Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, March 10, 2016

ကံကောင်းခြင်း လက်ဆောင် (အပိုင်း- ၂)

ကံကောင်းခြင်း လက်ဆောင် (အပိုင်း- ၂)
-----------------------------
အဲဒီညနေမှာ အဖေ့ရုံးခန်းထဲဝင်ပြီး သူရဲ့ဖုန်းနံပတ်နဲ့ ကိုယ်ရေးအကျဉ်းတချို့ကို ကျွန်တော်မှတ်ယူလိုက်တယ်။ ဒီလို ခိုးကြောင်ခိုးဝှက်အလုပ်ကမကောင်းမှန်း ကျွန်တော်သိပါတယ်။ ဒါပေမဲ့ သူနဲ့ ထပ်ပြန်ဆုံနိုင်ဖို့ ဒီတစ်နည်းပဲရှိခဲ့တယ်။ ကျောင်းသားကတ်ပြန်ပေးဖို့ သူ့နံပါတ်ကို ကျွန်တော်လှည့်လိုက်တယ်။

“ဘယ်လိုလုပ်ပြီး ကျွန်မရဲ့ဖုန်းနံပါတ်ကို သိနေရတာလဲ”

လေသံက သိပ်မနှစ်မြိုတဲ့ပုံစံနဲ့ သူတအံ့တသြမေးတယ်။ ကျွန်တော် အမှန်အတိုင်း ပြောပြလိုက်ပါတယ်။

“စိတ်မပူပါနဲ့.. ကျွန်တော် ဘယ်လိုအကြံအစည်မှမရှိပါဘူး”

“ခစ်..ခစ် ” ကျွန်တော်ရှင်းပြတာကိုနားထောင်ပြီး သူရယ်တယ်။

“ကျွန်မ စိတ်မပူပါဘူး။ ကျွန်မတို့ မချမ်းသာဘူး။ နာမည်မကြီးဘူး။ ဘာစိတ်ပူစရာ လိုလို့လဲ..”

“ထားပါတော့.. ဒါနဲ့ ဒီတစ်ပတ် အားလား... ဟို တစ်မျိုးတော့ မထင်နဲ့ဗျာ.. ကျွန်တော် ကျောင်းသားကတ်လေး ပြန်ပေးချင်လို့ပါ”

သူ့ဆီက သံသယတိမ်မည်းတွေမများလာခင် ကျွန်တော် ကပျာကယာ ရှင်းပြလိုက်တယ်။

“ကျွန်မ မနက်ဖြန် ညနေအားတယ်။ နေရာတစ်ခု ချိန်းလိုက်ပါ”

“ဘယ်အချိန်ကျောင်းဆင်းမှာလဲ.. ဖြစ်နိုင်ရင် ကျွန်တော် ကျောင်းအထိ လာကြိုချင်တယ်”

“ဟို.. မလိုပါဘူး” သူလျှင်မြန်စွာ ငြင်းဆန်တယ်။ ဆက်ပြီး “လူတွေ အာရုံစိုက်အောင် ကျွန်မ မလုပ်ချင်ဘူး။ ကျောင်းသားကတ်လေး ပြန်ယူတာပဲ။ အိမ်ပြန်ပြီး ကျွန်မစာကြည့်ရဦးမယ်”

“အော်.. ဟုတ်ကဲ့” သူ့ရဲ့ငြင်းဆန်မှုကို ကျွန်တော် စိတ်ပျက်လက်ပျက် ထောက်ခံလိုက်တယ်။

“မနက်ဖြန် ၅ နာရီခွဲ အဆင်ပြေလား”

“ဟုတ်ကဲ့.. ပြေပါတယ်”

“ဒါဆို မနက်ဖြန် တွေ့ကြမယ်”

ကျွန်တော်နှုတ်ဆက်မယ်ကြံကာရှိသေး တစ်ဖက်မှ ဖုန်းခွပ်ခနဲ့ချသံကို ကြားလိုက်ရတယ်။ ကျွန်တော့်ရဲ့ဖုန်းကို အရင်ချတဲ့ ကောင်မလေး ကျွန်တော့်ဘ၀မှာ မရှိခဲ့ဖူးသေးဘူး။

နောက်တစ်နေ့ ၅နာရီတောင်မထိုးသေးဘူး ချိန်းထားတဲ့နေရာကို ကျွန်တော်ရောက်နှင့်နေတယ်။ တကယ်ဆို အချိန်စောပြီး ကျွန်တော်ရောက်လာစရာ မလိုဘူး။ ဒါပေမဲ့ ကျွန်တော်ကျေနပ်တယ်။ ချိန်းထားတဲ့အချိန်နီးကပ်လေ ကျွန်တော့်စိတ်တွေ လှုပ်ရှားပြီး ပျော်ရွှင်လေဖြစ်တယ်။ အဲဒီပျော်ရွှင်မှုတွေက တဖြည်းဖြည်းစုပုံပြီး ဧရာမနှင်းလုံးကြီးအဖြင့် ပြောင်းသွားတဲ့နှင်းစက်လေးလို ကျွန်တော်ကို ၀ါးမြိုခဲ့တယ်။

၅နာရီခွဲ... အချိန်တိကျစွာ ကျွန်တော့်ရှေ့ကို သူရောက်လာခဲ့တယ်။

“ဘာငေးနေတာလဲ”

“ဟို.. ဘာ.. ဘာမှ မငေးပါဘူး” ရုတ်တရက် ကျွန်တော် ဘာပြောရမှန်း မသိတော့ဘူး။

ကျွန်တော့်စကားကို သူပြုံးလိုက်တယ်။ လွန်ခဲ့တဲ့ ၁၀ကျော်က ကောင်မလေးတစ်ယောက်ရဲ့ အပြုံးကို ကျွန်တော်ပြန်မြင်မိတယ်။

