မ်ိဳးဗီဇျပဳျပင္ထားသည့္ ျခင္ေတြကို အသံုးျပဳသင့္သလား?
ျခင္ဆိုတဲ့ အင္းဆက္ဟာ ကမာၻေပၚမွာ အဆိုးရြားဆံုးသတၱ၀ါတစ္မ်ိဳးျဖစ္ပါတယ္။ အေကာင္ေသးေပမယ့္ ကိုက္ရင္နာက်ဥ္ရ႐ုံတင္မကပါဘူး။ ငွက္ဖ်ားေရာဂါ၊ ေသြးလြန္တုပ္ေကြးေရာဂါတို႔လို ႏွစ္စဥ္လူဦးေရ သိန္းဂဏန္းေလာက္ကို ဇီ၀ိန္ေခၽြေနတဲ့ ေရာဂါဆိုးေတြကိုလည္း ပ်ံ႕ႏွံ႔ေစႏိုင္ပါတယ္။ ဒါ့ေၾကာင့္လည္း ျခင္ျပႆနာကို ေျဖရွင္းႏိုင္ဖို႔လူေတြက နည္းလမ္းေတြကို ရွာေဖြေနၾကတာျဖစ္ပါတယ္။
အခုအခါမွာေတာ့ ေရာဂါဆိုးေတြကို ထိန္းခ်ဳပ္ႏိုင္ဖို႔ ျခင္ေတြကို သုတ္သင္တားဆီးႏိုင္မယ့္ စီမံကိန္းတစ္ခုကို သိပၸံပညာရွင္ေတြက ေဆာင္ရြက္ေနၿပီျဖစ္ပါတယ္။ ဒီစီမံကိန္းမွာေတာ့ သိပၸံပညာရွင္ေတြဟာ မ်ိဳးဗီဇျပဳျပင္ေျပာင္းလဲထားတဲ့ ျခင္ေတြကို အသံုးျပဳသြားမွာျဖစ္ပါတယ္။ ပထမနည္းလမ္းကေတာ့ မ်ိဳးဗီဇျပဳျပင္ထားတဲ့ ျခင္ထီးေတြကို လႊတ္ေပးလိုက္ၿပီး ျခင္မေတြနဲ႔ သဘာ၀အတိုင္း မိတ္လိုက္ေစမွာျဖစ္ပါတယ္။ ဒီလိုမိတ္လိုက္ေပမယ့္ ျခင္ထီးေတြမွာ ထည့္သြင္းေပးလိုက္တဲ့ ျပဳျပင္မ်ိဳးဗီဇေတြေၾကာင့္ ျခင္သားေလာင္းေတြဟာ အရြယ္ေရာက္တဲ့အထိ အသက္ရွင္ႏိုင္မွာ မဟုတ္ပါဘူး။ အခုခ်ိန္ထိေတာ့ ဒီနည္းလမ္းကို ေသြးလြန္တုပ္ေကြးေရာဂါ အျဖစ္မ်ားတဲ့ ဘရာဇီးလ္ႏိုင္နဲ႔ Cayman Islands တို႔မွာ စမ္းသပ္ၾကည့္ခဲ့ရာမွာ ျခင္ေတြေပါက္ဖြားႏႈန္းကို (၉၅)ရာခိုင္ႏႈန္းအထိ က်ဆင္းသြားတယ္လို႔ သိရပါတယ္။ ဒီခ်ဥ္းကပ္မႈရဲ႕အားနည္းခ်က္ကေတာ့ ျခင္ေတြရဲ႕အေရအတြက္မ်ားျပားလာတိုင္းမွာ မ်ိဳးဗီဇျပဳျပင္ထားတဲ့ ျခင္ေတြ ထပ္မံဖန္တီးေနရတာပဲျဖစ္ပါတယ္။
ေနာက္ထပ္မ်ိဳးဗီဇျပဳျပင္နည္းပညာတစ္ခုကလည္း ေနာက္ထပ္ခ်ဥ္းကပ္နည္းတစ္ခုအတြက္ စဥ္းစားစရာျဖစ္လာေစခဲ့ပါတယ္။ ဒီခ်ဥ္းကပ္မႈမွာေတာ့ ျခင္မ်ိဳးစိတ္တစ္ခုလံုးကို လံုး၀ေျပာင္းလဲသြားေအာင္ ဒါမွမဟုတ္ ရွင္းထုတ္ပစ္လိုက္ဖို႔ပဲျဖစ္ပါတယ္။ ဒါေပမယ့္ ဒီနည္းက မ်ိဳးစိတ္တစ္ခုလံုးကို ရွင္းထုတ္ပစ္တာျဖစ္တဲ့အတြက္ အျခားေၾကာက္စရာေဘးထြက္ဆိုးက်ိဳးေတြ ရွိလာႏိုင္ပါတယ္။
