Royal Hero Media
လွယ်လွယ်ကူကူ အဆင်ပြေချောမွေ့တဲ့ ဘ၀တစ်ခုရဖို့ ဆုမတောင်းပါနဲ့ ။ အခက်အခဲတွေကို ဖြေရှင်းနိုင်ဖို့ လုံလောက်တဲ့ ခွန်အားရှိဖို့ကိုသာ ဆုတောင်းပါ ။
လူတွေဟာ ကိုယ်လုပ်နေတဲ့အလုပ်မှာ ပျော်ရွှင်မှုမရှိပဲ အောင်မြင်မှု ရတယ်ဆိုတာ ရှားတယ် ။
သူတပါးရဲ့အမြင်တွေမှာ ကိုယ့်ကိုယ်ကို မရှာဖွေပါနဲ့ ကိုယ့်နှလုံးသားထဲမှာ ကိုယ့်ကိုယ်ကိုမြင်ရတဲ့ပုံရိပ်ကိုသာရှာဖွေပါ ။

ကိုယ့်နာကျင်မှုဟာ သူတပါးအတွက်တော့ ရယ်စရာဖြစ်ချင် ဖြစ်ပါလိမ့်မယ် ။ ဒါပေမယ့် သူတပါးရဲ့ နာကျင်မှုကိုတော့ ဘယ်တော့မှ ကိုယ့်အတွက် ရယ်စရာ မလုပ်မိစေနဲ့ ။
ဦးနှောက်ထဲမှာ ဘာမှမရှိဘူးဆိုရင် မျက်လုံးတွေကလည်း ဘာမှမြင်နိုင်မှာ မဟုတ်ဘူး ။
အချို့က ကျွန်တော်တို့ မအောင်မြင်တဲ့ ကိစ္စတွေအတွက် ကျွန်တော်တို့ကို လှောင်ရယ်ကြလိမ့်မယ် တချိန်တည်းမှာပဲ တချို့ကတော့ ကျွန်တော်တို့ မျက်ရည်မကျစေဖို့ အတွက် အဲဒါတွေကို လစ်လျှုရှုထားပေးကြလိမ့်မယ် ။
တစ်စုံတစ်ယောက်ကို သင်က သင့်ဘ၀အတွက် အရမ်းကို လိုအပ်ကြောင်း အရေးကြီးကြောင်း ပြောလိုက်တဲ့အခါ သင် တစ်ခုခုတော့ ဆုံးရှုံ့းသွားပါ လိမ့်မယ် အဲဒီဆုံးရှုံးမှုတွေ နောက်မှာ နာကျင်မှုတွေကလည်း ကပ်လိုက်လာ တတ်တယ် ။
အများကြီးချစ်တယ် အများကြီးဂရုစိုက်တယ် အများကြီးပေးဆပ်တယ် . . ဒါပေမယ့် အများကြီး နာကျင်ရတတ်တယ် ။
သက်တန့်ချို

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။