည်လိုက်ရင် ကောင်းမလား၊ အမှန်အတိုင်းပြောရရင် ကျွန်တော့်စိတ်ထဲမှာ နည်းနည်းလောနေမိတယ်။ နောက်နှစ်ဝက်ဆို သူကျောင်းပြီးတော့မယ်။ ရိုးရှင်းတဲ့ကျောင်းပတ်ဝန်း ကျင်ကို
ခွာပြီး အရောင်အသွေးစုံတဲ့ ပြင်ပလောကကို သွားထိတွေ့ရတော့မယ်။
အဲဒီအချိန်ကျရင် သူ့ရဲ့ရိုးသားမှုတွေနဲ့ ချစ်စရာ့ရုပ်ရည်ကိုသတိထားမယ့်
လူတွေ ပိုများလာတော့မယ်။ ကျွန်တော့်အတွက် ပြိုင်ဖက်တွေလည်း
ပိုများလာတော့မယ်။ မီးလိုလောင်မြိုက်တဲ့ ခံစားမှုမျိုးကို ကျွန်တော်
နောက်တစ်ကြိမ် ခံစားနိုင်ပါ့ဦးမလား.. အတိတ်နဲ့အတူ ရင်ထဲမှာ
နာကျင်လာပြန်တယ်....
“ဟို... ” ပြောမယ့်စကားတွေက ပါးစပ်ဖျားမှာတင် ရပ်တန့်သွားပြန်တယ်။
“ဘာလဲဟင်.. ဒီနေ့ ကိုကိုကြီးတစ်မျိုးပဲ။ စကားပြောရင် တွန့်ဆုတ်တွန့်ဆုတ်နဲ့ ကျွန်မသေချာမကြားဘူးသိလား.. ဘာလဲ ကျွန်မအသံ တော်တော်ဆိုးနေလို့လား ဟင်”
“မဟုတ်ဘူး.. မဟုတ်ဘူး... အသံကောင်းပါတယ်။ ကျွန်တော်အရမ်းပျော်မိတယ်.. တကယ်ပါ”
“မကြောက်ပါနဲ့ ကျွန်မက ပိန်ပိန်သေးသေးလေးပါ။ ကိုကိုကြီး ထိခိုက်အောင် ဘာမှမကြံစည်ပါဘူး.. ဟင်း.. ဟင်း.. ဟင်း”
သူ့စိတ်ဆိုးမှာ ကြောက်လို့ အလျှင်စလို တောင်းပန်တဲ့ ကျွန်တော့်ကို ကောက်ကျစ်တဲ့ မြေခွေးရယ်သံမျိုးနဲ့ သူပြန်နောက်တယ်။ ကျွန်တော် ချစ်လိုက်ရတာ.....
“ကိုကိုကြီး .. ကျွန်မပို့လိုက်တဲ့ မွေးနေ့လက်ဆောင် ရပြီလားဟင်”
မွေးနေ့လက်ဆောင် ရပြီးကတည်းက အပျော်လွန်နေတဲ့ကျွန်တော် သူ့ကို ကျေးဇူးတင်ကြောင်း ပြောဖို့ မေ့သွားခဲ့တယ်။ သူသာမမေးခဲ့ရင် အပျော်နွံထဲမှာပဲ ကျွန်တော်နစ်ဝင်နေပြီး သူ့ကိုကျေးဇူးတင်ဖို့ မေ့နေမှာ သေချာသေးတယ်။
“ရပြီ.. ရပြီ... အရင်ပတ်က ရလိုက်တယ်။ ဆောရီးနော်.. ကျေးဇူးတင်တယ်ပြောဖို့မေ့သွားတယ်”
“ကိစ္စမရှိပါဘူး.. အဲဒီလက်ဆောင်တွေကို ပစ်လိုက်ရင် ကျွန်မပင်ပန်းရကျိုး မနပ်မှာဘဲ စိုးရိမ်နေတာ”
“အချိန်တော်တော်ပေးလိုက်ရတယ် မဟုတ်လား” ကုလားထိုင်နောက်မှာ ချိတ်ထားတဲ့မာဖလာကို ယူပြီး ကျွန်တော်သေချာထပ်ကြည့်လိုက်မိတယ်။ မတူတဲ့ဒီဇိုင်းလေးတွေနဲ့ ချည်သားနူးနူးညံ့ညံ့လေးတွေက ကျွန်တော့်ရင်ကို ပိုနွေးထွေးသွားစေခဲ့တယ်။
“အင်း... တစ်ပတ်နဲ့ အပြီးထိုးလိုက်တာ... အခန်းဖော်ကတောင် အသဲအသန် ကြိုးစားနေတဲ့ ကျွန်မကိုကြည့်ပြီး လှောင်သေးတယ်။ ကိုကိုကြီး ကြိုက်လားဟင်”
“ကြိုက်တယ်.. အရမ်းကြိုက်တယ်။ အပြင်ထွက်တိုင်း ပတ်သွားတယ်။ လှလို့တဲ့ ဘယ်မှာဝယ်လဲလို့ သူငယ်ချင်းတွေကတောင် မေးနေကြတယ်။ အရောင်လည်း ကြိုက်တယ်။ ပင်ပင်ပန်းပန်းနဲ့ ကိုယ်တိုင်လုပ်ထားတဲ့ လက်ဆောင်ကို ကျွန်တော်မကြိုက်ဘဲ နေပါ့မလားဗျာ”
“ဒီလောက်တောင်ပဲလား” ကျေနပ်သံနဲ့ သူကဆိုတယ်။
“သိလား.. ကိုကိုကြီး ကြိုက်တတ်တဲ့အရောင်ကို လိုက်ရှာရတာ နေရာအနှံ့ပဲ။ တွေ့မယ့်တွေ့တော့လည်း ဂရိသိုးမွေးတဲ့ မိုက်တယ်နော်။ ခက်ခက်ခဲခဲရှာထားရတာကို ကိုကိုကြီး မကြိုက်ရဲရင် မကြိုက်ကြည့်လေ... ကျွန်မအလွတ်မပေးဘူးနော်”
သူ့စကားတွေ ကြားမှာပဲ ကျွန်တော် ထပ်မံကျရှုံးသွားပြန်တယ်။ ကျွန်တော်အပေါ် သူခံစားတတ်ခဲ့ပြီလား၊ အရူးတစ်ယောက်လိုချစ်နေတဲ့ ကျွန်တော်အချစ်ကို ရိပ်မိခဲ့ပြီလားလို့ အဲဒီအဖြစ်နောက်ပိုင်း ကျွန်တော် မကြာခဏတွေးမိတယ်။ တွေးလေလေ မရေရာမှုတွေက များလေလေပါပဲ။ ရှေ့ကို နောက်ထပ်တစ်လှမ်း ဘယ်လိုဆက်တိုးရမလဲ.. ကျွန်တော်ကြောင့် သူမထိတ်လန့်သွားစေချင်ခဲ့ဘူး။
သူဟာ လေပါ။ နုပျိုတဲ့လေပါ။ အချစ်တစ်စုံနဲ့ ဟင်းလင်ပြင်မှာ လွတ်လွတ်လပ်လပ် ပျံဝဲနိုင်တယ်။ ကျွန်တော်ဟာ မြေကြီးပါ။ သတ်မှတ်ထားတဲ့ နေရာတစ်ခုမှာပဲ ရပ်စောင့်နိုင်ခဲ့တယ်။ ဒါပေမယ့် ဒီအတိုင်းဆက်သွားနေလို့ မဖြစ်တော့ဘူး !