“ကျွန်တော်နောက်တစ်ပတ် ချီကာဂိုပြန်ရတော့မယ်”

“ချီကာဂို... အော်.. အမေရိကားမှာ ကျောင်းတက်နေတာလား”

“ဟုတ်တယ်... ကျောင်းသားအိုတစ်ယောက်ဆိုပါတော့”

“ဒါကတော့ ရှင့်ကိုယ်ရှင် ညွှန်းတာနော်” ပြောပြီး သူပြုံးလိုက်ပြန်တယ်။

အပြစ်ကင်းစင်တဲ့ သူ့အပြုံးကို ကြာရှည်ကြည့်နိုင်ဖို့ ဖြစ်နိုင်ရင် အချိန်တွေကို ခဏလောက် ရပ်တန့်ထားချင်မိတယ်။

“ဒါနဲ့ “ချဉ်ချဉ်ပင်” တွေကိုသိလား”

သူဟာ တစ်ချိန်တုန်းက ကလေးမဖြစ်မှန်း ရာခိုင်နှုန်းပြည့် ကျွန်တော်ယုံကြည်ထားပေမဲ့ ပိုသေချာအောင် ကျွန်တော် မေးလိုက်မိတယ်။

“သိတယ်လေ အဲဒီအပင်လေးတွေကို”

“ဘာဖြစ်လို့ “ချဉ်ချဉ်အပင်” လို့ ခေါ်ရတာလဲ” ကျွန်တော် စိတ်လှုပ်ရှားစွာ မေးလိုက်တယ်။ လွန်ခဲ့တဲ့ ၁၀နှစ်က အဖြေမရခဲ့တဲ့အမေးကို ကျွန်တော်ထပ်မေးလိုက်တယ်။

“ချဉ်ချဉ်ပင်ဆိုတာ ချဉ်ချဉ်ပင်ပဲပေါ့” နားမလည်စွာနဲ့ ကျွန်တော့်ကို ကြည့်ပြီး သူဖြေပြန်တယ်။

“ဒါ ဘာအဖြေလဲကွာ” တစ်ဆင့်တိုးပြီး ကျွန်တော် မသိမသာ မေးလိုက်မိပြန်တယ်။

“အဟီး.. မသိဘူးလေ။ အဲဒီအပင်ကို စားဖူးလား.. အရသာက ချဉ်နေလို့ ချဉ်ချဉ်အပင်လို့ ခေါ်လိုက်တာ။ ဒါနဲ့ နေပါဦး။ ရှင်က ဘယ်လိုလုပ်ပြီး “ချဉ်ချဉ်အပင်” ကို သိရတာလဲ”

“ကောင်မလေးတစ်ယောက် ပြောပြဖူးလို့ပါ”

လွန်ခဲ့တဲ့ ၁၀နှစ်ကျော်က အဖြစ်ကို သူပြန်မှတ်မိမယ်လို့ ကျွန်တော် မမျှော်လင့်ခဲ့ဘူး။ ကလေးသာသာ အဲဒီအရွယ်တုန်းက အဖြစ်ကို သူမှတ်မိမယ်လို့လဲ မထင်ခဲ့ဘူး။

“အော်... ဟုတ်လား”

“ဘယ်က ကောင်မလေးလဲလို့ ကျွန်တော့်ကို မမေးဘူးလား”

“မမေးချင်ပါဘူး။ ဒါရှင့်ရဲ့ ကိုယ်ရေးကိုယ်တာပဲ။ ကျွန်မကို သိစေချင်ရင် ကျွန်မ မမေးလည်း ရှင်ပြောပြမှာပေါ့ မဟုတ်ဘူးလား”

“အသက်ငယ်ငယ်လေးနဲ့ အလိုက်သိတတ်တယ်နော်”
မျက်လုံးဝိုင်းလေးနဲ့ ချစ်စရာသူ့ကို ကျွန်တော်စနောက်မိပြန်တယ်။

“အော်.. ဟိုလေ.. နိုင်ငံခြားကပို့တဲ့စာကို ကျွန်မတစ်ခါမှမရဖူးလို့ ရှင် ချီကာဂိုပြန်ရောက်ရင် ကျွန်မဆီစာရေးလို့ရမလား”

“ဟာ... သိပ်ရတာပေါ့။ ဒါပေမယ့် ကျွန်တော့်ဆီ စာပြန်ရေးရမယ်နော်”
ကျွန်တော်မတောင်းဆိုခင် ခွင့်ပြုစကားကမ်းလာတဲ့ သူ့ကို အလောတကြီး ကျွန်တော်ပြန်ဖြေလိုက်တယ်။

“ရေးမှာပါ.. ဒါပေမယ့် ကျွန်မက တက္ကသိုလ်ဝင်တန်း ဖြေမှာဆိုတော့ စာပြန်နောက်ကျရင် ခွင့်လွှတ်ပါနော်။ အော်.. ကျွန်မပြန်သင့်ပြီ” ပြောပြောဆိုဆို လက်ကနာရီကို ကြည့်ပြီး ၁၂နာရီမထိုးခင်မှာ အိမ်ပြန်ရောက်ရမယ့် စင်ဒရဲလားလို့ ကပျာကယာ သူထွက်သွားခဲ့တယ်။

ထွက်ခွာသွားတဲ့သူ့ကို မျက်စိတစ်ဆုံးကြည့်ရင်း ကျွန်တော့်အပါးက သူပျောက်ကွယ်သွားတာ ဒီတစ်ခါဆို လေးကြိမ်မြောက်ခဲ့ပါပြီ။ ဒီတစ်ခါတော့ တိမ်တွေလို ခြေရာမထင်အောင် သူပျောက်ကွယ် သွားနိုင်တော့မှာ မဟုတ်ပါဘူး။ ဝိုင်းစက်တဲ့မျက်လုံးတစ်စုံနဲ့ ကြည်လင်တဲ့ သူအပြုံးတွေက ကျွန်တော့်ရင်ဘတ်မှာ နေရာအများကြီး ယူခဲ့ပြန်တယ်။