ဒီနည္းလမ္းမွာ Gene drive လို႔ေခၚတဲ့နည္းပညာကို အသံုးျပဳၿပီး မ်ိဳးဗီဇျပဳျပင္ထားတဲ့ DNA ကို မ်ိဳးစိတ္ထဲ ပ်ံ႕ႏွံသြားေအာင္ လုပ္ေဆာင္မွာျဖစ္ပါတယ္။ မ်ိဳးဗီဇျပဳျပင္ထားတဲ့ DNAက ေနာက္ထပ္ေပါက္ဖြားလာတဲ့ ျခင္မ်ိဳးဆက္ေတြကို ငွက္ဖ်ားေရာဂါလို ေရာဂါပိုးေတြကို မသယ္ႏိုင္ေအာင္ ေျပာင္းလဲပစ္ႏိုင္ဖို႔ ယူဆထားၾကပါတယ္။ ဒါေပမယ့္ ဒီမ်ိဳးဗီဇပ်ံ႕ႏွံ႔မႈကို ထိန္းခ်ဳပ္ဖို႔နည္းလမ္းမရွိတာေၾကာင့္ အျခားမလိုလားအပ္တဲ့ ေဘးထြက္ဆိုးက်ိဳးေတြျဖစ္လာမယ္ဆိုရင္ အားလုံးအခက္ေတြကုန္မွာျဖစ္ပါတယ္။ ဒီလို ဒုတိယနည္းလမ္းအတြက္ မ်ိဳးဗီဇျပဳျပင္မႈမ်ိဳးကို ယင္ေကာင္ေတြမွာ စမ္းသပ္ေနၿပီျဖစ္ၿပီး မၾကာခင္မွာ ျခင္ေတြမွာပါ စမ္းသပ္ေတာ့မွာျဖစ္ပါတယ္။
ဒီလိုနည္းလမ္းေတြနဲ႔ ငွက္ဖ်ားေရာဂါကိုရွင္းထုတ္ပစ္ႏိုင္ရင္ သန္းနဲ႔ခ်ီတဲ့လူသားေတြရဲ႕အသက္ကို ကယ္တင္ႏိုင္မွာျဖစ္ပါတယ္။ ဒါေပမယ့္ ျခင္ေတြကို ရွင္းထုတ္လုိက္တာက အစာကြင္းဆက္က အျခားသတၱ၀ါေတြကို ထိခိုက္ေစႏိုင္ပါတယ္။ ဒါေၾကာင့္ မ်ိဳးဗီဇေျပာင္းလဲမႈေတြ လုပ္ေဆာင္တာရဲ႕ေနာက္ပိုင္းမွာ ဘယ္လိုေဘးထြက္ဆိုးက်ိဳးေတြရွိမလဲ ဆိုတာကိုေတာ့ ကၽြန္ေတာ္တို႔အားလံုးက ေသခ်ာေလ့လာသိရွိထားဖို႔ လိုအပ္ပါတယ္။
စိတ္တည္ညိမ္ျခင္း၏ အက်ိုးတရား
http://wp.me/p6uxf7-6mသင့္ကားရဲ႕ ဆီစားသံုးမႈကို ေလ်ာ့ခ်ေပးမယ့္ နည္းလမ္း ၁၀ ခု http://mmgentleman.com/2015/10/26/1654321654/
GM ရဲ့ တျခား ဗဟုုသုုတႏွင့္ ပက္သက္ေသာ ေဆာင္းပါးမ်ားကို ဖတ္ခ်င္ရင္ http://mmgentleman.com/category/knowleadge/ မွာအလြယ္တကူ ဝင္ေရာက္ေလ့လာနိုင္ပါတယ္။
—————————————————————————-
မိန္းခေလးတိုင္းေတာင့္တၿပီး ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔
© Gentleman Magazine 🄶🄼
Thorn Htet
=============================================