ရှေ့လဆိုရင် သူ ၂၂နှစ်ပြည့်ပါပြီ။ ကျွန်တော် လှုပ်ရှားသင့်ပြီ။ အဲဒီလိုနဲ့ ရိုမန်တစ်ဆန်ဆန် လက်ထပ်ခွင့်တစ်ခုကို ဘယ်လိုတောင်းရမယ်ဆိုတဲ့ စီမံကိန်းက ကျွန်တော့်အတွက် အခက်ဆုံးပုစ္ဆာဖြစ်ခဲ့တယ် ထူးခြားတဲ့၊ သစ်လွင်တဲ့နည်းရအောင် ရိုမန်တစ်ဖြစ်မယ့် စာအုပ်တွေကို ကျွန်တော်သည်းသည်းမည်းမည်း ရှာဖတ်တော့တယ်။ ဒါပေမယ့် အရာမမြောက်ခဲ့ဘူး။ စာအုပ်ထဲက အကြောင်းအရာတွေက တိုက်ရိုက်ဆန်လွန်းနေတယ်။ ဒဲ့တိုးသွားပြောရင် ကျွန်တော့်ကြောင့် သူလန့်သွားမှာလဲ စိုးရိမ်မိတယ်။ ၁နှစ်.. ၂နှစ်... နောက် ၅နှစ်.. ကျွန်တော် အဲဒီလိုနဲ့ပဲ ကျိတ်မှိတ်စောင့်ရတော့မလား. .
အကြံထုတ်လို့မရတဲ့နောက်ဆုံး
ညီမကို ဖွင့်ပြောပြီး အကူအညီတောင်းရတော့တယ်။ ညီမက ဝမ်းသာအားရပါပဲ။
ကျွန်တော်ထက် စိတ်ပိုလှုပ်ရှားပြီး နည်းမျိုးစုံ ရှာကြံပေးခဲ့တယ်။
ညီမကိုကြည့်ပြီး “အိုးကမပူ စလောင်းကပူ” ဆိုတဲ့ စကားပုံကို ကျွန်တော်
ဆက်စပ်တွေးမိလိုက်တယ်။ နောက်ဆုံးမှာ အကောင်းဆုံး အကြံတစ်ခုနဲ့
မြို့ထဲကျွန်တော်ထွက်လာခဲ့တ ယ်။
ယာဉ်အတွင်းအလာ ပိတ်ဆို့မှုများတဲ့ အမေရိကားနိုင်ငံထဲမှာ ချီကာဂိုလည်း တစ်မြို့အပါအဝင်ဖြစ်တယ်။ လမ်းတွေရဲ့ ဝဲယာမှာ ဆိုင်ကြီးဆိုင်ငယ်တွေနဲ့ ပြည့်ကျပ်နေတယ်။ ကားကိုညင်သာစွာမောင်းရင်း ဘေးဘီကို ကျွန်တော်လိုက်ကြည့်မိတယ်။ ရုတ်တရက် ကျွန်တော့်မျက်စိရှေ့မှာ လက်ဝတ်ရတနာရောင်းတဲ့ ဆိုင်လေးတစ်ဆိုင်ကို တွေ့လိုက်မိတယ်။ ဒီဇိုင်းဆန်းဆန်း အပြင်အဆင်နဲ့ သေးငယ်လှပတဲ့ ဆိုင်းပုဒ်က ကျွန်တော့်ကို ဆွဲခေါ်နေသလိုပါပဲ။
ကားရပ်ပြီး ဆိုင်ထဲဝင်လိုက်တာနဲ့ နှာခေါင်းထဲ ခပ်သင်းသင်းထိုးဝင်လာတဲ့ Lavender ပန်းရနံ့ကြောင့် သူ့ရယ်သံနဲ့ သူ့ကိုယ်နံ့လေးကို ကျွန်တော် သတိရလိုက်မိတယ်။ မှန်ဗီရိုထဲက ဆွဲကြိုးလေးတွေကို ကျွန်တော်လိုက်ကြည့်မိတယ်။ လက်ရာလေးတွေ တော်တော်ကောင်းပေမယ့် “သူ့” အရိပ်က အနားမှာ ရှိမနေခဲ့ဘူး။ အကောင်းဆုံးလို့ထင်တဲ့ ဆွဲကြိုးတစ်ကုံးတွေ တစ်ကုံးပြီး တစ်ကုံးရွေးနေခဲ့မိတယ်။ ကျွန်တော် အကောင်းဆုံးကိုပဲယူမယ်။ ဟိုတစ်ခု၊ ဒီတစ်ခုနဲ့ မရေမရာဖြစ်နေချိန်မှာ ဆိုင်ရှင်က နောက်ထပ်ဘီရိုတစ်ခုကနေ ဆွဲကြိုးလေးတစ်ကုံး ထုတ်ပြတယ်။ ဒီတစ်ကုံးပဲ.. ဟုတ်တယ် ဒီတစ်ကုံးပဲ။ ရိုးရှင်းတဲ့ ဂရိုဒီဇိုင်းနဲ့ ရေစက်သဏ္ဍာန် ဆွဲသီးလေးတစ်လုံး.. သူနဲ့ အလွန်လိုက်ဖက်မယ်လို့ ကျွန်တော်ယုံကြည်တယ်။
ဆွဲကြိုးလေးကိုဝယ်ပြီး အပြန်မှာ ပန်းဆိုင်တစ်ဆိုင်ကို ကျွန်တော်ဖြတ်လာမိတယ်။ အမျိုးအစား စုံလင်တဲ့ ရောင်စုံပန်းတွေတွေ့တော့ သူ့ကို သတိရလိုက်မိပြန်တယ်။ သူ့ကို ပန်းတစ်ပွင့်တစ်ခက်မှ ကျွန်တော်လက်ဆောင် မပေးဖူးသေးပါလား၊ သူ့အံ့သြဝမ်းသာသွားအောင် ကျွန်တော် မလုပ်သင့်ဘူးလား၊ ခရမ်းရောင်နှင်းဆီ ၉၉ပွင့်ကို ကျွန်တော်ဝယ်လိုက်တယ်။ လေကြောင်းနဲ့ ထိုင်ဝမ်ကို ပို့ပေးဖို့ ဆိုင်ရှင်ကို တစ်ဆက်တည်းမှာလိုက်တယ်။ ကုန်ကျစရိတ်တွေကို ကျွန်တော်မမှုခဲ့ဘူး။ သူ့ကြောင့်ရူးသွပ်နေတဲ့ ကျွန်တော့်ကို ဘယ်သူမဆို ကိုယ်ချင်းစာလိမ့်မယ်လို့ ယုံကြည်မိတယ်။
ကျွန်တော်ဟာ အပျော်ထဲမှာ နှစ်မြုပ်နေသူ တစ်ယောက်ပါ။ ဟုတ်ပါတယ်.. အခုချိန်မှာ ကျွန်တော်ဟာ ပျော်ရွှင်ခြင်းကို လိုက်ရှာနေသူဖြစ်ခဲ့တယ်။
သူ့မွေးနေ့မှာ ကျွန်တော်ဖုန်းဆက်လိုက်တယ်။
ရင်အစုံက လှိုက်ဖိုလို့နေတယ်။ မျှော်လင့်နေသလို ထိခိုက်ခံစားရမှာလည်း
စိုးနေခဲ့တယ်။ အသက် ၃ဝကျော်ဆိုပေမယ့် ကျွန်တော့်နှလုံးသားက
ကလေးငယ်တစ်ယောက်လိုပါပဲ...