ဝမ်းသာအားရနဲ့ လက်သီးကို ကျွန်တော်တင်းတင်းလေး ဆုပ်လိုက်မိတယ်။ “ဟာ... ကျောင်းသားကတ် ပြန်မပေးရသေးပါလား” သူ့နောက်ကို အပြေးလိုက်ဖို့ ကြံရွယ်နေတဲ့ခြေလှမ်းက ကျွန်တော့်ဖက် ပြန်လှည့်လာတဲ့ သူ့ကြောင့် ပုံမှန်ဖြစ်သွားခဲ့တယ်။

“ဘာဖြစ်တာလဲ” ကျွန်တော် မသိဟန်ဆောင်ပြီး မေးလိုက်မိတယ်။

ရှက်ပြုံးလေးနဲ့ ကျွန်တော့်လက်ထဲက ကျောင်းသားကတ်ကို ထိုးပြနေတဲ့ သူ့ရုပ်ပုံက အပြစ်ကင်းတဲ့ရှက်သွေးတွေနဲ့ ကျွန်တော့်ကို တဒင်္ဂမူးယစ်သွားစေခဲ့တယ်။

“ကျောင်းသားကတ်ပြန်လာယူတာ” ငေးစိုက်ကြည့်မိတဲ့ ကျွန်တော့်အကြည့်ကြောင့် သူ့ပါးက ပန်းရောင်ပိုသမ်းသွားတယ်။

“ပြန်မပေးဘူးဆိုရင်လည်း ရှင်ပဲ သိမ်းထားလိုက်တော့.. ကျွန်မလည်း အထက်တန်းနောက်ဆုံးနှစ် ရောက်နေပြီပဲ.. နောက်နှစ်တွေ သုံးဖြစ်တော့မှာ မဟုတ်ဘူး” မျက်စိကလယ်ကလယ်နဲ့ ပြောပြီး ကျွန်တော်ဘာမှ ပြန်မပြောနိုင်ခင်မှာ သူထွက်ပြေးသွားပြန်တယ်။

ချီကာဂိုပြန်ရောက်ရောက်ချင်း သူ့ဆီကို Lake Michigan ပါတဲ့ ပို့စ်ကတ်တစ်ကတ် ကျွန်တော်ပို့ဖြစ်ခဲ့တယ်။ သူ့ရဲ့ပြန်စာကြာလိမ့်မယ်လို့ ထင်ခဲ့တဲ့ ကျွန်တော့်အတွက် တစ်ပတ်အကြာမှာပဲ ရီဂျစ်စတာလုပ်ထားတဲ့ သူ့ပြန်စာကို ရခဲ့တယ်။

ဒီလိုနဲ့ပဲ တစ်မြေဆီ ဝေးကွာနေကြတဲ့ ကျွန်တော်တို့နှစ်ယောက်ကြားမှာ အပြန်အလှန် ပေးပို့ကြတဲ့စာတွေ တစ်စခန်းစခဲ့တယ်။ တစ်ခါတလေ သူ့ဆီကို ကျွန်တော်ဖုန်းဆက်ဖြစ်တယ်။ ဒါပေမယ့် နေ့ညပြောင်းပြန်ဖြစ်နေတဲ့ အချိန်တွေရယ်၊ တက္ကသိုလ်ဝင်တန်းအတွက် စာတွေလုပ်နေရတဲ့ သူ့ကို စိတ်အနှောင့်အယှက် မပေးချင်တာရယ်၊ Master's thesis နဲ့ PhD ဖြေဆိုဖို့အတွက် ကျွန်တော်အချိန်တွေ ပေးခဲ့ရတာရယ်ကြောင့် သိပ်မဆက်ဖြစ်ခဲ့ဘူး။ ဒါပေမယ့် သူ့ကို သတိရတဲ့အချိန်တိုင်း သူ့ရဲ့ ကျောင်းသားကတ်နဲ့ ကံကောင်းခြင်းအပင်နဲ့ လုပ်ထားတဲ့ bookmark လေးကို ကျွန်တော် ထုတ်ထုတ်ကြည့်နေမိတတ်တယ်။

နှစ်ဝက်လောက်ကြာတော့ အစိုးရတက္ကသိုလ်တစ်ခုမှာ သူနှစ်သက်တဲ့ အင်္ဂလိပ်မေဂျာ အထူးပြုကို တက်ရောက်နေပြီဖြစ်ကြောင်း ကျွန်တော်သိလိုက်ရတယ်။ စတိတ်ကျောင်းကနေ လွတ်လပ်တဲ့ တက္ကသိုလ်မြေကို ရောက်လာတဲ့သူ့ကို ကျွန်တော်စိတ်ပူမိတယ်။ ပထမနှစ်ဆိုတော့ အတန်းကြီး ကျောင်းသားတွေရဲ့စိတ်ဝင်စားတာကို ခံနေရမလား..

