Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, March 14, 2016

ရယ်စရာကောင်းသောပြစ်ဒဏ်များ

ရယ်စရာကောင်းသောပြစ်ဒဏ်များ

သရ၀ဏ်(ပြည်)

အကယ်၍တစ်စုံတစ်ယောက်သည် နိုင်ငံပိုင်ပစ္စည်းများကိုခိုးယူခြင်း အလွဲသုံးခြင်း ၊ ရာထူးနှင်.လုပ်ပိုင်ခွင်.ကိုအသုံးပြု၍ လာဘ်စားခြင်း ၊ မိမိတာဝန်ကို မသိကျိုးကျွံပြုနေခြင်းစသည်များကို ပြုလုပ်ကာ ထားစရာမရှိအောင်ချမ်းသာနေပြီဆိုပါစို. ၊ သက်ဆိုင်ရာ တာဝန်ရှိသူများမှ စုံစမ်းစစ်ဆေးရေးများပြုလုပ်ကာဘာမှရာဇ၀တ်ကြောင်းအရ အပြစ်ပေးတရားစွဲအရေးယူခြင်းမရှိပဲ ရာထူးမှအငြိမ်းစားယူသောပြစ်ဒဏ်ကိုသာ လူကြားကောင်းအောင် ဟန်ဆောင်ပန်ဆောင် အပြစ်ပေးလိုက်ပါကထိုသူသည် ယခုတစ်သက်တင်မဟုတ် ဆယ်သက်ဆယ်ပြန်ပင် အပြစ်ကျူးလွန်လိုက်ချင်ပါသေးသညဟုပြောမည်ဖြစ်သည် ။

အဘယ်.ကြောင်.ဆိုသော် ရိုးရိုးလေးစဉ်းစားကြည်.လျှင်ပင် နောက်ဖေးလမ်းကြား၌ ထဘီရုပ်ခြင်း ၊အလစ်သုတ်ခြင်း ၊ခါးပိုက်နှိုက်ခြင်း စသည်.ပြစ်မှုအသေးလေးများမှာပင် ကျူးလွန်သူကို ဖမ်းမိပါက ရုံးတင်တရားစွဲကာထောင်ဒဏ်အပြစ်ပေးလေ.ရှိပါသည် ။ လူ.အသိုင်းအ၀ိုင်း ကလည်း ထိုလူများကိုအထင်သေး အမြင်သေးလေ.ရှိပါသည် ။ ထဘီသူခိုး ၊ခါးပိုက်နှိုက် ၊၀ရမ်းပြေး ၊ထောင်ထွက် ဟူသော ကြောက်မက်ဖွယ် ဂုဏ်ပုဒ်များကိုလည်းဖော်ထုတ်တတ်ကြပါသေးသည် ။

သို.သော် နိုင်ငံပိုင်ငွေကြေးများကို အဂတိလိုက်စား၍ချမ်းသာလာသူတစ်ယောက်အပေါ်ကျွန်တော်တို.လူ.အသိုင်းအ၀ိုင်းသည် ထိုသို.အထင်သေးအမြင်သေးဖြစ်လေ.မရှိပါ ။ အင်မတန်ကြီးမားသောရာထူး ၊ လူဂုဏ်တန်ရပ်ကွက်မှအင်မတန်ကောင်းသော နေအိမ်ခြံဝင်း ၊နောက်ဆုံးပေါ်ဇိမ်ခံကားများထည်လဲစီးနိုင်မှု ၊ အရာရှိကတော်ကြီးနှင်.သားသမီးများ ညွှတ်နေအောင်ဝတ်ဆင်လေ.ရှိသော ရွှေငွေ ပတ္တမြား ၊ နီလာ ၊ ပုလဲ ၊ စိန် ၊မြ စသောကျောက်မျက်ရတနာလက်ဝတ်လက်စားများ ၊ သူတို.သားသမီးများတက်သော နိုင်ငံတကာမှလာဖွင်.သည်.ကျောင်းအကောင်းစားများ ၊ နေမကောင်းလျှင် ဆေးကုခံရန်သွားရောက်သောပြည်ပမှနာမည်ကျော်ဆေးရုံများ စသည်တို.ကိုမြင်လျှင် မြန်မာလူ.အသိုင်းအ၀ိုင်းသည် လူတစ်ယောက်ကိုအထင်ကြီးလေးစားတတ်ကြသည် ။