“ကျွန်တော်ပို့လိုက်တဲ့ လက်ဆောင်ရပြီလားဟင်”
“အင်း.. ရပြီ... လက်ခံသင့်မသင့် ကျွန်မစဉ်းစားနေတယ်။ တန်ဖိုးကြီးလွန်းတယ် ကိုကိုကြီး”
“မ.. မငြင်းလိုက်နဲ့နော်.. ဒါ..ဒါဟာ နိမိတ်တစ်ခုကို ပြတာ” ထစ်ထစ်အအ စကားတွေက လှုပ်ရှားနေတဲ့ ကျွန်တော့်စိတ်ကို ဖော်ညွှန်းနေသလိုပဲ..
“ဘာနိမိတ်လဲ”
ဘုရားရေ... သူတည်ငြိမ်လှချည်လား..
“ဟိုဟာလေ... တကယ်ပဲ မသိဘူးလား”
သူနည်းနည်းလေးမှ မရိပ်မိဘူးဆိုတာ ကျွန်တော်မယုံဘူး။
“ပြောမှ သိမှာပေါ့ ကိုကိုကြီး”
ဖုန်းတစ်ဖက်မှာ ကျွန်တော်နေမသိ ထိုင်မသာ.. ခပ်တိုးတိုးလေး ရယ်ရင်း “ကျွန်တော် တစ်ခုတောင်းဆိုချင်လို့”
“ဘာကိစ္စလဲ ပြောလေ.. ကျွန်မစဉ်းစားပေးမယ်” သူအသံက ရေလို ပျော့ပျောင်းနေတယ်။
“ကျွန်တော့်ကို လက်ထပ်ခွင့်ပေးပါ။ ကျွန်တော်ဒီနှစ်မှာ PhD ယူလို့ရပြီ။ ထိုင်ဝမ်ပြန်ပြီး ကျောင်းဆရာလုပ်မယ်။ ရှေ့ရေးအတွက် စိတ်မပူရတော့ဘူး။ ဟိုအရင်က ပြောခဲ့ဖူးတဲ့ ကျွန်တော့် အိပ်မက်စိတ်ကူးကို မှတ်မိသေးလား.. အဲဒီအိပ်မက်ကို ကျွန်တော် အကောင်အထည်ဖော်လို့ ရနေပြီ။ ဒါပေမယ့် ဇာတ်လိုက်မင်းသမီး လိုနေတယ်။ ကျွန်တော့်ရဲ့ ဇာတ်လိုက်မင်းသမီးလေး လုပ်ပါနော်”
“ဒီစကား အရမ်းရိုးတာပဲ။ ကျွန်မ မလိုချင်ဘူး။ နောက်တစ်နည်း ပြောင်းပါ”
နောက်ပြောင်တတ်တဲ့ သူ့အကျင့်ကို မဖျောက်သေးဘူး။
“ကောင်းပြီ.. ကောင်းပြီ။ ကျွန်တော်နောက်တစ်နည်းသုံးမ ယ်။ ကျွန်တော်တို့ သိတာ ၅နှစ်ရှိတော့မယ်။ ဒီအတိုင်းဆက်နေသွားလို့ မဖြစ်တော့ဘူး”
“ဒီအတိုင်း ဆက်မနေချင်ရင် ဘယ်လိုလုပ်မလဲ” ရယ်ကျဲကျဲနဲ့ သူနောက်ပြန်တယ်။
“ကျွန်တော့်ကို လက်ထပ်ခွင့်ပေးပါ။ ရှိသမျှအချစ်နဲ့ ကျွန်တော်ချစ်ပါရစေ။ ကြင်နာပါရစေ။ ကျွန်တော့် ခံစားချက်ကို နည်းနည်းလေးမှ မရိပ်ခဲ့မိဘူးလားဟင်”
တာပေါက်သွားတဲ့ ရေတွေလို ကျွန်တော့်စကားတွေ တရဟော ထွက်ကျလာတော့တယ်။
“ကျွန်မ.. ကျွန်မကို ညီမလေးတစ်ယောက်လိုပဲ သဘောထားခဲ့တယ်လို့ ထင်လို့ပါ”
“ညီမလေးလိုသာ သဘောထားခဲ့မယ်ဆိုရင် ကျွန်တော်စာတမ်းတွေ နောက်ကျအောင် ထင်ဖြစ်ခဲ့မှာ မဟုတ်ဘူး။ အခုလိုလည်း ဂရုစိုက်ခဲ့မှာ မဟုတ်ဘူး”
သူ့ဖက်က စကားသံလေး တိတ်ဆိတ်သွားခဲ့တယ်။
“ကျွန်မကြောင့် စာတမ်းတင်တာ နောက်ကျသွားတယ်”
“အင်း... မနှစ်က ချစ်သူနဲ့ကွဲသွားပြီလို့ ကျွန်တော့်ဆီ ဖုန်းဆက်တာကို မှတ်မိသေးလား.. အဲဒီနေ့က ကျွန်တော်စာတမ်းတင်တဲ့နေ့ပဲ ” ကျွန်တော် ခပ်ပေါ့ပေါ့ ပြန်ဖြေလိုက်တယ်။ ကျွန်တော့်ကြောင့် အားနာမှုတွေ သူ့မှာ မရှိစေချင်ခဲ့ဘူး။
“ဘာဖြစ်လို့လဲ.. ဘာဖြစ်လို့လဲဟင်” ဆို့နင့်တဲ့ အသံနဲ့ သူမေးပြန်တယ်။
“ဘာမှတော့ မဟုတ်ပါဘူး။ အရမ်းဝမ်းနည်းတာကို ကြည့်ပြီး သနားသွားလို့ပါ။ ကျွန်တော့်ကို လက်ထပ်ခွင့်ပြုမလား၊ မပြုဘူးလား၊ အဖြေကို ကျွန်တော်စောင့်နေတာ စိတ်လှုပ်ရှားလိုက်တာ... ကျွန်တော့်ကို လက်မခံမှာစိုးတယ်”
သူငိုနေခဲ့တယ်။
“ပြန်လာခဲ့ပါ ကိုကိုကြီး.. ကျွန်မအနားကို ပြန်လာခဲ့ပါ။ ကျွန်မတို့ အရမ်းဝေးလွန်းနေတယ်။ ပြန်လာခဲ့.. ပြန်လာခဲ့ပါ”
ကျွန်တော့်မျက်ဝန်းထဲမှာ ခိုနေတဲ့မျက်ရည်တွေ မျက်ခမ်းကိုကျော်ပြီး စီးဆင်းသွားခဲ့တယ်။
“အင်း.. ပြန်ခဲ့မယ်။ ကိုကိုကြီး ချက်ချင်းပြန်ခဲ့မယ်။ ပြန်ရောက်တာနဲ့ ချက်ချင်းလာတောင်းမယ်.. စောင့်နေ.. ကိုကိုကြီးအပြန်ကို စောင့်နေပါနော်”
“အင်း.. ကျွန်မကို ပြန်လာပြီး တောင်းမယ့်နေ့ကို စောင့်နေမယ် ကိုကိုကြီး”
