(A), (B), (C) ကြိုက်ရာရွေးပါ
(A) ငါ နင့်ကိုဘယ်လောက်ထိချစ်တယ်ဆိုတာ
တခြားလူကို နင်ပြောင်းချစ်သွားတာကိုတောင် ငါသည်းခံနိုင်ခဲ့တယ်
အဲဒီလောက်ထိ နင့်ကို ငါချစ်တယ်
တခြားလူကို နင်ပြောင်းချစ်သွားတာကိုတောင် ငါသည်းခံနိုင်ခဲ့တယ်
အဲဒီလောက်ထိ နင့်ကို ငါချစ်တယ်
(B) တခြားလူကို ပြောင်းချစ်သွားတာကိုတောင် သည်းခံပြီးချစ်တဲ့အထိ ငါမလုပ်နိုင်ဘူး
ဘာဖြစ်လို့ သူ့အချစ်က ပျော်ရွှင်ပြီး ငါ့အချစ်က နာကျင်နေရမလဲ
လူတိုင်းမှာ ပျော်ရွှင်ပိုင်ခွင့်ရှိတယ်
မချစ်ရင် လက်လွှတ်လိုက်.... ကိုယ့်မှာလည်း ပျော်ရွှင်နိုင်တဲ့အခွင့်အရေးရှိတယ်
ဘာဖြစ်လို့ သူ့အချစ်က ပျော်ရွှင်ပြီး ငါ့အချစ်က နာကျင်နေရမလဲ
လူတိုင်းမှာ ပျော်ရွှင်ပိုင်ခွင့်ရှိတယ်
မချစ်ရင် လက်လွှတ်လိုက်.... ကိုယ့်မှာလည်း ပျော်ရွှင်နိုင်တဲ့အခွင့်အရေးရှိတယ်
(C) ငါ့ခံစားချက်ကို နင်လျစ်လျုရှူလို့ရတယ်
ငါ့ရဲ့စွဲလမ်းတပ်မက်မှုကို အလေးအနက်မထားလို့ရတယ်
ငါ နာကျင်ကြေကွဲတာကို ဥပေက္ခာပြုလိုက်လို့လည်းရတယ်
ပေးဆပ်တဲ့အချစ်က အတိုင်းအတာတစ်ခုတော့ရှိတယ်
တကယ်လို့ နင့်ကို ငါ့နှလုံးသားထဲကနေ ခံစားလို့မရတော့တဲ့တစ်နေ့
နင့်အနားကနေ ငါထွက်သွားမယ်... လုံးဝ ပြန်လာတော့မှာ မဟုတ်ဘူး...

***အသည်းကွဲတာနဲ့ပတ်သက်တဲ့စာ ရေးလိုက်မှ လူတော်တော်များများ အသည်းကွဲနေတယ်ဆိုတာကို သိလိုက်ရတယ်.... (A), (B), (C) ထဲက ကြိုက်ရာကိုရွေးပါ။ ရွေးပြီးရင် ကိုယ့်ကိုယ်ကို (A)လား, (B)လား, (C) လား ဆန်းစစ်ပါ။ A ဆိုရင် အဲဒီအဖြေကို Bက အကောင်းဆုံးအဖြေပေးလိုက်ပါပြီ။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။