စင်စစ် နောက်ဖေးလမ်းကြားတွင် အလစ်သုတ်သော သူခိုးနှင်. ၊ နိုင်ငံ.ဘဏ္ဍာကို ကိုယ်.ဟာမှတ်ကာခိုးဝှက်ချမ်းသာနေသော အရာရှိကြီးနှစ်ယောက်တွင် အရာရှိသူခိုးသည်ပို၍ပင်စက်ဆုတ်ဖွယ်ကောင်း၏ ။ အဘယ်.ကြောင်.ဆိုသော် လမ်းကြားမှ ထဘီစုတ်ရုပ်သော သူခိုးသည် တကယ်ကိုစားစရာမရှိသဖြင်. မိသားစုဝမ်းရေဒအတွက်ရိုးရိုးသားသားခိုးခြင်းဖြစ်ပြီး ထိုသို.ခိုးမှုကျူးလွန်သည်.အတွက်လည်း လူမိခဲ.လျှင် ဥပဒေအရချမှတ်သောထိုက်တန်သည်.ပြစ်ဒဏ်ကို မလွဲမသွေခံကြရမည်ဖြစ်သောကြောင်.ပင်ဖြစ်သည် ။ ထို.ကြောင်.ထိုအလစ်သမားများသည် လုပ်ရဲလျှင်ခံရဲသူများဖြစ်ကြသဖြင်. အချောင်သမားသူခိုးများမဟုတ်ကြပေ ။

အထက်တွင်ဖော်ပြခဲ.သော အဂတိလိုက်စားသည်.အစိုးရအရာရှိသူခိုးများမှာ ထဘီစုတ်ရုပ်သည်. လမ်းဘေးမှ သူခိုးဘိန်းစားများထက်သူရဲဘောကြောင်သောလူစားများဖြစ်သည် ။ အဘယ်.ကြောင်.ဆိုသော် သူတို.ခိုးယူ အဂတိလိုက်စားသောငွေကြေးနှင်.စည်းစိမ်မှာ ဘ၀တစ်သက်တာသုံး၍မကုန်နိင်သော စည်းစိမ်ချမ်းသာများဖြစ်သည် ။ သူတို.ပြန်ခံရမည်က ရာထူးမှအငြိမ်းစားပေးခံရရုံဆိုတော. မည်မျှတန်ပါသနည်း ။ ပြစ်မှုနှင်.ပြစ်ဒဏ်သည် မည်မျှကိုက်ညီလိုက်ပါသနည်း ။

ပြည်ထောင်စုမြန်မာနိုင်ငံတွင် သမ္မတဦးသိန်းစိန်လက်ထက်ဝယ် အဂတိလိုက်စား၍လက်ပူးလက်ကြပ်ဖော်ထုတ်သိရှိရသော အစိုးရ အရာရှိ များစွာကို တွေ.ခဲ.ရသော်လည်း သူတို.ကျူးလွန်သောပြစ်မှုအတွက် အငြိမ်းစားယူခြင်းဆိုသောပြစ်ဒဏ်ကိုသာသက်ညှာစွာ အပြစ်ပေးခဲ.တာတွေ.၇လေသည်။

အကယ်စစ်စစ် ရာထူးမှအငြိမ်းစားပေးခြင်းဆိုသောပြစ်ဒဏ်မှာ ပြစ်ဒဏ်ဟုပင်မခေါ်နိုင်ပါ ။ ခိုးထားသမျှကိုအားရပါးရခံစားစံစားတော.ဟု တရားဝင်ခွင်.ပြုလုက်သလိုပင်ရှိသဖြင်. ပြစ်ဒဏ်ပေးခံရသူမှ မကြောက်ရွံ.ရုံမက ထီပေါက်သည်ထက်ပင်ဝမ်းသာပေဦးမည် ။ သူကျူးလွန်ခဲ.သောပြစ်မှုအတွက် ဘာမှခံစရာမလိုရုံမက ၊ လခလေးမဖြစ်စလောက်အတွက် နေ.စဉ်ရုံးဆင်းရုံးတက် နေရသောဘ၀မှပင် ရုံးမတက်ရတော.သဖြင်.၀ဋ်ကျွတ်ချေဦးမည် ။ တစ်သက်လုံးခိုးထား ၊၀ှက်ထား ၊ မသမာမှုပြုထားသမျှကိုတရားဝင်သဖွယ် ထုတ်သုံး၍လည်း ရပေတော.မည်.အဓိပါယ်ဖြစ်သည် ။ အလွဲသုံးစားမှုများ အတွက် တရားဝင် အပြစ်ဒဏ်ခံလိုက်ရသဖြင်. အပြစ်ကင်းစင်သောလူကြီးဖြစ်သွားသလိုလည်းဖြစ်နေပါသည် ။ ငွေမျက်နှာဖြင်. လူတောတိုးဖို.လည်းဝန်မလေးသော ၊လူတို.ကလည်းငွေမြင်လျှင်နေရာပေးကြဦးမည်.ခေတ်ကြီးဖြစ်ပါသည် ။