ကောင်းကင်ဘုံတစ်နေရာမှာ အိပ်စက်အနားယူနေတဲ့ အဘွားလည်း ပျော်ရွှင်သွားမယ်လို့ ကျွန်တော်ယုံကြည်မိတယ်။
“ပေါင်းမြက်တွေကြားမှာ ပေါက်နေတဲ့ ကံကောင်းခြင်းအပင်ဆီက ၄ရွက်ဆိုင် အရွက်မျိုး ၃ ပင် ဆက်တိုက်တွေ့ပြီးရင် ကိုယ်နဲ့ပထမဆုံးတွေ့ဆုံရတဲ့ လူဟာ ကိုယ့်ရဲ့အိမ်ထောင်ဖက် ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်”
၁၅နှစ်အကြာမှာ ကျွန်တော့်သတိုးသမီးကို ကျွန်တော်ရလိုက်တယ်။
-------------
ကံကောင်းခြင်းအပင်ဆီက မျိုးစေ့လေးတစ်စေ့ ကြွေကျလာတယ်။
မင်းနဲ့ အနီးစပ်ဆုံး နေရာမှာ အဲဒီမျိုးစေ့ကိုကျဲခဲ့တယ်။
ကံကောင်းခြင်းတွေနဲ့ မင်းနီးစပ်နိုင်ပါစေ။
ကံကောင်းခြင်းအပင်ဆီက အရွက်တစ်ရွက် ကြွေကျလာတယ်။
လေညှင်းနဲ့အတူ ဟိုဒီဝဲပျံလို့
ပြန့်ကျဲနေတဲ့ မျှော်လင့်ချက်တွေကို တစ်ရွက်စီ ကောက်ယူလိုက်တယ်။
ဆုပ်ကိုင်ထားတဲ့ ရွက်ကြွေတွေနဲ့ တောင်းဆုပြုပါတယ်။
ကံကောင်းခြင်းတွေကို မင်း ပိုင်ဆိုင်နိုင်ပါစေ.....
*** ဖတ်မိတဲ့ တရုတ်ဝတ္ထတစ်ပုဒ်ကို ဘာသာပြန်ထားတာဖြစ်ပါတယ်။
မူရင်းလင့် ရှာမတွေ့တော့ပါ...
နိုင်းနိုင်းစနေ (Wednesday, May 28, 2008)
--------------------------
ဆုံကြမယ့်နေရာနဲ့ အချိန်ကို ဖုန်းထဲမှာ ကျွန်တော်တို့ ချိန်းလိုက်ကြတယ်။ တွေ့ကြမယ့်မနက်မှာ ချိန်းထားတဲ့နေရာကို အရင်တစ်ခါလိုပဲ နာရီဝက်စောပြီး ကျွန်တော်ရောက်နေခဲ့တယ်။ ဒီတစ်ခေါက် ပုံပြင်ထဲကလို နှင်းဆီပန်းကိုဖျက်ဆီးမယ့် စုန်းမဟာ ကျွန်တော် မဟုတ်တော့ဘူး။ နှင်းဆီပန်းကို အကာအကွယ်ပေးမယ့် မင်းသားဖြစ်သွားခဲ့ပြီ...
“ကိုကိုကြီး”
ခါးအထိရှည်လျှားနက်မှောင်တဲ
“ဝါး... တော်တော်လှလာပါလား.. ကြည့်စမ်း... မှတ်တောင်မမှတ်မိဘူး”
မတွေ့ဖြစ်တဲ့ သုံးနှစ်အတွင်းမှာ သူအပျိုးဖားဖားကြီး ဖြစ်လာခဲ့တယ်။ အချိန်ရဲ့တိုက်စားခြင်းကိုခ
“ဟုတ်လား ”
ယောကျာ်းလေးတွေရဲ့ ချီးမွမ်းစကားမှာ သိပ်ကျင့်သားမရသေးတဲ့ အသံနဲ့ သူ့ပါးပြင်နှစ်ဖက် ရှက်သွေးဖြာသွားခဲ့တယ်။
အကောင်အထည်မပေါ်တဲ့ အိပ်မက်စိတ်ကူးတွေကိုမက်ရင်
“ကိုကိုကြီး ပိန်သွားတယ်နော်”
ဂရုစိုက်တဲ့ စကားသံလေးနဲ့ သူကဆိုတယ်။ လေးနှစ်သာကျော်ခဲ့ပေမယ့် ကျွန်တော်ဟာ သူ့အသံ၊ သူ့စကားလုံးတွေကြားမှာ ကျရှုံးနေသေးတဲ့ စစ်သူကြီးတစ်ဦးဖြစ်ခဲ့တယ်။
“ဟုတ်လား” မေးစေ့ကိုစမ်းကြည့်ရင်း ကျွန်တော်သူ့ကို ပြန်မေးလိုက်တယ်။ တကယ်ပဲ အရင်ကထူထည်းတဲ့မေးစေ့က ခုတော့ အနည်းငယ် ပါးလျနေပါပြီ။
“နိုင်ငံခြားမှာ အစားအသောက်ဆင်းရဲလို့လားဟင်
လက်ကမ်းပြီး ကျွန်တော့်ပါးကို လှမ်းကိုင်လာတဲ့ သူရဲ့လက်ကြောင့် ကျွန်တော် ရင်ခုန်သွားခဲ့မိတယ်။ လှုပ်ရှားနေတဲ့စိတ်ကို ရှက်ရယ်နဲ့ ဖုံးထားလိုက်မိတယ်။ သူ့ရဲ့ ဂရုစိုက်မှုကို ကျွန်တော်နှစ်လိုစွာခံယူမိခ
“အစစ အရာရာ အဆင်ပြေလား”
“အင်း.. ဒီလိုပါပဲ ကိုကိုကြီး.. ပြေပါတယ်”
လဲ့သွားတဲ့ သူမျက်လုံးထဲကမျက်ရည်တွေကို
“ခံစားချက်တွေ နဂိုအတိုင်း ပြန်မဖြစ်သေးဘူး မဟုတ်လား။ စိတ်မပူပါနဲ့ အသက်အရွယ်တွေ နုပျိုသေးတယ်။ ကောင်းတဲ့ အခွင့်အရေးတွေ အများကြီးရှိလာနိုင်သေးတယ်”
ရေငုံနှုတ်ပိတ်ပြီး ခေါင်းညိတ်ပြနေတဲ့ သူ့ကို လက်နဲ့အသာလေးပုပ်ပြီး အားပေးလိုက်တယ်။
“အချစ်ဆိုတဲ့အရာကို ကျွန်မ မထိတို့ရဲ့တော့ဘူး ကိုကိုကြီး.. အရမ်းခါးသက်လွန်းတယ်”
မျက်ရည်ဥလေးတွေခိုသီနေတဲ့ မျက်လုံးနဲ့ ခေါင်းမော့ပြီး ကျွန်တော့်ကို သူဝင့်ကြည့်တယ်။
“မြွေတစ်ခါကိုက်ခံဖူးတာနဲ့ မြက်တွေ၊ ကျိုးတွေကို ကြောက်သွားပြီလား”
“အင်း..”
