အမုန်းနှင့်ရန်ငြိုးတို့၏ နိဂုံး
************************** *
ငါးရာ့ငါးဆယ်ဇာတ် ဝတ္ထုလာ ဖန္ဒနဇာတ်တော်တွင် ဝက်ဝံတစ်ကောင်သည်
ကြို့ပင်ကြီးတစ်ပင်အောက်၌ အိပ်ပျော်နေစဉ် ကြို့ကိုင်းခြောက် ကျိုးကျပြီး
ဝက်ဝံ၏နောက်ကျောကုန်းကို ထိမှန်ခဲ့ရာ ဝက်ဝံက ကြို့ပင်စောင့်နတ်၏
လက်ချက်ဟု ထင်မှတ်လျက် ရန်ငြိုးထားခဲ့ပေသည်။
ဝက်ဝံသည် ကြို့ပင်စောင့်နတ်အပေါ် ထားရှိသည့် ရန်ငြိုးဖြင့် ရထားလုပ်မည့်
လက်သမားများနှင့် တွေ့ဆုံခိုက် ရထားလုပ်ရန် သစ်သားအတွက်
ကြို့ပင်သားသည် အခိုင်ခံဆုံး၊ အကောင်းဆုံးဖြစ်ကြောင်း
အကြံပြု ပြောဆိုကာ ထွက်ခွာသွားခဲ့ပေသည်။ ကြို့ပင်စောင့်နတ်ကလည်း
တစ်ဖန်ပြန်၍ ဝက်ဝံ အကျိုးယုတ်စေရန် ရထားလုပ်ရာတွင် ရထားအကွပ်ကို
သံပြားအစားဝက်ဝံရေဖြင့် ရစ်ပတ်လျှင်ပိုမိုခိုင်ခံ့ေ ကြာင်း၊ လက်သမားများအား
အကြံပြု ပြောဆိုပြန်ပါသည်။
လက်သမားများကဝက်ဝံကို သတ်ပြီး ကြို့ပင်ကို ခုတ်လှဲကာ
ရထား ပြုလုပ်ခဲ့သဖြင့် ဝက်ဝံနှင့် ကြို့ပင်စောင့်နတ်တို့သည်
ရန်ငြိုးထားကြခြင်းကြောင့် ဝက်ဝံလည်းသေကျေရပြီး ကြို့ပင်သည်လည်း
ခုတ်လှဲခံရ၍ ကြို့ပင်စောင့်နတ် ဘုံပျောက်ခဲ့ရပေသည်။
အမုန်းတရားတို့သည် နှစ်ဦးနှစ်ဖက် ပျက်စီးခြင်းသာလျှင်
နိဂုံးရှိသောကြောင့် ဖြစ်ပေါ်လာသော ပဋိပက္ခအမှုကို
တန်ပြန်လက်စားချေလိုသည့် သဘောဖြင့် မဖြေရှင်းဘဲ အကြောင်းအကျိုး
အကောင်း အဆိုး ပညာဉာဏ်ဖြင့် ဝေဖန်ကာ မေတ္တာဖြင့်ဖြေရှင်းသွားမည်
ဆိုပါက အားလုံးငြိမ်းချမ်း ပြေလည်ပြီး သုခချမ်းသာတရားများ
ရရှိကြမည်ဖြစ်ပါသည်။
(ဗန်းမော်ဆရာတော်ဘုရားကြီး)
**************************
ငါးရာ့ငါးဆယ်ဇာတ် ဝတ္ထုလာ ဖန္ဒနဇာတ်တော်တွင် ဝက်ဝံတစ်ကောင်သည်
ကြို့ပင်ကြီးတစ်ပင်အောက်၌ အိပ်ပျော်နေစဉ် ကြို့ကိုင်းခြောက် ကျိုးကျပြီး
ဝက်ဝံ၏နောက်ကျောကုန်းကို ထိမှန်ခဲ့ရာ ဝက်ဝံက ကြို့ပင်စောင့်နတ်၏
လက်ချက်ဟု ထင်မှတ်လျက် ရန်ငြိုးထားခဲ့ပေသည်။
ဝက်ဝံသည် ကြို့ပင်စောင့်နတ်အပေါ် ထားရှိသည့် ရန်ငြိုးဖြင့် ရထားလုပ်မည့်
လက်သမားများနှင့် တွေ့ဆုံခိုက် ရထားလုပ်ရန် သစ်သားအတွက်
ကြို့ပင်သားသည် အခိုင်ခံဆုံး၊ အကောင်းဆုံးဖြစ်ကြောင်း
အကြံပြု ပြောဆိုကာ ထွက်ခွာသွားခဲ့ပေသည်။ ကြို့ပင်စောင့်နတ်ကလည်း
တစ်ဖန်ပြန်၍ ဝက်ဝံ အကျိုးယုတ်စေရန် ရထားလုပ်ရာတွင် ရထားအကွပ်ကို
သံပြားအစားဝက်ဝံရေဖြင့် ရစ်ပတ်လျှင်ပိုမိုခိုင်ခံ့ေ
အကြံပြု ပြောဆိုပြန်ပါသည်။
လက်သမားများကဝက်ဝံကို သတ်ပြီး ကြို့ပင်ကို ခုတ်လှဲကာ
ရထား ပြုလုပ်ခဲ့သဖြင့် ဝက်ဝံနှင့် ကြို့ပင်စောင့်နတ်တို့သည်
ရန်ငြိုးထားကြခြင်းကြောင့် ဝက်ဝံလည်းသေကျေရပြီး ကြို့ပင်သည်လည်း
ခုတ်လှဲခံရ၍ ကြို့ပင်စောင့်နတ် ဘုံပျောက်ခဲ့ရပေသည်။
အမုန်းတရားတို့သည် နှစ်ဦးနှစ်ဖက် ပျက်စီးခြင်းသာလျှင်
နိဂုံးရှိသောကြောင့် ဖြစ်ပေါ်လာသော ပဋိပက္ခအမှုကို
တန်ပြန်လက်စားချေလိုသည့် သဘောဖြင့် မဖြေရှင်းဘဲ အကြောင်းအကျိုး
အကောင်း အဆိုး ပညာဉာဏ်ဖြင့် ဝေဖန်ကာ မေတ္တာဖြင့်ဖြေရှင်းသွားမည်
ဆိုပါက အားလုံးငြိမ်းချမ်း ပြေလည်ပြီး သုခချမ်းသာတရားများ
ရရှိကြမည်ဖြစ်ပါသည်။
(ဗန်းမော်ဆရာတော်ဘုရားကြီး)

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။