နွေရာသီကျောင်းပိတ်မှာ ကျွန်တော် ထိုင်ဝမ်မပြန်ဖြစ်ခဲ့ဘူး။ လော့အိန်ဂ်ျလိစ် နဲ့ ဆန်ဖရန်စစ္စကို စတဲ့ အမေရိကတိုက် အနောက်ဖက်ကို တစ်လလောက် ကျွန်တော်ခြေဆန့်နေမိတယ်။ နောက်ဆုံး Seattleမြို့မှတစ်ဆင့် ချီကာဂိုကို ကျွန်တော်ပြန်ခဲ့တယ်။ နိုင်ငံခြားကစာတွေ လက်ခံချင်တယ်ဆိုတဲ့ သူ့အတွက် ရောက်ခဲ့တဲ့ဒေသတိုင်းကနေ ရှုခင်းကတ်လေးတွေ ကျွန်တော်ပို့ဖြစ်ခဲ့တယ်။ ချီကာဂိုမှာ ကျွန်တော်နဲ့ အတူနေတဲ့ ညီမအရင်းထက် သူ့ကို ကျွန်တော် ပိုဂရုစိုက်ခဲ့မိတယ်။

ဖုန်းတတန် စာတတန်နဲ့ပဲ ဆက်သွယ်နေတဲ့ ကျွန်တော့်ကို ညီမလေးက အားမရဘူး။ အရင်သူ့ကို ပိုးပန်းခဲ့တဲ့ ကောင်လေးတွေရဲ့ ပိုးပန်းနည်းတွေ ကျွန်တော့်ကိုပြောပြပြီး ကျွန်တော့်ရင်ထဲမှာ ခံစားနေတာတွေ ကျွန်တော်ချစ်တဲ့ကောင်မလေးကို ထုတ်ဖော်ပြောပြဖို့ အကြံပေးတယ်။ ညီမလေးရဲ့အကြံကို ကျွန်တော်ပြုံးပြီး ခေါင်းခါငြင်းလိုက်တယ်။ စိတ်ထဲမှာလည်း “သူဟာ ငါ့အတွက်ဆိုရင် ငါနဲ့ရှောင်လွဲစရာ အကြောင်းမရှိဘူး။ သူဟာ ငါ့အတွက်မဟုတ်ဘူးဆိုရင် ငါဘယ်လိုကြိုးစားကြိုးစား ရမှာမဟုတ်ဘူး” လို့ ယုံကြည်နေမိတယ်။

မကြာခင်မှာပဲ ကျွန်တော် PhD ဖြေဖို့ အရည်အချင်းမီတဲ့ အကြောင်းကြားစာ ရခဲ့တယ်။ ဒီသတင်းကို အိမ်ကလူတွေထက် သူ့ကို ကျွန်တော် အရင်အကြောင်းကြားခဲ့တယ်။ ဝမ်းသာတဲ့ စိတ်ကြောင့် နေ့နဲ့ည ပြောင်းပြန်ဖြစ်နေတဲ့အချိန်ကို မေ့ပြီး သူ့ဆီကို ကျွန်တော်ဖုန်းဆက်လိုက်မိတယ်။ စစချင်းမှာ အိပ်ချင်မူးတူးနဲ့ ကျွန်တော်ဘာပြောမှန်း သူသဘောမပေါက်ခဲ့ဘူး။ ကျွန်တော် အထပ်ထပ်ရှင်းပြမှ အိပ်မက်က လန့်နိုးလာသူတစ်ယောက်လို ဝမ်းသာအားရ ထအော်တော့တယ်။ သူ့အခန်းဖော်ကို အားတုန့်အားနာ တောင်းပန်နေသံကို ဖုန်းတစ်ဖက်က ကျွန်တော်အတိုင်းသား ကြားနေရတယ်။

“ဘာလက်ဆောင်ယူမလဲ.. လက်ဆောင်တစ်ခုခုနဲ့ ဂုဏ်ပြုချင်တယ်”

“ဘာပေးနိုင်လို့လဲ” သူ့ကို ကျွန်တော်ပြန်မေးလိုက်တယ်။ တကယ်တော့ ကျွန်တော်လိုချင်တာက အခုအချိန်မှာ ကျွန်တော့်အနားမှာ သူရှိနေဖို့နဲ့ ၁၂ရာသီပတ်လုံး ပျော်ရွှင်ကြည်နူးမှုတွေကို ကျွန်တော်နဲ့အတူ မျှဝေနိုင်ဖို့ပါပဲ။

“ဟို.. ကျွန်မတတ်နိုင်တာလေးနဲ့ လုပ်ပေးချင်တာပေါ့”

“တကယ်လား၊ ပါတီလေးတစ်ခု လုပ်ချင်တယ်။ ကျွန်တော့်အတွက်ရည်စူးတဲ့ ပါတီလေးတစ်ခု” ကျွန်တော်တို့နှစ်ယောက်အတွက် ပါတီလို့ စိတ်ထဲမှာ ကျွန်တော်တောင်းဆိုနေမိတယ်။

“ဟာ...ဒါက ရှင်ပြန်လာမှ လုပ်လို့ရမှာလေ။ ဒါနဲ့ ရှင်ဘယ်တော့ပြန်လာမှာလဲ။ ကျောင်းပိတ်ရက်တောင် နီးပြီပဲ” ကျွန်တော့်အပြန်ကို စောင့်မျှော်နေမယ့် လေသံမျိုးနဲ့ သူကဆိုတယ်။

“ဒီနှစ်မပြန်ဖြစ်ဘူးထင်တယ်။ ကျွန်တော် သြစတြေးလျဖက် သွားမလို့”

“ဟင်း... မပြန်ဖြစ်ဘူးလား။ ထိုင်ဝမ်မပြန်တာ ၁နှစ်ရှိနေပြီနော်”

“ကျွန်တော်သြစတြေးလျရောက်ရင် ပို့စကတ်လေးတွေ ပို့ပေးအုန်းမယ်။ နောက်ပြီး.....”