ပါးပြင်ပေါ် လှိမ့်ဆင်းလာတဲ့ မျက်ရည်တွေနဲ့ သူမချိပြုံးလေး ပြုံးလိုက်တယ်။
“အဲလိုလဲ မဟုတ်သေးပါဘူး.. တကယ့်အချစ်စစ်၊ အချစ်မှန်တွေနဲ့ ချစ်ပြီး စောင့်နေသူလည်းရှိမှာပေါ့”
ကျွန်တော့်အတွက် ကိုယ်တိုင်လမ်းကြောင်းခင်းလ
ကျွန်တော်တို့ စကားတွေအများကြီး ပြောဖြစ်ခဲ့ကြတယ်။ ကျွန်တော့်အနာဂတ်ရဲ့ ရည်မှန်းချက်တွေကို အပြင်မှာ ပြောဖြစ်သလို သူ့နဲ့အတူ ပျော်ရွှင်တဲ့ ဘဝလေးတစ်ခု တည်ဆောက်ဖို့ကိုလည်း စိတ်ထဲမှာ ပြောဖြစ်ခဲ့တယ်။ ကျွန်တော့်ရင်ထဲကအဖြစ်ကို သူ့ဆီက အနည်းငယ်ရိပ်မိတဲ့ တုန့်ပြန်မှုလေးသာရခဲ့မယ်ဆို
အဲဒီနှစ် နွေရာသီမှာ ကျွန်တော်ထိုင်ဝမ်မှာ တစ်လကြာသွားခဲ့တယ်။ တစ်လလုံးလုံး သူ့အနားမှာ ကျွန်တော်ရှိနေခဲ့တယ်။ ချီကာဂိုပြန်ရောက်ပြီးနောက်
ကျွန်တော် ၃၂နှစ် မွေးနေ့မတိုင်းခင်တစ်ပတ်မှာ
ဒီဇင်ဘာ ၂၄ရက်နေ့ ကျွန်တော့်မွေးနေ့မှာ မရည်ရွယ်ဘဲ သူ့ဆီ ကျွန်တော်ဖုန်းဆက်ဖြစ်ခဲ့တယ
သူ့သီချင်းပြီးတော့ မိနစ်အနည်းငယ်လောက် ကျွန်တော်တိတ်ဆိတ်သွားမိတယ်
“သိလား.. ကျွန်တော်လေ ကိုယ့်ထက် အသက်တော်တော် ငယ်တဲ့ ချစ်သူတစ်ယောက်ထားချင်တယ်”
“ဘာလို့လဲ.. အဲတာ မျိုးဆက်ကြားကွာဟမှု ရှိနိုင်တယ်နော်”
“လက်ထပ်ပြီးရင် နှစ်ကိုယ်တူကမ္ဘာလေးမှာ အကြာကြီးခံစားချင်လို့ပေါ့”
“အင်း... ဒါကြောင့် လူတွေကပြောတယ်။ မိန်းကလေးတွေ နုပျိုလေ တန်ဖိုးကြီးလေတဲ့”
ကျွန်တော့်စကားကို သူလှောင်ပြောတာလား.. ဒါမှမဟုတ် စကားလမ်းလွဲတာလား..
“အဲလိုလဲ မဟုတ်သေးဘူး။ တကယ်လို့ ကျွန်တော်နဲ့အသက်တူတဲ့ မိန်းကလေးနဲ့လက်ထပ်ရင် ဒီလိုအသက်အရွယ်မျိုးမှာ ကလေးယူမလား.. မယူဘူးလားဆိုတာကို စဉ်းစားရတော့မယ်။ ဒီလိုဆိုရင် အဲဒီမိန်းမကို ကျွန်တော်ဘယ်လိုချစ်ရမလဲ၊ ကျွန်တော့်အချစ်ကို သူက လိုလိုလားလား လက်ခံပါတော့မလား” ကျွန်တော်တကယ်ပဲ သူ့ကို တစ်သက်လုံး ချစ်ချင်တယ်။ အပူအပင်မဲ့စွာနဲ့ ဘဝတစ်ခုလုံးကို သူနဲ့အတူ ဖြတ်ကျော်သွားချင်မိတယ်။
“ကိုကိုကြီးကြည့်ရတာ တုံးအအလေးပဲ.. ဘာပဲဖြစ်ဖြစ် ပျော်ရွှင်ဖို့ ဆုတောင်းပေးပါတယ်”
“ကျွန်တော့်ရဲ့ သတိုးသမီးလုပ်ဖို့ တစ်ခါမှ မစဉ်းစားမိဘူးလားဟင်” ကျွန်တော်အရဲစွန့်ပြီး နိမိတ်ပေးကြည့်လိုက်တယ်။
“ဘာပြောလိုက်တာလဲ.. ကျွန်မသေချာ မကြားလိုက်ဘူး”
“အဟား.. ဘာမှမဟုတ်ပါဘူး။ ဒီနေ့ ကျွန်တော့်မွေးနေ့လေ မွေးနေ့သီချင်းလေးဆိုပါဦး”
“ကောင်းပြီလေ.. အဟမ်း.. Happy Birthday to you.. Happy Birthday to you... ”
လည်ချောင်းကိုရှင်းပြီး မွေးနေ့သီချင်းကို ပုံစံအမျိုးမျိုးနဲ့ သူဆိုတော့တယ်။ ဖုန်းတစ်ဖက်က ကျွန်တော်ငြိမ်ငြိမ်လေး နားထောင်နေမိသလို တိတ်တိတ်လေး တွေးနေမိတယ်။ အခုနားက နိမိတ်ကို ဖြည်လိုက်ရင် ကောင်းမလား၊ အမှန်အတိုင်းပြောရရင် ကျွန်တော့်စိတ်ထဲမှာ နည်းနည်းလောနေမိတယ်။ နောက်နှစ်ဝက်ဆို သူကျောင်းပြီးတော့မယ်။ ရိုးရှင်းတဲ့ကျောင်းပတ်ဝန်း
“ဟို... ” ပြောမယ့်စကားတွေက ပါးစပ်ဖျားမှာတင် ရပ်တန့်သွားပြန်တယ်။
“ဘာလဲဟင်.. ဒီနေ့ ကိုကိုကြီးတစ်မျိုးပဲ။ စကားပြောရင် တွန့်ဆုတ်တွန့်ဆုတ်နဲ့ ကျွန်မသေချာမကြားဘူးသိလား..
