သက်တန့်ချို
တစ်ခါတုန်းက ပညာရှိဟောပြောသူတစ်ဦးဟာ နားထောင်သူတွေရှေ့မှာ ထိုင်နေတယ် ။ ပြီးတော့ ရယ်စရာပြက်လုံးတစ်ခုကို ပြောပြလိုက်တယ် ။ လူတိုင်းလူတိုင်းက ဟက်ဟက်ပက်ပက်ပဲ လိုက်ရယ်မောကြတယ် ။ ခဏကြာပြီးတဲ့အခါ အဲဒီဟောပြောသူက ဒီဟာသကိုပဲ ထပ်ပြီးပြောလိုက်တယ် ။ အဲဒီအချိန်မှာ လိုက်ရယ်မောတဲ့သူ နည်းသွားခဲ့ပါတယ် ။
ပြီးတော့ ဟောပြောသူဟာ အဲဒီဟာသကိုပဲ ထပ်ခါထပ်ခါ ပြောခဲ့တယ် ။ နောက်ပိုင်းမှာ လူအုပ်ကြီးထဲမှာ ရယ်မောတဲ့သူတစ်ယောက်မှမရှိတော့ဘူး ။
အဲဒီအခါ ပညာရှိဟောပြောသူက ပြုံးပြီးပြောလိုက်တယ်
“ ဟာသတစ်ခုကိုထပ်ခါထပ်ခါ ကြားနေရတဲ့အခါ ခင်ဗျားတို့အားလုံး ဘယ်သူမှ မရယ်မောနိုင်ကြတော့ဘူး ဒါဆို ငိုကြွေးခြင်းကိုလည်း ၀မ်းနည်းပူဆွေးစရာတွေကြုံလာတဲ့အခါ ထပ်ခါထပ်ခါပြုလုပ်ကြည့်ပါလား အဲ့ဒီအခါ ၀မ်းနည်းပူဆွေးမှုတွေထပ်ခါထပ်ခါ ငိုချလိုက်တဲ့အခါ နောက်ဆို သင် ငိုချင်မှာ မဟုတ်တော့ဘူး ”
ဒီစာပိုဒ်လေးရဲ့ ဆိုလိုရင်းက
လူတွေဟာ ပျော်ရွှင်ခြင်းကိုလည်းကောင်း ၀မ်းနည်းပူဆွေးခြင်းကိုလည်းကောင်းအကြောင်းအရာတစ်ခုတည်းပေါ်မူတည်ပြီး ကြာကြာ ဖမ်းဆုပ် တွယ်မှီမထားနိုင်ကြဘူးဆိုတာပါပဲ ။
လူတွေဟာ ပျော်ရွှင်ခြင်းကိုလည်းကောင်း ၀မ်းနည်းပူဆွေးခြင်းကိုလည်းကောင်းအကြောင်းအရာတစ်ခုတည်းပေါ်မူတည်ပြီး ကြာကြာ ဖမ်းဆုပ် တွယ်မှီမထားနိုင်ကြဘူးဆိုတာပါပဲ ။
ပျော်စရာပဲဖြစ်ဖြစ်
ဝမ်းနည်းစရာပဲဖြစ်ဖြစ်
ဒီအကြောင်းအရာတစ်ခုတည်းကပဲ ကြိမ်ဖန်များစွာဖြစ်လာတဲ့အခါ “ ထုံ ” သွားသလိုမျိုး ဖြစ်လာပါလိမ့်မယ်တဲ့ ... ပျော်စရာကိုတောင် အကြိမ်များစွာ ကြားတဲ့အခါ မပျော်နိုင်တာမျိုးရှိတယ်ဆိုရင် ၀မ်းနည်းစရာဆိုရင်ကော ဘာလို့မေ့ပျောက်မပစ်နိုင်ရမှာလဲဆိုတဲ့ ဆိုလိုရင်းကိုပေးခြင်းဖြစ်ပါတယ် ။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။