“နေဦး.. နေဦး... ပို့စကတ်နဲ့ တစ်ခြားလက်ဆောင်တွေကို ကျွန်မမက်မောတာ မဟုတ်ဘူး။ ဒီတစ်နှစ်အတွင်း ရှင့်ဆီက လက်ဆောင်တွေ ကျွန်မအများကြီးရခဲ့ပြီ။ ပါတီလုပ်ဖို့ ဒီတစ်နှစ်တော့ ရှင့်ကို ပြန်လာစေချင်တယ်။ ဒီအချိန်မှာ ရှင့်အတွက် ကျွန်မပြန်ပြီး ကျေးဇူးဆပ်နိုင်တာ ဒါပဲရှိသေးတယ်”

“ကျေးဇူးဆပ်တာ မဆပ်တာတွေ မလိုပါဘူး။ အဲလိုစိတ်လေးရှိတာကိုပဲ ကျေးဇူးတင်ပါတယ်”

“ကျွန်မစိတ်ထဲမှာ အားနာတာကို ရှင်နားလည်စေချင်တယ်....”

“အိုကေ.. အိုကေ... ပါတီလုပ်ဖို့ကို ရက်တွေအချိန်တွေ သတ်မှတ်မနေတော့ဘူး။ ဖုန်းထဲကနေလည်း ပါတီလုပ်လို့ ရသားပဲ မဟုတ်လား။ လာ.. ကျွန်တော်တို့ ပါတီပွဲစကြရအောင်”

ပြောမကုန်တဲ့စကားပေါင်းများစွာနဲ့ ကျွန်တော်တို့ကြားက သံယောဇဉ်ကို တင်းတင်းချည်နှောင်ခဲ့ကြတယ်။ လူချင်းတွေ့ဖြစ်ခဲ့ရင်လည်း ဒီလိုပျော်ရွှင်မှုလေးတွေနဲ့ သူ့ကိုဘဝလမ်းတစ်လျှောက် ကျွန်တော်တွဲခေါ်မယ်လို့ ဆုံးဖြတ်ခဲ့တယ်။ ဒါပေမယ့် အဲဒီနေ့အထိ မရောက်ခဲ့ပါဘူး။ ထိုင်ဝမ်မပြန်ဖြစ်တဲ့ ၂နှစ်အတွင်း ဖုန်းတစ်ဖက်က သူ့စကားသံတစ်ချို့က ကျွန်တော့်စိတ်ကူးအိပ်မက်တွေကို တစ်စဆီ လွှင့်ပျောက်စေခဲ့တယ်။

အိမ်မပြန်ဖြစ်တဲ့ ၂နှစ်အတွင်း သူ့ကို ကျွန်တော်လွမ်းမိတယ်။ အားလပ်တဲ့တစ်ရက် သူ့ဆီ ကျွန်တော်ဖုန်းဆက်ဖြစ်ခဲ့တယ်။ “ကိုကိုကြီး”ဆိုတဲ့ အားရဝမ်းသာ သူ့ခေါ်သံကြားတော့ ကျွန်တော်တို့ နှစ်ယောက်ကြား အဆက်အသွယ် တဖြည်းဖြည်းကျဲလာတာကို နောင်တရလိုက်မိတယ်။ ရှေ့ဆက်ပြီး သူပြောလာတဲ့ စကားတွေက ကျွန်တော့်ကို ငရဲပြည်ထက် ပိုနက်တဲ့ ချောက်ထဲတွန်းချလိုက်သလိုပါပဲ...

“ကိုကိုကြီး.. ကျွန်မမှာ ချစ်သူရှိနေပြီ”

အဲဒီစကားက ကျွန်တော် ဦးနှောက်တစ်ခုလုံးကို ဗလာဖြစ်သွားစေတယ်။ နွေခေါင်ခေါင်မှာ မိုးကြိုးတွေပစ်နေတယ်။ တခဏလေးမှာ စာခြောက်ရုပ်တစ်ရုပ်လို့ ခန္ဓာသာရှိပြီး ဝိညာဉ်ကင်းမဲ့သွားသလို ကျွန်တော်ခံစားမိတယ်။

ကျွန်တော်မခူးရက် မချွေရက်ဘဲ ၂နှစ်ကျော်ကြာ အရိပ်တစ်ကြည့်ကြည့်နဲ့ မြတ်နိုးခဲ့တဲ့ ပန်းလေးတစ်ပွင့် တစ်ခြားသူဦးအောင် ခူးသွားခဲ့ပြီ... ဘယ်လိုအရည်အချင်းတွေနဲ့ ဒီလိုလက်ဦးသွားရသလဲ။ ဘဝတစ်ခုကို ဗျောင်းဆန်စေတဲ့ အဲဒီဖုန်းကို ဘယ်လိုချလိုက်မှန်း ကျွန်တော်မမှတ်မိလိုက်ဘူး။ နေ့ရက်တွေ ဘယ်လိုဖြတ်သန်းခဲ့သလဲ ကျွန်တော်သေချာမသိလိုက်ဘူး။ လူမှန်းမသိ၊ သူမှန်းမသိအောင် ကျွန်တော့်နေ့ရက်တွေ ဂြိုလ်မွှေသွားခဲ့တယ်။

ကျွန်တော် စိတ်တွေ ပြန်ထိန်းချုပ်နိုင်ချိန်မှာ တစ်လကျော်သွားခဲ့ပြီ။ သူငယ်ချင်းတွေက အဲဒီတစ်လအတွင်း ကျွန်တော်ဟာ အခွံသာကျန်ခဲ့တဲ့ ကမာကောင်လို၊ ခန္ဓာမရှိတဲ့ ဝိညာဉ်လို ညသန်းခေါင်မှာ လျှောက်သွားနေတယ်လို့ ဆိုပါတယ်။ Michigan ကန်စပ်မှာ တစ်ညလုံး သွားထိုင်နေပြီး မိုးလင်းပေါက်မှလေးသွဲ့တဲ့ ခန္ဓာကိုယ်ကို ထမ်းပြန်လာတယ်လို့ဆိုပါတယ်။ ကျွန်တော်သာ ဒီလိုသာ ရှေ့ဆက်သွားနေမယ်ဆိုရင် ဆေးရုံပို့ဖို့ သူတို့စီစဉ်ထားပြီးတဲ့ အကြောင်းလည်း ပြောကြတယ်။

