Mg Mandalay
ကင်ဆာရောဂါ တစေ့တစောင်း ( ၃ )ရင်သားကင်ဆာ
အမျိုးသမီးများအထူးသတိချပ်စေသောရောဂါများထဲ့မှတစ်ခုအပါအဝင်ဖြစ်ပါတယ် ။သည်
ရင်သားကင်ဆာသည်မျိုးရိုးလိုက်တက်ပါတယ် မိမိ၏ ညီအကိုမောင်နှမသွေးချင်းအရင်းအချာများထဲတွင် ရင်သားကင်ဆာဖြစ်ဘူးခြင်း ၊ သန္ဓေမရအောင် သန္ဓေသားတားဆေးများကို ကာလကြာရှည်စွာ တားမြစ်ဆေးသောက်သုံးခြင်း ၊ အသက်၃၅နှင့်၄၀ကြားတွင် ပထမဦးဆုံးကိုယ်ဝန်ဆောင်ခြင်း ၊ ပိုးသတ်ဆေးအများအပြားကိုင်တွယ်အသုံးပြု့ နေသူဖြစ်ခြင်း ၊ သွေးဆုံးနောက်ကျခြင်း ၊ အဆီအဆိမ့်နှင့်အချိုများများ စားသုံးတက်ခြင်း ၊ ဆီချိုရောဂါရှိနေခြင်း ၊ ဟော်မုန်း အစားထိုး ကုသမှု ကြာမြင့်ခြင်း၊ ၊ ပြည့်ဝဆီ၊ ဝက်ဆီနဲ့ စားအုန်းဆီ စားသုံးမှု လွန်ကဲခြင်း နှင့် အဝလွန်ခြင်းတို့ ဖြစ်ပါတယ် ။
အမျိုးသမီးများအနေဖြင့် မိမိရင်သားအတွင်း အကြိတ်ရှိမရှိကို ကို်ယ်တိုင်စမ်းသပ်စစ်ဆေးသင့်ပါသည် ။
ရင်သားကင်ဆာဖြစ်နေခဲ့ပြီးဆိုပါက သားအိမ်ကိုလည်း ဆရာဝန်များဖြင့် ပြသစစ်ဆေးသင့်ပါတယ် ။
ရင်သားဘေးဖက်အတွင်းနေရာတစ်နေရာတွင် အကျိတ် အဖုအဖြင့်ဖြစ်နေခြင်း ၊ နို့ သီးခေါင်းချိုင့်ဝင်နေခြင်း ၊ နို့ မတိုက်ပဲ နို့ သီးခေါင်းယားယားနေခြင်း ၊ ရင်သားနေရာတွင် ရင်သားအရေပြားထူအမ်းလာနေခြင်းနှင့် နို့ သီးခေါင်းရောင်ရမ်းထူအမ်းလာခြင်း ၊ နှိ့ သီးခေါင်းမှ ပြည်အရည်များ ၊ သွေးအစက်များ အရည်များထွက်လာခြင်းတို့ ဖြစ်ပေါ်နေခဲ့ပါက ရင်သားကင်ဆာဖြစ်ပေါ်သည့် လက္ခဏရပ်များဖြစ်ပါတော့သည် ။
တင်ပြသောလက္ခဏာများဖြစ်ပေါ်နေပါက နီးစပ်ရာ ဆေးရုံးဆေးခန်းများတွင် ပြသစစ်ဆေးကုသမှု့ ခံယူသင့်ပါတယ် ။
အပျိုကြီးများ ၊
အိမ်ထောင်မရှိမိန်းမပျိုများတို့ တွင် ရောဂါလက္ခဏာဖြစ်ပေါ်နေပေမဲ့ ဆေးရုံးဆေးခန်းတို့ တွင် ကုသမှု့ အတွက်ပြသရန်ပင် အရှက်တရားများကြောင့် ဆိုးရွားသောနောက်ဆက်တွဲပြသနာများဖြစ်ပေါ်လာတက်ပါသည် ။
ရောဂါလွန်မှ ပြသ ကုသနေခြင်း လုံးဝ မဖြစ်သင့်ပါ အသက်အန္တရာယ်ကိုထိခိုက်စေပါသည် ။ ရောဂါတစ်ခုဖြစ်ပါလာက ရှက်စရာမလို ကြောက်စရာမလိုပါ အရှက်ကြီးလို့  အသက်ပေးသည့် ခရီးကို သွားနေကြသည့် အမျိုးသမီးများစွာရှိပါတယ် အလွန်ပင် စိတ်မကောင်း ဝမ်းနည်းစရာပါ ။
ရင်သားကင်ဆာအတွက် အရှက်လည်းမလိုပါ ဒါကြောင့် အရှက်မကြီးစေဘဲ အသက်ခရီး ဝေးစေရန်အတွက်ပါ ၊ရောဂါကို ရှက်စရာထင်မိရင် အသက်ပါတက်တယ် လို့ အထူးသတိပေးပြောကြားလိုပါသည် ။
ကင်ဆာဆိုသည့်ရောဂါဆိုး ကင်းဝေးကြပါစေ …..

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။