“မဟုတ်ဘူး.. မဟုတ်ဘူး... အသံကောင်းပါတယ်။ ကျွန်တော်အရမ်းပျော်မိတယ်..
“မကြောက်ပါနဲ့ ကျွန်မက ပိန်ပိန်သေးသေးလေးပါ။ ကိုကိုကြီး ထိခိုက်အောင် ဘာမှမကြံစည်ပါဘူး.. ဟင်း.. ဟင်း.. ဟင်း”
သူ့စိတ်ဆိုးမှာ ကြောက်လို့ အလျှင်စလို တောင်းပန်တဲ့ ကျွန်တော့်ကို ကောက်ကျစ်တဲ့ မြေခွေးရယ်သံမျိုးနဲ့ သူပြန်နောက်တယ်။ ကျွန်တော် ချစ်လိုက်ရတာ.....
“ကိုကိုကြီး .. ကျွန်မပို့လိုက်တဲ့ မွေးနေ့လက်ဆောင် ရပြီလားဟင်”
မွေးနေ့လက်ဆောင် ရပြီးကတည်းက အပျော်လွန်နေတဲ့ကျွန်တော် သူ့ကို ကျေးဇူးတင်ကြောင်း ပြောဖို့ မေ့သွားခဲ့တယ်။ သူသာမမေးခဲ့ရင် အပျော်နွံထဲမှာပဲ ကျွန်တော်နစ်ဝင်နေပြီး သူ့ကိုကျေးဇူးတင်ဖို့ မေ့နေမှာ သေချာသေးတယ်။
“ရပြီ.. ရပြီ... အရင်ပတ်က ရလိုက်တယ်။ ဆောရီးနော်.. ကျေးဇူးတင်တယ်ပြောဖို့မေ့သွ
“ကိစ္စမရှိပါဘူး.. အဲဒီလက်ဆောင်တွေကို ပစ်လိုက်ရင် ကျွန်မပင်ပန်းရကျိုး မနပ်မှာဘဲ စိုးရိမ်နေတာ”
“အချိန်တော်တော်ပေးလိုက်ရတယ
“အင်း... တစ်ပတ်နဲ့ အပြီးထိုးလိုက်တာ... အခန်းဖော်ကတောင် အသဲအသန် ကြိုးစားနေတဲ့ ကျွန်မကိုကြည့်ပြီး လှောင်သေးတယ်။ ကိုကိုကြီး ကြိုက်လားဟင်”
“ကြိုက်တယ်.. အရမ်းကြိုက်တယ်။ အပြင်ထွက်တိုင်း ပတ်သွားတယ်။ လှလို့တဲ့ ဘယ်မှာဝယ်လဲလို့ သူငယ်ချင်းတွေကတောင် မေးနေကြတယ်။ အရောင်လည်း ကြိုက်တယ်။ ပင်ပင်ပန်းပန်းနဲ့ ကိုယ်တိုင်လုပ်ထားတဲ့ လက်ဆောင်ကို ကျွန်တော်မကြိုက်ဘဲ နေပါ့မလားဗျာ”
“ဒီလောက်တောင်ပဲလား” ကျေနပ်သံနဲ့ သူကဆိုတယ်။
“သိလား.. ကိုကိုကြီး ကြိုက်တတ်တဲ့အရောင်ကို လိုက်ရှာရတာ နေရာအနှံ့ပဲ။ တွေ့မယ့်တွေ့တော့လည်း ဂရိသိုးမွေးတဲ့ မိုက်တယ်နော်။ ခက်ခက်ခဲခဲရှာထားရတာကို ကိုကိုကြီး မကြိုက်ရဲရင် မကြိုက်ကြည့်လေ... ကျွန်မအလွတ်မပေးဘူးနော်”
သူ့စကားတွေ ကြားမှာပဲ ကျွန်တော် ထပ်မံကျရှုံးသွားပြန်တယ်။ ကျွန်တော်အပေါ် သူခံစားတတ်ခဲ့ပြီလား၊ အရူးတစ်ယောက်လိုချစ်နေတဲ့ ကျွန်တော်အချစ်ကို ရိပ်မိခဲ့ပြီလားလို့ အဲဒီအဖြစ်နောက်ပိုင်း ကျွန်တော် မကြာခဏတွေးမိတယ်။ တွေးလေလေ မရေရာမှုတွေက များလေလေပါပဲ။ ရှေ့ကို နောက်ထပ်တစ်လှမ်း ဘယ်လိုဆက်တိုးရမလဲ.. ကျွန်တော်ကြောင့် သူမထိတ်လန့်သွားစေချင်ခဲ့ဘူ
သူဟာ လေပါ။ နုပျိုတဲ့လေပါ။ အချစ်တစ်စုံနဲ့ ဟင်းလင်ပြင်မှာ လွတ်လွတ်လပ်လပ် ပျံဝဲနိုင်တယ်။ ကျွန်တော်ဟာ မြေကြီးပါ။ သတ်မှတ်ထားတဲ့ နေရာတစ်ခုမှာပဲ ရပ်စောင့်နိုင်ခဲ့တယ်။ ဒါပေမယ့် ဒီအတိုင်းဆက်သွားနေလို့ မဖြစ်တော့ဘူး !
ရှေ့လဆိုရင် သူ ၂၂နှစ်ပြည့်ပါပြီ။ ကျွန်တော် လှုပ်ရှားသင့်ပြီ။ အဲဒီလိုနဲ့ ရိုမန်တစ်ဆန်ဆန် လက်ထပ်ခွင့်တစ်ခုကို ဘယ်လိုတောင်းရမယ်ဆိုတဲ့ စီမံကိန်းက ကျွန်တော့်အတွက် အခက်ဆုံးပုစ္ဆာဖြစ်ခဲ့တယ် ထူးခြားတဲ့၊ သစ်လွင်တဲ့နည်းရအောင် ရိုမန်တစ်ဖြစ်မယ့် စာအုပ်တွေကို ကျွန်တော်သည်းသည်းမည်းမည်း ရှာဖတ်တော့တယ်။ ဒါပေမယ့် အရာမမြောက်ခဲ့ဘူး။ စာအုပ်ထဲက အကြောင်းအရာတွေက တိုက်ရိုက်ဆန်လွန်းနေတယ်။ ဒဲ့တိုးသွားပြောရင် ကျွန်တော့်ကြောင့် သူလန့်သွားမှာလဲ စိုးရိမ်မိတယ်။ ၁နှစ်.. ၂နှစ်... နောက် ၅နှစ်.. ကျွန်တော် အဲဒီလိုနဲ့ပဲ ကျိတ်မှိတ်စောင့်ရတော့မလား.