တကယ်ဆို ကျွန်တော်အဲဒီလို လူမှန်းမသိ၊ သူမှန်းမသိအောင် နစ်ဝင်ချင်ခဲ့တာပါ။ ဒါပေမယ့် တစ်နေ့မှာ ကံကောင်းခြင်းအပင်နဲ့ လုပ်ထားတဲ့ ကျွန်တော် bookmark လေး ပျောက်သွားခဲ့တယ်။ အခန်းဖော်ကိုမေးတော့ အခန်းဖော်က တစ်ညမှာ ကျွန်တော် မူးမူးရူးရူးနဲ့ Michigan ကန်ဘေးကိုသွားခဲ့တယ်။ မူးရူးနေတဲ့ ကျွန်တော့်ကို စိတ်မချလို့ ကျွန်တော့်နောက် သူတိတ်တိတ်လေး လိုက်ပါခဲ့တယ်လို့ ဆိုတယ်။ ရေပြင်ဖက်ကို မျက်နှာမူပြီး ကျွန်တော်ဟာ ကိုယ့်ကိုယ်ကို ထုနှက်ပြီး အသံကုန်အော်ဟစ်ခဲ့ပါသတဲ့။ ပြီး လက်ထဲကစာအုပ်တစ်အုပ်ကို ဆုတ်ဖြဲပြီး ကန်ထဲပစ်လိုက်တာကို တွေ့လိုက်တယ်လို့ဆိုတယ်။

အခန်းဖော်စကားဆုံးတာနဲ့ ကျွန်တော်အဆောင်ကနေ ကမူးကရူး ပြေးထွက်လာခဲ့တယ်။ အခန်းဖော်နဲ့ သူငယ်ချင်းတွေကပါ လန့်ဖျပ်ပြီး ကျွန်တော့်နောက်ကို အတင်းပြေးလိုက်လာခဲ့တယ်။ ကန်ဘေးရောက်တော့ အေးစက်နေတဲ့ရေကို မမူဘဲ ကန်ထဲဆင်းပြီး bookmark ကို တွေ့လိုတွေ့ငြား အရူးတစ်ယောက်လို ကျွန်တော်လိုက်ရှာမိတယ်။ အခန်းဖော်နဲ့ သူငယ်ချင်းတွေက ကျွန်တော်သေကြောင်းကြံတယ်အထင်နဲ့ ရေထဲဆင်းပြီး ကျွန်တော့်ကို ဆွဲခေါ်ကြတယ်။ သူတို့လက်တွေကို တွန်းဆုတ်ရင်း အသက်ထက် တန်ဖိုးရှိတဲ့ bookmark ကို ကျွန်တော်အသည်းအသန် လိုက်ရှာမိတယ်။ အဲဒီ bookmark လေးသာ မရှိခဲ့ရင် သူနဲ့ ကျွန်တော့်ကြားမှာ ရှိခဲ့တဲ့ အမှတ်တရတွေက တိမ်တွေ၊ အခိုးအငွေ့တွေလို လွှင့်ပျောက်သွားနိုင်တယ်လေ...

ရေထဲငုပ်လိုက် ပေါ်လိုက်နဲ့ အော်ဟစ်နေတဲ့ ကျွန်တော့်ကို ကျန်လူတွေကပါ ဆင်းပြီး ဝိုင်းဆွဲကြတယ်။ ရုန်းရင်းဆန်ရင်း အော်ဟစ်ငိုယိုနေတဲ့ကျွန်တော့်ကို ကမ်းပေါ်ဆွဲတင်ကြတယ်။ မျက်ရည်နဲ့ ရေတွေက ဖြူဖပ်နေတဲ့ ကျွန်တော့်မျက်နှာမှာ ရွဲရွဲစိုနေလို့နေတယ်။ ရင်ထဲက နာကျင်မှုတွေကို ဘာနဲ့မှ နှိုင်းပြမရနိုင်ခဲ့ဘူး။

ကမ်းပေါ်ရောက်ပြီး ခဏအကြာမှာ ကျွန်တော်မေ့မျောသွားခဲ့တယ်။ ဆေးရုံတက်နေတဲ့ အတောအတွင်း စိတ်ပညာဆရာဝန်က ကျွန်တော့်ကို မကြာခဏ လာဆွေးနွေးတယ်။ သတင်းကြားပြီး လိုက်လာတဲ့ကျွန်တော့် ညီမက ငိုယိုပြီး ကျွန်တော့်ကို ဆူတယ်။ ကျွန်တော် ဘာမှမဖြစ်တဲ့အကြောင်း၊ ထိုင်ဝမ်က မိသားစုတွေကို ဖုန်းဆက်ပြီး မပြောဖို့ ညီမကို ကျွန်တော်မှာလိုက်တယ်။ အဓိကက ကျွန်တော့်မှာ ဒီလိုညံ့ဖျင်းတဲ့ အပြုအမူနဲ့ လုပ်ရပ်တွေရှိကြောင်း “သူ့” ကိုပေးမသိစေချင်လို့ပါပဲ။