ဘိန်းစား ၊သူခိုး ၊ဂျပိုးများကိုနှာခေါင်းရှုံ.သလောက် ညွှန်မှူး ၊ဒုညွှန်ချုပ် ၊ ညွှန်ချုပ် စသောရာထူးအငြိမ်းစားများကို မြိန်ရေယှက်ရေ အသုံးပြုကြ လေးစားကြဦးမည်ဖြစ်ပါသည် ။

သမ္မတကြီးဦးသိန်းစိန်လက်ထက်တွင် အဂတိလိုက်စားမှုနှင်.ပါတ်သက်၍ ထိထိရောက်ရောက်အရေးယူခံရသူဟူ၍ သာသနာရေးဝန်ကြီးဦးဆန်းဆင်.တစ်ယောက်သာရှိခဲ.သည် ။

ဦးဆန်းဆင်.အဂတိလိုက်စားသောငွေမှာကျပ်သိန်းတစ်ရာသာရှိသဖြင်. ထိုအမှုမှာ ထိုမျှမက ခိုးနေဖွက်နေကြသော နိုင်ငံ.တောသူခိုးများအကြားဝယ် ရယ်ရွှင်ဖွယ်ငွေပမာဏဖြစ်နေပါသည်

။ဦးဆန်းဆင်.ကိုထောင်ချပြီးအရေးယူအပြစ်ပေးခြင်းမှာ တကယ်တမ်းအဂတိလိုက်စားမှုတိုက်ဖျက်ချင်သည်ထက် မမြင်နိုင်သော နိုင်ငံရေး ပဋိပက္ခများ ကြောင်.ဖြစ်ဟန်ရှိပါသည် ။ ငွေကျပ်သိန်းတစ်ရာအလွဲ သုံးစားတိုင်းသာထောင်ချရလျှင် သမ္မတဦးစိန်းစိန်အစိုးရအဖွဲ.၌ လူကျန်မည်ပင်မဟုတ်တော.ချေ

တကယ်တန်း၌ မြန်မာနိုင်ငံတွင် အစိုးရအရာရှိများအပြစ်ကျူလွန်လျှင် အားလုံးဝိုင်း၍ဖုံးဖုံးဖိဖိလုပ်ကြသည်မှာ စစ်သားတစ်ပိုင်းအစိုးရတွင် ရိုးနေသောလုပ်ကွက်ဖြစ်ပါသည်

တရုတ်ပြည်ကဲ.သို. ရာထူးမရွေး တိတိကျကျဖော်ထုတ်အပြစ်ပေးတာမကြားမိသေးပါ ။

တရားသူကြီးတစ်ယောက်လာဘ်စားကြောင်းအထောက်အထားဖြင်. မိသလား ။ ပြစ်ဒဏ်မှာ ရာထူးစည်းစိမ်မပျက်အငြိမ်းစားယူစေခြင်းဖြစ်သည် ။ အကောက်ခွန်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ တာဝန်အလွဲသုံးစားကာ ဖားကန်.သို.၀င်လာသော တရုတ်နိုင်ငံမှမြေသယ်ကားများ၊မြေကော်ကားများကိုသွင်းခဲ.သလား ၊ကျောက်စိမ်းများကိုအခွန်မကောက်ပဲလွှတ်ပေးခဲ.သလား ၊ထိုအတွက် ဆယ်သက်စားမကုန်အောင်ရခဲ.သလား ။ထိုအမှုမျိုးမှာတရုတ်ပြည်မှာဆိုလျှင်တော.သေဒဏ်ဖြစ်ပါသည် ။ မြန်မာပြည်မှာတော.ကိစ္စမရှိပါ ။ သက်သက်သာသာအလုပ်မှအငြိမ်းစားယူကာ ဖူးခက်တို. ၊ ပတ္တယားကမ်းခြေတို.မှာသွားရောက်အပန်းဖြေခရီးပင်ထွက်၍ရပါသည် ။ ထိုအချက်သည် နိုင်ငံတော်၏စေတနာဖြစ်ပါသည်