အကြံထုတ်လို့မရတဲ့နောက်ဆုံး
ယာဉ်အတွင်းအလာ ပိတ်ဆို့မှုများတဲ့ အမေရိကားနိုင်ငံထဲမှာ ချီကာဂိုလည်း တစ်မြို့အပါအဝင်ဖြစ်တယ်။ လမ်းတွေရဲ့ ဝဲယာမှာ ဆိုင်ကြီးဆိုင်ငယ်တွေနဲ့ ပြည့်ကျပ်နေတယ်။ ကားကိုညင်သာစွာမောင်းရင်း ဘေးဘီကို ကျွန်တော်လိုက်ကြည့်မိတယ်။ ရုတ်တရက် ကျွန်တော့်မျက်စိရှေ့မှာ လက်ဝတ်ရတနာရောင်းတဲ့ ဆိုင်လေးတစ်ဆိုင်ကို တွေ့လိုက်မိတယ်။ ဒီဇိုင်းဆန်းဆန်း အပြင်အဆင်နဲ့ သေးငယ်လှပတဲ့ ဆိုင်းပုဒ်က ကျွန်တော့်ကို ဆွဲခေါ်နေသလိုပါပဲ။
ကားရပ်ပြီး ဆိုင်ထဲဝင်လိုက်တာနဲ့ နှာခေါင်းထဲ ခပ်သင်းသင်းထိုးဝင်လာတဲ့ Lavender ပန်းရနံ့ကြောင့် သူ့ရယ်သံနဲ့ သူ့ကိုယ်နံ့လေးကို ကျွန်တော် သတိရလိုက်မိတယ်။ မှန်ဗီရိုထဲက ဆွဲကြိုးလေးတွေကို ကျွန်တော်လိုက်ကြည့်မိတယ်။ လက်ရာလေးတွေ တော်တော်ကောင်းပေမယ့် “သူ့” အရိပ်က အနားမှာ ရှိမနေခဲ့ဘူး။ အကောင်းဆုံးလို့ထင်တဲ့ ဆွဲကြိုးတစ်ကုံးတွေ တစ်ကုံးပြီး တစ်ကုံးရွေးနေခဲ့မိတယ်။ ကျွန်တော် အကောင်းဆုံးကိုပဲယူမယ်။ ဟိုတစ်ခု၊ ဒီတစ်ခုနဲ့ မရေမရာဖြစ်နေချိန်မှာ ဆိုင်ရှင်က နောက်ထပ်ဘီရိုတစ်ခုကနေ ဆွဲကြိုးလေးတစ်ကုံး ထုတ်ပြတယ်။ ဒီတစ်ကုံးပဲ.. ဟုတ်တယ် ဒီတစ်ကုံးပဲ။ ရိုးရှင်းတဲ့ ဂရိုဒီဇိုင်းနဲ့ ရေစက်သဏ္ဍာန် ဆွဲသီးလေးတစ်လုံး.. သူနဲ့ အလွန်လိုက်ဖက်မယ်လို့ ကျွန်တော်ယုံကြည်တယ်။
ဆွဲကြိုးလေးကိုဝယ်ပြီး အပြန်မှာ ပန်းဆိုင်တစ်ဆိုင်ကို ကျွန်တော်ဖြတ်လာမိတယ်။ အမျိုးအစား စုံလင်တဲ့ ရောင်စုံပန်းတွေတွေ့တော့ သူ့ကို သတိရလိုက်မိပြန်တယ်။ သူ့ကို ပန်းတစ်ပွင့်တစ်ခက်မှ ကျွန်တော်လက်ဆောင် မပေးဖူးသေးပါလား၊ သူ့အံ့သြဝမ်းသာသွားအောင် ကျွန်တော် မလုပ်သင့်ဘူးလား၊ ခရမ်းရောင်နှင်းဆီ ၉၉ပွင့်ကို ကျွန်တော်ဝယ်လိုက်တယ်။ လေကြောင်းနဲ့ ထိုင်ဝမ်ကို ပို့ပေးဖို့ ဆိုင်ရှင်ကို တစ်ဆက်တည်းမှာလိုက်တယ်။ ကုန်ကျစရိတ်တွေကို ကျွန်တော်မမှုခဲ့ဘူး။ သူ့ကြောင့်ရူးသွပ်နေတဲ့ ကျွန်တော့်ကို ဘယ်သူမဆို ကိုယ်ချင်းစာလိမ့်မယ်လို့ ယုံကြည်မိတယ်။
ကျွန်တော်ဟာ အပျော်ထဲမှာ နှစ်မြုပ်နေသူ တစ်ယောက်ပါ။ ဟုတ်ပါတယ်.. အခုချိန်မှာ ကျွန်တော်ဟာ ပျော်ရွှင်ခြင်းကို လိုက်ရှာနေသူဖြစ်ခဲ့တယ်။
သူ့မွေးနေ့မှာ ကျွန်တော်ဖုန်းဆက်လိုက်တယ်။
“ကျွန်တော်ပို့လိုက်တဲ့ လက်ဆောင်ရပြီလားဟင်”
“အင်း.. ရပြီ... လက်ခံသင့်မသင့် ကျွန်မစဉ်းစားနေတယ်။ တန်ဖိုးကြီးလွန်းတယ် ကိုကိုကြီး”
“မ.. မငြင်းလိုက်နဲ့နော်.. ဒါ..ဒါဟာ နိမိတ်တစ်ခုကို ပြတာ” ထစ်ထစ်အအ စကားတွေက လှုပ်ရှားနေတဲ့ ကျွန်တော့်စိတ်ကို ဖော်ညွှန်းနေသလိုပဲ..
“ဘာနိမိတ်လဲ”
ဘုရားရေ... သူတည်ငြိမ်လှချည်လား..
