ခရမ်းလွန်ရောင်ခြည်အန္တရာယ် သတိပေးနှိုးဆော်ချက်
========================== ===
ခရမ်းလွန်ရောင်ခြည်အညွှန်းကိ န်းမြင့်မားစွာရှိနေသော
ယခုအချိန်တွင် ခရမ်းလွန်ရောင်ခြည်အန္တရာယ် ပိုမိုကျရောက်နိုင်ပါသည်။
ခရမ်းလွန်ရောင်ခြည်သည် လတ်တလောထိတွေ့မှုကြောင့် နေလောင်ခြင်း၊ အသား
အရောင်ညိုလာခြင်းတို့ဖြစ်ပြီး ထိတွေ့မှုကာလကြာသောအခါ မျက်စိတိမ်စွဲခြင်း၊ အရေပြားများ အိုမင်းရင့်ရော်ခြင်း၊ ခုခံအားကျဆင်းခြင်း၊ အရေပြားကင်ဆာဖြစ်ခြင်း စသည့်ရောဂါများ ဖြစ်ပွားနိုင်ပါသည်။
သို့ပါ၍ ပူပြင်းသောနေရောင်ခြည် ကျရောက်နိုင်သည့် နံနက် ၁ဝ နာရီမှ ညနေ ၄ နာရီခန့်အတွင်း အလုပ်လုပ်ကိုင်သူများ၊ နေရောင်ခြည်အောက်တွင် သွားလာလှုပ်ရှားသူများ၊ သင်္ကြန်ရေကစားသူများ၊ ကလေး ငယ်များအား အောက်ပါအတိုင်း သတိပြုကာကွယ်ရန် နှိုးဆော်အပ်ပါသည် -
၁။ ပူပြင်းသောနေရောင်ခြည်အောက် တွင် အလုပ်လုပ်ပါက မိမိ၏အသားကို နေရောင်ခြည်နှင့် တိုက်ရိုက် မထိတွေ့အောင် ကာကွယ်ပါ။
၂။ နေရောင်ခြည်အောက်တွင် သွားလာလှုပ်ရှားရန်လိုအပ်ပါက မျက်နှာ၊ လည်ပင်း၊ ပခုံးတို့ပါ လုံခြုံသော ဦးထုပ်၊ ထီးစသည်တို့ ဆောင်းသွားပါ။
၃။ အဝတ်လွတ်ကင်းနေသော လက်၊ လည်ပင်းနှင့် ပခုံး စသည့်နေရာများကို သနပ်ခါးထူထူ (သို့) SPF 16+ ပါဝင်သော နေရောင်ခံလိမ်းဆေးကို နေရောင်ခြည်ထဲမထွက်မီ ၁၅ မိနစ်ခန့် ကြိုလိမ်းရန်နှင့် နေရောင်ခံလိမ်းဆေး တစ်ခါလိမ်းပြီး နှစ်နာရီကြာပြီးတိုင်း နောက်တစ်ခါထပ်လိမ်းပါ။
၎။ ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်နိုင်ရန် ခရမ်းလွန်ရောင်ခြည် အလွယ်တကူမဖောက်နိုင်သော၊ အရောင် ရင့်သော အဝတ်အထည်များ၊ ထူသောအဝတ်အထည်များကို ဝတ်ပါ။
၅။ ခရမ်းလွန်ရောင်ခြည်ကြောင့် မျက်စိထိခိုက်နိုင်ပါသဖြင့် အလှအပသက်သက်ထုတ်လုပ်ထားသော နေကာ မျက်မှန်များထက် ၉၉ ရာခိုင်နှုန်းကာကွယ်ပေးနိုင် သည့် နေကာမျက်မှန်ကို ရွေးချယ်အသုံးပြုပါ။
၆။ ကလေးငယ်များသည် လူကြီးများထက် ခရမ်းလွန်ရောင်ခြည်ကြောင့် ထိခိုက်မှုအန္တရာယ်ကို ပိုမိုခံစား ရသောကြောင့် လူကြီးမိဘများအနေဖြင့်