ယခုအခါ ရာထူးမှဆင်းလုနီးနီး သမ္မတကြီးဦးသိန်းစိန်ကို ကြည်ညိုလေးစားသောလူငယ် ၁၈၅၃ ဦးက သမ္မတအိမ်တော်တွင် လာရောက်နှုတ်ဆက်ဂါရ၀ပြုသည်ဟုသတင်းများကြားရ ၊ဓါတ်ပုံများတွေ.ရပါသည် ။ သမ္မတဦးသိန်းစိန်၏ကရုဏာမေတ္တာနှင်.စေတနာအကျိုးကိုခံစားခဲ.ရသော ခရိုနီကြီး ၊ခရိုနီလေး ၊ အရာရှိကြီး ၊အရာရှိလေး နှင်.တပ်မတော်မိသားစုမှ ပေါက်ဖွားလာသော လူငယ်များလာမည်ထင်သည် ။

သေချာသည်ကတော.လက်ပန်းတောင်ဒေသမှလူငယ်များလာမည်မထင်ပါ ။ လက်ပန်းတောင်းတောင်တွင်မီးလောင်ဗုံးဆက်ကပ်ခံရသောသံဃာတော်များလာမည်မထင်ပါ ။သာယာဝတီထောင်တွင် ကျခံနေရသောကျောင်းသားလူငယ်များ၏သူငယ်ချင်းမိတ်ဆွေ ၊မိသားစုများလာမည်မထင်ပါ ။ ကျူးကျော်ရပ်ကွက်များဟု ဘူဒိုဇာနှင်.ထိုးခံရသဖြင်.အိမ်မဲ.ယာမဲ.ဖြစ်သွားသူများလာမည်မထင်ပါ ။ စစ်ဘေးရှောင်ဒုက္ခသည်စခန်းမှ လူငယ်များလာမည်မထင်ပါ ။ မြေမြှုပ်မိုင်းဒဏ်ကြောင်. ဒုက္ခိတဖြစ်သွားသူများလာမည်မထင်ပါ ။လက်ပါတ်နီစွမ်းအားရှင်များရိုက်နှက်မှုကိုခံခဲ.ရသောကျောင်းသားနှင်.စက်မှုဇုန်အလုပ်သမားများလာမည်မထင်ပါ ။ ထောင်ချခံရသော Unity ဂျာနယ်မှသတင်းထောက်နှင်.အယ်ဒီတာများ၏ သားသမီးများလာမည်မထင်ပါ ။ ကိုပါကြီး ၊ဒေါ်ခင်ခင်ဝင်း ၊ ကချင်ဆရာမလေးနှစ်ယောက် ၏မိသားစုများလာမည်မထင်ပါ ။

ပေါက္ခရ၀ဿမိုးရွာသလို သမ္မတကြီး၏ကရုဏာမိုးကိုကွက်ကျားအရွာခံရသူများနှင်.သူတို.၏အသိုင်းအ၀ိုင်းပဲလာမည်ထင်ပါသည် ။ ဘယ်လိုပဲဖြစ်ဖြစ် ခိုးမှုကိုကျူးလွန်ပါလျက် ပန်းနှင်.ပေါက်သလောက်ပဲပြစ်ဒဏ်ခံခဲ.ကြရသည်. ၀န်ထမ်းအသိုင်းအ၀ိုင်းအချို.ကတော.သမ္မတကြီးဆင်းသွားတာကို အမှန်တကယ်ပင်ဝမ်းနည်းကြလိမ်.မည်ဖြစ်သည်။

သရ၀ဏ်(ပြည်)

သီရိလင်္ကာ ကာတွန်း

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။