“ဟိုဟာလေ... တကယ်ပဲ မသိဘူးလား”
သူနည်းနည်းလေးမှ မရိပ်မိဘူးဆိုတာ ကျွန်တော်မယုံဘူး။
“ပြောမှ သိမှာပေါ့ ကိုကိုကြီး”
ဖုန်းတစ်ဖက်မှာ ကျွန်တော်နေမသိ ထိုင်မသာ.. ခပ်တိုးတိုးလေး ရယ်ရင်း “ကျွန်တော် တစ်ခုတောင်းဆိုချင်လို့”
“ဘာကိစ္စလဲ ပြောလေ.. ကျွန်မစဉ်းစားပေးမယ်” သူအသံက ရေလို ပျော့ပျောင်းနေတယ်။
“ကျွန်တော့်ကို လက်ထပ်ခွင့်ပေးပါ။ ကျွန်တော်ဒီနှစ်မှာ PhD ယူလို့ရပြီ။ ထိုင်ဝမ်ပြန်ပြီး ကျောင်းဆရာလုပ်မယ်။ ရှေ့ရေးအတွက် စိတ်မပူရတော့ဘူး။ ဟိုအရင်က ပြောခဲ့ဖူးတဲ့ ကျွန်တော့် အိပ်မက်စိတ်ကူးကို မှတ်မိသေးလား.. အဲဒီအိပ်မက်ကို ကျွန်တော် အကောင်အထည်ဖော်လို့ ရနေပြီ။ ဒါပေမယ့် ဇာတ်လိုက်မင်းသမီး လိုနေတယ်။ ကျွန်တော့်ရဲ့ ဇာတ်လိုက်မင်းသမီးလေး လုပ်ပါနော်”
“ဒီစကား အရမ်းရိုးတာပဲ။ ကျွန်မ မလိုချင်ဘူး။ နောက်တစ်နည်း ပြောင်းပါ”
နောက်ပြောင်တတ်တဲ့ သူ့အကျင့်ကို မဖျောက်သေးဘူး။
“ကောင်းပြီ.. ကောင်းပြီ။ ကျွန်တော်နောက်တစ်နည်းသုံးမ
“ဒီအတိုင်း ဆက်မနေချင်ရင် ဘယ်လိုလုပ်မလဲ” ရယ်ကျဲကျဲနဲ့ သူနောက်ပြန်တယ်။
“ကျွန်တော့်ကို လက်ထပ်ခွင့်ပေးပါ။ ရှိသမျှအချစ်နဲ့ ကျွန်တော်ချစ်ပါရစေ။ ကြင်နာပါရစေ။ ကျွန်တော့် ခံစားချက်ကို နည်းနည်းလေးမှ မရိပ်ခဲ့မိဘူးလားဟင်”
တာပေါက်သွားတဲ့ ရေတွေလို ကျွန်တော့်စကားတွေ တရဟော ထွက်ကျလာတော့တယ်။
“ကျွန်မ.. ကျွန်မကို ညီမလေးတစ်ယောက်လိုပဲ သဘောထားခဲ့တယ်လို့ ထင်လို့ပါ”
“ညီမလေးလိုသာ သဘောထားခဲ့မယ်ဆိုရင် ကျွန်တော်စာတမ်းတွေ နောက်ကျအောင် ထင်ဖြစ်ခဲ့မှာ မဟုတ်ဘူး။ အခုလိုလည်း ဂရုစိုက်ခဲ့မှာ မဟုတ်ဘူး”
သူ့ဖက်က စကားသံလေး တိတ်ဆိတ်သွားခဲ့တယ်။
“ကျွန်မကြောင့် စာတမ်းတင်တာ နောက်ကျသွားတယ်”
“အင်း... မနှစ်က ချစ်သူနဲ့ကွဲသွားပြီလို့ ကျွန်တော့်ဆီ ဖုန်းဆက်တာကို မှတ်မိသေးလား.. အဲဒီနေ့က ကျွန်တော်စာတမ်းတင်တဲ့နေ့ပဲ
“ဘာဖြစ်လို့လဲ.. ဘာဖြစ်လို့လဲဟင်” ဆို့နင့်တဲ့ အသံနဲ့ သူမေးပြန်တယ်။
“ဘာမှတော့ မဟုတ်ပါဘူး။ အရမ်းဝမ်းနည်းတာကို ကြည့်ပြီး သနားသွားလို့ပါ။ ကျွန်တော့်ကို လက်ထပ်ခွင့်ပြုမလား၊ မပြုဘူးလား၊ အဖြေကို ကျွန်တော်စောင့်နေတာ စိတ်လှုပ်ရှားလိုက်တာ... ကျွန်တော့်ကို လက်မခံမှာစိုးတယ်”
သူငိုနေခဲ့တယ်။
“ပြန်လာခဲ့ပါ ကိုကိုကြီး.. ကျွန်မအနားကို ပြန်လာခဲ့ပါ။ ကျွန်မတို့ အရမ်းဝေးလွန်းနေတယ်။ ပြန်လာခဲ့.. ပြန်လာခဲ့ပါ”
ကျွန်တော့်မျက်ဝန်းထဲမှာ ခိုနေတဲ့မျက်ရည်တွေ မျက်ခမ်းကိုကျော်ပြီး စီးဆင်းသွားခဲ့တယ်။
“အင်း.. ပြန်ခဲ့မယ်။ ကိုကိုကြီး ချက်ချင်းပြန်ခဲ့မယ်။ ပြန်ရောက်တာနဲ့ ချက်ချင်းလာတောင်းမယ်.. စောင့်နေ.. ကိုကိုကြီးအပြန်ကို စောင့်နေပါနော်”
“အင်း.. ကျွန်မကို ပြန်လာပြီး တောင်းမယ့်နေ့ကို စောင့်နေမယ် ကိုကိုကြီး”
ကောင်းကင်ဘုံတစ်နေရာမှာ အိပ်စက်အနားယူနေတဲ့ အဘွားလည်း ပျော်ရွှင်သွားမယ်လို့ ကျွန်တော်ယုံကြည်မိတယ်။
“ပေါင်းမြက်တွေကြားမှာ ပေါက်နေတဲ့ ကံကောင်းခြင်းအပင်ဆီက ၄ရွက်ဆိုင် အရွက်မျိုး ၃ ပင် ဆက်တိုက်တွေ့ပြီးရင် ကိုယ်နဲ့ပထမဆုံးတွေ့ဆုံရတဲ့
၁၅နှစ်အကြာမှာ ကျွန်တော့်သတိုးသမီးကို ကျွန်တော်ရလိုက်တယ်။
-------------
ကံကောင်းခြင်းအပင်ဆီက မျိုးစေ့လေးတစ်စေ့ ကြွေကျလာတယ်။
မင်းနဲ့ အနီးစပ်ဆုံး နေရာမှာ အဲဒီမျိုးစေ့ကိုကျဲခဲ့တယ်။
ကံကောင်းခြင်းတွေနဲ့ မင်းနီးစပ်နိုင်ပါစေ။
ကံကောင်းခြင်းအပင်ဆီက အရွက်တစ်ရွက် ကြွေကျလာတယ်။
လေညှင်းနဲ့အတူ ဟိုဒီဝဲပျံလို့
ပြန့်ကျဲနေတဲ့ မျှော်လင့်ချက်တွေကို တစ်ရွက်စီ ကောက်ယူလိုက်တယ်။
ဆုပ်ကိုင်ထားတဲ့ ရွက်ကြွေတွေနဲ့ တောင်းဆုပြုပါတယ်။
ကံကောင်းခြင်းတွေကို မင်း ပိုင်ဆိုင်နိုင်ပါစေ.....
*** ဖတ်မိတဲ့ တရုတ်ဝတ္ထတစ်ပုဒ်ကို ဘာသာပြန်ထားတာဖြစ်ပါတယ်။
မူရင်းလင့် ရှာမတွေ့တော့ပါ...
နိုင်းနိုင်းစနေ (Wednesday, May 28, 2008)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။