တစ်လလောက် အချိန်ယူကုသလိုက်မှ ကျွန်တော်ရင်ထဲက အနာတွေ နေသာထိုင်သွားရှိသွားခဲ့တယ်။ အခွံသာကျန်ခဲ့တဲ့ ခန္ဓာကိုယ်ထဲ စိတ်ဝိညာဉ်အသစ် ထပ်ဖြည့်နိုင်ခဲ့ပေမယ့် လစ်ဟသွားတဲ့ နှလုံးသားနေရာမှာတော့ ဘာနဲ့မှ အစားထိုး ဖြည့်ဆည်းလို့ မရနိုင်ခဲ့ဘူး။ အနာရောဂါဖြစ်ရင် ဆရာဝန်နဲ့ ကုလို့ရပေမယ့် ကိုယ်မြတ်နိုးတဲ့ အရာတစ်ခု ဆုံးရှုံးတဲ့အသည်းကွဲဝေဒနာကိုတော့ ဘယ်ဆရာဝန်ကမှ ကုမပေးနိုင်ခဲ့ဘူး။

စိတ်ဓာတ်တစ်ခု ပကတိ ပြန်ကောင်းလာနိုင်ဖို့ အချိန်ယူကုစားရမယ်ဆိုတာ ကျွန်တော် နားလည်ခဲ့တယ်။ သူ့ကိုလွမ်းဆွတ်မယ့် စိတ်အာရုံကို စာအုပ်နဲ့ ဘာသာရပ်နဲ့ဆိုင်တဲ့ စမ်းသပ်လေ့လာမှုဖက် ကျွန်တော်ပြောင်းလိုက်တယ်။ ကျွန်တော်စိတ်ပြောင်းအောင် သူငယ်ချင်းတွေက မိန်းကလေးတွေနဲ့ မိတ်ဆက်ပေးခဲ့ပေမယ့် ကျွန်တော့်ရင်မခုန်တတ်ခဲ့တော့ဘူး။

ကျောင်းပြီးတော့ ပရော်ဖက်ဆာက ကျွန်တော့်ကို ထိုင်ဝမ်မပြန်ခိုင်းသေးဘဲ သူ့ဆီမှာ လက်ထောက်အကူလုပ်ဖို့ တောင်းဆိုသေးတယ်။ ဒါပေမယ့် ကျောင်းပြီးတာနဲ့ အဖေ့ကျောင်းမှာ စာဝင်သင်ဖို့ ခေါင်းညိတ်ထားလို့ အမေရိကားမှာဆက်နေမယ့် ကိစ္စကို ကျွန်တော်ငြင်းဆန်ခဲ့တယ်။ နောက်ပြီး ကျွန်တော်ရင်ဘတ်တစ်နေရာမှာ အသဲနှလုံးရဲ့ အော်ညည်းသံကို ကျွန်တော်ကြားနေခဲ့တယ်။

“သူကြီးပြင်းခဲ့ နေရပ်ကိုပဲ ကျွန်တော်ပြန်မယ်”

အဆက်အသွယ်တွေပြတ်ခဲ့လို့ ကျွန်တော်ကို သူမေ့သွားပြီလို့ ထင်ထားခဲ့တယ်။ ဒါပေမယ့် ကျွန်တော်စာတမ်းတင်ဖို့ တစ်ညအလိုမှာ စာတမ်းပြုစုနေတဲ့ ကျွန်တော့်ဆီ သူဖုန်းဆက်ခဲ့တယ်။ တစ်နှစ်ကျော်ကြာခဲ့ပေမယ့် ကျွန်တော်ရင်မှာ သူကိန်းအောင်းနေတုန်းပါပဲ။ သူ့အသံကို ကြားတာနဲ့ ရင်ထဲက ဒဏ်ရာဟောင်းက နာကျင်လာပြန်တယ်။ ဒါပေမယ့် ကျွန်တော်ဖုန်းမချခဲ့မိဘူး။ ရေနစ်နေသူတစ်ယောက်လို ကောက်ရိုးဖျားလေးပေမယ့် ကျွန်တော်လက်မလွှတ်ချင်ခဲ့ဘူး။

“ကိုကိုကြီး... ဖုန်းမဆက်ဖြစ်တာ ကြာပြီနော်” ရင်းနှီးနေသေးတဲ့ သူ့အသံက ကျွန်တော်စိတ်ကို ပျော့သွားစေခဲ့တယ်။

“ဘယ်လိုလုပ်ပြီး ဖုန်းဆက်ဖို့ သတိရတာလဲ... ချစ်သူရနေလို့ မေ့သွားပြီထင်နေတာ”
ဘာမှမဖြစ်ခဲ့တဲ့ ပုံစံနဲ့ စကားကို ခပ်ပေါ့ပေါ့လေး ကျွန်တော်ပြန်ပြောလိုက်တယ်။ ရင်ထဲက အနာကိုတော့ ဘယ်သူမြင်နိုင်ပါမလဲလေ...

“ကျွန်မ... ကျွန်မ... ကျွန်မ...” ငိုသံနဲ့ ပြောလာတဲ့ သူ့အသံကြောင့် ကျွန်တော့်ခပ်ပေါ့ပေါ့စိတ်တွေ တင်းမခံနိုင်ခဲ့ဘူး။

“ဘာဖြစ်တာလဲ၊ ဘာဖြစ်တာလဲ၊ ဘယ်သူအနိုင်ကျင့်တာလဲ ကိုကိုကြီးကိုပြော.. မငိုနဲ့.. မငိုနဲ့လေ”
စိုးရိမ်စိတ်နဲ့ ဖုန်းတစ်ဖက်မှာ ကျွန်တော်ပျာယာခတ်နေခဲ့တယ်။

“သူ.. သူ .. ကျွန်မကို ထားသွားခဲ့ပြီ ကိုကိုကြီး”

အရင်က အခက်ခဲမှန်သမျှကို ကိုယ်တိုင်ဖြေရှင်းပြီး ဖုန်းဆက်ရင်မဖွင့်တတ်သူက အခုချိန်မှာ အကူအညီမဲ့စွာ ကျွန်တော့်ကို ငိုယိုပြီး ရင်ဖွင့်နေခဲ့ပြီ။ ဒီအချစ်ကြောင့် သူယုံကြည်မှုတွေ သုညဖြစ်သွားခဲ့ရတယ် ထင်ပါရဲ့....