မျိုးဗီဇပြုပြင်ထားသည့် ခြင်တွေကို အသုံးပြုသင့်သလား?ခြင်ဆိုတဲ့ အင်းဆက်ဟာ ကမ္ဘာပေါ်မှာ အဆိုးရွားဆုံးသတ္တဝါတစ်မျိုးဖြစ်ပါတယ်။ အကောင်သေးပေမယ့် ကိုက်ရင်နာကျဉ်ရရုံတင်မကပါဘူး။ ငှက်ဖျားရောဂါ၊ သွေးလွန်တုပ်ကွေးရောဂါတို့လို နှစ်စဉ်လူဦးရေ သိန်းဂဏန်းလောက်ကို ဇီဝိန်ချွေနေတဲ့ ရောဂါဆိုးတွေကိုလည်း ပျံ့နှံ့စေနိုင်ပါတယ်။ ဒါ့ကြောင့်လည်း ခြင်ပြဿနာကို ဖြေရှင်းနိုင်ဖို့လူတွေက နည်းလမ်းတွေကို ရှာဖွေနေကြတာဖြစ်ပါတယ်။
အခုအခါမှာတော့ ရောဂါဆိုးတွေကို ထိန်းချုပ်နိုင်ဖို့ ခြင်တွေကို သုတ်သင်တားဆီးနိုင်မယ့် စီမံကိန်းတစ်ခုကို သိပ္ပံပညာရှင်တွေက ဆောင်ရွက်နေပြီဖြစ်ပါတယ်။ ဒီစီမံကိန်းမှာတော့ သိပ္ပံပညာရှင်တွေဟာ မျိုးဗီဇပြုပြင်ပြောင်းလဲထားတဲ့ ခြင်တွေကို အသုံးပြုသွားမှာဖြစ်ပါတယ်။ ပထမနည်းလမ်းကတော့ မျိုးဗီဇပြုပြင်ထားတဲ့ ခြင်ထီးတွေကို လွှတ်ပေးလိုက်ပြီး ခြင်မတွေနဲ့ သဘာဝအတိုင်း မိတ်လိုက်စေမှာဖြစ်ပါတယ်။ ဒီလိုမိတ်လိုက်ပေမယ့် ခြင်ထီးတွေမှာ ထည့်သွင်းပေးလိုက်တဲ့ ပြုပြင်မျိုးဗီဇတွေကြောင့် ခြင်သားလောင်းတွေဟာ အရွယ်ရောက်တဲ့အထိ အသက်ရှင်နိုင်မှာ မဟုတ်ပါဘူး။ အခုချိန်ထိတော့ ဒီနည်းလမ်းကို သွေးလွန်တုပ်ကွေးရောဂါ အဖြစ်များတဲ့ ဘရာဇီးလ်နိုင်နဲ့ Cayman Islands တို့မှာ စမ်းသပ်ကြည့်ခဲ့ရာမှာ ခြင်တွေပေါက်ဖွားနှုန်းကို (၉၅)ရာခိုင်နှုန်းအထိ ကျဆင်းသွားတယ်လို့ သိရပါတယ်။ ဒီချဉ်းကပ်မှုရဲ့အားနည်းချက်ကတော့ ခြင်တွေရဲ့အရေအတွက်များပြားလာတိုင်းမှာ မျိုးဗီဇပြုပြင်ထားတဲ့ ခြင်တွေ ထပ်မံဖန်တီးနေရတာပဲဖြစ်ပါတယ်။
နောက်ထပ်မျိုးဗီဇပြုပြင်နည်းပညာတစ်ခုကလည်း နောက်ထပ်ချဉ်းကပ်နည်းတစ်ခုအတွက် စဉ်းစားစရာဖြစ်လာစေခဲ့ပါတယ်။ ဒီချဉ်းကပ်မှုမှာတော့ ခြင်မျိုးစိတ်တစ်ခုလုံးကို လုံး၀ပြောင်းလဲသွားအောင် ဒါမှမဟုတ် ရှင်းထုတ်ပစ်လိုက်ဖို့ပဲဖြစ်ပါတယ်။ ဒါပေမယ့် ဒီနည်းက မျိုးစိတ်တစ်ခုလုံးကို ရှင်းထုတ်ပစ်တာဖြစ်တဲ့အတွက် အခြားကြောက်စရာဘေးထွက်ဆိုးကျိုးတွေ ရှိလာနိုင်ပါတယ်။