-အသက်တစ်နှစ်အောက်ငယ်သော ကလေးငယ်များကို နေပူထဲသို့ ခေါ်ဆောင်ခြင်းမပြုပါနှင့်။
-ကလေးများကို အရိပ်ထဲတွင်သာ ကစားပါစေ။
-အပြင်ထွက်ရန်လိုအပ်ပါက သနပ်ခါးထူထူ (သို့) နေရောင်ခံလိမ်းဆေးကို မျက်နှာ၊ လည်ပင်း၊ ပခုံး၊ နောက်ကြော၊ ခြေထောက်နှင့် ခြေဖမိုးပေါ်သို့ လိမ်းပေးပါ။ ခရမ်းလွန်ရောင်ခြည်မဖောက်နိုင်သော အဝတ် ဝတ်ပေးပါ။ နေကာမျက်မှန်တပ်ပါ။ ဦးထုပ်၊ ထီး ဆောင်းပေးပါ။
(ကျန်းမာရေးဝန်ကြီးဌာန)
==========================
ခရမ်းလွန်ရောင်ခြည်အညွှန်းကိ
သို့ပါ၍ ပူပြင်းသောနေရောင်ခြည် ကျရောက်နိုင်သည့် နံနက် ၁ဝ နာရီမှ ညနေ ၄ နာရီခန့်အတွင်း အလုပ်လုပ်ကိုင်သူများ၊ နေရောင်ခြည်အောက်တွင် သွားလာလှုပ်ရှားသူများ၊ သင်္ကြန်ရေကစားသူများ၊ ကလေး ငယ်များအား အောက်ပါအတိုင်း သတိပြုကာကွယ်ရန် နှိုးဆော်အပ်ပါသည် -
၁။ ပူပြင်းသောနေရောင်ခြည်အောက်
၂။ နေရောင်ခြည်အောက်တွင် သွားလာလှုပ်ရှားရန်လိုအပ်ပါက
၃။ အဝတ်လွတ်ကင်းနေသော လက်၊ လည်ပင်းနှင့် ပခုံး စသည့်နေရာများကို သနပ်ခါးထူထူ (သို့) SPF 16+ ပါဝင်သော နေရောင်ခံလိမ်းဆေးကို နေရောင်ခြည်ထဲမထွက်မီ ၁၅ မိနစ်ခန့် ကြိုလိမ်းရန်နှင့် နေရောင်ခံလိမ်းဆေး တစ်ခါလိမ်းပြီး နှစ်နာရီကြာပြီးတိုင်း နောက်တစ်ခါထပ်လိမ်းပါ။
၎။ ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်နိုင်ရန် ခရမ်းလွန်ရောင်ခြည် အလွယ်တကူမဖောက်နိုင်သော၊ အရောင် ရင့်သော အဝတ်အထည်များ၊ ထူသောအဝတ်အထည်များကို ဝတ်ပါ။
၅။ ခရမ်းလွန်ရောင်ခြည်ကြောင့် မျက်စိထိခိုက်နိုင်ပါသဖြင့်
၆။ ကလေးငယ်များသည် လူကြီးများထက် ခရမ်းလွန်ရောင်ခြည်ကြောင့် ထိခိုက်မှုအန္တရာယ်ကို ပိုမိုခံစား ရသောကြောင့် လူကြီးမိဘများအနေဖြင့်
-အသက်တစ်နှစ်အောက်ငယ်သော ကလေးငယ်များကို နေပူထဲသို့ ခေါ်ဆောင်ခြင်းမပြုပါနှင့်။
-ကလေးများကို အရိပ်ထဲတွင်သာ ကစားပါစေ။
-အပြင်ထွက်ရန်လိုအပ်ပါက သနပ်ခါးထူထူ (သို့) နေရောင်ခံလိမ်းဆေးကို မျက်နှာ၊ လည်ပင်း၊ ပခုံး၊ နောက်ကြော၊ ခြေထောက်နှင့် ခြေဖမိုးပေါ်သို့ လိမ်းပေးပါ။ ခရမ်းလွန်ရောင်ခြည်မဖောက်နု
(ကျန်းမာရေးဝန်ကြီးဌာန)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။