“မငိုပါနဲ့တော့... ကိုကိုကြီးကို ဖြစ်သမျှတွေ အရင်ပြောပြ ဟုတ်ပြီလား”

ရှိုက်ကြီးတစ်ငင်ငိုနေတဲ့ သူငိုသံကို နားထောင်ပြီး လွန်ခဲ့တဲ့တစ်နှစ်က အရူးတစ်ယောက်လို အော်ငိုခဲ့မိတဲ့ ကျွန်တော့်အဖြစ်ကို မြင်ယောင်လာမိတယ်။ အချိန်တွေ ကြာခဲ့ပြီဆိုပေမယ့် ကျွန်တော် ရင်ဘတ်တစ်နေရာမှာ အသာလေးထိလိုက်ရုံနဲ့ ကွဲကြေသွားနိုင်မဲ့ နာကျင်မှုတွေက အရာထင်ကျန်ရစ်နေတုန်းပါပဲ။ သူ့ကို အဲဒီလို ခံရခက်တဲ့ဝေဒနာမျိုး မခံစားစေချင်လို့ အတတ်နိုင်ဆုံး သူ့ကို ကျွန်တော်နှစ်သိမ့်ခဲ့တယ်။

သူ့ပြောပြချက်အရ သူတို့ချစ်သူနှစ်ယောက်ကြားမှာ တတိယလူ ဝင်လာရာက စခဲ့တယ်လို့ဆိုတယ်။ အချစ်မှာ ရွေးချယ်မှုတွေ ရှိလာပြီဆိုရင် ခံစားရတဲ့လူက နှစ်ယောက်မကခဲ့ဘူးလေ...

“ကျွန်မ ဘယ်လိုလုပ်ရမလဲဟင်”

အားကိုးတစ်ကြီးမေးလာတဲ့ သူ့ကို ကျွန်တော် ဘာပြန်ဖြေရမှန်း မသိဖြစ်ခဲ့တယ်။ ကျွန်တော် ဘာလုပ်ပေးနိုင်မလဲ။ ကျွန်တော် ခံစားရတုန်းက မတည်မငြိမ်တဲ့ စိတ်တွေနဲ့ အရူးမီးဝိုင်းသလို့ ဖြစ်ခဲ့သူတစ်ယောက်က ဘယ်လိုလုပ်လမ်းညွှန်ပြနိုင်မလဲ။ အခုချိန်မှာ ကျွန်တော့်အပါးကို သူပြန်ရောက်လာလို့ ဝမ်းသာရမလား။ ငိုနေတဲ့ သူ့ကိုကြည့်ပြီး သနားရမလား။ ကျွန်တော့်စိတ်တွေ မတင်မကျဖြစ်နေခဲ့တယ်။ တကယ်ဆို ကျွန်တော့်ရင်ခွင်ထဲ သူ့ကိုထည့်ပြီး ချော့သိပ်ချင်နေခဲ့မိတာပါ...

အဲဒီညက သူရယ်မောအောင် ကျွန်တော်အတတ်နိုင်ဆုံး နှစ်သိမ့်ခဲ့လို့ စာတမ်းအပြီးရေးရမယ်ဆိုတာကို ကျွန်တော်မေ့သွားခဲ့တယ်။ အချိန်ငါးနာရီကျော်ကြာ ငိုလို့ဝမှ ဖုန်းမချဘဲအိပ်ပျော်သွားတဲ့ သူ့ကို ဖုန်းတစ်ဖက်က ကျွန်တော်အော်နိုးလို့ မရနိုင်ခဲ့ဘူး။ အဲဒီညက ကျွန်တော့်ရင်ထဲ ဂယက်လေးတစ်ခု အဖျားခတ်သွားခဲ့တယ်။ ကျွန်တော် ပျော်ရမှာလား.. စိတ်မကောင်းဖြစ်ရမှာလား။ ဘာပဲဖြစ်ဖြစ် တစ်နှစ်ကျော်ကြာ ကြိုးပြတ်သွားတဲ့ စွန်လေးတစ်ကောင်က ကျွန်တော့်ဆီ ပြန်ရောက်လာခဲ့ပြီပဲလေ...

ကံမကောင်းစွာနဲ့ စာတမ်းတင်ဖို့ အချိန်နောက်ကျခဲ့လို့ ဘွဲ့မရဘဲ အမေရိကားမှာ ကျွန်တော် တစ်နှစ်ထပ်နေရပြန်တယ်။ ပရော်ဖက်ဆာက ကျွန်တော်မပြန်ဖြစ်တာကို ပျော်နေခဲ့တယ်။ ကျောင်းမဖွင့်ခင် နွေရာသီကျောင်းပိတ်ရက်မှာ ထိုင်ဝမ်တစ်ခေါက်ပြန်ပြီး သူနဲ့တွေ့ဖို့ ကျွန်တော်ဆုံးဖြတ်လိုက်တယ်။ bookmark လေးပျောက်သွားခဲ့လို့ပဲလား။ စာနဲ့ ဓာတ်ပုံတွေက အပြင်မှာလို အသက်မဝင်နိုင်လို့ပဲလား။ ဇာတ်သိမ်းတဲ့အထိ သူနဲ့ကျွန်တော် မဆုံဖြစ်ခဲ့ရင်တောင် သူ့ကို ကျွန်တော်မြင်ချင်သေးတယ်။ သူ့ကြောင့်ဖြစ်လာမယ့် နာကျင်မှုတွေကို ကျွန်တော်ခံစားချင်သေးတယ်လေ....

-----------

ဆက်ပါဦးမယ်..

နိုင်းနိုင်းစနေ

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။