ဒီနည်းလမ်းမှာ Gene drive လို့ခေါ်တဲ့နည်းပညာကို အသုံးပြုပြီး မျိုးဗီဇပြုပြင်ထားတဲ့ DNA ကို မျိုးစိတ်ထဲ ပျံ့နှံသွားအောင် လုပ်ဆောင်မှာဖြစ်ပါတယ်။ မျိုးဗီဇပြုပြင်ထားတဲ့ DNAက နောက်ထပ်ပေါက်ဖွားလာတဲ့ ခြင်မျိုးဆက်တွေကို ငှက်ဖျားရောဂါလို ရောဂါပိုးတွေကို မသယ်နိုင်အောင် ပြောင်းလဲပစ်နိုင်ဖို့ ယူဆထားကြပါတယ်။ ဒါပေမယ့် ဒီမျိုးဗီဇပျံ့နှံ့မှုကို ထိန်းချုပ်ဖို့နည်းလမ်းမရှိတာကြောင့် အခြားမလိုလားအပ်တဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာမယ်ဆိုရင် အားလုံးအခက်တွေကုန်မှာဖြစ်ပါတယ်။ ဒီလို ဒုတိယနည်းလမ်းအတွက် မျိုးဗီဇပြုပြင်မှုမျိုးကို ယင်ကောင်တွေမှာ စမ်းသပ်နေပြီဖြစ်ပြီး မကြာခင်မှာ ခြင်တွေမှာပါ စမ်းသပ်တော့မှာဖြစ်ပါတယ်။
ဒီလိုနည်းလမ်းတွေနဲ့ ငှက်ဖျားရောဂါကိုရှင်းထုတ်ပစ်နိုင်ရင် သန်းနဲ့ချီတဲ့လူသားတွေရဲ့အသက်ကို ကယ်တင်နိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့် ခြင်တွေကို ရှင်းထုတ်လိုက်တာက အစာကွင်းဆက်က အခြားသတ္တဝါတွေကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် မျိုးဗီဇပြောင်းလဲမှုတွေ လုပ်ဆောင်တာရဲ့နောက်ပိုင်းမှာ ဘယ်လိုဘေးထွက်ဆိုးကျိုးတွေရှိမလဲ ဆိုတာကိုတော့ ကျွန်တော်တို့အားလုံးက သေချာလေ့လာသိရှိထားဖို့ လိုအပ်ပါတယ်။
စိတ်တည်ညိမ်ခြင်း၏ အကျိုးတရား http://wp.me/p6uxf7-6m
သင့်ကားရဲ့ ဆီစားသုံးမှုကို လျော့ချပေးမယ့် နည်းလမ်း ၁၀ ခု http://mmgentleman.com/2015/10/26/1654321654/
GM ရဲ့ တခြား ဗဟုသုတနှင့် ပက်သက်သော ဆောင်းပါးများကို ဖတ်ချင်ရင် http://mmgentleman.com/category/knowleadge/ မှာအလွယ်တကူ ဝင်ရောက်လေ့လာနိုင်ပါတယ်။
—————————————————————————-
မိန်းခလေးတိုင်းတောင့်တပြီး ယောက်ျားလေးတိုင်း အားကျစေဖို့
© Gentleman Magazine 🄶🄼
Thorn Htet
==============================================
No comments:
Post a Comment
မိတ္ေဆြ...အခ်ိန္ေလးရရင္ blogg မွာစာလာဖတ္ပါေနာ္
ဗဟုသုတ ရနိုင္တယ္။